← Chapters

အခန်း(၄၈၅) - ထောင်ကျော် လစဥ်ဝင်ငွေ

Vol. 35 Ch. 485

အခန်း(၄၈၅) - ထောင်ကျော် လစဥ်ဝင်ငွေ

Vol. 35 Ch. 485

အခန်း(၄၈၅) - ထောင်ကျော် လစဥ်ဝင်ငွေ

သူ့ကို မြို့တော်သို့ ခေါ်ပြီး ကျောက်မိသားစုက အဖိုးတန်အလုပ်တစ်ခု ပေးစေဖို့ သူမ အလွန်ကြိုးစားခဲ့ရသည်။ အခုတော့ သူ့လမ်းသူ ရွေးချယ်သွားပြီး အလုပ်ပြုတ်သွားသည်။ သူမ စိတ်မဆိုးဘဲ နေနိုင်ပါ့မလား။

အမြဲတမ်း လူတိုင်းကို ထိုးကြိတ်တတ်သည့် အကျင့်မျိုးနှင့် သူ့မောင်ကို အထည်ဆိုင်သို့ သွားကာ ဆိုင်စောင့်ခိုင်းရမည်နည်း။ တစ်ယောက်ယောက်နှင့် ရန်ထပ်ဖြစ်ပါက သူမ လုပ်ငန်း ဆက်လုပ်နိုင်ပါဦးမလား။

နာမည်ပျက်သွားလျှင် လုပ်ငန်းလုပ်ဖို့ စဥ်းတောင် မစဥ်းစားပါနဲ့တော့။

ထို့အပြင် အထည်ဆိုင်က သူမ၏ တစ်ခုတည်းသော ဝင်ငွေအရင်းအမြစ် ဖြစ်ပါသည်။  ရောင်းအားကလည်း အတော်ကောင်း၏။ တစ်လကို ယွမ် ၂၀၀ ရပါသည်။

"အစ်မ နင်က ငါ့ကို အခုတော့ နှင်ထုတ်တော့မယ်ပေါ့။" သူ့ကို အထည်ဆိုင်သို့ မလာခိုင်းသည်ကို ကြားသောအခါ ရှုရှန့်ချမ်း ဒေါသထွက်သွားသည်။

"ဆိုင်စောင့်ဖို့က ကျန်းမေ့လျန်ရှိတယ်။ ငါလည်း မကြာမကြာ သွားမှာမို့လို့ သေချာပေါက် လူ မလိုဘူး။ နင်မြို့တော်မှာ ဆက်နေချင်ရင် နင့်ဖာသာနင် လမ်းဘေးဆိုင် ထွက်ရောင်းလိုက်။ လမ်းဘေးဆိုင်ကလည်း တော်တော်လေး အမြတ်ရပါတယ်။ ငါတို့အထည်ဆိုင်က ပစ္စည်းကုန်ကျစရိတ်ကို နုတ်ပြီး ကျန်တဲ့ငွေကို နင့်ကိုပေးမယ်။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

သူမမောင်ကို သူမ၏ အထည်ဆိုင်သို့ တကယ်မလာစေချင်ပါ။ ထိုအထည်ဆိုင်က သူမ၏ နောက်ဆုံး ယုံကြည်ချက်ဖြစ်ပါသည်။ လတိုင်း ဝင်ငွေရသဖြင့် ဘေးကင်းလုံခြုံသလို ခံစားရပါသည်။

ရှုရှန့်ချမ်း မကျေနပ်ပါ။ "ငါ့ကို လမ်းဘေးဆိုင် လာဖွင့်ခိုင်းနေတာလား။ လမ်းဘေးစျေးသည်တွေက ပိုက်ဆံဘယ်လောက် ရလို့လဲ။"

လမ်းဘေးစျေးဆိုင်က လေးစားစရာမရှိပါ။ ကိုယ်ပိုင်အလုပ်လုပ်ခြင်းထက် ပိုဆိုးပါသည်။

"ပိုက်ဆံဘယ်လောက်ရလဲ ငါမသိဘူး။ ဒါပေမယ့် ငါ့ဆိုင်က အထည်လုပ်ငန်းကတော့ တော်တော် ကောင်းတယ်။ တစ်လကို ပိုက်ဆံတွေ အများကြီး ရတယ်။ တစ်ထည်ရဲ့ အမြတ်က တစ်ယွမ်လေ။ နင် အများကြီး ရောင်းစရာလည်း မလိုပါဘူး။ တစ်ထည်နှစ်ထည်လောက် ရောင်းနိုင်တာနဲ့ အလုပ်သွားတာထက်တောင် ပိုက်ဆံပိုရဦးမယ်။" ဟု ရှုရှန့်မိန်က တိုက်တွန်းလိုက်သည်။

ရှုရှန့်ချမ်းက စိတ်မပါပေ။ "အဲ့လောက် အမြတ်ရနေရင်လည်း နင့်ဖာသာနင် လမ်းဘေးဆိုင် သွားဖွင့်လိုက်ပါလား။"

ရှုရှန့်မိန်ကလည်း ထိုလုပ်ငန်းကို ရှက်စရာကောင်းသည်ဟု ထင်ပါသည်။ "ငါ့မှာ ဆိုင်ရှိတယ်လေ။ ကျောက်မိသားစုကိုလည်း အိမ်မှုကိစ္စတွေ ကူညီပေးရဦးမယ်။ ငါ့ကို အရမ်းအားနေတယ်များ ထင်နေလား။ နင့်မှာ အစွမ်းအစရှိရင် ကိုယ့်ဟာကိုယ် ဆိုင်သွားဖွင့်လေ။ အဲ့တာဆို လမ်းဘေးဆိုင်မှာ ရောင်းစရာမလိုတော့ဘူးပေါ့။"

ရှုရှန့်မိန်က အလွန်အမင်း စိတ်မပါပေ။ သို့သော်လည်း ဘယ်လောက်ပဲ သူ စိတ်မပါ ပါစေ။ ဘာမှ မတတ်နိုင်ပေ။ ကျောက်မိသားစုက အလုပ်မပေးလျှင် အလုပ်တစ်ခုခု ရှာမရပါက ဘယ်လိုလုပ်မည်နည်း။

ထို့ကြောင့် သူ အထည်ဆိုင်သို့ သွားလိုက်ပါသည်။

"ဒါ နင့်မောင်လေးလား။ ချောလိုက်တာ။" အလွန်ရေပန်းစားသည့် ဖက်ရှင်မျိုး ဝတ်ဆင်ထားပြီး မွေးကတည်းက အတော်လေး လှပသည့် ကျန်းမေ့လျန်က ပြုံးကာ နှုတ်ဆက်လိုက်သည်။

သူမကို မြင်သောအခါ ရှုရှန့်ချမ်း ကြက်သေသေသွားပြီး ချက်ချင်း မေးလိုက်၏။ "အစ်မ သူက ဘယ်သူလဲ။"

"ငါ့လုပ်ငန်းဖော် ကျန်းမေ့လျန်လေ။" ရှုရှန့်မိန်က မိတ်ဆက်ပေးလိုက်သည်။

"သြော် နောက်ပိုင်း လမ်းဘေးဆိုင်ဖွင့်ဖို့အတွက် ငါ ဒီမှာ အထည်လာယူပါ့မယ်။" ဟု ရှုရှန့်ချမ်းက ပြောလိုက်သည်။

ရှုရှန့်မိန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူ ကြိုးကြိုးစားစား အလုပ်လုပ်ပါက အနာဂတ်တွင် အဆင်မပြေနိုင်စရာအကြောင်း မရှိပါ။

သူတို့ကို အထင်သေးသည့် သူမဦးလေးကိုတော့ အချိန်ကျလာလျှင် လက်တွေ့ပြသလိုက်မည်။ အခြားသူများကို အားမကိုးဘဲ မြို့တော်တွင် သူမတို့ ကြွယ်ဝစွာ နေနိုင်ပါလိမ့်မည်။

လက ၁၅ ရက်ကို ကြောက်ရွံ့သည်။ နှစ်က ဆောင်းရာသီကို ကြောက်ရွံ့သည် ဟူသည့် ရှေးဆိုရိုးစကားအတိုင်းပင်။ ဆောင်းလယ် ရာသီ ပြီးဆုံးသွားတာနှင့် ရာသီဥတုက အနည်းငယ် ချမ်းအေးလာပါသည်။

မကြာသေးခင်က လင်းချင်းဟယ် ဆောင်းရာသီ အဝတ်အထည် အသုတ်သစ် အော်ဒါမှာယူခဲ့၏။ ဆောင်းရာသီအထည် ဒီအသုတ်ပြီးသွားလျှင် အနွေးထည်ပွများ လာပါဦးမည်။

ထိုအနွေးထည်ပွများမှာ ငှက်မွှေးအနွေးထည်များဖြစ်ကြသည်။ နောက်ပိုင်းမျိုးဆက်များ၏ ငှက်မွှေးအနွေးထည်များလို မဟုတ်ပါ။ ထိုအချိန်က နည်းပညာ အားနည်းချက် တချို့ကြောင့် ငှက်မွှေးအနွေးထည်များမှာ ဖောင်းပွကာ အလွန်ထူလှပါသည်။ လူများစွာက ထိုအနွေးထည်များကို မှို့အနွေးထည်ဟု ခေါ်ကြသည်။

မှို့အနွေးထည်များက အလွန်ရေပန်းစားသည်။ လင်းချင်းဟယ်သည်လည်း ဒီအနွေးထည်တွေကို ဝတ်ဆင်ရတာ သဘောကျသည်။ ထူတာကတော့ အနည်းငယ် ထူ၏။ သို့သော်လည်း နွေးထွေးပါသည်။ ဒီနှစ် ဆောင်းရာသီအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။

"နေ့ရက်တွေက ပိုပိုပြီး အဆင်ပြေလာပြီ။" လင်းချင်းဟယ် ဘာမှလုပ်စရာမရှိသောကြောင့် ကုတင်ပေါ်တွင် အေးဆေးစွာ လှဲကာ ဖက်ထုပ်ဆိုင် ငွေစာရင်းကို တွက်ချက်နေသည့် သူမယောက်ျား ချင်းပိုင်အား ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူမကိုကြည့်ကာ ပြောလိုက်သည်။ "မနက်ဖြန်က ပိတ်ရက်မဟုတ်လား။ ကိုယ်တို့ ရေပူစမ်း သွားကြမလား။"

"ဘယ်သူနဲ့ သွားမှာလဲ။" လင်းချင်းဟယ်က မေးလိုက်၏။

"ကိုယ်တို့နှစ်ယောက်တည်းလေ။" သူတို့၏ နှစ်ယောက်တည်းကမ္ဘာကို အခြားသူများ မနှောင့်ယှက်စေချင်လိုပါ။

လင်းချင်းဟယ်က သူ့ကိုလှည့်ကြည့်လိုက်၏။ မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။ "ဟုတ်ပါပြီ။ မနက်ဖြန် သွားကြတာပေါ့။ အဲ့မှာ ရှုခင်းလည်း ကောင်းတယ်။ သွားလည်ကြရအောင်။"

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။ ဒီလအတွက် ဖက်ထုပ်ဆိုင်ငွေစာရင်းကို တွက်ချက်ပြီးသွားပြီး သားငယ်ကို သွားတွေ့သည်။

ကျိုးကွေ့လိုင် အစကတည်းက နားရက်တွင် အပြင်သွားဖို့ အစီအစဥ်ချထားပြီးပြီ ဖြစ်သည်။ ဖလင် အသစ်များစွာ ဝယ်ယူပြီး တားမြစ်မြို့တော်သို့ သွားရန် စီစဥ်ထားသည်။

"အဖေ ကျွန်တော်ခေါင်းကိုင်အဘိုးနဲ့ ချိန်းထားပြီးပြီဗျ။ အစ်ကိုလတ်ကို မေးလိုက်။ သူ ဘာမှလုပ်စရာမရှိဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"သားလတ် မင်းတာဝန်ထားလိုက်ပြီနော်။ ငါနဲ့မင်းအမေနဲ့ ရက်နည်းနည်းလောက် အပြင်သွားရမယ်။" ကျိုးချင်းပိုင်က ကျိုးရွှမ်ကို ပြောလိုက်သည်။

ကျိုးရွှမ်က ပြောလိုက်၏။ "ဒါဆို ကျွန်တော့် အားလပ်ရက်တော့ သွားပြီပေါ့..."

သူလည်း လျှောက်လည်ချင်ပါသည်။ ဖက်ထုပ်ဆိုင်တွင် ဖက်ထုပ်များသာ လုပ်မနေချင်ပါ။

"ဒါဆို ဒီလိုပဲပေါ့။" ကျိုးချင်းပိုင်က သူပြောတာနားမထောင်ဘဲ ဆုံးဖြတ််ချက် တန်းချလိုက်သည်။ ထို့နောက် သူ့မိန်းမကို ပြောပြဖို့ အခန်းထဲပြန်ဝင်လာသည်။

"ပေချန်းမှာ ရပ်ကွက်အသစ်တစ်ခု ဆောက်ထားတယ်လို့ ကြားတယ်။ အရမ်းလှတာပဲတဲ့။" လင်းချင်းဟယ်က သူဝင်လာသည်ကို မြင်ကာ ပြောလိုက်သည်။

"ဝယ်လို့ မရဘူး။" ကျိုးချင်းပိုင်က ဝမ်ယွမ်ထံမှ ကြားပြီးသားဖြစ်သည်။

ဝမ်ယွမ်၏ မိသားစုက ထိုရပ်ကွက်ထဲတွင် တိုက်ခန်းတစ်ခန်း ပိုင်သည်။ အတော်လေး ကျယ်ဝန်းပြီး လင်းထင်းပါသည်။ သို့သော်လည်း တခြားသူများကတော့ ဘာမှလုပ်လို့မရပါ။ ခွဲဝေ သတ်မှတ်ထားပြီးသား ဖြစ်ပြီး ဝယ်ချင်တိုင်း ဝယ်လို့မရပါ။

လင်းချင်းဟယ်က ဘာမှမပြောပါ။ သူမ အလျင်မလိုပေ။ အနာဂတ်တွင် စျေးတန်သည့် အိမ်များ ရှိလာပါက ထိုအချိန်တွင် ဝယ်ယူပြီး မြေကွက်များလည်း ထပ်ဝယ်ထားဖို့ အစီအစဥ်ရှိသည်။

အရမ်းကြီးစရာမလိုပါ။ အဆောက်အဦးသစ်တချို့ ဆောက်လုပ်နိုင်လျှင် လုံလောက်ပြီး ငှားနိုင်ဖို့ ထိုင်စောင့်ရန်သာရှိသည်။

သို့သော် လောလောဆယ်တော့ မဖြစ်နိုင်သေးပါ။ ဒီအချိန်တွင် မြေကွက်များကို ဝယ်လို့မရနိုင်သေးပေ။ နောက်မှ စုံစမ်းကြည့်ရမည်။ ဝယ်ဖို့ အခြေအနေ ပေးလာသည်နှင့် ဝယ်နိုင်ပါသည်။ လက်ထဲတွင် ငွေရှိပါက ဝယ်ချင်လာသည့်အခါ အချိန်မရွေးဝယ်နိုင်ပါသည်။

"ကျွန်မတို့ မိသားစု ဒီလဝင်ငွေ ဘယ်လောက်ရခဲ့လဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ယွမ် ၁၀,၀၀၀" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။

ယခု မိသားစု၏ လစဥ်ဝင်ငွေက ဒီပမာဏ ဖြစ်နေပါပြီ။ တကယ်တော့ ဒီပမာဏထက်ပင် အနည်းငယ် ပိုများပါသေးသည်။ ၎င်းတို့အနက် ဖက်ထုပ်ဆိုင်က ဝင်ငွေအနည်းဆုံး ဖြစ်သည်။ သူ့မိန်းမ ဖွင့်ထားသည့် အခြားဆိုင်များကို မယှဥ်နိုင်ပါ။

သို့သော်လည်း ကျိုးချင်းပိုင် ဂရုမစိုက်ပေ။ နေ့တိုင်း တစ်ခုခုကြောင့် အလုပ်များနေရလျှင် သူ့ဘဝ အလွန်ပြည့်စုံပါပြီ။

အမှန်ပင်။ မကြာခဏတော့ ဒီလို အပြင်ထွက်လည်ကာ စိတ်အပန်းဖြေသင့်ပါသည်။

ဒီလိုနှင့် နောက်တစ်နေ့ လင်မယားနှစ်ယောက် ကိုယ်တိုင် ကားမောင်းကာ ထွက်သွားကြသည်။

ကျိုးကွေ့လိုင်က သူ့ခေါင်းကိုင် အဘိုးကို သွားရှာသည်။ အစကတော့ အဖေကျိုးကို သွားတွေ့ခဲ့၏။ သို့သော် အဖေကျိုးက မလိုက်ချင်ပါ။ တခြားသူများနှင့် ပန်းခြံတွင်သာ စစ်တုရင် ကစားဖို့သာ သွားချင်သည်။

ထို့ကြောင့် အဖေကျိုးကို ထားခဲ့ပြီး အဖိုးဝမ်နှင့်သာ ကျိုးကွေ့လိုင် အပြင်သွားခဲ့ပါသည်။

ဖက်ထုပ်ဆိုင်ကိုတော့ ကျိုးရွှမ်လက်ထဲသာ အပ်ထားခဲ့ကြသည်။

"ချင်းပိုင်နဲ့ ဆရာမလင်းတို့ ဘယ်သွားကြလဲ။" ဒေါ်လေးမာ ဖက်ထုပ်ဆိုင်သို့ ရောက်လာသောအခါ ကျိုးရွှမ် အလုပ်လုပ်နေသည်ကို မြင်သဖြင့ အံ့အားသင့်သွား၏။

"အပြင်ထွက်လည်ကြတယ်။" ကျိုးရွှမ်က အမြန်ပြန်ဖြေပြီး ဖက်ထုပ်များကို ချက်နေသည်။

သူ့မိဘများကို သူလေးစားမိ၏။ သူတို့ ဆက်ဆံရေးက အလွန်အမင်း ကောင်းမွန်သည်သာ မကဘဲ ဒီလိုအသက်အရွယ်ရောက်နေတာတောင် ညားခါစ လင်မယားတွေလိုပင်။။ တစ်ခါတစ်ရံ သူတို့ လက်ချင်းတွဲထားကြသည်ကို မြင်ဖူး၏။ ထို့နောက် မကြာခဏ အတူတူ အပြင်လျှောက်လည်တတ်ကြသည်။ အံ့သြစရာ မကောင်းတော့ပါ။

အကြောင်းအရင်းကို ကြားသောအခါ ဒေါ်လေးမာ သူတို့ခံစားချက်များကို ချီးကျူးမိပါသည်။ ခံစားချက်ကောင်းများ မဟုတ်ပါလား။ သူတို့နှစ်ယောက် အချင်းချင်း စိတ်ဆိုး ဒေါသဖြစ်သည်ကို တစ်ခါမှ ဒေါ်လေးမာ မမြင်ဖူးသေးပေ။

All Chapters