← Chapters

အခန်း(၄၈၈) - အန္တရာယ်ကို နားမလည်ပါ

Vol. 35 Ch. 488

အခန်း(၄၈၈) - အန္တရာယ်ကို နားမလည်ပါ

Vol. 35 Ch. 488

အခန်း(၄၈၈) - အန္တရာယ်ကို နားမလည်ပါ

ကျိုးခိုင် တာဝန်မှ ပြန်လာသောအခါ အစောင့်က သူ့ကိုခေါ်လိုက်၏။

"မင်းအတွက် အထုပ်ကြီးတစ်ထုပ် ရောက်လာတယ်။ မနေ့တစ်နေ့က မင်းဆီကို ပို့လိုက်တာ။ မင်းအတွက် ငါသိမ်းပေးထားတယ်"

"ကျွန်တော့်အမေ ပို့လိုက်တာလား။" တစ််ယောက်ယောက်က တစ်ခုခု ပို့လိုက်သောအခါ ကျိုးခိုင်က သူ့အမေဟုသာ ထင်သည်။ သူ့အမေသာ သူ့ကို တစ်ခုခု ပို့တတ်သောကြောင့်ပင်။

"အဲ့တာတော့ ငါလည်း မသိဘူး။ မြို့တော်ကတဲ့ ကြည့်လိုက်ပါဦး။" ဟု အစောင့်က ပြောလိုက်သည်။

သူ့အမေပို့လိုက်တာ ဖြစ်မည်ဟု ကျိုးခိုင်သိနေသည်။ ထင်ထားသည့်အတိုင်း အမဲသားခြောက်များစွာ ပို့ပေးခဲ့သည်။ အားလုံးက အရသာငါးမျိုးဖြစ်၏။ အနံ့ရှူကြည့်လိုက်ရုံနှင့် မွှေးပျံ့ပြီး အရသာရှိကြောင်း ပြောနိုင်ပါသည်။

သို့သော် ကျိုးခိုင်အာရုံစိုက်သည်က စာဖြစ်သည်။

အိမ်က အခြေအနေကို သူ့အမေက ရေးထား၏။ ဘာမှထူးထူးခြားခြား မရှိသဖြင့် အိမ်ကို စိုးရိမ်စရာမလိုကြောင်းနှင့် သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်ဖို့ ရေးထားသည်။

ကျိုးခိုင်သည် သူ့အထက်လူကြီးအတွက် အမဲသားခြောက် နှစ်ကျင်း ယူသွားခဲ့သည်။

စစ်ဆေးရုံသို့ အမဲသားခြောက် သုံးကျင်း ယူသွား၏။ မိန့်ကျားက ထိုဆေးရုံတွင်ဖြစ်သည်။ သူရောက်လာသောအခါ မိန့်ကျားက အလုပ်များနေ၏။

သူနာပြုများအလုပ်က မလွယ်ကူပါ။ အထူးသဖြင့် ဒီမှာ စစ်မိသားစုများနှင့် ကလေးများစွာလည်း ရှိနေသောကြောင့်ပင်။ အမြဲတမ်း ငိုယိုနေကြပြီး ဝုန်းဒိုင်းကြဲကြ၏။

မိန့်ကျား နာရီဝက်လောက်နေမှ အလုပ်ပြီးသွားသည်။

"နင် ဘာလို့ အလုပ်အားနေတာလဲ။" ဟု ဝိန်မေ့ကျားက မေးလိုက်သည်။

"ငါ့အမေက အမဲသားခြောက်တွေ ပို့ပေးလိုက်လို့လေ။ နင့်ကို နည်းနည်းလာပေးတာ။ နင်စားဖို့ သိမ်းထားချေ။” ဟု ကျိုးခိုင်က အထုပ်ကို ပေးရင်း ပြောလိုက်သည်။

အထဲတွင် စက္ကူအိတ်သုံးလုံးရှိပြီး တစ်အိတ်စီက အမဲသားခြောက် တစ်ကျင်းဖြစ်သည်။

"ဒေါ်လေးလင်းက နင့်ကို တော်တော်ချစ်တာပဲနော်။" လင်းချင်းဟယ် ပို့လိုက်သည်ဟု ကြားလိုက်သောအခါ ဝိန်မေ့ကျားက ချက်ချင်းဆိုသလို ပြုံးသွား၏။ ဘာမှ မူမနေဘဲ သူမ လက်ခံလိုက်ပါသည်။

"အလုပ် ဘယ်လိုနေလဲ။" ကျိုးခိုင်က ထပ်မေး၏။

"တော်တော်လေး အဆင်ပြေပါတယ်။ ငါအသားကျသွားပြီ။" ဝိန်မေ့ကျားက ပြန်ဖြေသည်။ အလုပ်တကယ်များသော်လည်း သူမက တကယ် ဒီအလုပ်ကို နှစ်သက်ပါသည်။

"အချိန်မတန်သေးဘဲ ရည်းစားမထားနဲ့ဦး။ ငါတို့ဘက်က ကောင်လေးတချို့ နင့်အကြောင်း ပြောနေကြတာ ကြားခဲ့ရတယ်။" ဟု ကျိုးခိုင်က သတိပေးလိုက်သည်။

ကျိုးခိုင်က သူ့ကိုယ်သူ အစ်ကိုကြီးတစ်ယောက်ဟု ခံစားမိသည်။ စောင့်ရှောက်ဖို့ တာဝန်ရှိပါသည်။

ဝိန်မေ့ကျားက ချက်ချင်း ရယ်မောသွားသည်။ "သူတို့က ငါ့အကြောင်း ဘာပြောကြလို့လဲ။"

"ဘာမှတော့ မပြောပါဘူး။ နင့်အပေါ် ဘာသဘောထား ကောင်းကောင်းမှ ရှိတာမဟုတ်ဘူး။ သူတို့ကို ဒီတိုင်းထားလိုက်။ သူတို့ နင့်ကိုနှောင့်ယှက်ရင် ငါ့ကိုသာပြောလိုက်။ ငါရှင်းပေးမယ်။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

စစ်ဆေးရုံတွင် ကောင်မလေး ငယ်ငယ်ချောချော ရောက်နေပြီး ပညာရေးကလည်း မြင့်မားသည်ဟု ပြောလိုက်သည်နှင့် ငတိများစွာက သူမကို ချိန်ရွယ်ကြသည်။

ကျိုးခိုင်ကြားသောအခါ သူတို့၏ လေ့ကျင့်ရေးတာဝန်ကို တိုးမြင့်လိုက်၏။ ပင်ပန်းနွမ်းနယ်ပြီး မြေပေါ်တွင် လဲကျသွားသည့်အထိ လူများစွာကို လေ့ကျင့်ခိုင်းသည်။ ဒီကိစ္စများကို စဥ်းစားဖို့ အားရှိဦးမလား ကြည့်လိုက်စမ်းပါ။

တကယ်တော့ ကျိုးခိုင်ပြောသည့် ငတိအများစုမှာ သူ့ထက် ပိုအသက်ကြီးကြပါသည်။ သူက ဒီနှစ်မှ အသက် ၁၉နှစ်ပြည့်တာဖြစ်သည်။ သို့သော် သူ့ပညာရေးအဆင့်ဖြစ်ဖြစ် သူ့ကိုယ်ပိုင် အစွမ်းအစဖြစ်ဖြစ် လေးစားထိုက်ပေသည်။

အထူးသဖြင့် သူပြီးမြောက်ခဲ့သည့် တာဝန်နှစ်ခုဖြစ်သည်။ တပြိုင်တည်း တာဝန်နှစ်ခု ထမ်းဆောင်ရခြင်းက မလွယ်ကူသော်လည်း သူက လှလှပပ ထမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် သူက အသက်ငယ်သည်ဆိုပြီး ဘယ်သူကမှ အထင်လည်း မသေးရဲ၊ မကျေနပ်လည်း မဖြစ်ရဲကြပေ။

မကျေနပ်သည့် လူတချို့တော့ ရှိ၏။ သူတို့ မတ်တပ်ထရပ်ကြပြီး ရန်ဖြစ်ကြ၏။ ထို့နောက် သုံးချီလောက်နှင့် ပြန်မှောက်သွားကြပါသည်။

ဝိန်မေ့ကျားက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "နင့်ရဲ့ အခုပုံစံကို ဒေါ်လေးသာမြင်ရင် ရင်နာနေတော့မှာပဲ။ နောက်ထပ် တာဝန်တစ်ခု လုပ်ရဦးမှာလား။"

သူ အသားပိုမည်းလာပြီး ပိုလည်း ပိန်လာခဲ့ပါသည်။

"ဘာမှ မဖြစ်ပါဘူး။ ဒီလိုပဲ လုပ်ရတာပေါ့။" ကျိုးခိုင်က ပြန်ပြောပြီး သူမကို အသိပေးလိုက်၏။ "ရည်းစား လျှောက်မထားနဲ့နော်။ နင်က ငယ်သေးတယ်။"

"မြန်မြန်သွားပါတော့။" ဝိန်မေ့ကျားက သူ့ကို စကားမပြောချင်တော့ပါ။ သူမ ငယ်လည်း မငယ်တော့ပေ။

ကျိုးခိုင်က သူမ၏ တုန့်ပြန်မှုကြောင့် မျက်မှောင်ကြုတ်သွား၏။ ဒီအိမ်နီးချင်း ညီမလေးကတော့။ သူ့ကို အစောကြီး လက်မထပ်စေချင်ပါ။ သူမ လက်ထပ်ချင်သည်ဆိုရင်တောင် တဖက်လူ၏ အခြေအနေက ဘယ်လိုရှိလဲ သူ့ကိုပြရမည်။ သူ အများကြီး ပြောစရာမရှိသဖြင့် အရင်ပြန်နှင့်သည်။

"ဒီငတုံးကတော့..." ဝိန်မေ့ကျားက သူ့ရဲ့ ရှည်လျားကျယ်ပြန့်သည့် နောက်ကျောကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ဒီလို အရပ်ရှည်ရှည် ယောက်ျားလေးမျိုးကြောင့် ဆေးရုံတစ်ရုံလုံး စိတ်ဝင်စားနေကြသည်။ အဘွားအိုများစွာက ဒီကောင်လေး ဘယ်က လာသလဲ၊ အိမ်ထောင်ရှိသလား မရှိသလား စသဖြင့် ဝိန်မေ့ကျားကို မေးကြသည်။

သူတို့က အောင်သွယ်တော် လုပ်ချင်နေကြတာ သိသာပါသည်။

ဝိန်မေ့ကျားကလည်း အားလုံးကို ပြန်ပြောပြခဲ့ပါသည်။ ထို့နောက် သူမ အသံတိုးတိုးဖြင့် တတွတ်တွတ် ပြောလိုက်သည်။ "ငါ့ကိုများ လာပြောနေသေးတယ်။ နင်ကမှ ဘယ်သွားသွား လူတိုင်း မျက်စိကျတာကို ခံနေရတာ။"

အမဲသားခြောက် သုံးကျင်းထဲမှ တစ်ကျင်းကိုသာ သူမသိမ်းထားသည်။ ကျန် နှစ်ကျင်းကို အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုတို့ကို တစ်ယောက် တစ်ကျင်း ခွဲပေးလိုက်ပါသည်။

"ဒေါ်လေးလင်းက ပေးလိုက်တာ" ဝိန်ကော်လျန်က အကြီးဆုံးအစ်ကိုထံသို့ ယူလာပေးပြီး ပြောလိုက်သည်။ သူ့ပါးစပ်ထဲတွင်လည်း အမဲသားခြောက် တစ်ချပ် ဝါးနေ၏။ တကယ်ဝါးလို့ ကောင်းပါသည်။

"အဲ့ဒီဒေါ်လေးလင်းကို ငါမမြင်ဖူးသေးဘူး။" ဝိန်ကော်တုန်းက ပြောလိုက်၏။

သူက အိမ်မပြန်သလောက် ရှားသည်။ သို့သော်လည်း သူ့မိသားစုနှင့် ကျိုးမိသားစုတို့အကြား ဆက်ဆံရေးအဆင်ပြေမှန်းတော့ သိပါသေးသည်။ သိပ်မကြာသေးခင်က သူတို့အမေနှင့် ဖုန်းပြောခဲ့သေးသည်။ ဝိန်မိသားစု၏ အကြီးဆုံးသား ဝိန်ကော်တုန်းက သူ့အမေထံမှ ဒေါ်လေးလင်းနှင့်အတူတူ ရေပူစမ်းသို့ သွားခဲ့သည်ဆိုသည့်အကြောင်း ကြားခဲ့ရပါသည်။

ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဆက်ဆံရေး အဆင်ပြေမှန်း သိသာသည်။

"မင်း ဒီနှစ် ပြန်သွားမှာမဟုတ်ဘူးလား။ အချိန်ကျရင် သွားကြည့်လိုက်ပေါ့။ အမေကလည်း ဒေါ်လေးလင်းရဲ့ တူမကို မင်းနဲ့မိတ်ဆက်ပေးချင်နေတာ" ဝိန်ကောလျန့်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

ဝိန်ကော်တုန်း စိတ်ဓာတ်ကျစွာ ခေါင်းခါလိုက်မိသည်။ အခု သူ့အိမ်ထောင်ရေးကိစ္စကို သူ့အမေက စိတ်ပူလွန်းနေ၏။ သို့သော်လည်း သူက အလျင်မလိုပါ။ ကံကြမ္မာရောက်လာပါက သူတစ်ယောက်ယောက်နှင့် ဆုံပါလိမ့်မည်။

တနင်္လာနေ့တွင် လင်းချင်းဟယ် သားကြီးထံမှ ဖုန်းအဆက်အသွယ်ရခဲ့၏။

အထုပ်အပိုးပြင်ပြီး အိမ်ပြန်ဖို့ လုပ်နေစဥ် ဖုန်းဆက်ခြင်းဖြစ်သည်။ လင်းချင်းဟယ်က ပြောလိုက်၏။ "နင်သာ နည်းနည်းလောက် နောက်ကျသွားရင် ငါအိမ်ပြန်သွားပြီး ဖုန်းဖြေနိုင်မှာမဟုတ်ဘူး။"

"အမေ၊ အမေလုပ်တဲ့ အမဲသားခြောက်က အရမ်း အရသာရှိတာပဲ။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကလည်း ကြိုက်လွန်းလို့ ထပ်စားချင်နေကြတယ်။" ဟု ကျိုးခိုင်က ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ပါပြီ။ အမေ ထပ်လုပ်ပြီး ပို့ပေးလိုက်မယ်။" လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်၏။

"မလိုပါဘူးဗျာ။ အရင်တစ်ခေါက် ပို့ပေးထားတာနဲ့ လုံလောက်ပါတယ်။ ဒီကောင်တွေကို အလိုလိုက်လို့မရဘူး။" ဟု ကျိုးခိုင်က ပြောသည်။ "အမေ အဆင်ပြေလား။"

"အားလုံး အဆင်ပြေပါတယ်။ အိမ်အတွက် ဘာမှ စိတ်ပူမနေနဲ့။ နင့်အဘိုးအဘွားတွေနဲ့ ခေါင်းကိုင်အဘိုးလည်း ကျန်းမာရေး ကောင်းကြတယ်။ နင့်ဘက်မှာကော ဘယ်လိုလဲ။" ဟု လင်းချင်းဟယ် မေးလိုက်သည်။

"ကျွန်တော်တို့ဘက်ကိုတော့ စိတ်မပူပါနဲ့။” ဟု ကျိုးခိုင် ပြန်ဖြေလိုက်သည်။

သားအမိနှစ်ယောက် ဟိုအကြောင်း ဒီကြောင်းပြောရင် လင်းချင်းဟယ်က ဝိန်မေ့ကျားအကြောင်း မေးသဖြင့် ကျိုးခိုင်က ပြောလိုက်သည်။

"အဲ့ဒီမိန့်ကျားကလေ အရမ်းလှတော့ ငနဲကောင်တွေအများကြီးက သူ့ကိုမျက်စိကျနေကြတယ်။"

သူ့ပြောစကာားကို ကြားသောအခါ လင်းချင်းဟယ်က မကျေနပ်စွာ ပြောလိုက်၏။ "အမေ ပြောထားမယ်နော်။ မိန့်ကျားကို နင် ကောင်းကောင်း ကာကွယ်ပေးရမယ်နော်။ ဘာကို ငနဲကောင်တွေလဲ။ အကုန်လုံးကို ကန်ထုတ်ပြစ်လိုက်။ နင့်ဒေါ်လေးဝိန်နဲ့ ငါနဲ့ ရင်းနှီးတယ်။ နင်သေချာမစောင့်ကြည့်ရင် နှစ်သစ်ကူး ပြန်မလာနဲ့တော့။"

"ကျွတ်... အမေက မိန့်ကျားကို တော်တော် အရေးပေးတဲ့ပုံပဲနော်။" ဟု ကျိုးခိုင်က ပြန်ပြောလိုက်၏။

"ဟုတ်တယ်။ အကြီးဆုံးချွေးမလောင်းက ငါ့နှလုံးသားထဲမှာရှိတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးခိုင်က ရယ်မောလိုက်၏။ သူ့အသက် ခုဘယ်လောက်ရှိနေသေးလို့လဲ။ ပြီးတော့ မိန့်ကျားကကော အသက်ဘယ်လောက်ရှိသေးလို့လဲ။ ဘာမှတော့ ပြန်မပြောခဲ့ပါ။ သူ့အမေနှင့် ရွှင်ရွှင်လန်းလန်း စကားခဏပြောပြီး ဖုန်းချလိုက်သည်။

လင်းချင်းဟယ်က အိမ်ပြန်ရောက်သောအခါ ကျိုးချင်းပိုင်ကို ပွစိပွစိပြောလေသည်။ "ဒီကောင် အသက် ၁၉ နှစ်တောင်ရှိနေပြီဟာကို အခုထိ ပွင့်ပွင့်လင်းလင်းကို မရှိသေးဘူး။ တခြားလူတွေ မိန့်ကျားကို လိုက်နေတာကိုမြင်တာတောင် ဘာမှ အန္တရာယ်ကို နားမလည်ဘူး။"

ကျိုးချင်းပိုင်က ထိုကိစ္စကို စိတ်မဝင်စားဘဲ ပြောလိုက်သည်။ "မနက်ဖြန် ပိတ်ရက်နော်။ ကိုယ်တို့ ဆေးရုံသွားပြီး ဆေးစစ်ကြမလား။"

"အင်း" လင်းချင်းဟယ် ကန့်ကွက်စရာမရှိပါ။ သူမတို့မိသားစုက နှစ်လယ်တွင် တစ်ခါ၊ နှစ်ကုန်တွင် တစ်ခါ နှစ်တိုင်း နှစ်ခါလောက် ဆေးစစ်ကြသည်။

All Chapters