← Chapters

အခန်း(၄၈၉) - သားမက်လောင်းလေး အိမ်လည်လိုက်ပါလာခဲ့သည်

Vol. 35 Ch. 489

အခန်း(၄၈၉) - သားမက်လောင်းလေး အိမ်လည်လိုက်ပါလာခဲ့သည်

Vol. 35 Ch. 489

အခန်း(၄၈၉) - သားမက်လောင်းလေး အိမ်လည်လိုက်ပါလာခဲ့သည်

ဆေးစစ်ချက်အဖြေများက သူတို့ ကျန်းမာကြသည်ဟု ပြောသည်။ လင်းချင်းဟယ်က သူမယောက်ျား ချင်းပိုင်ကို ကြည့်လိုက်၏။ သူ့ယောက်ျားက အနည်းငယ် စိတ်ပျက်နေပုံရ၏။

သူဘာတွေးနေသလဲ လင်းချင်းဟယ် သိပါသည်။ သူမ ကိုယ်ဝန်မရနိုင်ပါဟု တကယ်ခံစားနေမိ၏။ လွန်ခဲ့သော အချိန်များစွာက သူမ ကိုယ်ဝန်ရချင်ရနိုင်သည်။ သူမ အသက်ကြီးလာလေလေ သူလည်း အသက်ကြီးလာလေလေ ဖြစ်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း လျော့နည်းလာမည်ဖြစ်၏။

ငယ်ရွယ်စဥ်တုန်းက ကိုယ်ဝန်မရနိုင်စရာ မရှိသော်လည်း အသက်ကြီးလာပြီး ကိုယ်ဝန်ရလာပါက ခက်ခဲပါလိမ့်မည်။

"ကောင်းပါတယ်" ကျိုးချင်းပိုင်က ခဏလောက်နေတော့ ဆေးစစ်ချက်ကို သိမ်းလိုက်ကာ ပြောလိုက်သည်။

လင်းချင်းဟယ် ဘာပြောရမှန်း မသိတော့ပါ။ ဒီယောက်ျားက အဘိုးကြီးလှည့်စားသည်ကို ခံလိုက်ရပြီ။ သို့သော် သူကိုယ်တိုင်က ယုံကြည်နေပါသည်။

ပြောရမည်ဆိုလျှင် ထိုနေ့က အဘိုးကြီး သူ့ကို ဘာပြောလိုက်သလဲ လင်းချင်းဟယ် မသိရပါ။ သူမသာသိပါက ဘာတွေဖြစ်နေသလဲ ရှင်းရှင်းလင်းလင်း မေးနိုင်မည်ဖြစ်ပါသည်။ သူမယောက်ျား ချင်းပိုင်အား သမီးလေးမွေးပေးဖို့ ကံပါလာသည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

ခုံးကောင်အိုမှ ပုလဲတစ်လုံးကို မွေးဖွားပေးသည် ဆိုတာကရော။

လင်းချင်းဟယ်က ကိုယ်ဝန်မရပါ။ သို့သော် မြို့သို့တက်လာပြီး လနည်းနည်းလောက် ဆေးကုသမှုခံယူခဲ့သည့် ကျိုးစန်းနီကတော့ သတင်းကောင်းများ ရောက်ရှိလာခဲ့သည်။

ရေတွက်ကြည့်လျှင် သူမတို့ လက်ထပ်ပြီးတာ ၁ နှစ်နီးပါး ရှိနေပါပြီ။ မနှစ်က ဒီလိုအချိန်မျိုးတွင် လီအိုက်ကော် ကျိုးစန်းနီကို လက်ထပ်ခဲ့ခြင်း ဖြစ်ပါသည်။

၁ နှစ်လောက် ကိုယ်ဝန်မရခဲ့သော်လည်း စားကောင်းသောက်ကောင်းများကြောင့် နောက်ကျမည်ကို စိုးရိမ်စရာမလိုတော့ပါ။ ဒီကလေးက ကောင်းချီးပေးခံထားရမှန်း သိသာပါသည်။

ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ ကျေးရွာတွင် နေခဲ့စဥ်က သူတို့အတွက် အလွန်ခက်ခဲခဲ့သည်။ ဒီကိစ္စကြောင့် ကျိုးစန်းနီ မကြာခဏ ငိုတတ်၏။ လီအိုက်ကော်က ထုတ်မပြောသော်လည်း ဒီအသက်အရွယ် ဘယ်ယောက်ျားမျိုးက ကလေးမလိုချင်ဘဲနေမည်နည်း။

ကျိုးစန်းနီ ကလေးရလာသောအခါ သူအပျော်လွန်ခဲ့ပါသည်။

အမေကျိုးတို့လည်း သိသွားပြီး စုတာ့လင်းကို ကြက်တစ်ကောင် ပို့ခိုင်းလိုက်သည်။ "သူတို့ ခန္ဓာကိုယ်တစ်ခုခုဖြစ်နေတယ်လို့တောင် ထင်နေတာ။ အခုထိ ကိုယ်ဝန်မှ မရှိကြသေးတာ။ ကံကောင်းလို့ အခုတော့ ရှိပြီပေါ့။ မဟုတ်ရင် အတင်းတုပ်သံတွေ ကြားရတော့မယ်။"

"ဘာတွေ အတင်းပြောစရာရှိလို့လဲ။ လင်မယားနှစ်ယောက်က ကောင်းကောင်းမွန်မွန်နေနေတာ။ ပြီးတော့ ညားခါစလေ။" ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။

"အဲ့လို ဘယ်ပြောလို့ရမလဲ။ အိုင်ကွေ့က အသက်ဘယ်လောက်တောင် ရှိနေပြီလဲ။ သူက အသက် ၃၀ နားတောင် ကပ်နေပြီ။" ဟု အမေကျိုးက ပြောလိုက်သည်။

ကျိုးရှောင်းမိန် ဘာမှမပြောပါ။ ဒါကတော့ မှန်သည်။ စန်းနီက အလျင်မလိုပေ။ သို့သော် လီအိုက်ကော်ကလည်း မငယ်တော့ပါ။ သူက စန်းနီထက် အသက် ၁၀ နှစ်ပိုကြီးသည်။

ဒီအသက်က အမှန်တကယ် ကြီးသော်လည်း လီအိုက်ကော်က စန်းနီကို ကောင်းကောင်းမွန်မွန် ဆက်ဆံသ၍ ဒါကို လက်မခံနိုင်စရာ အကြောင်းမရှိပါ။

ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ လာလည်သောအခါ သူတို့လည်း သိသွားကြသည်။

ဝမ်ယွမ်က ချက်ချင်း မနာလိုဖြစ်သွားကာ ကျိုးအာ့နီကို ကြည့်လိုက်သည်။

သူ့အကြည့်ကြောင့် ကျိုးအာ့နီ မျက်နှာနီသွား၏။

"အာ့နီ ကိုယ်တို့ ဘယ်တော့ အဖေနဲ့အမေ့ကို သွားတွေ့ကြမှာလဲ။ စတုတ္ထဒေါ်လေးက အားလပ်ရက်နေ့တွေအကြောင်း ပြောသေးလား။" ဝမ်ယွမ်က ပြောလိုက်သည်။

ဒီစကားကို အမေကျိုးရှေ့တွင် ပြောလိုက်ခြင်းဖြစ်ပါသည်။ အမေကျိုးကလည်း အပျော်လွန်သွား၏။ ဒီးမြေးသားမက်နှင့် ဟိုမြေးသားမက်ကို ယှဥ်ကြည့်စမ်းပါ။ ကမ္ဘာတစ်ခုလောက် ခြားနားလွန်းလှသည်။

"ခုက ဘယ်ချိန််ရှိသေးလို့လဲ။ အစောကြီး ရှိသေးတယ်။" ကျိုးအာ့နီက ရှက်ရွံ့စွာ ပြန်ပြောလိုက်ပါသည်။

အခုမှ ဒီဇင်ဘာလဆန်းပိုင်းသာ ရှိသေးသည်။ အားလပ်ရက်များက လလယ်လောက်တွင်ဖြစ်သည်။

"မလောပါနဲ့။ နင့်စက်ရုံကလည်း အားလပ်ရက် မပိတ်သေးဘူးမလား။ မပြန်ခင် အဲ့က ကိစ္စဝိစ္စတွေ ပြီးအောင် အရင်လုပ်ပါဦး။ နောက်ကျလည်း ကိစ္စရှိတာမှမဟုတ်တာ။" ဟု အမေကျိုးက ရွှင်ပျစွာ ပြောလိုက်သည်။

ဝမ်ရွမ်က ပြန်ပြော၏။ "အာ့နီနဲ့ အဲ့ဒီမှာ ရက်နည်းနည်းလောက် ပိုနေချင်လို့ပါ။"

အမေကျိုးက ပို၍ပင် ဝမ်းသာသွား၏။ သို့သော် သူမ သတိပေးလိုက်သည်။ "ငါတို့ရဲ့အိမ်က ခေတ်နောက်ကျလွန်းတယ်။ နင်အဲ့ကို ရောက်ရင် နေသားမကျမှာ စိုးရိမ်ရတယ်။"

ဒီကိုရောက်လာပြီးကတည်းက မြို့ကြီးပြကြီးနှင့် ကျေးရွာတို့အကြား ကွာဟချက်ကို အမေကျိုး နားလည်မိပါသည်။ ကျေးရွာက နေလှမ်းအုတ်အိမ်များကို မြို့ကြီးသားများက သေချာပေါက် အထင်မကြီးလောက်ပါ။ အမှန်ပင်။ အကြီးဆုံးသားနှင့် အကြီးဆုံးချွေးမတို့က ကျယ်ဝန်းပြီး တောက်ပသည့် အုတ်နီအိမ်တစ်လုံးတော့ ဆောက်ပြီးပါပြီ။

"မဟုတ်ပါဘူး။ ကျွန်တော် အသားမကျဘဲ မနေပါဘူး။ အာ့နီ ဘယ်မှာနေလဲ ကျွန်တော်တွေ့ချင်ပါတယ်။" ဟု ဝမ်ယွမ်က ပြောလိုက်၏။

"မြင်ပြီးလို့ စိတ်ပျက်သွားရင် ပွင့်ပွင့်လင်းလင်းသာ ပြော" ကျိုးအာ့နီက ပြောလိုက်၏။

ဝမ်ယွမ်က သူမကို ကြည့်ကာ ပြုံးလိုက်သည်။ "စိတ်မပျက်ပါဘူး။"

ကိုးအာ့နီက သူမကို မျက်စပြစ်လိုက်သည်။

သူတို့နှစ်ယောက်က ထိုနေ့ညနေခင်းတွင် ရုပ်ရှင်သွားကြည့်ကြမည် ဖြစ်သောကြောင့် စားသောက်ပြီး ထွက်လာခဲ့ကြပါသည်။

ကျိုးစစ်နီလည်း ဒီနေ့ ထိုအိမ်တွင် လာစားသည်။ ပန်းကန်များကို ဆေးကြောပြီးနောက် ပြန်ဖို့အစီအစဥ်မရှိခဲ့ပါ။ ဒီဘက်တွင် နေလို့ရပါသည်။

"စစ်နီ ဒီနှစ် ဘယ်တော့ အိမ်ပြန်မှာလဲ။" ဟု အမေကျိုးက မေးလိုက်၏။

"မပြန်တော့ဘူး" ကျိုးစစ်နီက ခေတ္တရပ်တန့်သွားပြီးမှ တွန့်ဆုတ်စွာ ပြောလိုက်သည်။ သူမ အိမ်ပြန်သွားလည်း ဘာမှလုပ်စရာမရှိပေ။ သူမ ရွာမှာ နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ မြို့တော်က နှစ်သစ်ကူး မြင်ကွင်းများကို မြင်ချင်မိ၏။

အမေကျိုးက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ "အဘွားလည်း မပြန်တာကြာပြီ။"

ရိုးရိုးသားသားပြောရလျှင် အမေကျိုးလည်း သူ့မွေးရပ်မြေကို ပြန်ပြီး လျှောက်ကြည့်ချင်မိသည်။ယခု သူမယောက်ျားနှင့် မြို့တော်တွင် ကောင်းကောင်းမွန်မွန် နေထိုင်နေကြရပြီဖြစ်သည်။ သို့သော် သူတို့ မွေးရပ်မြေက ဆွေမျိုးဟောင်းများနှင့် အိမ်နီးချင်းများက မသိကြသေးပေ။ ဒီကကြွယ်ဝမှုများကို သူတို့အား ပြန်ပြောပြသင့်သည်မဟုတ်ပါလား။

ရှင်းရှင်းပြောရလျှင် အမေကျိုးက အိမ်ပြန်ပြီး ကြွားဝါချင်နေခြင်းဖြစ်ပါသည်။

သို့သော်လည်း ထိုနှစ်က မြို့တော်သို့လာသည့် ခရီးလမ်းအကြောင်း တွေးကြည့်မိရုံနှင့် အမေကျိုး ကြောက်လန့်မိပါသည်။ ရထားမူးတတ်ပြီး တုန်ခါမှုများကို ခံနိုင်ရည်မရှိပါ။

ထိုအ့ပြင် သူမက အိုနေပါပြီ။ ထို့ကြောင့် တွေးသာ တွေးကြည့်နိုင်သည်။

"အဘွား သမီးရဲ့ ဒုတိယခဲအိုက အရမ်းချမ်းသာတာပဲနော်။ သူ အဲ့ကိုလိုက်သွားရင် သမီးတို့ အိမ်ကို သဘောကျပါ့မလားမသိဘူး။ အစ်မရှန့်မိန်ရဲ့ လူက သူတို့အိမ်မှာ စားတောင် မစားသွားဘူးလို့ အမေပြောတာ ကြားမိတယ်။" ကျိုးစစ်နီက အမှန်တိုင်း ပြောလိုက်သည်။ သူမ အနည်းငယ် စိုးရိမ်မိပါ၏။

သူ့ခဲအို ဝမ်ယွမ်က ဘာမှမပြောသော်လည်း သူမ ရောက်လာကတည်းက ထိုကိစ္စကို တွေးပူနေမိပါသည်။ သူမ အစ်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ သို့သော်လည်း သူမတို့မိသားစုက တကယ်ပဲ ဆင်းရဲပါသည်။ ဒါအမှန်တရားပင်။

"ဝမ်ယွမ်က အဲ့လိုလူမျိုးမဟုတ်ပါဘူး ပြီးတော့ နင့်အမေကလည်း အိမ်ကို စနစ်တကျ ကြိုရှင်းထားမှာ သေချာပါတယ်။ ရှန့်မိန်နဲ့ တခြားစီပဲ။" ဟု အမေကျိုးက အာမခံလိုက်၏

ကျိုးစစ်နီက ကတိပေးလိုက်သည်။ "သမီးမြို့တော်က လူနဲ့လက်မထပ်ဘူး။ ရွာပြန်ပြီးပဲ လက်ထပ်မယ်။"

အမေကျိုးက တွန့်ဆုတ်သွားသည်။ သို့သော်လည်း ပြောလိုက်ပါသေးသည်။ "မြို့တော်က လူနဲ့ လက်ထပ်ဖို့ သိပ်မလွယ်ဘူး။ အာ့နီရဲ့ လက်ရှိပုံစံကို မကြည့်နဲ့။ သူ့ယောက္ခမက သူ့ကို တော်တော်လေး သဘောမကျဘူး။ ဝမ်ယွမ်က သူ့ဘက်ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဘယ်အဆင်ပြေနိုင်ပါ့မလဲ။ မွေးရပ်မြေမှာပဲ အဆင့်တူတဲ့လူကိုရှာတာ ပိုကောင်းပါတယ်။ ပိုလွယ်ကူတာပေါ့။"

ကျိုးစစ်နီက ခေါင်းငြိမ့်လိုက်သည်။

လင်းချင်းဟယ်၏ လက်အောက်ရှိ လုပ်ငန်းများအနက် အလုပ်ရုံငယ်က အားလပ်ရက်အတွက် ပထမဆုံး ပိတ်ရသော လုပ်ငန်းဖြစ်သည်။ နှစ်ချိန်စလုံး ပိတ်ပေးလိုက်သည်။

သို့သော်လည်း အထည်ဆိုင်သုံးဆိုင်အပြင် ကျိုးချင်းပိုင် မကြာသေးခင်က ဖွင့်ထားသည့် စတုတ္ထ အထည်ဆိုင်၊ ဖျော်ရည်ဆိုင်၊ ကုန်ခြောက်ဆိုင်နှင့် ဖက်ထုပ်ဆိုင်တို့ကိုတော့ မပိတ်သေးပါ။

လင်းချင်းဟယ်က တရားဝင်အားလပ်ရက်ကို ဒီနှစ် ဒီဇင်ဘာလအကုန်မှ စတင်သတ်မှတ်ဖို့ စီစဥ်ထားသည်။

ထိုအချိန်မတိုင်ခင် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျိုးအာ့နီကို အားလပ်ရက် အရင် ပေးလိုက်သည်။ ဒီတစ်ခေါက် ဝမ်ယွမ်၏ အထည်စက်ရုံလည်း နှစ်စဥ်အားလပ်ရက်ကြောင့် ပိတ်သွားပြီ ဖြစ်သောကြောင့်ပင်။

ဝမ်ယွမ်က အာ့နီနှင့်အတူတူ ပြန်ချင်နေပြီ။ သားမက်လောင်းလေးက ဇနီးလောင်း၏ မိဘများကို တွေ့ဖို့ အချိန်ကျပြီဖြစ်၏။

ထို့ကြောင့် ကျိုးအာ့နီကို ခွင့်ယူဖို့ လင်းချင်းဟယ် ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် ကျိုးအာ့နီက အထုပ်အပိုးနှစ်ထုပ် သယ်ထားသော ဝမ်ယွမ်နှင့်အတူ ရွာဘက်သို့ ထွက်လာခဲ့သည်။ အထုပ်အပိုးထဲတွင် မြို့တော်က ပစ္စည်းပစ္စယများ ပါ၏။ သူတို့နှစ်ယောက်သား ကားပေါ်တက်လျက် မွေးရပ်မြေသို့ ပြန်လာခဲ့ကြပါသည်။

ရက်များကို တွက်ချက်ကြည့်ပါက ကျိုးအာ့နီ မပြန်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူမ ပျော်ရွှင်နေသည်။ သူမကို ဒီလိုပုံစံဖြင့် မြင်ရသဖြင့် ဝမ်ယွမ်လည်း ပြုံးလိုက်မိတော့သည်။

All Chapters