← Chapters

ရူးသွပ်လောက်သည့် တိုက်ပွဲဗျူဟာ

Vol. 56 Ch. 770

ရူးသွပ်လောက်သည့် တိုက်ပွဲဗျူဟာ

Vol. 56 Ch. 770

အစီအရင်အတွင်း မိုဝူကျိက ယင်ယန် တံဆိပ်တော်ကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အစီအရင်အလံများကိုလည်း ပစ်လွှတ်လိုက်သည်။

သေစေလောက်သည့် စွမ်းအားများက နေရာအနှံ့ ပြန့်နှံ့လာသည်။

“ ဘယ်လိုတိုက်ကွက်မျိုးလဲ ” အူးကျောက်ဟယ်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။ သူက သူ့ယန်တံဆိပ်တော်မှာ မိုဝူကျိကြောင့် ပျက်စီးသွားသည်ကိုပင် မေ့လျော့သွားလေ၏။

သူ့ရှေ့မှ မြင်ကွင်းမှာ မီးခိုးဖြူရောင် ပြောင်းလဲသွားပြီး တစ်ဖက်မှာ ရှင်ခြင်းတရား ရှိကာ နောက်တစ်ဖက်၌ သေခြင်းတရား ရှိနေသည်။ မီးခိုးဖြူက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး သူ့အသက်မှာလည်း ထိုသေခြင်းရှင်ခြင်း စက်ဝန်း၌ ချည်နှောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။ ထိုစဉ်  သူ့အသက်ဓာတ်မှာ ထိုသေစေလောက်သည့် စွမ်းအားကြောင့် စုပ်ယူခံနေရသော်ငြား  ထိုအထဲ၌  ရှင်သန်ခြင်း လမ်းကြောင်းကိုလည်း မြင်နေရသည်။

လင်းရုန်နှင့် သဲ့ဖျင်ရှားတို့က သေခြင်းရှင်ခြင်း စက်ဝန်းအား မခံစားမိကြပေ။ သို့သော်လည်း သူတို့က ကြောက်မက်ဖွယ် ကောင်းပြီး ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုးကို ခံစားမိကြ၏။ သူတို့ဘေးပတ်လည်မှ နေရာတစ်ခုလုံးမှာ အချိန်မရွေး လဲပြိုပျက်စီးသွားတော့မည့်အလား ဖြစ်နေသည်။

အကယ်၍ သူတို့ ထွက်သွားနိုင်လျှင် ထွက်ပြေးသွားလောက်ပြီးလေပြီ။ မိုဝူကျိအား သူ့လက်သည်းချက်ဖြင့် ဒဏ်ရာပေးထားနိုင်သော သဲ့ဖျင်ရှားပင် သူ့တိုက်ခိုက်ရေး မှော်ရတနာအား သိမ်းကာ ကာကွယ်ရေး အမျိုးအစား နာရီကို ထုတ်လိုက်ရ၏။

သူတို့သာ အရူး မဟုတ်သရွေ့ မိုဝူကျိသည် သူ့အသက်ကို စတေး၍ လုပ်ဆောင်ဖို့ ကြိုးစားနေမှန်း သိကြပေမည်။ ထိုအရာမှာ အဆင့် ၇ အင်မော်တယ် အစီအရင်နှင့် အဆင့် ၇ အစီအရင်ဆီ ပေါင်းစပ်ထားသော အစီအရင်များစွာ၏ အလိုလို ဖောက်ခွဲခြင်း ဖြစ်ပေသည်။

အကယ်၍ မိုဝူကျိတွင် ရွေးချယ်စရာ ရှိနေပါက သူ့အဆင့် ၇ အင်မော်တယ် အစီအရင်များ၌ ဖောက်ခွဲပစ်ရန် ရွေးချယ်မည် မဟုတ်ပေ။ ဤသည်မှာ အစီအရင်အတွဲလိုက် ဖြစ်ရာ သူ့ရုပ်ခန္ဓာက နတ်ဘုရားရုပ်ခန္ဓာအဆင့် ၇ ဖြစ်နေလျှင်ပင် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ သူ့ကိုယ်ပိုင် ကမ္ဘာလေးတွင် ပုန်းအောင်းနေဖို့ရာလည်း မိုဝူကျိက ကြိုးစာမကြည့်ရဲပေ။ သူ့ကမ္ဘာလေးမှာ မပြီးပြည့်စုံသေးပေ။ ဤသို့ အဆင့် ၇ အစီအရင် ပေါက်ကွဲမှုနှင့် ရင်ဆိုင်ကြုံတွေ့လာသည့်အခါ သူ့ကမ္ဘာလေးလည်း ခံနိုင်ရည်အား ရှိမည် မဟုတ်ချေ။ ထို့ကြောင့် သူ မကြိုးစားကြည့်ချင်ပေ။

သူ့ကမ္ဘာလေးမှာ တစ်ကြိမ်တစ်ခါမျှ ဖြစ်တည်လာခြင်း ဖြစ်ကာ ပျက်စီးသွားပါက သူ့အနေနှင့် နောက်ထပ် ကမ္ဘာလေး ပြန်လည်ဖန်တီးနိုင်ဖို့ရာ မဖြစ်နိုင်လောက်တော့ပေ။ သူက နောက်ထပ် ကမ္ဘာကို ထပ်မံဖန်တီးနိုင်လျှင်ပင် မိုဝူကျိက မကြိုးစားကြည့်ချင်ပေ။ သူ့ပစ္စည်းကောင်းအားလုံးမှာ ထာဝရ ကမ္ဘာငယ်လေးတွင် ရှိသောကြောင့် ပျက်စီးသွားပါက အစကနေ ပြန်လည် စတင်ရလိမ့်မည်။

အကယ်၍ သူသာ ပေါက်ကွဲမှုအား ရှောင်ရမည်ဆိုလျှင် နည်းလမ်း မရှိခြင်းတော့ မဟုတ်ပေ။ သူ့တွင် လော့ကျမ်းစာရွက် ရှိနေသေး၏။ သို့သော်လည်း သူ့အနေနှင့် မရှောင်နိုင်ပေ။ ဤပေါက်ကွဲမှုမှာ ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်အား သေချာပေါက် သတ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ အကယ်၍ သူ့အနေနှင့် ထိုလူများကို ဖယ်ရှားလိုလျှင် ပေါက်ကွဲမှုအတွင်း တိုက်ခိုက်ရမည် ဖြစ်၏။ မဟုတ်လျှင် ဖောက်ခွဲလိုက်ရခြင်းအတွက် အဓိပ္ပါယ်မရှိပေ။ သူတွင် လော့ကျမ်းစာရွက် ရှိနေလျှင်ပင် လော့ကျမ်းစာရွက်ထဲ၌ ထာဝရ ပုန်းကွယ်၍ မနေနိုင်ပေ။

အူးကျောက်ဟယ်၏ ခြိမ်းခြောက်မှုက အကြီးဆုံး ဖြစ်နေ၍ မိုဝူကျိက သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို အူးကျောက်ဟယ်အပေါ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့နောက် သူ့သတ်ဖြတ်ရေး အစီအရင်များကို စတင်ပေါက်ကွဲစေလိုက်သည်။

သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းက အူးကျောက်ဟယ်ကို လွှမ်းခြုံသွားသောကြောင့်် အူးကျောက်ဟယ်လည်း ကာကွယ်ရေး ရတနာ ထုတ်လိုက်ရသည်။ သူ့ယန်တံဆိပ်တော်မှာ မိုဝူကျိဆီ ဝင်ရောက်သွားလေသည်။

“ ဘုန်း ဘုန်း ဘုန်း ” အဆင့် ၇ အစီအရင်များက ဆက်တိုက် ပေါက်ကွဲထွက်သွားသည်။

ထိုစဉ် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက အူးကျောက်ဟယ်အပေါ် ကျရောက်နေပြီး အူးကျောက်ဟယ်၏ အသက်ဓာတ်မှာ အလျှင်အမြန် စုပ်ယူခံနေရသည်။

ထိုစဉ် အူးကျောက်ဟယ်က တုံးအလွန်းသည့် အမှားကျူးမိသွားကြောင်း သတိပြုမိလိုက်သည်။ ယခုလေးတင် သူက မိုဝူကျိအား မတိုက်ခိုက်လိုက်သင့်ပေ။ မိုဝူကျိ၏ လျို့ဝှက်ပညာရပ်မှာ သေခြင်းရှင်ခြင်းအပေါ် သက်ရောက်မှုရှိသည့် လျို့ဝှက်ပညာရပ်မျိုး ဖြစ်နေ၏။ အကယ်၍ သူ့တွင် မိုဝူကျိအား သတ်နိုင်စွမ်း မရှိလျှင် သူ့ကိုယ်သူ ကာကွယ်ဖို့သာ ဂရုစိုက်နေသင့်သည်။

အကယ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လျှင် မိုဝူကျိက သူ့တိုက်ကွက်၏ တန်ပြန်သက်ရောက်မှုကို ပြန်လည် ခံစားရမည် ဖြစ်၏။ မိုဝူကျိ၏ စွမ်းရည်နှင့် အစီအရင်များ၏ ပေါက်ကွဲမှုကိုပါ ထည့်တွက်လိုက်လျှင် မိုဝူကျိအား ရှင်းထုတ်ပစ်ဖို့ရာ သူ့အတွက် မဖြစ်နိုင်ချေ။ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ သူ့အကာအကွယ်ကို တိုးမြင့်လိုက်ရုံ ဖြစ်၏။ သို့သော်လည်း သူက မိုဝူကျိအား တိုက်ခိုက်ရန် ရွေးချယ်မိခဲ့သည်။ ထိုအရာက တုံးအကာ ဉာဏ်မရှိခြင်း မဟုတ်လျှင် ဘယ်အရာက ဖြစ်မည်နည်း။

နေရာတစ်ခုလုံးမှာ တုန်ခါလာပြီး အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။ မိုဝူကျိက အဆင့် ၇ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်ပြီး အစီအရင်အတွင်းမှ ပေါက်ကွဲမှုကို ထိန်းချုပ်ထားနိုင်သောကြောင့် အဆင့် ၇ အစီအရင်များ ဆက်တိုက် ပေါက်ကွဲမှုမှာ သာမာန် အဆင့် ၈ အင်မော်တယ် အစီအရင်ထက်ပင် ပိုအားကောင်းနေသေး၏။

အူးကျောက်ဟယ်က မိုဝူကျိ၏ ပထမပစ်မှတ် ဖြစ်ပေသည်။ ပေါက်ကွဲနေစဉ်အတွင်း မိုဝူကျိက သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကိုပင် အသုံးပြုခဲ့သည်။ အူးကျောက်ဟယ်၏ အ သက်ဓာတ်မှာ လျှင်မြန်စွာ စုပ်ယူခံနေရပြီး ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

“ ဘမ်း ” အူးကျောက်ဟယ်၏ ယန်တံဆိပ်တော်မှာ မိုဝူကျိ၏ လော့ကျမ်းစာရွက်အပေါ် ကျရောက်လာသည်။ လော့ကျမ်းစာရွက်ကို အပြည့်အဝ မသန့်စင်ရသေးသောကြောင့် ယန်တံဆိပ်တော်နှင့် တွေ့သွားသောအခါ အရာလေး ပေါ်လာသည်။ မြောက်များစွာသော ပေါက်ကွဲအားက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း စီးဝင်လာ၏။ မိုဝူကျိပင် သွေးအန်ထုတ်လိုက်ရပြီး သူ့အရိုးများမှာလည်း တလက်မစီ ကြေမွကုန်သည်။

အကယ်၍ တခြားအင်မော်တယ် တစ်ယောက်ယောက် ဖြစ်နေလျှင် လော့ကျမ်းစာရွက်ကို ပေါက်ကွဲသည့်နေရာ၌ ထုတ်ကာ ကာကွယ်ဖို့ အသက်သွင်းမည် ဖြစ်၏။ သို့သော်လည်း မိုဝူကျိက လော့ကျမ်းစာရွက် ကာကွယ်မှုမှ ထွက်လိုက်သည်။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှ သေစေလောက်သည့် စွမ်းအားများနှင့် ပေါက်ကွဲမှုအားများက မိုဝူကျိ၏ အသက်ဓာတ်ကို စုပ်ယူနေသော်လည်း မိုဝူကျိက လက်သီးတစ်ချက် ပစ်ခွင်းလိုက်လေ၏။

မိုဝူကျိက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို အသိဉာဏ်အလင်းပွင့်စဉ်က သူ့ကျင့်ကြံဆင့်မှာ အတော်လေး နိမ့်သေး၏။ သူက ထပ်မံ အသိပညာတိုးပွားလာသော်လည်း သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ မပြီးပြည့်စုံသေးပေ။ သူ့ထက် ကျင့်ကြံဆင့် များစွာ မြင့်သော အူးကျောက်ဟယ်နှင့် ရင်ဆိုင်ရသည်အခါ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း၏ သေစေလောက်သည့် တန်ပြန်အားက သူ့ဆီ ကျရောက်လာသည်။ အူးကျောက်ဟယ်က သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးသည်။ အူးကျောက်ဟယ်သာ သူ့ကို  မတိုက်ခိုက်ခဲ့လျှင် သူ မိုဝူကျိက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း အသက်ဝင်လာသည်နှင့် သေနေလောက်လေပြီ။ သူတွင် အသက်ဓာတ်လမ်းကြောင်း ရှိသော်လည်း သူ့ကို ကယ်တင်ဖို့ရာ မလုံလောက်ပေ။

အူးကျောက်ဟယ်က ကာကွယ်ရေး ရတနာကို ထုတ်ယူလိုက်ပြီး သူ့ကာကွယ်ရေး ရတနာအဆင့်ကလည်း မနိမ့်ချေ။ သို့သော်လည်း မိုဝူကျိ၏ အစီအရင်များ ပေါက်ကွဲမှုအောက်၌ သူ့ရတနာမှာ အနည်းငယ် ပျက်စီးသွားရသည်။ ထိုအချိန်၌ သူ့အရိုးများမှာ တလက်မစီ ကြေမွလာသည်။ အူးကျောက်ဟယ်က ဆက်၍ မတိုက်နိုင်တော့မှန်း သိလိုက်သည်။

အူးကျောက်ဟယ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်သေး၏။ သူ့အသက်လေး ချမ်းသာရာရသွားကြောင်း သိလိုက်သည်။ သူက အသက်ဓာတ် စုပ်ယူခံနေရခြင်းကို ကာကွယ်နိုင်ပြီး သူ့အသက်ဓာတ်မှာ ယခင်ကလောက် ကြောက်မက်ဖွယ် နှုန်းနှင့် လျော့ပါးမသွားတော့ပေ။

တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိ၏ လော့ကျမ်းစာရွက်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲ၌ စိတ်အားထက်သန်မှုများ တောက်လောင်လာသည်။ လော့ကျမ်းစာရွက်မျိုး ရတနာ ရှိနေခြင်းကို တွေးကြည့်မိလိုက်လျှင်  ကောင်းကင်ဘုံအလွန် မြို့ဆီ လွတ်ခံလိုက်ရသည်မှာ ဆုံးရှုံးမှု မရှိချေ။

သူ့အမြင်အရ ဤသို့မျိုး ပေါက်ကွဲမှု၌ မိုဝူကျိသည် သူလော့ကျမ်းစာရွက်အတွင်းသာ သေချာပေါက် ပုန်းကွယ်နေလိမ့်မည်ဟု တွေးမိသွားသည်။ ဤပေါက်ကွဲမှုနှင့် လျို့ဝှက်ပညာရပ်နှစ်ခုလုံး အဆုံးသတ်သွားပြီနောက် သူက မိုဝူကျိကို သတ်ပစ်ကာ သူ့ရတနာ အားလုံးကို လုယူပစ်ရမည်။

အူးကျောက်ဟယ်၏ အတွေးများက ထိုအထိ ရောက်ရှိသွားသည်။ သူက သူ့ဆီ ဝင်လာသည့် ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအားများကို ခံစားမိလိုက်သည်။ ထို့အပြင် သူက ယန်တံဆိပ်တော်ကိုလည်း ပြန်မထုတ်ရသေးပေ။ သူ့ကာကွယ်ရေး ရတနာမှာလည်း ပျက်စီးသွားပြီ ဖြစ်ကာ သူကိုယ်တိုင်လည်း ဒဏ်ရာများမှ ပြန်မကောင်းလာသေးပေ။

မိုဝူကျိက လော့ကျမ်းစာရွက် သိမ်းလိုက်ပြီး သွေးသံရဲရဲ ဖြစ်သွားသည်ကို မြင်လိုက်သည့်အခါ မိုဝူကျိ၏ လက်သီးချက်က သူ့ဆီ အပြေးဝင်လာသည်။ ပေါက်ကွဲမှုအားက မိုဝူကျိ၏ အသားကို ဆက်တိုက် ပျက်စီးစေနေသော်လည်း မိုဝူကျိ မျက်ဝန်းမှ သတ်ဖြတ်ငွေ့က အူးကျောက်ဟယ်အား တုန်လှုပ်သွားစေသည်။

ဒီလူက ရူးနေတာလား ….

အဆင့် ၇ အစီအရင်များ ဆက်တိုက် ပေါက်ကွဲမှုအောက်၌ ကာကွယ်ရေး ရတနာဖြစ်သည့် လော့ကျမ်းစာရွက်ကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်သည်လား …..

အသက်တစ်ရှိုက်စာမျှအချိန်လေးသာ လိုအပ်ပေသည်။ သူက အသက်တစ်ရှိုက်စာ အချိန်လေး၌ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှ သေစေလောက်သည့် စွမ်းအားကို ပိတ်လှောင်ထားပြီး မိုဝူကျိအား ပြန်လည် တိုက်ခိုက်ရမည်။

အသက်တစ်ရှိုက်စာမျှကို ထည့်ပြောနေစရာ မလိုတော့ပေ။ မိုဝူကျိက သူ့အား အသက်ရှိုက်စာဝက်မျှပင် မပေးဘဲ စွမ်းအားချေဖျက် လက်သီးချက်က ပျက်စီးနေပြီ ဖြစ်သည့် သူ့စွမ်းအားစွမ်းအားကို ချိုးဖောက်လာကာ သူ့ခန္ဓာကိုယ်ဆီ ကျရောက်လာသည်။

“ ဂျွတ် ” အူးကျောက်ဟယ်က သူ့ခန္ဓာကိုယ်မှာ ကြေမွသွားသံကို ကြားလိုက်ရသည်။ သူ့မျက်ဝန်း၌ စိတ်ပျက်မှုတို့ ဖြတ်ပြေးသွားမိသည်။ သူက အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးရမည်ဆိုလျှင် ဤနေရာသို့ သေချာပေါက် လာမိမည် မဟုတ်ပေ။ သူ လာခဲ့လျှင်လည်း သူ့ကိုယ်သူ ဤအစီအရင်ကြား ပိတ်လှောင်ခံမည် မဟုတ်ချေ။ ထိုစဉ် သူက တူစုန့် ပြန်မရောက်လာသည့် အကြောင်းအရင်းကို အပြည့်အဝ နားလည်သွားတော့သည်။ တူစု့န်သည်လည်း ဤလူ၏ လက်ချက်ဖြင့် နိဂုန်းချုပ်သွားရခြင်းသာ ဖြစ်ပေလိမ့်မည်။

သူက မိုဝူကျိသည် လော့ကျမ်းစာရွက် သိမ်းရဲသည့် အကြောင်းအရင်းကိုလည်း နားလည်လိုက်သည်။ ဤလူမှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရောက်ရှိနေသော ရုပ်ခန္ဓာလေ့ကျင့်သော ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။ နတ်ဘုရား ရုပ်ခန္ဓာနောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ကျင့်ကြံရေး အရင်းအမြစ် အဘယ်ကြောင့် ပြတ်လပ်နေမည်နည်း။

ဤသို့မျိုး နေရာမျိုး၌ ပုန်းအောင်းကာ ဆိုင်တစ်ဆိုင် ဖွင့်နေသည်တဲ့လား …. ဒီအရူးကလေ …..

“ ငါ့ကို လွတ်ပေး ….. ပြောစရာရှိတယ် ” အူးကျောက်ဟယ်၏ ခန္ဓာကိုယ်မှာ ဘုန်းခနဲ လဲကျသွားပြီး ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်ပေါ်လာသည်။

မိုဝူကျိက စကားတစ်ခွန်းမှ မပြောပေ။ လျှပ်စီးလှံတစ်ချောင်း ပေါ်လာသည်နှင့် အူးကျောက်ဟယ်၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အပြည့်အဝ လောင်ကျွမ်းသွားတော့သည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက မြေပြင်ပေါ်မှ လက်စွပ်ကို ကောက်ယူဖို့ရာ မရပ်တန့်ပေ။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က လင်းရုန်ဆီ တရှိန်ထိုး ပြေးဝင်သွားသည်။

မိုဝူကျိ၏ အစီအစဉ်အရ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် သဲ့ဖျင်ရှားကို ချက်ချင်း သတ်ပစ်မည် ဖြစ်သော်လည်း သဲ့ဖျင်ရှားတွင် ကျင့်ကြံဆင့် နိမ့်နေသော်လည်း ကာကွယ်ရေး ရတနာမှာ လင်းရုန်ထက် ပိုအားကောင်းပေသည်။ အဆင့် ၇ အစီအရင်ပေါက်ကွဲမှုက သူ့ကာကွယ်ရေး ရတနာကို ဖျက်စီးနိုင်လိုက်သော်လည်း ဒဏ်ရာအနည်းငယ်မျှသာ ရသွားလေ၏။

ထို့နောက် သူ့က ပေါက်ကွဲရေး အစီအရင်မှ ထွက်ကာ လွတ်မြောက်ရေး ပညာရပ်ကို အသွင်းကာ အစအနမကျန်ရအောင် ထွက်ပြေးသွားတော့သည်။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ အကယ်၍ သဲ့ဖျင်ရှားသာ ထွက်မပြေးပါက မိုဝူကျိသည် လင်းရုန်နှင့် ရင်ဆိုင်ဦးမည် မဟုတ်ပေ။ သို့သော်လည်း သဲ့ဖျင်ရှားက အဘယ်ကြောင့် ထွက်ပြေးသွားမှန်း သိလိုက်သည်။ သဲ့ဖျင်ရှားက ပေါက်ကွဲမှုမှ လွတ်မြောက်ဖို့ရာ ကြိုးစားနေစဉ်အတွင်း သူက မိုဝူကျိသည် အူးကျောက်ဟယ်အား လက်သီးတစ်ချက်ဖြင့် သတ်ပစ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသောကြောင့် အထိတ်တလန့်ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်၏။

သဲ့ဖျင်ရှားက ထွက်ပြေးသွားပြီ ဖြစ်သောကြောင့် မိုဝူကျိက လင်းရုန်ကိုသာ တိုက်ခိုက်ရတော့သည်။ သူက ထွက်မပြေးလို၍ မဟုတ်ဘဲ ထွက်မပြေးနိုင်မည်ကို စိုးရိမ်၍ ဖြစ်သည်။ ထိုစဉ် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားလေ၏။ သူသာ ထွက်ပြေးဖို့ ရွေးချယ်လိုက်လျှင် ဤအင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက ပြန်ဖမ်းမိပေလိမ့်မည်။ ဤနေရာမှာ ကောင်းကင်ဘုံ နယ်နမိတ်အလွန် ဖြစ်၍ သူ့ထက်စာလျှင် တစ်ဖက်လူက မြေအနေအထားကို ပိုရင်းနှီးပေလိမ့်မည်။

ပို၍ အရေးကြီးသည်က သူ့တွင် မကောက်ယူရသေးသည့် သိုလှောင်လက်စွပ် ရှိနေသေး၏။ ထိုလက်စွပ်မှာ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ရှိ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူ၏ လက်စွပ် ဖြစ်ပေသည်။ အထဲရှိ ပစ္စည်းများမှာ ဆိုးလှမည် မဟုတ်ပေ။ ထို့အပြင် လော့စီက မြို့ထဲမှ ထွက်မသွားရသေးသောကြောင့် ထန့်ဖေးယန်သည် သူ့အား ဆန့်ကျင်ကာ လော့စီအား ထိုအမျိုးသမီးဆီ ပေးပစ်လိုက်မည်ကို မည်သူက သိမည်နည်း။

သူက ထန့်ဖေးယန်ကို မမြင်မိသော်လည်း အနိုင်ရယူနိုင်ခြင်းကသာ  ထန့်ဖေးယန်အနေနှင့် သူ့အား ကြောက်ရွံ့ပေလိမ့်မည်။

“ ဖူး ” လင်းရုန်၏ ကာကွယ်ရေး ရတနာမှာ အစီအရင် ပျက်စီးမှုကြောင့် ပေါက်ကွဲထွက်သွားသည်။ သူမကလည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူမက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်သော်လည်း သူမ၏ ရုပ်ခန္ဓာမှာ မိုဝူကျိလောက် ထူးခြားမနေပေ။ အစီအရင် ပေါက်ကွဲသွားသောကြောင့် သူမလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

ပေါက်ကွဲမှုအရှိန် လျော့နည်းသွားသည်က ကံကောင်းသွားတော့သည်။ သူမက အသက်ဝဝ ပြန်မရှုနိုင်ခင် မိုဝူကျိ၏ ပုဆိန်လှံရှည်က သူမဆီ ဆင်းသက်လာသည်။

လင်းရုန်က စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ အကယ်၍ သဲ့ဖျင်ရှားသာ ထွက်မပြေးသွားခဲ့လျင် သူတို့က မိုဝူကျိအား ရှင်းထုတ်ပစ်နိုင်မည်မှန်း သေချာသိ၏။ မိုဝူကျိကလည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည်မှာ သိသာနေပေသည်။ သို့သော်လည်း သဲ့ဖျင်ရှားမှာ ထွက်ပြေးသွားသောကြောင့် သူမတစ်ယောက်တည်း မိုဝူကျိအား ရင်ဆိုင်ရတော့မည်။

ပြင်းထန်လှသော ပုဆိန်လှံရှည်အလင်းတန်းက ဆင်းသက်လာပြီး မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းမှာလည်း လင်းရုန်အား ရစ်ပတ်ထားသည်။

အကယ်၍ ယခင်ကလို ဖြစ်ပါက မိုဝူကျိသည် သူ့တိုက်ခိုက်မှု၌ စိုးရိမ်ကြောင့်ကြမှု ရှိနေဦးမည် ဖြစ်၏။ သူက ကောင်းကင်ဘုံအလွန်မြို့ ပိုင်နက်လေးအား မပျက်စီးစေလိုပေ။ သို့သော် ယခုတွင် တိုက်ပွဲကို စတင်ကြသူများမှာ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက ဖြစ်သောကြောင့် သူက ချုပ်တည်းထားစရာ မလိုတော့ပေ။ တခြားဆိုင်များမှာ သူ့ပုဆိန်လှံရှည်ကြောင့် ပျက်စီးသွားမှုကို မိုဝူကျိက အာရုံမစိုက်နိုင်တော့ပေ။ တခြားသော ဆိုင်ပိုင်ရှင်များမှာ သူ ကျရှုံးနေစဉ် ဖိနှိပ်ဖို့ ကြိုးစားနေသူများသာ ဖြစ်၍ အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။

သူက မြို့တော်ခန်းမမှ ပြဿနာ ရှာမည်ကိုလည်း မကြောက်ပေ။ အကယ်၍ မြို့တော်ခန်းမသာ အပြစ်တင်ဖို့ တစ်ယောက်ယောက်အား  ပြဿနာ ရှာလိုလျှင်  မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းသာ ဖြစ်သင့်ပေသည်။

***

All Chapters