အခန်း(၄၉၂) - မြင်းတစ်ကောင်က ကိုယ့်မျက်နှာ ဘယ်လောက်ရှည်သလဲ မသိပါ
Vol. 36 Ch. 492
အခန်း(၄၉၂) - မြင်းတစ်ကောင်က ကိုယ့်မျက်နှာ ဘယ်လောက်ရှည်သလဲ မသိပါ
မွေးရပ်မြေတွင် ဝမ်ယွမ်က သူ့ဇနီးလောင်း၏ အိမ်တွင် နေထိုင်ခဲ့သည်။
မြို့တော်တွင်လည်း ကျိုးမိသားစုက နှစ်သစ်ကူးအတွက် ပြင်ဆင်နေကြပါသည်ည။
အမေကျိုးက ဘဲကင်များ လုပ်ထား၏။ ပန်းခြံထဲက အဘိုးအိုတစ်ဦးထံမှ သင်ယူထားခြင်းဖြစ်ပြီး ဘဲနှစ်ကောင်ဝယ်ကာ စမ်းလုပ်ကြည့်ခဲ့ခြင်းဖြစ်ပါသည်။
အရင်ဆုံး ဘဲသားကို ဆားရည်စိမ်ရမည်။ သူတို့စားချင်သောအခါ အနည်းငယ် ယူလိုက်ပြီး ကင်လိုက်ရမည်။ အလွန်အရသာ ရှိလှပါသည်။
သူမ လုပ်ပြီးသွားသောအခါ ဟူကျစ်ကို လိုက်ပို့ပေးဖို့ ခေါ်လိုက်၏။ ထို့အပြင် ကြက်နှစ်ကောင်ကိုလည်း ဒီဘက်အတွင် ပြင်ဆင်ထားပါသည်။
လင်းချင်းဟယ်က ဘာမှလုပ်စရာမလိုတော့ပါ။ အိမ်က အစားအသောက်များအားလုံးကို ကျိုးချင်းပိုင်က ချက်ပြုတ်သည်။
ဥပမာအားဖြင့် ဒီနှစ် သိုးသားနှင့် ဘဲသားများစွာ ရှိပါသည်။
နိုင်ငံတော်ပြန်လည် ပြုပြင်ခြင်း အရှိန်မြင့်လာသည်နှင့် စျေးကွက်ထဲက အသားငါးများမှာ ပိုပိုပြီး ပေါများလာသည်။ ပိုက်ဆံရှိပါက မဝယ်နိုင်မည်ကို စိုးရိမ်စရာမလိုပါ။
လင်းချင်းဟယ်က သူမယောက်ျားချင်းပိုင် သူမအတွက် ချက်ပြုတ်ပေးထားသည့် သိုးသားစွပ်ပြုတ်ကို သဘောကျသည်။
သိုးသားများကို စွပ်ပြုတ်ထဲထည့်ထားသဖြင့် အရသာရှိလှပါသည်။ သောက်လိုက်တိုင်း လင်းချင်းဟယ် စိတ်ကျေနပ်ရသည်။
သိုးသားစွပ်ပြုတ်တင်မကသေးဘဲ တခြား စွပ်ပြုတ်များလည်းရှိသည်။ ဥပမာအားဖြင့် ကြက်စွပ်ပြုတ်ဖြစ်သည်။ လင်းချင်းဟယ်က ဒီဆောင်းရာသီထဲ ထိုစွပ်ပြုတ်များကို အသောက်များနေသည်။ ထို့ကြောင့် သူမ၏ ပါးပြင်များက ရဲနေပါသည်။
အမေဝိန် ရောက်လာသောအခါ သူမကို မြင်ပြီး အနည်းငယ် အံ့အားသင့်သွား၏။ "ချင်းဟယ် ရှင်ဘာတွေစားလို့လဲ။ မျက်နှာက ပြည့်ဝိုင်းနေတာပဲ။"
လင်းချင်းဟယ် ချောင်းဆိုးလိုက်၏။ သူ့ခန္ဓာကိုယ်ကို ဂရုစိုက်သော်လည်း သူ့ယောက်ျား ချင်းပိုင်က ဘာတွေဖြစ်နေသလဲ မသိပါ။ သူ့ဟင်းချက်စွမ်းရည်က အများကြီး တိုးတက်လာသည်။ သူချက်ပြုတ်သည့် စွပ်ပြုတ်တိုင်းက မေတ္တာအရသာများ ရောစပ်ပါဝင်နေသလို အရသာကကောင်းလှပါသည်။
သူမ မသောက်ချင်တော့သော်လည်း ထိန်းလို့မရပါ။
ပဲနီနှင့် တရုတ်ဆီးသီးများကိုလည်း မကြာခဏဆိုသလို စားသောက်ခဲ့ရသည်။ ကျိုးချင်းပိုင်က သူမအတွက်သာ မီးဖိုချောင်ထဲဝင်ခြင်းဖြစ်ပြီး တခြားသူများ ဘယ်သူမှ မစားရပါ။
ထို့အပြင် အားလပ်ရက်များဖြစ်သဖြင့် သူမ စိတ်အေးလက်အေးနေကာ ဝိတ်များ တက်လာခဲ့ပါသည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ် ဝလာခဲ့ပါသည်။
"မနက်ဖြန်အားလား။ ဝမ်ယွမ်ရဲ့ကားသော့ ကျွန်မဆီမှာရှိတယ်။ ရေပူစမ်းကိုသွားဖို့ စီစဥ်ထားတာ။ ဦးလေးဝိန်နဲ့ အတူတူသွားကြရအောင်လေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ဝမ်ယွမ်၏ ကားက သူတို့အနားတွင် ပါကင်ထိုးထားပါသည်။ သူမကို ကားသော့များပေးခဲ့ခြင်းဖြစ်၏။ လင်းချင်းဟယ်က အလုပ်ရုံသို့ ထိုကားဖြင့် မောင်းသွားပြီး ဒီနေရာတွင် ပါကင်ထိုးထားသည်။ ယူ၍ အသုံးပြုနိုင်ပါသည်။
အမေဝိန်က ရေပူစမ်းကို လွမ်းသလိုလို ရှိသည်။ ထို့အပြင် ရာသီဥတုကလည်း အေးသည်။ ရေပူစမ်းစိမ်ဖို့ အချိန်ကောင်းဖြစ်သဖြင့် သူမပြောလိုက်ပါသည်။ "ဟုတ်ပြီ။ မနက်ဖြန် သွားကြမယ်လေ။"
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထိုအကြောင်း ပြောပြလိုက်သည်။ ကျိုးချင်းပိုင်က မငြင်းပါ။ အစကတည်းက သူမိန်းမကို အလိုလိုက်ထားသည်။ အခုတော့ ပို၍တောင် အလိုလိုက်နေပြီဖြစ်ပါသည်။ သူ့မိန်းမ ပြောလိုက်သည်နှင့် လက်မခံနိုင်စရာအကြောင်း မရှိပါ။
ထို့ကြောင့် နောက်တစ်နေ့ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က အဖေဝိန်နှင့် အမေဝိန်တို့ကိုခေါ်ကာ ရေပူစမ်းသို့ အတူတူသွားခဲ့ကြသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ဖြစ်သဖြင့် ဖက်ထုပ်ဆိုင်ပိတ်သည်။ ဖျော်ရည်ဆိုင်နှင့် ကုန်ခြောက်ဆိုင်တို့သာ ဖွင့်တော့သည်။ သူတို့ကတော့ လုပ်ငန်းကို ဆက်လုပ်ကြ၏။
ထို့ကြောင့် ကျိုးညီအစ်ကိုနှစ်ယောက်အတွက် အပန်းဖြေဖို့ အချိန်ဖြစ်ပါသည်။
သူတို့လိုပင် ကန်းကျစ်ကလည်း အနည်းငယ် အလုပ်အားနေလွန်းသည်။ ဟူကျစ်ကတော့ အားလပ်ချိန်မရှိပါ။ လင်းချင်းဟယ်က သူ့ကို အထည်တချို့ယူကာ လမ်းဘေးဆိုင်တစ်ဆိုင် ဖွင့်ရောင်းဖို့ ပြောထားသည်။
သူ့အား အရင်းအနှီးများစွာ ထုတ်ပေးထားသည်။ အရင်းအနှီးများအားလုံးက သူ့အပိုင်ဖြစ်ပါသည်။
ဒီလိုအေးသည့် နေ့ရက်များတွင် အလုပ်လုပ်ရတာ မလွယ်ကူပေ။ သို့သော်လည်း ဟူကျစ်က ပျော်ရွှင်နေပါသေးသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်လောက်အထိ လုပ်ငန်းများ ရှိနေဆဲဖြစ်သည်။ သူစျေးရောင်းနိုင်ပါက တစ်ရက်ကို ယွမ် အနည်းငယ် ရဖို့က ပြဿနာမဟုတ်ပါ။
ထိုပိုက်ဆံရှာသည့်အပြင် ချန်းရှန်ရှန်နှင့်လည်း လျှောက်လည်သေး၏။ ထို့ကြောင့် အလုပ်များသည်ဟု ဆိုနိုင်ပါသည်။
"ထားလိုက်ပါတော့။ ဖျော်ရည်ဆိုင်မှာပဲ သွားကူလိုက်ရအောင်။" ကျိုးကွေ့လိုင် သက်ပြင်းချလိုက်သည်။
"အဲ့မှာ လူတွေအများကြီးပဲ။ ငါတို့သွားရင်တောင် အများကြီး ကူညီနိုင်မှာ မဟုတ်ဘူး။ အဘိုးနဲ့အဘွားတို့ဘက်ကို သွားရင်ကော ဘယ်လိုလဲ။" ဟု ကန်းကျစ်က ပြောလိုက်သည်။
"အိုကေ" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်ကာ အစ်ကိုလတ်ကို သွားမေးလိုက်၏။ ကျိုးရွှမ်က အပြင်မထွက်ချင်သဖြင့် သူတို့နှစ်ယောက်တည်း သွားခဲ့ကြပါသည်။
သူတို့ရောက်လာသောအခါ ဘွားကျူးနှင့် တွေ့ကြ၏။ အဘွားကျူးက မေးလိုက်သည်။ "နင့်အစ်မဟုန်ရှားက ဘာလို့ လိုက်မလာတာလဲ။"
"အစ်မဟုန်ရှားက ဆိုင်စောင့်ရတာ" ကန်းကျစ်က ပြန်ပြောဖြေလိုက်ပါသည်။
ကျိုးဟုန်ရှားက ကျိုးစစ်နီဖြစ်ပါသည်။ သူမက ဖျော်ရည်ဆိုင်တွင် အကူအညီပေးသည်။ နှစ်သစ်ကူးတွင် မနားရသော်လည်း လစာ နှစ်ဆလောက်ရပါသည်။
ခြံထဲဝင်လာရင်း ကျိုးကွေ့လိုင်က ပြောလိုက်၏။ "အဲ့ဒီအဘွားက ဘာလို့ အစ်မစစ်နီအကြောင်း မေးနေတာလဲ မသိဘူး။"
"ဘယ်သူက စစ်နီအကြောင်း မေးတာလဲ။" ကျိုးရှောင်မိန်က ရေထွက်သွန်ရင်း ထိုစကားများကို ကြားသောအခါ မေးလိုက်သည်။
"ဟိုဘက်အိမ်က အဘွားကျူးလေ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျူးကျန်းကျန်း ကိစ္စကြောင့် ကျိုးရှောင်မိန်၏ ကျိုးမိသားစုအပေါ် သဘောထားမှာ သာမန်မျှသာဖြစ်သည်။ သူပြောလိုက်၏။ "ဘာလို့ မေးတာလဲ။"
"အစ်မစစ်နီ ဘာလို့မလာတာလဲလို့ပဲ မေးတာပါ။ အစ်မစစ်နီက သူနဲ့ ရင်းနှီးလို့လား။" ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။
"ဘာမှ မရင်းနှီးပါဘူး။" ဟု ကျိုးရှောင်မိန်က ရေသွန်ကာ ပြောလိုက်သည်။
သူတို့ အထဲသို့ အတူတူ ဝင်လာကြ၏။ အမေကျိုးက မြေပဲခွံခွာနေပြီး တီဗီကြည့်နေသည်။ ကျိုးကွေ့လိုင်နှင့် ကန်းကျစ်တို့က ကူကာ မြေပဲခွံခွာလိုက်သည်။
"အဲ့ဒါတွေကို အခွံခွာပြီး နင်တို့အစ်မစန်းနီဆီ ပို့ပေးလိုက်ကြ။ ကိုယ်ဝန်ရှိလာရင် မြေပဲ များများ ပိုစားပေးရတယ်။ ကလေးက ဖြူဖြူလုံးလုံးလေး ဖြစ်မှာ။" ဟု အမေကျိုးက ပြောလိုက်သည်။
"ဟုတ်ကဲ့" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
သူနှင့် ကန်းကျစ်တို့က အဘွားကျူး၏ မေးခွန်းကို စိတ်ထဲမထားသဖြင့် ပြန်မပြောပြတော့ပါ။ သို့သော်လည်း ကျိုးရှောင်မိန်ကတော့ စိတ်ပူနေ၏။
အစမရှိအဆုံးမရှိဘဲ အဘွားကျူးက စစ်နီအကြောင်း စိတ်ဝင်စားနေ၏။ ထို့အပြင် သူမက အကြောင်းမရှိဘဲ စိတ်ဝင်စားတတ်သည့် လူမျိုး မဟုတ်ပါ။
ထို့ကြောင့် သူမ၏ အမေကို ကျိုးရှောင်မိန် ပြန်ပြောပြလိုက်သည်။ ထိုအခါ အမေကျိုး ထိတ်လန့်သွား၏။ "သူနဲ့ ရင်းနှီးတဲ့အကြောင်း စစ်နီပြောတာလည်း ဘာမှ မကြားဖူးပါဘူး။"
"စစ်နီကို သတိထားဖို့ ပြောထားဦးနော်။ သူလှည့်စားတာ မခံရစေနဲ့။" ဟု ကျိုးရှောင်မိန်က သတိပေးလိုက်သည်။
အမေကျိုးက သေသေချာချာ မှတ်သားထားပါသည်။ တကယ်တော့ ကျိုးရှောင်မိန်ထင်တာ မှန်ကန်နေသည်။ အဘွားကျူးက ကျိုးစစ်နီနှင့် ပတ်သတ်ပြီး အကြံများရှိနေခဲ့၏။
အစကတေ့ အဘွားကျူးမှာ ကျိုးစစ်နီလို ကျေးရွာသူတစ်ယောက်ကို အထင်သေးသည်။ သို့သော်လည်း သူမ အစ်မ၏ အစွမ်းအစကိုတော့ တကယ်ခံနိုင်ရည်မရှိပါ။
အထည်စက်ရုံကြီးတစ်ခုကို ကိုယ်တိုင်ထောင်ထားပြီး ကားဖြင့် သွားလာတတ်သည့် ဘော့စ်တစ်ယောက်နှင့် လက်ထပ်ရတော့မည်။ ထိုကောင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း သူဌေးအရှိန်အဝါများကို ပေးစွမ်းနေပါသည်။
ထို့ကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းရပေဦးမည်။ သူတို့ ဆွေမျိုးများ ဖြစ်လာပါက ဘော့စ်တစ်ယောက်ကို ဆွေမျိုးအဖြစ် ရလိုက်သည်ဟု ဆိုလိုခြင်းပဲ မဟုတ်လား။ ထို့နောက် အနာဂတ်တွင် အလုပ်လိုချင်ပါက စကားတစ်ခွန်းသာ ပြောဖို့လိုတော့မည်မဟုတ်လား။
ထို့အပြင် သူမ၏ စတုတ္ထဦးလေးတို့ မိသားစုက ထရပ်ကားကြီးတစ်စီးကို ပိုင်ဆိုင်ထားသည်။ သူတို့၏ အခြေအနေကလည်း ကောင်းမွန်လှ၏။
ထို့နောက် ကျိုးစစ်နီကို ကြည့်ပါဦး။ သူမက ကျေးရွာမှဖြစ်ပြီး ကျေးရွာသူပုံစံပေါက်သော်လည်း အရမ်းကြီးတော့ မဆိုးရွားလှပါ။ သူမ၏ မြေးနှင့် လိုက်ဖက်နိုင်ပါသည်။
ထို့ကြောင့် သူမ လက်ဆက်ပေးချင်နေ၏။
ဒီကိစ္စအတွက် အဘွားကျူးက အဘွားဟူကို အောင်သွယ်တော် ကြားလူလုပ်ဖို့ အကူအညီတောင်းသည်။
သို့သော် အဘွားဟူကတော့ ငြင်းခဲ့၏။ အရင်တစ်ခေါက်က ကျန်းကျန်းနှင့် ဟူကျစ်ကို အောင်သွယ်လုပ်ပေးခြင်းအတွက် လှောင်ပြောင်မှုကြောင့် အငြှိုးထားဆဲဖြစ်ပါသည်။
ထို့ကြောင့် ဒီတစ်ခေါက် တကယ်မကူညီချင်ပါ။ အထူးသဖြင့် အဘွားကျူး မြေး၏ အခြေအနေကလည်း အကောင်းကြီး မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အဘွားကျူးက ကျိုးစစ်နီကို ကိုယ်တိုင်သာ လာတွေ့နိုင်တော့သည်။ ဟိုတစ်ခေါက်က အဘွားဟူ၏ နည်းလမ်းများကို အတုခိုးပြီး ကျိုးမိသားစု၏ မြေးမကို ဖျားယောင်းမည်။ ထို့နောက် လူငယ်လေးများကို ကိုယ်တိုင်တွဲခိုင်းလိုက်မည်ဖြစ်သည်။
ကျေးရွာအိမ်ထောင်စု စာရင်းရှိသည့် ဟုန်ရှားက မြို့တော်အိမ်ထောင်စု စာရင်းဟူသည့် မက်လုံးကို ခံနိုင်ရည်ရှိလောက်မည် မဟုတ်ဟု သူမယုံကြည်ထားသည်။ ထို့ကြောင့် ဒီအိမ်ထောင်ရေးက သေချာပေါက် ဖြစ်လာနိုင်ပါသည်။
အဘွားကျူးက ကျိုးမိသားစုနှင့် ဆွေမျိုးများဖြစ်ရသည်ကို ကျေနပ်နေပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ချမ်းသာကြသည်မဟုတ်လား။
နောင်တရခဲ့ရသည်က သူမ၏ အကြီးဆုံးမြေးမမှာ ကျိုးခိုင်နှင့်လက်ထပ်ဖို့ မအောင်မြင်ဘဲ လက်ထပ်ဖို့ စီစဥ်ထားပြီးသား ဖြစ်နေပါသည်။ ရိုးသားသည့်ကောင်လေးမှာ ကံမကောင်းခဲ့ပေ။