← Chapters

အခန်း(၄၉၃) - ကလေးယူခြင်း၏ အကြီးမားဆုံး ကောင်းကျိုး

Vol. 36 Ch. 493

အခန်း(၄၉၃) - ကလေးယူခြင်း၏ အကြီးမားဆုံး ကောင်းကျိုး

Vol. 36 Ch. 493

အခန်း(၄၉၃) - ကလေးယူခြင်း၏ အကြီးမားဆုံး ကောင်းကျိုး

ကံမကောင်းဘူးဟု ဆိုသည့် ကျိုးခိုင်မှာ အိမ်ပြန်လာဖို့ အချိန််မရှိခဲ့ပါ။

သို့သော် ဝိန်ကောလျန့်က သူတို့ဘက်တွင် နှစ်သစ်ကူးအတူတူ ပျော်ကြဖို့ ဖိတ်ကြားခဲ့ပါသည်။

ဝိန်မေ့ကျားက အလုပ်တွင် စွမ်းဆောင်နိုင်ရည် ရှိသော်လည်း ချက်ပြုတ်ရာတွင်တော့ သိပ်မတော်လှပေ။ ဘာပဲဖြစ်ဖြစ် သူမက မိသားစုထဲတွင် အငယ်ဆုံးသမီးဖြစ်သဖြင့် သူမ ချက်ပြုတ်စရာမလိုပါ။ ပညာရေး အခြေအနေ ကောင်းမွန်ရုံနှင့် လုံလောက်ပါပြီ။

ထို့ကြောင့် သူမ၏ ဟင်းချက်စွမ်းရည်က သာမန်မျှသာဖြစ်သည်။ ကျိုးခိုင်၏ ဟင်းချက်စွမ်းရည်များကတော့ ပြည့်စုံ၏။ သူ့စွမ်းရည်ကို ထုတ်ပြပြီး ကြက်ဥဖက်ထုပ်များကို ထုပ်ပြလိုက်သည်။ ဝိန်ကောလျန့်ကော ဝိန်မေ့ကျားကော အစားအစာများကို စိတ်တိုင်းကျခဲ့ကြပါသည်။

"ဒီတစ်ခေါက် မနှစ်တုန်းက နှစ်သစ်ကူးမှာဒေါ်လေးလင်းဆီ သွားလည်ကြတာနော်။ ဒီနှစ်တော့ ပြန်သွားလို့မရတော့ဘူးပေါ့။" ဟု ဝိန်မေ့ကျားက ပြောလိုက်သည်။

ဒီနှစ်ဆေးရုံက ခွဲစိတ်ကုတင်များ ထပ်ထည့်လာသဖြင့် သူမဆက်နေရသည်။ အမှန်ပင်။ ပြန်သွားလို့ရသော်လည်း ထိုပြန်ခွင့်ကို အိမ်ထောင်ရှိ မိတ်ဆွေတစ်ယောက်အား ပေးလိုက်ပါသည်။

"နောက်နှစ်ကျရင် ပြန်ခွင့်တောင်းလို့ ရမှာပါ။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

သူလည်း အိမ်ပြန်ချင်ပါသည်။ သို့သော် အိမ်ပြန်ခွင့်တောင်းလို့ မရခဲ့ပါ။ ထို့ကြောင့် သူလက်လျှော့လိုက်သည်။ နှစ်သစ်ကူး ဒီမှာ နေရလည်း အဆင်ပြေပါသည်။

"စကားမစပ် အစ်ကိုကြီးက နယ်ဘက်ကို တာဝန်ပြောင်းခံရမှာလား။" ဟု ကျိုးခိုင်က ဝိန်ကောလျန့်ကို မေးလိုက်သည်။

ကျိုးခိုင်က ဝိန်ကော်တုန်းကို အစ်ကိုကြီးဟုသာ ခေါ်၏။

"စောရင် နောက်နှစ်ထဲ ပြောင်းရမယ်။ နောက်ကျရင်တော့ နောက်တစ်နှစ်ကျော်မှ ပြောင်းရမှာပေါ့။" ဝိန်ကောလျန့်က ခေါင်းငြိမ့်လိုက်သည်။

အရွယ်ရောက်လာလို့မှ ရာထူးမတိုးလျှင် ပင်စင်ယူရမည်ဖြစ်သည်။ သို့သော်လည်း ရာထူးက မနိမ့်သဖြင့် နယ်ဘက်ရာထူးသို့ လွှဲပြောင်းခံရမည်ဖြစ်သည်။ ထို့နောက် အဆင့်ဆင့် တက်နိုင်ဖို့ အခွင့်အရေးရလာမည်။ ကိုယ်ပိုင်အစွမ်းအစအပေါ် မူတည်ပါသည်။

"နယ်ဘက်ရာထူး ပြောင်းရလည်း ကောင်းပါတယ်။ မဟုတ်ရင် မင်းရဲ့အစ်ကိုကြီးက မကြာခင် လူပျိုကြီးဖြစ်ပြီး ဒီဘက်မှာ ကောင်မလေး ရှာနိုင်မှာမဟုတ်ဘူး။" ဟု ကျိုးခိုင်က ပြောလိုက်သည်။

"ဘာလို့ မရှာနိုင်ရမှာလဲကွ။ သူက မရှာချင်လို့ပါ။ သူ့ကို ဘယ်သူမှ မမိတ်ဆက်ပေးတာ မဟုတ်ဘူး။" ဝိန်ကောလျန့်က ပြောလိုက်သည်။ သူ့တွင် ကောင်မလေးတစ်ယောက်ရှိသည်။ သို့သော် နှစ်သစ်ကူး အိမ်ပြန်သွားပြီး သူနဲ့အတူ မနေခဲ့ပါ။

တကယ်တော့ ဒီနေရာတွင် တွဲနေကြသည့် လူများစွာ ရှိပါသည်။ ဥပမာအားဖြင့် ဒီက သူနာပြုများစွာက မိန်းကလေးများ ဖြစ်ကြသည်။ အထူးသဖြင့် သူ့ညီမလို လူသစ်များက စစ်သားများအတွက် ရွေးချယ်စရာကောင်းဖြစ်ပါသည်။

သူတို့က အလွန်ရေပန်းစားကြသည်။ သူတို့၏ ပုံစံက သာမန်သာဖြစ်သော်လည်း လူပျိုလှည့်သည့် စစ်သားများစွာရှိပါသည်။

နေ့တိုင်း ရည်စားစာများ ရနေသည့် သူ့ညီမကိုတော့ ပြောစရာမလိုပါ။ ဒီဦးလေးကြီး ဒေါ်ကြီးများက သူမကို အလွန်အောင်သွယ် လုပ်ပေးချင်နေကြသည်။

"မိန့်ကျား နင် ကောင်လေးရရင် နင့်ဒုတိယအစ်ကိုကို ပြောရမယ်နော်။ ဒုတိယအစ်ကိုက နင့်အတွက် စစ်ကြည့်ပေးမယ် ဟုတ်ပြီလား။ တချို့က လူမျက်နှာနဲ့ တိရိစ္ဆာန်စိတ်တွေရှိတယ်။ ကြည့်ကောင်းပေမယ့် စိတ်ဓာတ်ကတော့ မကောင်းဘူး။" ဟု ဝိန်ကောလျန့်က သတိပေးလိုက်သည်။

ဒီနေရာမှ တစ်နာရီလောက် သွားလိုက်လျှင် ကောင်တီမြို့တစ်မြို့ရှိ၏။ ထိုကောင်တီမြို့တွေ ထိုအလုပ်လုပ်စားသော မိန်းကလေးတချို့ရှိ၏။

တချို့က အားလပ်ချိန်တွင် ထိုနေရာသို့ အပြေးသွားကြ၏။ ဝိန်ကောလျန့်က မသွားဖူးပါ။ တချို့လူများက သူ့ကိုခေါ်ခဲ့ဖူးခြင်းဖြစ်ပါသည်။

ကျိုးခိုင်က သဘောတူကာ ပြောလိုက်၏။ "နင့်ဒုတိယအစ်ကို ပြောတာမှန်တယ်။ ဒီတိုင်း ပြီးစလွယ် ရည်းစားမထားလိုက်နဲ့။ ရည်းစားမထားခင် ငါတို့သဘောတူမှ ထားရမယ်။"

ဝိန်ကောလျန့်သာမကဘဲ ကျိုးခိုင်သည်လည်း ထိုကဲ့သို့ ဖိတ်ကြားခြင်းမျိုးကို ခံခဲ့ရပါသည်။ တချို့စစ်သားများက တကယ်ကောင်းပြီး အားကိုးရသည်။ သို့သော် ဘယ်နေရာပဲ ရောက်ရောက် အကောင်းအဆိုး ဒွန်တွဲနေကြသည်မဟုတ်ပါလား။

အပြောကတော့ ကောင်းသည်။ သို့သော် သူ့အတန်းဖော်ဟောင်းကြီးက နုံအသည်ကို မြင်ကာ မကြည့်ချင်တော့ဘဲ မျက်စပြစ်လိုက်သည်။

"ငါပြောတာ အမှားပါသွားလို့လာား။" ကျိုးခိုင်က ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

"မပါ ပါဘူး။" ဝိန်မေ့ကျားက တည်ငြိမ်စွာ ပြောလိုက်၏။

ဟိုးအရင်ကတည်းက သူ့ရဲ့ အကဲခတ်နိုင်စွမ်း ညံ့ဖျင်းမှုကို သူမ သိထားပြီးသားဖြစ်ပါသည်။ ဒေါ်လေးလင်း၏ အကဲခတ်နိုင်စွမ်းကို အမွေမရခဲ့ရှာပါ။ သူ့ခန္ဓာကိုယ်အရွယ်အစားကော အရိပ်ပြအကောင်မြင်နိုင်စွမ်းကော သူ့အဖေဆီကသာ အမွေရထားခြင်းဖြစ်ပါသည်။

"မနက်ဖြန်ကျရင် မြို့တော်ကိုသွားပြီး ပန်းသီးနဲ့ လိမ္မော်သီးနည်းနည်း စားဖို့ ဝယ်လာမယ်။ အသားတွေ အရမ်းစားရင် အပူလွန်မယ်။" ဟု ကျိုးခိုင်က ပြောလိုက်သည်။ "မင်းတို့ကော စားချင်လား။ စားချင်ရင် ငါဝယ်လာပေးမယ်လေ။"

"ဝယ်လာပေးပါ။" ဝိန်ကောလျန့်က ပြောလိုက်သည်။

ကျိုးခိုင် အကြာကြီး ထိုင်စကားပြောပြီးမှ အရင်ဆုံး ပြန်သွားတော့သည်။ ဝိန်ကောလျန့်က နဖူးကို ပွတ်ရင်း ပြောလိုက်သည်။ "အမေက ဒီကောင့်ကို မိုးထိုးနေအောင် ချီးကျူးတယ်။ ဒါပေမယ့် နင်မြင်တဲ့အတိုင်း သူက ပွင့်ပွင့်လင်းလင်းကို မရှိဘူး။"

ဒီကဏ္ဍတွင် ဘာအတွေးမှမရှိပေ။

ဝိန်မေ့ကျားက ပြောလိုက်၏။ "သူက တော်ပါတယ်။"

ဝိန်ကောလျန့်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "တော်တယ်ဟုတ်လား။ သူက အစ်ကိုကြီးလိုပဲ ငတုံးကြီး။ ရိုမတ်တစ်လည်း မဆန်ဘူး။"

သူက ရိုမတ်တစ် ဘယ်လိုဆန်ရသလဲ သိပါသည်။ မဟုတ်ပါက ကောင်မလေး ဘယ်လိုလုပ် ရနိုင်မည်နည်း။ ထို့အပြင် သူ့ကောင်မလေးက ကြည့်ကောင်းသော ကောင်မလေးဖြစ်သည်။

သူမ အိမ်မပြန်ရတာ ကြာပြီဖြစ်သဖြင့် ဒီနှစ် ပြန်သွားခြင်းဖြစ်သည်။ မဟုတ်ပါက ဝိန်ကောလျန့်နှင့် အတူတူနေပြီး နှစ်သစ်ကူးတွင် ပျော်ကြရွှင်ကြမည်ဖြစ်သည်။ ဟင်းချက်လည်း အလွန်ကောင်းပြီး သူ့အတွက် မကြာခဏ စွပ်ပြုတ်များ ပြုတ်ကျွေးတတ်ပါသည်။

သူ့လိုလူမျိုးကသာ ဇနီးသည်ကို စိတ်ကျေနပ်စေနိုင်ပါလိမ့်မည်။

ဝိန်မေ့ကျားက ပြုံးသာပြုံးပြီး စိတ်ထဲ သိပ်မထားပါ။ လောလောဆယ် သူနားမလည်သေးသဖြင့် သူမ စောင့်ပါဦးမည်။

အရိပ်အကဲနားမလည်သည့် သူတို့၏သားအကြောင်း မသိသော  လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ အဖေဝိန်နှင့် အမေဝိန်တို့နှင့်အတူ အိမ်ပြန်လာနေကြသည်။

သူတို့တစ်နေကုန် လျှောက်လည်ကြပြီး ပျော်ခဲ့ကြပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "ရှင်တို့နှစ်ယောက်တည်း နှစ်သစ်ကူးမှာ စားရင် အထီးကျန်မှာပေါ့။ ကျွန်မတို့အိမ်လာပြီး အတူတူ စားကြရအောင်လေ။ ဒီနှစ်က သိုးသား ဟော့ပေါ့နော်။ လူတွေအများကြီးနဲ့ဆို စည်ကားနေမှာပဲ။"

အမေဝိန် စိတ်လှုပ်ရှားသွား၏။ အဖေဝိန်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဒါဆို နှစ်သစ်ကူး သူတို့ဆီမှာ သွားစားကြမလား။"

အဖေဝိန် စိတ်ညစ်ကာ ပြောလိုက်သည်။ "ဒီနှစ် ကောတုန်းပြန်လာမှာလေ။"

သူ့မိန်းမက တကယ်ပဲ အားမနာတတ်ပါ။ သူတို့ ဆွေမျိုးများ ဖြစ်မလာသေးပေ။ ဆွေမျိုးများ ဖြစ်လာလျှင် ကိစ္စသိပ်မရှိပါ။ သို့သော် အခုက ရှက်ဖို့ကောင်းလွန်းပါသည်။

"ဟုတ်သား ကောတုန်းပြန်လာမှာပဲ။ သူ့ကိုတောင် မေ့တော့မလို့။" အမေဝိန် သတိရသွားပါသည်။

"ကောတုန်းကိုလည်း ခေါ်လာလို့ ရပါတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။ "သူ့ကို မတွေ့ဖူးသေးဘူး။"

"နှစ်သစ်ကူးနေ့ကျရင် သူ့ကို ခေါ်လာလိုက်ပါ့မယ်။" အဖေဝိန်က ပြုံးကာ ပြောလိုက်သည်။

လင်းချင်းဟယ် တခြားဘာမှမပြောတော့ပေ။ "ဟုတ်ပါပြီ။ အဲ့အချိန်ကျရင်လည်း ကျွန်မတို့ အိမ်မှာရှိပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ်ရတယ်။"

"၂ရက်နေ့လောက်ဆိုရင် ပိုကောင်းတယ်။ ၁ရက်နေ့ဆိုရင် ခင်ဗျားတို့ အလုပ်အရမ်းများနေမှာ စိုးလို့ပါ။" ဟု အဖေဝိန်က ပြောလိုက်သည်။

"အဲ့တာလည်း ကိစ္စမရှိပါဘူး။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ၁ရက်နေ့တွင် အလုပ်သမားများ လာကြမည်ဖြစ်သဖြင့် အိမ်က အတော်ဆူညံနေပါလိမ့်မည်။ ထို့ကြောင့် ၂ရက်နေ့က ပိုကောင်းပါသည်။

ကျိုးချင်းပိုင်က ကားမောင်းနေသည်။ သူလည်း ကန့်ကွက်စရာမရှိပါ။ သူ့ဇနီးသည်သဘောအတိုင်းသာဖြစ်ပါသည်။

အဖေဝိန်နှင့် အမေဝိန်တို့ကို အိမ်သို့ ပြန်ပို့ပြီးသောအခါ သူတို့အိမ်ပြန်လာကြ၏။

လင်းချင်းဟယ် ပြောလိုက်သည်။ "ဒီရေပူစမ်းတန်ခိုးက တော်တော်ပြင်းတာပဲနော်။" သူမခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းနေသလို ခံစားရပါသည်။

ကျိုးချင်းပိုင်ကပြောလိုက်သည်။ "အဲ့ဒီဘက်မှာ တစ်ခုဖွင့်ထားတယ်ဆိုတော့ တခြားနေရာမှာလည်း ဖွင့်လာလောက်မှာပါ။ သိပ်မဝေးလောက်ဘူးပေါ့။" ဆောင်းရာသီတွင် ကားမောင်းနှုန်းက နှေးသဖြင့် ဝေးကွာသည်ဟု ထင်ရသည်။

ဝေးသော်လည်း ရေပူစမ်းလာစိမ်သည့် လူများစွာ ရှိပါသည်။ စီးပွားရေး ဘယ်လောက် ကောင်းသလဲမြင်နိုင်သည်။ ထို့အပြင် နှစ်သစ်ကူးဖြစ်သဖြင့် စျေးနှုန်းကိုပင် မြှင့်ထားကြသေးသည်။ နှစ်စတွင် ၁၀ ယွမ်သာရှိသည်။ ထိုတုန်းကတောင် အမေကျိုးက စျေးကြီးလွန်းသည်ဟု ထင်ခဲ့၏။

အခုတော့ တစ်ယောက်ကို ယွမ် ၂၀ အထိ တက်သွားသည်။ ၂ဆဖြစ်ပါသည်။

မြို့တော်၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနှင့်ဆို နောက်ပိုင်းသေချာပေါက် တခြားရေပူစမ်းတွေလည်း ရှိလာပါလိမ့်မည်။

သူတို့အိမ်ပြန်ရောက်သောအခါ ညနေပင် စောင်းနေပြီ။ အိမ်တွင် ဘယ်သူမှ မရှိကြပါ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ရေပူစမ်းတွင် စားခဲ့ကြသဖြင့် စားစရာမလိုတော့ပါ။

လင်မယားနှစ်ယောက် တစ်နေကုန် သွားခဲ့ကြသဖြင့် အရင်ဆုံး အခန်းထဲတွင် အရင်နားခဲ့ကြသည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း ကလေးယူခြင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးအကြောင်းကို ပြောလာခဲ့ကြပါသည်။

All Chapters