← Chapters

အခန်း(၄၉၅) - လက်ကိုင်ခြင်း

Vol. 36 Ch. 495

အခန်း(၄၉၅) - လက်ကိုင်ခြင်း

Vol. 36 Ch. 495

အခန်း(၄၉၅) - လက်ကိုင်ခြင်း

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိမ်ပြန်ရောက်သောအခါ နောက်ကျနေပြီဖြစ်သည်။ အိပ်ယာဝင်ဖို့လည်း အသင့်ဖြစ်နေကြပြီ။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်က နှစ်သစ်ကူးနေ့ဖြစ်သဖြင့် လူများစွာက နှစ်သစ်ကူးနေ့အတွက် လာရောက် ဂါဝရပြုကြလိမ့်မည်။

ယနေ့ကို နောက်နှစ်ဟု မတွက်နိုင်သော်လည်း ဒီနေ့ပြီးသောအခါ ၁၉၈၄ နှစ်သစ်ရောက်ပြီဟု သတ်မှတ်နိုင်ပါသည်။

၁၉၈၄ ခုနှစ်တွင် လင်းချင်းဟယ် လစာတိုးပေးဖို့ စိတ်ကူးမရှိပါ။ သူမလက်အောက်ရှိ အလုပ်သမားအားလုံး လစာမတိုးနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူမ သူတို့ကို ပေးထားသည့် အလုပ်သမားလခက အရမ်းနိမ့်မနေသောကြောင့်ပင်။ ထို့အပြင် ၁၉၈၅ ခုနှစ်တွင် နိုင်ငံတော် အလုပ်သမား လစာ ပြန်လည်ပြုပြင်ရေးရှိသဖြင့် ထိုအချိန်ကျမှ သူတို့ကို လစာတိုးပေးဖို့ လင်းချင်းဟယ် စီစဥ်ထားပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဒီနှစ်အတွက် ဝင်ငွေစာရင်းများကို ကျိုးချင်းပိုင် စစ်ဆေးပြီးသားဖြစ်သဖြင့် ယခု သူ အလွန် အလုပ်အားနေပါသည်။

သူတို့နှစ်ယောက်သား ချက်ချင်း မအိပ်ခဲ့ကြပေ။ အနာဂတ်အကြောင်း အတူတူ စိတ်ကူးယဥ်ကြည့်ကြပြီးမှ အိပ်ငိုက်လာကြသည်။ ကျိုးချင်းပိုင်က သူ့မိန်းမဗိုက်ပေါ်သို့ လက်တင်ပြီး ပွတ်ပေးဖို့လည်း မမေ့ခဲ့ပါ။

နှစ်သစ်ကူးနှင့်အတူ သူ့သမီးလေးပါ ရောက်လာဖို့ မျှော်လင့်နေမိသည်။

နောက်နှစ် နေရာကောင်းကောင်းရှိပါက ထိုအချိန်တွင် ထပ်ဝယ်ဦးမည်ဖြစ်သည်။ အားလုံးကို သူ့သမီးလေးအား လက်ဖွဲ့အမွေပေးဖို့ စုထားမည်ဖြစ်သည်။

သို့မဟုတ် သူ့သမီးလေးက အပျိုကြီးလုပ်လည်း အဆင်ပြေပါသည်။

ညသန်းခေါင်ရောက်သောအခါ အပြင်ဘက်တွင် နှင်းများကျလာသည်။ သို့သော် နောက်တစ်နေ့ မနက်ရောက်သောအခါ ရပ်တန့်သွားခဲ့၏။

၁၉၈၄ ခုနှစ်၏ ပထမဆုံး မနက်ခင်းကို ကြိုဆိုခဲ့ခြင်း ဖြစ်ပါသည်။

မိသားစု မနက်စာစားပြီးတာနှင့် မာချန်းမင်က သူ့မိန်းမ ဟွမ်ရှောင်းလျို့၊ သူ့သား မာရှောင်းထန်တို့နှင့် အတူတူ ရောက်လာခဲ့ကြသည်။

ဒေါ်လေးမာကတော့ ဦးလလေးမာနှင့် အတူတူရှိနေ၏။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျိုးချင်းပိုင်က သူမကို အားလပ်ရက် ပေးကာ ခရီးထွက်ခွင့်ပေးခဲ့ပါသည်။ သူတို့နှစ်ဦး ရှေ့တန်းသို့သွားကာ သားကြီးတို့မိသားစုနှင့် သွားတွေ့ကြသည်။

သူတို့၏ အကြီးဆုံးသား မိသားစုက ရှေ့တန်းတွင် အခြေချထားကြပြီး ခွင့်ယူလို့ မရသဖြင့် သူတို့လင်မယားနှစ်ယောက်သား သွားလည်ခဲ့ရပါသည်။

လင်းချင်းဟယ်က မာရှောင်းထန်အတွက် အနီရောင်စာအိတ်တစ်ခုကို ပြင်ဆင်ထားသည်။ သူတို့မိသားစု လင်းချင်းဟယ်တို့အိမ်တွင် ခဏလောက် ထိုင်ကြပြီးနောက် သူတို့ဆွေမျိုးများ အိမ်သို့ ထွက်သွားကြလေသည်။

မာချန်းမင်က လူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် သူ့မိန်းမ ဟွမ်ရှောင်းလျို့ကတော့ အခုဆို ပိုပိုပြီး စကားနည်းလာပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရပ်ကွက်ထဲတွင် ပါးစပ်ပုပ်နှင့် မိန်းမတစ်ချို့ ရှိနေသောကြောင့်ပင်။ သူတို့နောက်ကွယ်တွင် တာဝန်မဲ့သော အတင်းအဖျင်းများ ပြောတတ်ကြ၏။ ဟွမ်ရှောင်းလျို့က မာချန်းမင်နှင့် မထိုက်တန်ဘူးဟု ပြောကြသည်။ မာချန်းမင် ကျေးရွာဘက်သို့ ရောက်လာခြင်းကြောင့်သာဖြစ်သည်။ မဟုတ်ပါက ဟွမ်ရှောင်းလျို့တစ်ယောက် မာချန်းမင်နဲ့ ဘယ်လိုလုပ် လက်တွဲနိုင်ခဲ့မှာလဲ။

ဒေါ်လေးမာက ထိုစကားများကို တစ်ခါ ကြားဖူးသည်။ ထိုအတင်းပြောသည့် မိန်းမငယ်ကို ပါးသွားရိုက်ကာ အိမ်သို့ ဆွဲခေါ်လာပြီး ရှင်းပြခိုင်းသည်။

ပြောရမည်ဆိုလျှင် အလွန်ကြမ်းတမ်းသည်။ သို့သော် သက်ရောက်မှုလည်း ရှိပါသည်။ သို့သော်လည်း ဟွမ်ရှောင်းလျို့၏ နားထဲသို့ တချို့စကားများတော့ ရောက်လာဆဲဖြစ်သည်။

လင်းချင်းဟယ် ဘာပြောရမှန်း မသိတော့ပါ။ တကယ်တော့ ဒါမျိုးက ပြဿနာမရှိပါဟု သူမ ထင်သည်။

ရက်အတော်များများတွင် ဦးလေးမာက အပြင်သွားပြီး ငွေတချို့ရဖို့ ပစ္စည်းများ ကူသယ်ပေး၏။ ဒေါ်လေးမာက ဖက်ထုပ်ဆိုင်တွင် လာကူညီပေးသည်။ မာချင်းမင်ကလည်း အလုပ်များ၏။ မာရှောင်းထန်က ကျောင်းသွားရသည်။

အိမ်တွင် ဘယ်သူမှ မစီမံနိုင်ပါ။ ဟွမ်ရှောင်းလျို့က အိမ်တွင် အလုပ်လုပ်နိုင်ခြင်းကြောင့်သာ အဆင်ပြေနေခြင်း ဖြစ်ပါသည်။

သူမ၏ ပုံစံကို ခန့်မှန်းကြည့်သောအခါ စိတ်ဓာတ်ကျမှု လက္ခဏာတစ်ခုကို လင်းချင်းဟယ် ခံစားရပါသည်။ မာချန်းမင်ကို အချိန်တစ်ခုယူပြီး စကားပြောရမည်။ ဒါမှ သူမ ရင်ဖွင့်နိုင်မည်ဖြစ်သည်။

သိပ်မကြာဘဲ တခြားအလုပ်သမားများလည်း ရောက်လာကြသည်။ လူအုပ်ကို ကြောက်သဖြင့် ကလေးများက အပြင်ဘက်တွင် ပုန်းအောင်းနေကြသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဧည့်သည်များကို ဧည့်ခံလိုက်ကြသည်။

မနက်ပိုင်းတွင် တစ်သုတ်၊ နေ့လည်ခင်းတွင် တစ်သုတ် လာကြသည်။ ထိုအခါကုန်မှ ဧည့်သည်လာတာ ပြီးဆုံးသွားခြင်း ဖြစ်သည်။

ယနေ့ အဖေကျိုးနှင့် အမေကျိုးတို့ အိမ်တွင် သူတို့မစားသောက်ကြပါ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ဖက်ထုပ်ဆိုင်တွင်သာ မီးဖိုဖွင့်ပြီး ကျိုးကွေ့လိုင်အား သူ့ခေါင်းကိုင်အဘိုးကို သွားခေါ်ခိုင်းလိုက်သည်။ မိသားစုတစ်စုလုံး သိုးသားဟော့ပေါ့ကို အတူတူ စားခဲ့ကြပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ စားသောက်ပြီးနောက် ရုပ်ရှင်ရုံသို့ သွားခဲ့ကြသည်။ လက်မှတ်များကို ကြိုဝယ်ထားရသည်။ မဟုတ်ပါက မရနိုင်လောက်ပါ။

သို့သော်လည်း လူကတော့ ကြပ်ဆဲပင်။

နှစ်သစ်ကူးနေ့ဖြစ်သော်လည်း လင်းချင်းဟယ်၏ ဖျော်ရည်ဆိုင်က အားလပ်ရက် ပိတ်ရက် မရှိပါ။ လစာနှစ်ဆဖြင့် ဆက်ဖွင့်ထားသည်။ ချန်းယန်၊ ချန်းယွဲ့နှင့် စစ်နီတို့က ထိုဆိုင်တွင် ရှိကြပါသည်။

ရာသီဥတု အေးသောကြောင့် နွေရာသီတွင် ရေပန်းစားခဲ့သည့် ရေခဲမုန့်နှင့် ဖျော်ရည်လုပ်ငန်းများက အလွန်နည်းပါးသွားသည်။ ဖျော်ရည်ဆိုင်က တခြားပစ္စည်းများ တင်ခဲ့ရပါသေးသည်။

ပေါက်ပေါက်ဆုပ်များ၊ ဖရုံစေ့များနှင့် မြေပဲများက နေ့တိုင်း အရောင်းကုန်သည်။ ရောင်းအား အလွန်ကောင်းလှပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ထွက်လာကြသောအခါ ၉နာရီခွဲလုနီးပါးပင်ဖြစ်နေပြီ။

ထိုအချိန်တွင် ဆိုင်အား ပိတ်ဖို့ ပြင်နေကြပြီဖြစ်သည်။

စစ်နီအား ကန်းကျစ်နှင့် တခြားသူများက လာကြိုသည်။ စစ်နီပြန်တိုင်း ကန်းကျစ်နှင့် တခြားသူများက သူမကို လာကြိုသည်။

ချန်းယန်နှင့် ချန်းယွဲ့တို့ ဆိုင်တွင် ကျန်နေခဲ့ကြသည်။ သူတို့ အတူတူ ပြန်နိုင်သဖြင့် စိတ်ပူစရာမလိုပါ။

လင်းချင်းဟယ် သူတို့ကို နှုတ်ဆက်ပြီး ကျိုးချင်းပိုင်နှင့် အတူတူ ပြန်လာခဲ့ကြသည်။

"ဒီဘက်မှာ ဒီနှစ် ဆိုင်တွေ အများကြီး ထပ်ဖွင့်ကြတယ်နော်။" လင်းချင်းဟယ်က ဘယ်ညာ ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

အရင်တုန်းက ဖျော်ရည်ဆိုင်တစ်ဆိုင်တည်း အထီးကျန်နေခဲ့ရ၏။ တခြားဆိုင်များစွာက ဒီနှစ်ထဲ ဖွင့်ခဲ့ပြီး လုပ်ငန်းများကလည်း အလွန် ကောင်းမွန်နေကြပါသည်။

ကျိုးချင်းပိုင်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုလည်း နှစ်သစ်ကူးပြီးရင် ဒီနားမှာ ဆိုင်တစ်ဆိုင်ရှိဦးမလား ကြည့်ပြီး နောက်တစ်ဆိုင် ထပ်ဝယ်လိုက်ရမလား။"

"နေရာအားရှိရင်တော့ ဝယ်ကြတာပေါ့။" ဟု လင်းချင်းဟယ် သဘောတူလိုက်ပါသည်။

ဖျော်ရည်ဆိုင်၏ အမြတ်အစွန်းက အလွန်များသည်။ အထူးသဖြင့် ကျယ်ပြန့်လာပြီ ဖြစ်သောကြောင့်ပင်။ အမြတ်ငွေက နွေရာသီတွင် လစဥ် လတိုင်း တိုးနေပါသည်။

"စီးကရက်ဆိုင်တစ်ဆိုင် ဖွင့်ရအောင်။" ကျိုးချင်းပိုင်က ပြောလိုက်သည်။

စီးကရက်လုပ်ငန်းက အလွန်ကောင်းပါသည်။ လမ်းဘေးဆိုင်ဖွင့်ပြီး အရောင်းသွက်လှသော လူများကို မြင်ဖူးပါသည်။

လင်းချင်းဟယ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူစီးကရက်ဆိုင်ဖွင့်ချင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ "ရှင်က ဘာလို့ စီးကရက်ဆိုင် ဖွင့်ချင်တာလဲ။"

"မတူတာလေး တစ်ခုခု လုပ်ချင်လို့ပါ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။

သူက ဆေးလိပ်မသောက်တတ်သော်လည်း စီးကရက်ဆိုင် စီးပွားရေးက သိပ်မဆိုးလောက်ပါဟု ခံစားမိပါသည်။

လင်းချင်းဟယ်က ပြုံးလိုက်၏။ သူမယောက်ျား ချင်းပိုင်က သိပ်မတွေးတတ်သော်လည်း ပုံစံကွဲပြားခြင်းက မိသားစု၏ စီးပွားရေးဝင်ငွေပုံစံအား ပိုမို တည်မြဲလာစေမည်ကို သိပါသည်။

ထို့ကြောင့် သူမ ပြောလိုက်၏။ "ဟုတ်ပါပြီ။ ကျွန်မတို့ အိမ်ထောင်ဦးစီးကြီးစကားကို နားထောင်ရတာပေါ့။"

ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်  အနည်းငယ် ပြုံးသွားသည်။ သူ့မိန်းမကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီကိစ္စ ကိုယ့်တာဝန်သာ ထားစမ်းပါ။ မင်း စိုးရိမ်စရာ ဘာမှမလိုဘူး။"

"ဟုတ်ပါပြီ။" လင်းချင်းဟယ် ပြန်ပြောလိုက်ပါသည်။ ဘာမှစိတ်ပူစရာမရှိလျှင် သူမ စိတ်အေးရပါသည်။

ကျိုးချင်းပိုင်က ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်၏။ ဒီအချိန်က အတော်နောက်ကျနေပြီ ဖြစ်ပြီး ဘယ်သူမှလည်း မရှိသဖြင့် သူ့မိန်းမ လက်ကို ကိုင်လိုက်ပါသည်။ လင်းချင်းဟယ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ၁၉၈၄ ခုနှစ်ဖြစ်ပြီး ယဥ်ကျေးမှုများ ပြောင်းလဲနေသော်လည်း လူအများစုက တိုးတိုးတိတ်တိတ်သာ တွဲတတ်ကြသေးသည်။

လက်မခံနိုင်သည့် ကိစ္စတော့မဟုတ်ပေ။ ယောက်ျားမိန်းမတချို့က အပြင်ထွက်လျှင် လက်တွဲထားတတ်ကြသည်။

သူမယောက်ျား ချင်းပိုင်၏ စိတ်မျိုးဖြင့် ဘယ်လိုဖြစ်ပြီး သူမ လက်ကို အရင်ဆုံး လာကိုင်နိုင်ရတာလဲ။

"ရပါတယ်။ ဘယ်သူမှ မရှိပါဘူး။" ကျိုးချင်းပိုင်က သူ့မိန်းမကို နူးညံ့သည့် မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။

လင်းချင်းဟယ်က နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်ပါသည်။ ထို့နောက် သူ့လက်ချောင်းများနှင့် ရောယှက်ရင်း သူမ၏ ရှေးရိုးစွဲ ယောက်ျားနှင့် အိမ်ပြန်သွားတော့သည်။

အပေါ်ထပ်သို့ တက်လာရင်း ကျန်းမေ့ဟယ်နှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျန်းမေ့ဟယ်က ဒီနယ်မြေတွင် လူနှင့်ခွေးပါမကျန် အထင်သေးကြသည့် လူတစ်ယောက် ဖြစ်နေလေပြီ။ မကြာခဏ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နှင့် ရှုပ်တတ်ပြီး တချို့က  သူမကို တစ်စစီ စုပ်ဖြဲပြစ်ချင်နေကြသည်။

သို့သော်လည်း သူမက မျက်နှာကြောတင်းပြိး လုံးဝ မတုန်လှုပ်ပါ။ သို့သော်လည်း သူမ၏ ဂုဏ်သတင်းက အတော်လေး ဆိုးရွားပါသည်။

သူတို့လင်မယားနှစ်ယောက် လက်ချင်းတွဲထားကြသည်ကို ကျန်းမေ့ဟယ် မြင်သောအခါ သူမရင်ထဲ ဘယ်လိုခံစားရမလဲဆိုတာ ပြောစရာပင် မလိုပေ။ သူမနှင့်အတူ အိပ်ချင်သည့် လူများ ပတ်ဝန်းကျင်တွင် များစွာ ရှိသည်။ သို့သော် ဘယ်သူကမှ သူမကို အတည်တကျ လက်ထပ် မယူချင်ကြပါ။

လင်းချင်းဟယ်လို မောက်မာပြီး သည်းခံနိုင်စရာမရှိတဲ့ မိန်းမကျတော့ ဒီလိုယောက်ျားမျိုးက ချစ်ခင်တယ်တဲ့လား။

လင်းချင်းဟယ်က ဘာတွေများ ကောင်းနေလို့လဲ။ သူက ပညာရေးအဆင့် နည်းနည်းမြင့်ပြီး နည်းနည်းပါးပါး ဝတ်တတ်စားတတ်ရုံပဲရှိတာ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ကျေးရွာကပဲ မဟုတ်လား။

All Chapters