← Chapters

ပျက်စီးသွားသော မြို့လေး

Vol. 56 Ch. 771

ပျက်စီးသွားသော မြို့လေး

Vol. 56 Ch. 771

“ သေချင်နေတာပဲ …. ” လင်းရုန်က စူးစူးဝါးဝါး ပြောလိုက်သည်။ သူမက အဝတ်များ တစစီ စုတ်ပြဲသွားသည်ကိုပင် အာရုံမစိုက်နိုင်ဘဲ  သူမ၏ သန့်စင်ယင် ဖဲကြိုးကို အေးစက်ယင် အာကာပြင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူမက မိုဝူကျိကို အာကာပြင်အတွင်း ပိတ်လှောင်ပြီး သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်အား တစစီ ဖြစ်အောင် လုပ်ပစ်ဖို့ရာ စိတ်အားထက်သန်နေသည်။

“ ဘန်း ” လခြမ်းကွေး ပုဆိန်လှံရှည်၏ အလင်းတန်းက အေးစက်ယင် အာကာပြင်နှင့် ထိတွေ့သွားကာ ပုဆိန်လှံရှည်အလင်းက အာကာပြင်အား အပေါက်ဖြစ်အောင် လုပ်နိုင်လိုက်သော်လည်း  အာကာပြင်မှာ သူ့အလိုလို ပြန်လည် ဖာထေးသွားလေ၏။

လင်းရုန်က အသက် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ၏ သန့်စင်ယင် ဖဲကြိုးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး သိန်းသန်းချီနေသော  ယင်ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုကြိုးမျှင်များက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို ဥပက္ခာပြုကာ မိုဝူကျိအား ရစ်ပတ်ဖို့ ကြိုးစားနေကြသည်။

မိုဝူကျိ စိတ်ထဲ အေးစက်မိလာသည်။ သူက လက်ရှိ ဒဏ်ရာအပြင်းအထန် ရရှိထားသည့်အပြင် သူ့ကျင့်ကြံဆင့်မှာလည်း လင်းရုန်နှင့် အလှမ်းကွာနေသေးရာ အစီအရင်ပေါက်ကွဲမှုအားမှာလည်း လျော့နည်းသွားပြီ ဖြစ်၏။ သဘောတရားအရဆိုလျှင် ဤအမျိုးသမီးက သူမဘာသာ တည်ငြိမ်အောင် လုပ်နိုင်သည်နှင့် သူ့အား ပိတ်လှောင်နိုင်ပေလိမ့်မည်။ သူ့ကို ရင်ဆိုင်ဖို့ရာအတွက် သူမ၏ အသက်သွေးကိုပင် နိုးဆွလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက သတိကြီးရုံသာမက အကြင်နာတရားလည်း ကင်းမဲ့ပေသည်။

အန္တရာယ်ရှိသည့် ခံစားချက်က သူ့အား လွှမ်းခြုံသွားလေ၏။ မိုဝူကျိက တစ်ဖက်လူ၏ ယင်ကြိုးမျှင်ကို သူ့ခန္ဓာအတွင်း ထိုးဖောက်ဝင်ရောက်သွားပါက တစ်ကြိုးပင် ဖြစ်နေစေကာမူ သူ သေဆုံးသွားမည် ဖြစ်ကြောင်း ခံစားချက် ရရှိနေသည်။ ယခု သူ့ပြိုင်ဖက်က ယင်ကြိုးမျှင်ပေါင်း မြောက်များစွာကို ထုတ်လွှင့်ထားသောကြောင့် သူ့စွမ်းအားစက်ကွင်းကို ရစ်ပတ်နေလေပြီ။ အကယ်၍ သူသာ ဘာမှမလုပ်ပါက ထိုအမျိုးသမီးလက်၌ အမှန်တကယ် သေဆုံးသွားရပေလိမ့်မည်။

ဤအမျိုးသမီးက သူ့ထက်ပင် ရူးမိုက်သေး၏။ ယခု သူ့အတွက် ထွက်ပြေးသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မိုဝူကျိ၏ ပုံရိပ်မျာ ဖြတ်ခနဲ ပျောက်သွားကာ ထွက်ပြေးဖို့ရာ ကြိုးစားလိုက်သည်။ ယခင် သူ ကျင့်ကြံရေးလောကတွင် ရှိစဉ်က အာကာပြင် ရွေ့ပြောင်းစွမ်းရည်အကြောင်း နားလည်ခဲ့သည်။ ယခု သူက အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေပြီ ဖြစ်ရာ သူ့အသိအမြင်များက ပို၍ တိုးတက်လာပေသည်။

သို့သော်လည်း မိုဝူကျိက မကြာခင် ကြောင်အမ်းသွားလေသည်။ သူ့ဘေးပတ်လည်မှ နေရာတစ်ခုလုံးမှာ ထိုမြောက်များစွာသော ယင်ကြိုးမျှင်များဖြင့် ပိတ်ဆို့ထားပြီးသား ဖြစ်နေ၏။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းတစ်ခုတည်းသာ ပျောက်ကွယ်မသွားခြင်း ဖြစ်၏။ ဘေးပတ်လည်ရှိ အာကာပြင် စည်းမျည်းများပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

မိုဝူကျိက ရွေ့ပြောင်းစွမ်းရည်ကို မသုံးနိုင်တော့ပေ။ ထိုစဉ် မိုဝူကျိက သူ့အသက်ဓာတ်နှင့် အသက်ကို နိုးဆွလိုက်သည်။ သူ့အသားရည်မှာ အိုမင်းလာပြီး သူ့ဆံပင်များမှာလည်း မီးခိုးရောင် ပြောင်းလဲလာသည်။

သူ့အဆုံးမဲ့ သတ်ဖြတ်ငွေ့များနှင့် ပုဆိန်လှံရှည် အလင်းတန်းမှာ ဖျော့တော့တော့ နေမင်းတစ်စင်းကို ဖြစ်တည်ဖို့ရာ ပေါင်းစပ်သွားသည်။ ထိုယင်ကြိုးမျှင်များက အလျှင်အမြန် ပျောက်ကွယ်သွားကုန်သည်။

လျို့ဝှက်တိုက်ကွက် - နေဝင်ရိုက်ချက်

မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းပြီးနောက် နေဝင်ရိုက်ချက်မှာ သူ စိတ်ကူးထားသလို အဘယ်ကြောင့် အားမကောင်းရလဲ ဆိုသည့် အကြောင်းအရင်းကို နားလည်သွားလေပြီ။ ထိုအရာက လျို့ဝှက်တိုက်ကွက်နှင့် ပတ်သတ်ပြီး မှားယွင်းနေ၍ မဟုတ်ဘဲ သူ့အင်မော်တယ် သဘာဝစွမ်းအားများမှာ မလုံလောက်သလို အပြည့်အဝ နားလည်ဖို့ရာလည်း အချိန်မလုံလောက်၍ ဖြစ်သည်။

ထိုစဉ် သူက အသက်ဓာတ်နှင့် အသက်သွေးကို နှိုးဆွလိုက်တော့သည်။ သူ့အချိန်များမှာ လောင်ကျွမ်းသွားပြီး အင်မော်တယ် သဘာဝစွမ်းအားများက စုစည်းလာသည်။ နေဝင်ရိုက်ချက် ပေါ်လာသည်နှင့် လင်းရုန်၏ ယင်ကြိုးမျှင်များမှာ စတင်၍ အရည်ပျော်ကာ ပျက်စီးလာတော့၏။

မိုဝူကျိ၏ နေဝင်ရိုက်ချက်မှာ အစစ်အမှန်အဆင့် မရောက်သေးသော်လည်း မိုဝူကျိ၏ အသက်ဓာတ်နှင့် ပေါင်းစပ်မှုကြောင့် မပြီးပြည့်စုံသေးသည့် နေဝင်ရိုက်ချက်မှာ လှပကာ  သေစေလောက်သည့် တာအိုဆန္ဒ ပါဝင်နေအောင် ဖန်တီးနိုင်လိုက်၏။

လင်းရုန်က စတင်၍ ပျာယာခတ်လာသည်။ သူမက အဆင့်မြင့်မြင့် တက်လှမ်းနိုင်စွမ်း မရှိတော့ဘဲ အသက်ဓာတ် ကုန်ဆုံးတော့မည့် အနာဂတ်ကို မြင်နေရဟန် ပေါ်သည်။ သူမက အပြင်းအထန် လုပ်ခဲ့သည်ဟု ယုံကြည်ထားသော ခံစားချက်များကိုပါ မြင်တွေ့လိုက်ရသည်။ သူမက အချိန်၏ တိုက်စားမှုကို ရှောင်ရှားနိုင်စွမ်း မရှိပေ။ သူမက သူမ၏ ခံစားချက်ကင်းမဲ့သော တာအိုကို ယခုအထိ ခိုင်ခိုင်လုံလုံ မကျင့်ကြံနိုင်သေးပေ။

လှပစွဲမက်ဖွယ် နေဝင်သွားသော မြင်ကွင်းအောက်၌ သူမက မည်မျှဆုံးဖြတ်ချက် ပြတ်သားစေကာမူ ဖုန်မှုန့်တစ်မှုန့်လိုသာ ဖြစ်နေဆဲ ဖြစ်သည်။

ထိုအရာမှာ အချိန်ကို လောင်ကျွမ်းစေသည့် လျို့ဝှက်တိုက်ကွက် ဖြစ်ပြီး သူမမှာ ခုခံနိုင်စွမ်း မရှိပေ။ သူမက နည်းလမ်းများနှင့် ရူးမိုက်ခဲ့သော်လည်း မိုဝူကျိက သူမထက် ပို၍ ရူးမိုက်နေသေး၏။

မြန်မြန် ထွက်ပြေးရမယ် …..

လင်းရုန်က မိုဝူကျိကို သတ်ဖို့အရေးအား ဂရုမစိုက်နိုင်တော့ပေ။ သူမ၏ သန့်စင်ယင် ဖဲကြိုးက ပြန်လည် ပေါ်လာပြီး ထွက်ပြေးမည့် လမ်းကြောင်းကို အတင်းကျပ် ဖန်တီးလိုက်သည်။

မိုဝူကျိ၏ ဆံပင်များမှာလည်း ပို၍ပင် ဖြူဆွတ်လာနေပြီး သူ့တစ်ကိုယ်လုံးမှာ သိသိသာသာ ခမ်းခြောက်လာသည်။ သူ့နေဝင်ရိုက်ချက်အောက်၌ လမ်းကြောင်း ရှာနေသည့်  လင်းရုန်၏ သန့်စင်ယင်ဖဲကြိုးကို သတိမပြုမိသည့်အလား မျက်လုံးကို ပိတ်ထားကာ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကိုပါ ထုတ်ဖော်လိုက်သည်။

ချိတ်ပိတ်မှု တစ်ခု ဆင်းသက်လာပြီး လင်းရုန်အား ပိတ်လှောင်ထားလိုက်သည်။

သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း  - တစ်ယောက်က သေဆုံး၍ တစ်ယောက်က ရှင်သန်ရမည်။

ထိုစဉ် လင်းရုန်က သူမ ထွက်ပြေးဖို့ မကြိုးစားသင့်ကြောင်း သဘောပေါက်လိုက်သည်။ သူမက မိုဝူကျိနှင့် ရင်ဆိုင်ရင်း သူမအသက်လေးအတွက် ရင်တုန်လာမိသည်။ မိုဝူကျိ၏ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းမှာ မပြီးပြည့်စုံသေးမှန်း ခံစားမိ၏။ အကယ်၍ သူမသာ ထွက်ပြေးဖို့ မကြိုးစားမိလျှင် မိုဝူကျိအနေနှင့်  သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း တန်ပြန်သက်ရောက်မှု ခံရစေနိုင်သည်။

သို့သော်လည်း ကံဆိုးသည်က ဤသို့မျိုး တိုက်ပွဲမျိုး၌ အမှားအသေးဆုံးလေးကပင် ပြန်လည် အဖတ်ဆယ်၍ မရပေ။

ခက်ထန်သည့် အမူအယာက လင်းရုန် မျက်နှာပေါ် ထင်ဟပ်လာသည်။ ထိုစဉ် သူမက နေဝင်ရိုက်ချက်ကို ခုခံဖို့ရာ မကြိုးစားတော့သလို သူမအသက်ဓာတ်အား ဆွဲယူနေသည့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကိုလည်း ကာကွယ်ဖို့ မကြိုးစားတော့ပေ။

ထို့အစား သူမက အင်မော်တယ် သဘာဝစွမ်းအားများကို စုစည်းကာ အသက်ဓာတ်ကို တစ်ဖန် ပြန်လည် နှိုးဆွလိုက်သည်။

သေခြင်းတရား စွမ်းအားများက လေထဲ ပြည့်နှက်လာသည်။ မိုဝူကျိက ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ပြီး နဂိုဖြူဖျော့နေသည့် အသားအရည်မှာ ပို၍ပင် ဖြူဆုတ်သွားလေ၏။ သူက ဤအမျိုးသမီးသည် အမှန်တကယ် နေပြီး ကိုယ့်ဘာသာ ဖောက်ခွဲဖို့ရာ ကြိုးစားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

 ဤအမျိုးသမီးက သူ့ဆီက သင်ယူလိုက်တာလား ….

သဘောတရားအရပြောရလျှင် ထိုအမျိုးသမီး ထွက်ပြေးသွားလျှင် မိုဝူကျိအနေနှင့် သူမ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။

ယခု မိုဝူကျိက အသက်တစ်ရှိုက်စာမျှ အချိန်ကို အဘယ်ကြောင့် ဖြုန်းတီးနေတော့မည်နည်း။ သူက လော့ကျမ်းစာရွက် ထုတ်ဖို့ရာ အချိန်ပင် မရပေ။ သူက မြေပေါ်မှ သိုလှောင်လက်စွပ်ကို မြန်မြန် ကောက်ယူလိုက်ရင်း လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးဖို့ ပြင်ဆင်လိုက်သည်။ ဤအမျိုးသမီးက ကိုယ့်ဘာသာ ဖောက်ခွဲမည် ဖြစ်ရာ သူမအား အုတ်ဂူအထိ လိုက်၍ အဖော်ပြုပေးမည် မဟုတ်ပေ။

“ ဝုန်း ” လူသားဆေးလုံး အိမ်တော်မှာ ပေါက်ကွဲထွက်သွားပြီး အရာအားလုံးမှာ တစစီ ဖြစ်သွားလေ၏။

ဆိုင်မှာ အကြမ်းဖျင်း ဖျက်စီးခံလိုက်ရလေပြီ။ အနီးအနားမှ လေ့လာသူ တချို့ပင် လောင်ကျွမ်းကာ သေဆုံးသွားရသည်။ အမြင်မြင့် ပျက်စီးသွားနှုန်းကို မြင်နိုင်ပေသည်။ ပျက်စီးမှုမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ အင်မော်တယ် ဧကရာဇ် တစ်ယောက်၏ ဖောက်ခွဲမှုမှာ မိုးမြေ အားနည်းသော ဂြိုလ်တစ်လုံးလုံးကိုပင် အမှုန့်ဖြစ်သွားစေဖို့ရာ လုံလောက်ပေ၏။

အင်မော်တယ်များစွာက ထွက်ပြေးဖို့ရာ ကြိုးစားနေကြသည်။ သို့သော်လည်း အချိန်မှီ ထွက်မပြေးနိုင်ကြသည့် ကျင့်ကြံဆင့်နိမ့် အင်မော်တယ်များစွာ ရှိနေသေး၏။ သူတို့အားလုံးမှာ အင်မော်တယ် ဧကရာဇ် ကိုယ့်ဘာသာ ဖောက်ခွဲမှုထဲ ပါသွားလေသည်။

အဝေးမှ လေ့လာနေသည့် ထန့်ဖေးယန်က ချက်ချင်းဆိုသလို တိုက်ပွဲအတွင်းမှ တွင်းနက်ကြီးကို လာရောက်ကြည့်ရှုလိုက်သည်။ ထိုတွင်းနက်ကြီးကို ကြည့်နေရင်း သူ့မျက်နှာတွင် မလိုလားသည့် အမူအယာတချို့ ဖြတ်ပြေးသွားလေသည်။ သူ့စိတ်ထဲ၌ အကြောက်တရားနှင့် အေးစက်မှုတို့ကို တွဲ၍ ခံစားနေရသည်။

မိုဝူကျိက လော့စီအား သူ့ဆီ လွတ်လိုက်စဉ်မှ စ၍ သူက အဝေးမှ လေ့လာနေခြင်း ဖြစ်၏။

သူက အားလုံးကို မြင်တွေ့လိုက်ရသည်။

မိုဝူကျိ၏ အစီအရင်မှာ အင်မော်တယ် ဧကရာဇ် သုံးယောက်လုံးကို ပိတ်လှောင်ထားနိုင်ပြီး ကွမ်ကျင်း ထွက်ပြေးသွားမှုကြောင့် မိုဝူကျိက အစီအရင်များကို ဖောက်ခွဲပစ်ကာ ကြောက်မက်ဖွယ် လျို့ဝှက်တိုက်ကွက်ကို သုံး၍ အူးကျောက်ဟယ်အား ရှင်းပစ်လိုက်သည်။ ထို့နောက် သဲ့ဖျင်ရှားက ထွက်ပြေးသွားသောကြောင့် လင်းရုန်နှင့် ရင်ဆိုင်လိုက်ရပြီး လင်းရုန်၏ ဖောက်ခွဲမှုကြောင့် မိုဝူကျိက ပျောက်ကွယ်သွားပြီး  ကျန်ရှိနေသည်မှာ ကောင်းကင်ဘုံအလွန်မြို့၏ ပျက်စီးမှုသာ ဖြစ်၏။

လက်တွေ့၌ လော့စီ သူ့ကို လာရှာစဉ်က သူက လော့စီအား မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းဆီ လွဲပေးရန် ကြံရွယ်ခဲ့မိသည်။ မိုဝူကျိသည် အင်မော်တယ် ဧကရာဇ် သုံးယောက်လုံးကို ရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း သေချာယုံကြည်ခဲ့မိ၏။ အကယ်၍ မိုဝူကျိသာ သေဆုံးသွားလျှင် သူတို့နှစ်ယောက်ကြားမှ ပတ်သတ်ဆက်နွယ်မှုလည်း ရှိတော့မည် မဟုတ်ပေ။

သို့သော် လက်တွေ့ကား မိုဝူကျိက အင်မော်တယ် ဧကရာဇ် သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်စဉ် ဗျုဟာများ ထုတ်သုံးရသော်လည်း  မိုဝူကျိက အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို သတ်နိုင်စွမ်း ရှိပေသည်။

တိုက်ပွဲရလဒ်မှာ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းမှ အင်မော်တယ် ဧကရာဇ် နှစ်ယောက်မှာ သေဆုံးသွားပြီး မိုဝူကျိ ကိုယ်တိုင်က မသေဆုံးခဲ့ပေ။

ယခု မိုဝူကျိက အစအနမရှိ ပျောက်ကွယ်သွားသောကြောင့် ထန့်ဖေးယန်အနေနှင့် မိုဝူကျိ၏ ခန္ဓာကိုယ်မှာ မမြင်နိုင်လောက်သည့်အထိ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွား၍ မဟုတ်ဘဲ မိုဝူကျိ ထွက်ပြေးသွားမှန်း သိလိုက်သည်။

မူလက ထန့်ဖေးယန်သည် မိုဝူကျိ တစ်ယောက် အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် တိုက်ရန် နေခဲ့သည့် အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ မိုဝူကျိသည် အင်မော်တယ် ဧကရာဇ် အဆင့် မရောက်သေးမှန်း သိပေသည်။ သူက ရုပ်ဖျက်၍ ထွက်ပြေး၍ ရနိုင်ပေသည်။ သို့သော်လည်း မိုဝူကျိ၏ အပြုအမူ နောက်ကွယ်မှ အကြောင်းအရင်းကို နားမလည်နိုင်ပေ။

သို့သော် ယခု သူ နားလည်သွားလေ၏။ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းအား သင်ခန်းစာ ပေးလိုရုံသာမက သူ ထန့်ဖေးယန်အား  သူ ဘာလုပ်နိုင်လဲဆိုသည့် အကြောင်း  ပြသချင်၍ ဖြစ်သည်။

ထန့်ဖေးယန်က သက်ပြင်းအရှည်ကြီးသာ ချလိုက်သည်။ မိုဝူကျိက သူ့အား တိုက်ပွဲ၌ မြင်လိုသည် ဖြစ်စေ၊ မမြင်လိုသည် ဖြစ်စေ သူက လော့စီအား ထိမည် မဟုတ်ပေ။ အစကတည်းက လော့စီသည် အရေးကြီးသည့် ပုဂ္ဂိုလ် မဟုတ်ခဲ့ပေ။ သူ့အနေနှင့် အရေးမပါသည့် လော့စီအတွက် မိုဝူကျိလိုမျိုး ပါရမီရှင်ကို ပစ်မှား၍ မဖြစ်ပေ။

ထိုလူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်သည့်  အူးကျောက်ဟယ်ကိုပင် သတ်နိုင်စွမ်း ရှိပေသည်။ သူ့အနေနှင့် တူစုန့်ကို ရင်ဆိုင်ပြီးနောက် မြန်မြန် ပြန်ရောက်လာနိုင်သည့် အကြောင်းအရင်းမှာ အံ့ဩစရာ မရှိတော့ပေ။ သူ ထန့်ဖေးယန်က အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်ခါစ ဖြစ်၍ မိုဝူကျိက သူ့အား မျက်လုံးထဲပင် ထည့်မည် မဟုတ်ပေ။

“ မြို့စားထန့် …. အိမ်တော်သခင်မို  … သူ  ” လော့စီက ထန့်ဖေးယန် နောက်သို့ လျှောက်လာလိုက်ပြီး သူမ လေသံတွင် လေးစားမှုအပြည့် ဖြစ်နေသည်။

ထန့်ဖေးယန်က လက်ခါပြကာ

“ အိမ်တော်သခင်မို အဆင်ပြေပါတယ်။ မင်း စိတ်ပူဖို့ မလိုတော့ဘူး။ ပြောရမယ်ဆိုရင် ကောင်းကင်ဘုံအလွန်မြို့မှာ လူသိရှင်ကြား ပြဿနာ လာရှာတာက မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းပဲလေ။ ဒီကိစ္စက ဒီလိုအဆုံးသတ်မှာ မဟုတ်ဘူး။ လော့စီ ငါတို့တွေ မြန်မြန် ထွက်သွားကြမယ်။ မင်း ငါနဲ့အတူတူ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ လိုက်ခဲ့ …. ”

အကယ်၍ မိုဝူကျိ အသတ်ခံရလျှင် မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက အစိမ်းရောင်ကျောက်တချို့ လျော်ကြေးပေးဖို့သာ လိုအပ်ပြီး ကိစ္စကြီးကြီးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

သို့သော် ယခု မိုဝူကျိ တစ်ယောက်တည်းက မီဖေးကုန်သွယ်ရေး အဖွဲ့အစည်း၏ အင်မော်တယ် ဧကရာဇ်များကို သတ်ခဲ့ပြီး ကောင်းကင်ဘုံအလွန်မြို့မှာ အတော်လေး ပျက်စီးသွားလေ၏။ မြို့တော်ခန်းမအနေနှင့် ဤကိစ္စအား ရိုးရိုးရှင်းရှင်း လွတ်ပေးမည် မဟုတ်ပေ။

………….…

မိုဝူကျိက လင်းရုန်၏ ဖောက်ခွဲမှု နယ်နမိတ်မှ မလွတ်မြောက်ခင် ကြောက်မက်ဖွယ် သဘာဝစွမ်းအားလှိုင်းကြီးက မိုဝူကျိ နောက်ကျောဆီ ဝင်ရောက်လာသည်။

မိုဝူကျိ ခန္ဓာကိုယ်မှာ အရုပ်ကြိုးပျက် ဖြစ်လုနီးပါး ဖြစ်နေသော်လည်း လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးဖို့ ကြိုးစားလိုက်သေးသည်။ လင်းရုန်က အာကာပြင်ကို ပိတ်ဆို့ထားလေ၏။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးဖို့ နည်းလမ်း မရှိချေ။

သူ့ရှေ့၌ အက်ကြောင်းအသေးလေး ပေါ်လာသောကြောင့် မိုဝူကျိက သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများအားလုံးကို ထုတ်သုံးကာ အက်ကြောင်းဆီ လက်သီးချက် ပစ်ခွင်းလိုက်သည်။ အက်ကြောင်း ကျယ်လာသည့် အခိုက်အတန့်၌ မိုဝူကျိက ဝင်လိုက်တော့သည်။ သူ့ဒဏ်ရာများဖြင့် မြို့ထဲ၌ ဆက်နေနေလျှင် သေဆုံးရမည် ဖြစ်ကြောင်း သေချာသိ၏။ ဤအက်ကြောင်းထဲ ထွက်ပြေးခြင်းကသာ အသက်ဆက်ရှင်နိုင်စေလိမ့်မည်။

“ ဘုန်း  ” နောက်ထပ် အားပြင်းပြင်း တစ်ခု သက်ရောက်လာပြန်သည်။ မိုဝူကျိ စိတ်မှာ ဝေဝါးလာပြီး အေးစက်မှုနှင့် အထီးကျန်မှုက သူ့အား ရစ်ပတ်သွားသည်။ မိုဝူကျိက သူသည် ကျတ်တီးနယ်မြေဆီ ရောက်သွားမှန်း သိလိုက်မိသည်။ ထိုစဉ် သူက သေချာပေါက် သတိမေ့မြောသွား၍ မဖြစ်ပေ။ အကယ်၍ သူ မေ့မြောသွားပါက ဘယ်သောအခါမှ နှိုးထလာတော့မည် မဟုတ်ပေ။

သူ့အသက်ဓာတ် လမ်းကြောင်းက ခြောက်သွေ့လာပြီး သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း၌လည်း စွမ်းအားမျှင်လေးမျှသာ ကျန်ရှိတော့သည်။ ကံကောင်းသည်က သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသေးလေ၏။ မိုဝူကျိက သူ့ထာဝရ ကမ္ဘာထဲ ချက်ချင်း ဝင်လိုက်သည်။

“ သခင်ကြီး နောက်ထပ် ဒဏ်ရာရလာပြန်ပြီလား  ” မိုဝူကျိ တစ်ယောက် အရည်ပြားပင် မကျန်ရှိတော့ဘဲ  ဝင်လာသည်ကို မြင်ပြီး အင်မော်တယ် သားရဲအဆင့် ၃ ရောက်နေသည့် ရွိုက်ကောက မြန်မြန် ပြေးလာသည်။

“ ဟုန်မုန့် စွမ်းအင်ဆီ ခေါ်သွားပေး ” မိုဝူကျိက တီးတိုးပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် လုံးဝ မေ့မြောသွားတော့သည်။ သူက သူ့ထာဝရ ကမ္ဘာလေးကိုပင် ကျတ်တီးနယ်မြေ သဲနက်နက်ထဲ မခေါ်ဆောင်နိုင်တော့ပေ။

***

All Chapters