← Chapters

အခန်း(၄၉၇) - ဇနီးလေး ပင်ပန်းခဲ့ရပြီ

Vol. 36 Ch. 497

အခန်း(၄၉၇) - ဇနီးလေး ပင်ပန်းခဲ့ရပြီ

Vol. 36 Ch. 497

အခန်း(၄၉၇) - ဇနီးလေး ပင်ပန်းခဲ့ရပြီ

မနှစ်က နှစ်သစ်ကူး သူတို့ သွားလည်ပတ်စဥ်တုန်းက ကျိုးမိသားစုထဲက ဘယ်သူများ သူ့ကို ကောင်းကောင်မွန်မွန် ဆက်ဆံခဲ့လို့လဲ။

အထူးသဖြင့် သူမ၏ ဦးလေးဘက်ကဖြစ်သည်။ သူတို့ကို ထမင်းတစ်နပ်ပင် မကျွေးခဲ့ပါ။ ဒီလို သူစိမ်းဆန်တာမျိုးကို သူသည်းခံနိုင်မမည် ထင်နေလား။ သူတို့က ဘာတွေများ ကြီးမြတ်နေလို့လဲ။ ဆိုင်နည်းနည်းလောက် ဖွင့်ထားနိုင်တာလောက်ပဲ မဟုတ်ဘူးလား။ သူတို့အားလုံးက အရမ်းမြင့်မြတ်နေသလို ပြုမူနေကြသည်။

သူတို့၏ ကျောက်မိသားစု စက်ရုံအား အခု သူတို့ လုံးဝ ပိုင်ဆိုင်သွားပြီဖြစ်၏။ ငွေစာရင်း စစ်ကြည့်လိုက်သောအခါ ဒီနှစ် ဝင်ငွေက ယွမ် ၈၀,၀၀၀ လောက်ရှိခဲ့သည်။

ဒီလိုပိုက်ဆံမျိုးက ဘယ်လိုပိုက်ဆံမျိုး မို့လို့လဲ။

သူတို့ ကျောက်မိသားစုစက်ရုံနဲ့ ယှဥ်ဖို့ ကျိုးမိသားစုက ဘာတွေ ထုတ်ပြနိုင်လို့လဲ။

ဘာလို့ သူက သွားပြီး ကျိုးမိသားစု သူစိမ်းဆန်တာကို သည်းခံဖို့လိုမှာလဲ။ သူပြောချင်တာကို ရှုရှန့်မိန်ကကော နားမလည်ဘဲ မနေပါ။

သူမပြန်ပြောလိုက်သည်။ "ကျွန်မ ဦးလေးရဲ့ ဆိုင်တွေကို အထင်မသေးနဲ့နော်။ အကုန်လုံးက ဝင်ငွေကောင်းတယ်။ ကျွန်မတို့ စက်ရုံထက်တောင် သိပ်မနည်းလောက်ဘူး။"

သူမ အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး အမြတ်က ဘယ်လောက်ကောင်းသလဲ သူမ သိပါသည်။ အထူးသဖြင့် သူမရွေးချယ်ထားသည့် နေရာက အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။ နေ့တိုင်း ဝင်ထွက်သွားလာနေကြသော ကတ်စတမ်မာများစွာရှိပြီး စီးပွားရေးကလည်း မဆိုးလှပါ။

"ငါ့ကို အဲ့တာတွေ လာမပြောနဲ့။ ငါမသွားချင်ဘူး။ နင်သွားချင်ရင် နင့်မောင်ကိုပဲ နင်ခေါ်သွားချေ။" ဟု ကျောက်ကျွင့်က စိတ်မရှည်စွာ ပြန်ပြောလိုက်ပါသည်။

"ဒါဆိုလည်း ကျွန်မမောင်ကို သွားရှာပြီး သူ့ကို ညစာခေါ်ကျွေးလိုက်။ နှစ်သစ်ကူးလေ။ ကျွန်မမောင်ကို တစ်နပ်လောက် မကျွေးဘဲ မထားနိုင်ဘူး။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

ထိုအထိပြောပြီးသွားသောအခါ သူမ စိတ်တိုနေဆဲ ဖြစ်သည်။ သူမ မောင်ကို ဒီနှစ် နှစ်သစ်ကူးနေ့တွင် ညစာလာစားဖို့ ခေါ်ချင်ခဲ့သည်။ သူမ မောင်က အနည်းငယ် စိတ်ပျက်စရာ ကောင်းသော်လည်း သူမ၏ မောင်ဖြစ်နေဆဲပင်။ သူလမ်းဘေးဆိုင်တွင် အထည်များ စတင်ရောင်းချကတည်းက အများကြီး တိုးတက်လာခဲ့ပါသည်။

သို့သော်လည်း သူမ၏ ယောက္ခမကော၊ ယောက်မများကော လက်မခံကြဘဲ ထုပ်ပိုးပြီး ပို့ပေးလိုက်လျှင် လုံလောက်ပြီဟု ပြောကြသည်။ ကျောက်မိသားစုက နှစ်သစ်ကူး ညစာကို သူတို့ဖာသာ သူတို့စားဖို့ စီစဥ်ထားကြ၏။

သို့သော်လည်း ရှုရှန့်မိန်ကတော့ သူမမောင်ကို လာစေချင်နေပါသေးသည်။

"နင့်ဟာနင် ခေါ်လိုက်ဟာ။" ကျောက်ကျွင့် ပြောလိုက်သည်။

"ကျွန်မ ခေါ်လို့ရရင် ရှင့်ကိုတောင် ခေါ်ခိုင်းမနေဘူး။" ဟု ရှုရှန့်မိန်က ပြန်ပြောလိုက်သည်။

ကျောက်ကျွင့်သာ သူမမောင်ကို အိမ်ခေါ်သွားပါက သူတို့မိသားစု စိတ်ထဲရှိရင်တောင် ဘာမှထုတ်မပြောလောက်ပေ။ သို့သော် သူမခေါ်သွားပါက ကျောက်မိသားစုက သူ့ကို ချက်ချင်း မောင်းထုတ်ပြစ်လိုက်နိုင်သည်။

ထို့နောက် ဆင်ခြေကော မျက်နှာကော ပျက်ရလိမ့်မည်။

ကျောက်ကျွင့်က ကျိုးမိသားစုထံသို့ မသွားချင်ပေ။ ထို့ကြောင့် ရှုရှန့်ချမ်းကိုသာ လာခေါ်နိုင်တော့သည်။ သူရောက်လာသောအခါ ထိုကောင်လေးက အခန်းထဲတွင် မိန်းမတစ်ယောက်အား ဝှက်ထားသည်ကို မြင်လိုက်ရသည်။

ကျန်းမေ့လျန်အား မြင်လိုက်ရသောအခါ သူကြောင်သွားသည်။ ပထမဆုံး အကြိမ်အဖြင့် ရှုရှန့်ချမ်းကို သဘောကောင်းကောင်း ဆက်ဆံလိုက်သည်။ "ခွေးကောင်လေး တော်တော်ဟုတ်နေပါလားကွ"

ရှုရှန့်ချမ်းက ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။ "ယောက်ဖ ကျွန်တော့်အစ်မကို ပြန်မပြောပါနဲ့ဗျာ"

"ငါသိပါတယ်။ အခုမြန်မြန်လုပ်ပြီး အိမ်မှာ သွားစားကြမယ်" ကျောက်ကျွင့်က ပြောလိုက်သည်။

ရှုရှန့်ချမ်းက ကျန်းမေ့လျန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။. "ကို့ကို အိမ်မှာစောင့်ဦးနော်။ ခဏနေရင် စားဖို့ ယူလာပေးမယ်"

ကျန်းမေ့လျန်က သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။ "သွားပါ။ ကျွန်မ အိမ်မှာပဲ စောင့်နေမယ်"

တချိန်တည်းမှာပင် ကျောက်ကျွင့်ကို ကြည့်ဖို့ မမေ့ပါ။ ကျောက်ကျွင့်ကလည်း သူမကို စိုက်ကြည့်နေသဖြင့် ချက်ချင်း ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားပါသည်။

"ဒါမင်းအစ်မရဲ့ သူငယ်ချင်းမလား။ ဘယ်လိုလုပ် သူ့ကို မင်းငှားထားတဲ့ အိမ်နဲ့ မင်းလက်ထဲခေါ်နိုင်သွားတာလဲ" ကျောက်ကျွင့်က မေးလိုက်သည်။

"အင်း" ရှုရှန့်ချမ်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ "လဝက်လောက် အချိန်ယူလိုက်ရတယ်"

ကျန်းမေ့လျန်ကို သူငှားထားသည့် အခန်းထဲခေါ်ပြီး အတူတူနေဖို့ လဝက်လောက် အချိန်ယူခဲ့ရပါသည်။

အမှန်ပင်။ နေ့ခင်းဘက်တွင် ကျန်းမေ့လျန် သူ့ထံသို့ လာသည်က ရှားသည်။ ညဘက်တွင်သာ သွားပါသည်။

ကျောက်ကျွင့် စိတ်ထဲမှ တွေးလိုက်မိသည်။ မင်းရဲ့ပုံစံနဲ့ သူ့ကို လဝက်နဲ့ ရသွားတယ်တဲ့လား။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

သေချာသည်။ ကျောက်ကျွင့်က ရှုရှန့်ချမ်းကို ခေါ်လာပြီး ကျောက်မိသားစုနှင့် ညစာ အတူတူ စားသောအခါ သိပ်သဘောမကျသော်လည်း ဘာမှမပြောကြပေ။

စားသောက်ပြီးနောက် ရှုရှန့်ချမ်းက ကျန်းမေ့လျန်အတွက် ညလယ်စာဖြင့် ပြန်လာခဲ့သည်။

ပြောရမည်ဆိုလျှင် ကျောက်မိသားစု၏ အစားအစာများက အလွန်ကောင်းမွန်သည်။ ထို့ကြောင့် ကျန်းမေ့လျန်လည်း ကြိုက်ပါသည်။

ထိုနေ့ည ထိုအိမ်မှာပဲနေပြီး နောက်တစ်နေ့ ရှုရှန့်မိန် မလာခင် သူမပြန်သွားသည်။

ရှုရှန့်ချမ်းကလည်း ရှုရှန့်မိန်နောက်လိုက်ပြီး ကျိုးမိသားစုအား နှစ်သစ်ကူး ဂါဝရပြုဖို့ တွန့်ဆုတ်နေသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နှစ်ယောက်စလုံး အိမ်မှာ ရှိကြသသည်။ နှစ်သစ်ကူးတွင် လူများစွာက အိမ်ကို ဝင်နေထွက်နေကြပါသည်။

ရှုရှန့်မိန်နှင့် ရှုရှန့်ချမ်းတို့ ရောက်လာသောအခါ လင်းချင်းဟယ်နှင့် တခြားသူများက တီဗီကြည့်နေကြသည်။

လင်းချင်းဟယ်က သူတို့မောင်နှမနှစ်ယောက် ရောက်လာသည်ကို ဘာမှသိပ်မပြောပါ။ သူမ၏ သဘောထားက သာမန်သာဖြစ်သည်။

ရှုရှန့်မိန်က သူမမောင်၏ အလုပ်ထွက်ခြင်း အကြောင်းကို ပြောပြသောအခါ ကျိုးချင်းပိုင်က ပြောလိုက်၏။ "ရွာကိုပြန်သွားလည်း ကောင်းပါတယ်။ အလုပ်ကြိုးစားရင် ပြဿနာ မရှိနိုင်ပါဘူး။"

"ဘာကို ရွာပြန်ရမှာလဲဗျ။။ ကျွန်တော်အခု စျေးရောင်းနေပြီ။ အမြတ်လည်း အရမ်းများတယ်။" ရှုရှန့်ချမ်းက ထိုစကားလုံးများကို သည်းမခံနိုင်ဘဲ တဲ့တိုး ပြောလိုက်သည်။

"ဦးလေးကိုပြောတဲ့ နင့်လေသံ ပြင်စမ်း။" ရှုရှန့်မိန့်က သူ့ကို ဆူငေါက်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ချမ်းကျစ်က အခုတစ်ယောက်တည်း အလုပ်လုပ်နေတာလေ။ သမီးက ခဲအိုဝမ်ယွမ်ရဲ့ စက်ရုံကနေ အထည်တွေယူပြီး သူကတော့ ကိုယ်တိုင်လမ်းဘေးဆိုင်ဖွင့်ရောင်းတယ်။ စက်ရုံမှာ လုပ်တာထက်တောင် ပိုကောင်းပါသေးတယ်။"

သူမက ဝမ်ယွမ်၏ အထည်စက်ရုံမှ အထည်များကို ယူသည်။ ကျိုးချင်းပိုင်လည်း ဒါကို သူသိပါသည်။ သို့သော် ထိုအကြောင်း ကြားသောအခါ သူအကြံပေးလိုက်၏။ "မင်းလမ်းဘေးဆိုင် ဖွင့်တယ်ဆိုတော့ ကောင်းကောင်းမွန်မွန် သေသေချာချာလုပ်။ စီးပွားရေးလုပ်တဲ့ နေရာမှာ အရေးအကြီးဆုံးက ငြိမ်းချမ်းဖို့ပဲ။ ငွေရတာမရတာ အရေးမကြီးဘူး။ အဓိက အချက်က ဆက်ဆံရေးကောင်းပြီး ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ သိဖို့ပဲ"

ထိုအကြံများကို သူ့ဦးလေးတစ်ယောက်အနေဖြင့် ပေးလိုက်ခြင်းဖြစ်ပါသည်။ သူ့တူ ရှုရှန့်ချမ်းကို သူ အနည်းငယ် စိတ်ပျက်သော်လည်း သူ့အတွက် အကောင်းဆုံး မျှော်လင့်ကာ အကြံဉာဏ်များ ပေးခဲ့ပါသည်။

လင်းချင်းဟယ်က အစမှ အဆုံးအထိ စကားတစ်ခွန်း မပြောခဲ့ပေ။

သူမယောက်ျား ချင်းပိုင် မျက်နှာကြောင့် မောင်နှမနှစ်ယောက်ကို တန်းပြီးမောင်းမထုတ်ခြင်း ဖြစ်ပါသည်.

ရှုရန့်မိန်က ပြုံးကာ သဘောတူလိုက်၏။ ရှုရှန့်ချမ်းကတော့ မှတ်ထားပါမည်ဟု စိတ်မပါစွာ ပြောလိုက်ပါသည်။

သူတို့ကို ထမင်းကျွေးဖို့ ခေါ်မထားဘဲ သူတို့ အဘိုးအဘွားများထံ သွားစားဖို့ ပြောလိုက်သည်။

"ငါတို့ မလာသင့်ဘူးလို့ ပြောသားပဲ။ ငါလာတာနဲ့ ဆုံးမဖို့ပဲ။" ရှုရှန့်ချမ်းက အောက်ထပ်သို့ ဆင်းလာရင်း စိတ်တိုစွာ ပြောလိုက်သည်။

သူ့လုပ်ငန်းက ဒီလိုပဲဖြစ်သည်။ ဝယ်ချင်သူက ဝယ်။ မဝယ်ချင်သူက မဝယ်နှင့်။ သူတို့ကို ဖားယားပြီး မြှောက်ပင့်နေဖို့ လိုလို့လား။

ထို့အပြင် စတိုင်များက ကြည့်ကောင်းသဖြင့် စျေးနှုန်းမြှင့်လိုက်ရင်တောင် လူတွေက ရောင်းပေးဖို့ တောင်းပန်ကြရမည်။

ဆက်ဆံရေးနှင့် ပြဿနာများ ကိုင်တွယ်ဖို့ကတော့ သူ့ကို သူ့ဦးလေး ဆုံးမစရာမလိုပါ။ သူ့ကို အလုပ်လည်း မပေးဘဲ သူတို့ ဒီလောက် ဆုံးမတာမျိုး မကြိုက်ပါ။

ရှုရှန့်မိန်ကလည်း ဂရုမစိုက်စွာ ပြောလိုက်သည်။ "နင့်မှာ ပိုက်ဆံရှိတာနဲ့ နင်ပြောသမျှက မှန်သွားလိမ့်မယ်။ အခုနင့်မှာပိုက်ဆံမရှိတော့ နင်လုပ်သမျှ ဆုံးမခံရမှာပဲ"

မောင်နှမနှစ်ယောက် အဖေကျိုးနှင့် အမေကျိုးတို့ အိမ်သို့ သွားခဲ့ကြသည်။

အပေါ်ထပ်တွင် လင်းချင်းဟယ်က တီဗီဆက်ကြည့်နေပြီး သူမ ယောက်ျား ချင်းပိုင်ကို မဝေဖန်တော့ပေ။ သူက သူမနဲ့မတူပါ။ သူမက အပြင်လူဖြစ်သည်။ ထို့ကြောင့် အဖေလင်နှင့် အမေလင်တို့ကိုတောင် ၎င်းတို့၏ အကျင့်များကို မြင်ပြီးနောက် ဘာမှဂရုမစိုက်ဘဲ ပစ်ပယ်နိုင်ခဲ့သည်။ သူတို့အကြား မိသားစု သံယောဇဥ်ဆိုသည့် အရာ လုံးဝ ရှိမနေခြင်းကြောင့် ဖြစ်ပါသည်။

ထိုနှစ်ယောက်ကတော့ ချင်းပိုင်၏ မျိုးဆက်သစ်များ ဖြစ်သဖြင့် မကြာခဏ ဆုံးမစကားများ ပြောပါလိမ့်မည်။

သို့သော်လည်း သူတို့ နှစ်ဦး၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် ရင်ထဲတွင် မကျေနပ်ကြမှန်း သိသာပါသည်။

"တုံးလိုက်တဲ့ယောက်ျား၊ ကျွန်မလို ရက်စက်ပြီး ခံစားချက်မဲ့တဲ့ မိန်းမမျိုးက ကာကွယ်ပေးမထားရင် ရှင်ဘာဖြစ်သွားမလဲမသိဘူး" လင်းချင်းဟယ်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူမလက်ကို ကိုင်ကာ ဘာမှမပြောပေ။ သူ့မျက်လုံးထဲက ခံစားချက်များကတော့ သက်ဝင်လာ၏။

ဗေဒင်ဆရာ အဘိုးကြီးက သူ့ကံကြမ္မာမှာ မကောင်းပေဟု ပြောခဲ့သည်။ ဒီအသက်အရွယ်တွင် နာကျင်ဖျားနာနေပြီး ကလေးများကလည်း ဘာမှအသုံးမကျနိုင်ပါဟု ပြောခဲ့သ်ည။

ကျိုးချင်းပိုင် ပြန်လာပြီးကတည်းက သူ့မိန်းမနှင့်သာ ထိုအချိန်က မတွေ့ခဲ့လျှင် အိမ်ကို ဒဏ်ရာကြီးဖြင့် ပြန်သွာပြီး ဘယ်လို ကုသမှုကောင်းမျိုးမှ ရရှိခဲ့မည်မဟုတ်ပါ။

ထိုနှစ်က သူအိမ်ပြန်ရောက်လာခဲ့တော့ လင်းချင်းဟယ်က သူ့ကို ဘာအလုပ်မှ မလုပ်ခိုင်းခဲ့ဘဲ နေကောင်းအောင်သာ နေခိုင်းခဲ့သည်။  သူ့ကို အရသာရှိသည့် စားစရာ သောက်စရာများဖြင့် ပြုစုကျွေးမွေးပေးခဲ့သည်။

ထိုအချိန်တုန်းက သူ့အတွက် လင်းချင်းဟယ် ခံစားချက်တောင် မရှိခဲ့ပေ။

ဖွင့်မပြောသော်လည်း ကျိုးချင်းပိုင်၏ ရင်ထဲတွင် သူ့မိန်းမက တစ်ခါတစ်ရံ ကြောက်ဖို့ကောင်းသော်လည်း သူနဲ့ကလေးများကို ပြုစုပျိုးထောင်သည့် နေရာတွင် အပြစ်ကင်းသည်ဟု နားလည်ထားပါသည်။

"ငါ့မိန်းမ တော်တော်ပင်ပန်းခဲ့မှာပဲ" ကျိုးချင်းပိုင် ပြောလိုက်သည်။

လင်းချင်းဟယ်က သူ့ကိုရွှင်ပြစွာ မျက်စပြစ်ရင်း ပြောလိုက်၏။ "တီဗီကြည့်စရာရှိတာသာကြည့်။ လာမဖားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

All Chapters