← Chapters

အခန်း(၅၀၃) ဒါတွေအားလုံးက ဘာအတွက်လဲ

Vol. 36 Ch. 503

အခန်း(၅၀၃) ဒါတွေအားလုံးက ဘာအတွက်လဲ

Vol. 36 Ch. 503

အခန်း(၅၀၃) ဒါတွေအားလုံးက ဘာအတွက်လဲ

ကျန်းမေ့လျန် ကြက်သေသေသွားသည်။ သူမ ဘာကြောင့် ကိုယ်ဝန်မရသေးသလဲ သူမလည်း မသိပါ။

ရှုရှန့်ချမ်းက ငယ်ရွယ်ပြီး အားကောင်းသည်။ သူ့အိမ်တွင် ညတိုင်းနေခဲ့ပြီး အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ကိုယ်ဝန်မရသေးပါ။

ကျန်းမေ့လျန် အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမ ကလေးနှစ်ယောက်လောက် ဖျက်ချဖူးသဖြင့် သူမ ခန္ဓာကိုယ် ထိခိုက်သွားတာများလား။

သူမ ပြန်ပြောလိုက်ပါသည်။ "ဘာလို့ ဒီလောက် မြန်ရမှာလဲ။ ရှင့်မိဘတွေနဲ့ တွေ့ရအောင် ကျွန်မကို မွေးရပ်မြေကိုတောင် ပြန်ခေါ်မသွားရသေးဘူး။ ရှင်က ကျွန်မကို အချိန်မတန်ခင် ဗိုက်ကြီးစေချင်တာလား။ ကျွန်မ ဂုဏ်သိက္ခာရှိပါဦးမလား။"

"မင်းအတွက် ပြောပေးတာပါကွာ။ ကိုယ်တို့ နှစ်ယောက်အကြောင်း အစ်မသိသွားမှာ မကြောက်ဘူးလား။ မင်းသာ ကိုယ်ဝန်ရှိသွားရင် ကိုယ့်အစ်မက ဘာပြောနိုင်ဦးမှာလဲ" ရှုရှန့်ချမ်းက ပြောလိုက်သည်။ သူမ၏ မျက်နှာထားကို ကြည့်ရင်း သူဆက်ပြော၏။ "မေ့လျန် ကိုယ့်ကိုလက်ထပ်ရင် ကျောက်မိသားစုက မင်းရဲ့ဆွေမျိုးတွေ ဖြစ်လာမှာနော်။"

ကျန်းမေ့လျန်က အချိန်တစ်ခုယူပြီး ဆေးရုံတွင် ဆေးသွားစစ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ကိုယ်ဝန်မရနိုင်ပါက ဘယ်လိုလုပ်မလဲ။

သို့သော်လည်း သူမ ဆေးရုံတွင်  ဆေးမသွားစစ်နိုင်သေးခင်မှာပင် ရှုရှန့်မိန်က သူမနှင့် ရှုရှန့်ချမ်းတို့ ကိစ္စကို သိသွားလေသည်။

ထိုနေ့က ကျောက်မိသားစုတွင် ရှားပါးဟင်းလျာဖြစ်သည့် ပင်လယ်ခရုဆန်ပြုတ် လုပ်စားကြခြင်းမှ စခဲ့သည်။

ရှုရှန့်မိန်က အိုးထဲတွင် နှစ်ပန်းကန်စာလောက် ကျန်သေးသည်ကို မြင်တော့ သူမ၏ မောင်စားဖို့အတွက် ထုပ်ပိုးကာ ယူလာပေးခဲ့၏။

သူ့အိမ်သို့ ရောက်လာပြီး တံခါးခေါက်ခဲ့သည်။ ရှုရှန့်ချမ်းက တံခါးလာဖွင့်ပေးလိုက်၏။ များများစားစား မတွေးဘဲ တစ်ယောက်ယောက် အိမ်တံခါးမှားပြီး လာခေါက်သည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူ့အစ်မက ညဘက် မလာတတ်ဘဲ ဘေးပတ်လည်တွင်လည်း တခြား အသိမိတ်ဆွေ မရှိသောကြောင့်ဖြစ်သည်။ တံခါးပွင့်သွားသောအခါ သူ့အစ်မကို တွေ့ရလိမ့်မည်ဟု မထင်ခဲ့ပါ။

ရှုရှန့်ချမ်း ထိတ်လန့်သွား၏။ ထို့အပြင် ဒီကိစ္စကိုလည်း သူ့အစ်မကို အသိမပေးချင်သဖြင့် အနည်းငယ် ထူပူသွားသည်။

သူ့အစ်မကို အထဲမဝင်ဖို့ ကာခဲ့သည်။ ရှုရှန့်မိန်က အစကတည်းက အထဲမဝင်ချင်သော်လည်း သူ့မောင်၏ လုပ်ရပ်ကြောင့် သံသယဖြစ်လာ၏။

သို့သော်လည်း အထဲဝင်ပြီး ဘာတွေဖြစ်နေလဲ ကြည့်ဖို့ မကြံစည်ခဲ့ပါ။ သူ့မောင်ကို စားစရာများ ပေးပြီး ထွက်လာခဲ့သည်။ ထို့နောက် တခြားလူများအား မေးမြန်းကြည့်လိုက်ပါသည်။

တခြားသူများက ကျန်းမေ့လျန်အကြောင်း သိထားကြသည်။ ဘာပဲဖြစ်ဖြစ် အချိန်အတော်ကြာပြီ မဟုတ်ပါလား။ ယခင် ၂ လ ၃ လလောက်အထိ ဒီနေရာသို့ လာနေခဲ့ခြင်းဖြစ်သည်။

သူမ လိုက်လံစုံစမ်းနေသည်ကို မြင်သောအခါ သူတို့ ပြောပြခဲ့ကြပါသည်။

ရှုရှန့်မိန် နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ကျန်းမေ့လျန်၏ အိမ်သို့ သွားခဲ့သည်။ သေချာပါသည်။ ကျန်းမေ့လျန်၏ အိမ်မှာ ဗလာကျင်းဖြစ်နေပြီး ဘယ်သူမှ မရှိပေ။

ရှုရှန့်မိန်က သူမမောင်ထံသို့ ပြန်လာခဲ့သည်။ တံခါးနား ကပ်ကာ နားထောင်ကြည့်သောအခါ အသံများကို ကြားရ၏။ ကျန်းမေ့လျန်နှင့် သူမ မောင်၏ အသံများဖြစ်ပါသည်။

နောက်ကျနေပြီဖြစ်ပြီး အော်ကြီးဟစ်ကျယ် ဖြစ်ဖို့ မကောင်းသဖြင့် ရှုရှန့်မိန် လျစ်လျူရှုခဲ့ပါသည်။

သူမ ကျောက်မိသားစုအိမ်သို့ ပြန်ရောက်လာသောအခါ သူမ၏ မျက်နှာ အတော်ကို ဆိုးရွားနေပြီ ဖြစ်သည်။ အထူးသဖြင့် ကျောက်ကျွင့်က တစ်နေရာရာသို့ လေလွင့်ကာ ထွက်သွားသည်ကို သိလိုက်ရသောကြောင့်ဖြစ်သည်။ ရှုရှန့်မိန် အခန်းထဲသို့ ဝင်သွား၏။ ဒေါသ ထွက်လွန်းသဖြင့် တစ်ခုခုကို ရိုက်ခွဲချင်စိတ်ပါ ပေါ်လာသည်။

နောက်တစ်နေ့ မနက်စာ စားပြီးနောက် တင်းမာနေသော မျက်နှာဖြင့် ထွက်လာခဲ့သ်ည။

"အဲ့ဒီမျက်နှာကို ဘယ်သူ့ကို မြင်စေချင်တာလဲ မသိဘူး။ သူ့အထည်ဆိုင်လေးက တစ်လကို တော်တော်များများ ရတယ်ဆိုတော့ ဘဝင်မြင့်နေတာပေါ့။” ဟု အမေကျောက်က ရှုရှန့်မိန် ထွက်သွားသောအခါ လှောင်လိုက်ပါသည်။

အစကတော့ သူ့သားကို ခြေမရှုပ်ဘဲ အိမ်တွင်သာ နေအောင် ရှုရှန့်မိန်က ထိန်းနိုင်လိမ့်မည်ဟု သူမ ထင်ခဲ့ပါသည်။ သူမက အသုံးမကျဘဲ သူ့သားကို လုံးဝ မထိန်းသိမ်းနိင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထို့အပြင် ဒီလောက်ထိ လက်ထပ်ပြီးတာတောင် ကလေးမရသေးပါ။

အမေကျောက်က ထိုအကြောင်း အရင်တုန်းက ပြောဖူးသော်လည်း ရှုရှန့်မိန်ကလည်း မလိမ်ညာပေ။ အရင်တစ်ခေါက် ပျက်ကျ ပြီးကတည်းက ပြန်မကောင်းသေးပါဟု ပြောခဲ့သည်။

အမေကျောက်က သဘောမကျပါ။

ရှုရှန့်မိန် အထည်ဆိုင်သို့ ရောက်လာသောအခါ ကျန်းမေ့လျန် ဆိုင်ဖွင့်နေသည်ကို မြင်လိုက်ရသည်။

ရှုရှန့်ချမ်းကတော့ ငှားထားသည့် အခန်းထဲတွင် အိပ်နေဆဲဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် ကျန်းမေ့လျန်က ဒီအထည်ဆိုင်ကို တော်တော် ဂရုစိုက်ပါသည်။

တစ်လကို အမြတ် ၂၀၀ ကျော်လောက် ရသည်။ သူမ၏ အရင်အလုပ်ထက် အများကြီး ပိုများသည်။ သူမ အားမထုတ်ဘဲ နေပါ့မလား။

"ရှန့်မိန် အစောကြီး--..." ကျန်းမေ့လျန်က သူမကိုမြင်သောအခါ ပြောဖို့ပြင်လိုက်သည်။

သို့သော် သူမ စကားပြောလို့ မပြီးခင်မှာပင် "ဖြန်း" ဟူသော အသံပေါ်ထွက်လာသည်။ ရှုရှန့်မိန်က သူမကို ပါးရိုက်လိုက်ခြင်းဖြစ်ပါသည်။

"ရှန့်မိန်..." ကျန်းမေ့လျန်က သူမ၏ မျက်နှာကို ကာရင်း ရှုရှန့်မိန်အား မယုံနိုင်စွာ ကြည့်လိုက်သည်။

"နင်နဲ့ ငါ့မောင်တွေ ဘာတွေဖြစ်နေကြတာလဲ။" ရှုရှန့်မိန်က အဓိပ္ပာယ်မရှိတာတွေ မပြောတော့ဘဲ လိုရင်းသာ ပြောလိုက်တော့သည်။

ကျန်းမေ့လျန် နားလည်သွား၏။ သူသိသွားပြီ။ ချက်ချင်းဆိုသလို ပျာယာခတ်သွားပြီး ပြောလိုက်၏။ "ရှန့်မိန် နင်ထင်သလိုမဟုတ်ပါဘူး..."

"ငါထင်သလို မဟုတ်ဘူးတဲ့လား။ မနှစ်ကတည်းက ငါ့ကို ဖုံးကွယ်ထားတာပဲ။ ငါဘာမှ မသိဘူးလို့ထင်နေတာမဟုတ်လား" ရှုရှန့်မိန်က သူမကို သွေးအေးစွာကြည့်လိုက်သည်။ "ကျန်းမေ့လျန်။ မမေ့နဲ့နော်။ နင့်ကို ဘယ်သူက ဆွဲခေါ်ပြီး ဒီဆိုင်ဖွင့်ဖို့ ငါနဲ့လက်တွဲခွင့် ပြုခဲ့တာလဲ။ မဟုတ်ရင် နင့်အစ်မလိုပဲ အိမ်တံခါးဖွင့်ပြီး လက်ပြခေါ်ရတဲ့ အလုပ်လုပ်နေရလောက်ပြီ။"

ကျန်းမေ့လျန်၏ မျက်နှာလည်း တင်းမာသွားသည်။ "ရှန့်မိန် ဒီကိစ္စမှာ နင့်အပေါ်ငါမှားခဲ့တာ ငါသိတယ်။ ဒါပေမယ့် ငါ့အပြစ်ချည်းပဲ မဟုတ်ဘူး။ ငါ့နောက်ကို အတင်းအကြပ် လိုက်ခဲ့တာ ချမ်းကျစ်ဟဲ့"

ရှုရှန့်မိန်၏ မျက်နှာက ပို၍ပင် အေးစက်လာသည်။ ကျန်းမေ့လျန်က ဘယ်လိုမိန်းမမျိုးလဲ သူမ မသိဘဲနေပါ့မလား။ သူမမောင်နဲ့ တန်လို့လား။

သို့သော်လည်း ဒီအထည်ဆိုင်အတွက် ထည့်တွေးပြီး နေ့တိုင်း သူမတစ်ယောက်တည်း မကြည့်နိုင်သဖြင့် ကျန်းမေ့လျန်ကို လိုအပ်သေးသည်။ ထို့ကြောင့် ပြောလိုက်၏။ "ဒီကိစ္စနဲ့ပတ်သတ်ပြီး နင့်ကိုဘာမှ မပြောတော့ဘူး။ ငါ့မောင်နဲ့ လမ်းခွဲလိုက်။ နောက်ပိုင်း တစ်ယောက််နဲ့ တစ်ယောက် အဆက်အသွယ် မလုပ်ကြနဲ့။ အဲ့တာဆို ငါတို့တွေ လုပ်ငန်းဖော် ဆက်လုပ်လို့ရတယ်။"

ဆိုင်ကြည့်ပေးနိုင်မည့် လူတစ်ယောက်ကို ရှာလို့တွေ့သည်နှင့် ကျန်းမေ့လျန်အား တန်းပြီး နှင်ထုတ်ပြစ်လိုက်မည်ဖြစ်သည်။ လုံးဝ မညှာတာပါ။

ကျန်းမေ့လျန်က အမြန်ပြောလိုက်သည်။ "ရှန့်မိန် အရင်က ငါလုပ်ဖူးတဲ့ကိစ္စတွေကို နင်မကြိုက်တာ ငါသိပါတယ်။ ငါဖြစ်ချင်တာတွေ မှမဟုတ်တာ။ ချမ်းကျစ်နဲ့ ငါတို့ တစ်ယောက်ကိုတစ်ယောက် တကယ်မေတ္တာရှိတာပါ။ ကျေးဇူးပြုပြီး ငါတို့ကိုမခွဲပါနဲ့နော်"

ရှုရှန့်မိန်၏ မျက်နှာဖြူရော်နေလေပြီ။ "ငါ့ကို စကားရှင်းရှင်း ပြောစေချင်တာလား ဟုတ်လား"

ကျန်းမေ့လျန်က သူမကိုကြည့်လိုက်၏။ သူမနှင့် ထိပ်တိုက် ရင်မဆိုင်နိုင်မှန်း သိသဖြင့် ခေတ္တ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "ကောင်းပါပြီ၊ ငါနားလည်ပါတယ်။ ချမ်းကျစ်ကို လမ်းခွဲခိုင်းလိုက်ပါ့မယ်။"

ရှုရှန့်ချမ်း ရောက်လာသောအခါ မျက်ရည်များ သုတ်လျက် သူတို့ လမ်းခွဲကြမည်ဟု ပြောလိုက်သည်။ သူတို့ ဆက်ပြီး မတွဲနိုင်ကြောင်း ပြောကြ၏။ ထိုအခါမှ သူ့မိန်းမ အရိုက်ခံထားရပြီး သတိပေးခံထားရမှန်း ရှုရှန့်ချမ်း သိသွားသည်။

ခေါင်းလှည့်ကာ သူ့အစ်မကို ရန်လာတွေ့၏။

ရှုရှန့်မိန်လည်း သူ့ကြောင့် အမျက်ကြီးသွားခဲ့သည်။ ကျန်းမေ့လျန်၏ ကိစ္စများအကြောင်း ပြောခဲ့သော်လည်း ချမ်းကျစ်က လုံးဝ ဂရုမစိုက်ပေ။

သူက မြို့တော်က မိန်းမတစ်ယောက် လိုချင်ပြိး ကျန်းမေ့လျန်ကလည်း သူ့ကို လက်ထပ်ချင်နေသည်။ သူပျော်ပျော်ကြီး လက်ထပ်နိုင်ပါသည်။ သူကလည်း အိမ်ထောင်မရှိ ကျန်းမေ့လျန်ကလည်း အိမ်ထောင်မရှိသဖြင့် ဘာအရေးစိုက်စရာရှိလို့လဲ။

ရှုရှန့်မိန်က ဒေါသထွက်လွန်းသဖြင် ဆေးရုံသို့ ရောက်လုနီးပါးပင်ဖြစ်သွားသည်။ သူမ  မောင်ထွက်သွားသောအခါ ရှုရှန့်မိန်က ဒေါသ မျက်ရည်များ ထွက်လာ၏။

ဘာလို့လဲ။ ဒါတွေအားလုံးက ဘာအတွက်လဲ။

ဘာလို့ ကျိုးအာ့နီကျတော့ ဝမ်ယွမ်လို အောင်မြင်တဲ့ ဘော့စ်တစ်ယောက်နဲ့ လက်ထပ်နိုင်ပြီး သူမကတော့ ကျောက်ကျွင့်လို နှာဗူးတစ်ကောင်နဲ့ပဲ ရခဲ့တာလဲ။

ဘာလို့ဟူကျစ်က တော်တဲ့ မြို့သူတစ်ယောက်နဲ့ ရပြီး သူ့မောင်ကတော့ ကျန်းမေ့လျန်လို အရှက်မရှိတဲ့ မိန်းမနဲ့ပဲ တွေ့ခဲ့ရတာလဲ။

လက်ရှိကိစ္စများအပြင် ကျန်းမေ့လျန်၏ လှည့်စားမှုကို သူခံထားရခြင်းဖြစ်သည်။ သူက ကျန်းမေ့လျန်ကို တကယ်လက်ထပ်ချင်နေသည်။ ကျန်းမေ့လျန်က ရှုပ်ထွေးသည့် နောက်ကြောင်းရာဇဝင်ရှိ၏။ လက်ထပ်ပြီးသွားသောအခါ သူများယောက်ျားနှင့် ဖောက်ပြန်နိုင်သေးသည်။

သို့သော်လည်း သူမ၏ မောင်ကို ကျန်းမေ့လျန်က လုံးဝ လှည့်စားထားခဲ့ပြီးပါပြီ။ သူမကို လာတွေ့ပြီး အပြစ်တင်ပြောဆိုလောက်သည့်အထိ ဖြစ်နေပြီ။ ကျောက်မိသားစု၏ အာဏာကို သုံးပြီး သူ့မိန်းမကို အနိုင်ကျင့်သည်ဟု ဆို၏။

ရှုရှန့်မိန်က ဒေါသထွက်လွန်းသဖြင့် အသည်းနှလုံးများ နာကျင်နေပါသည်။

All Chapters