အခန်း(၅၀၄) မင်္ဂလာဆောင်နှင့် ကိုယ်ဝန်
Vol. 36 Ch. 504
အခန်း(၅၀၄) မင်္ဂလာဆောင်နှင့် ကိုယ်ဝန်
စောလည်းမစော နောက်လည်းနောက်မကျသည့် ဧပြီလမှာ မျက်စိတစ်မှိတ်အချိန်အွင်း ရောက်လာခဲ့သည်။
အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီးနှင့် ထုတိုတို့ကို မင်္ဂလာပွဲတက်ရောက်ဖို့အတွက်
ကျိုးယန်က မြို့တော်သို့ ခေါ်လာခဲ့သည်။
ကျိုးတာ့နီတို့ လင်မယားနှစ်ယောက်ကတော့ လယ်ထဲတွင် ကူညီစရာများ ရှိသေးသဖြင့် မလာနိုင်ကြပါ။
ဒုတိယအစ်ကိုလည်း မလာခဲ့ပါ။ သူလာချင်ပါသည်။ မြို့တော်ကို သူတမ်းတခဲ့တာ ကြာပါပြီ။ သို့သော်လည်း ဒီရာသီက အပန်းဖြေဖို့ အချိန်မဟုတ်ပေ။
သို့သော်လည်း လက်ဆောင်များကိုတော့ ပို့ပေးခဲ့ပါသေးသည်။
ပြောစရာ မလိုအောင် အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုတို့ နေသားမကျခဲ့ကြပါ။ သူတို့ တစ်ဘဝလုံး ဒီလို မြို့ကြီးပြကြီးပေါ်သို့ မရောက်ဖူးပါ။ သူတို့ရောက်ဖူးသည့် အဝေးဆုံး နေရာဆိုလို့ ကောင်တီမြို့သာ ဖြစ်သည်။ ထို့ကြောင့် မြို့တော်သို့ ရောက်လာသောအခါ ကတ္တရာလမ်းနှင့် အဆောက်အဦးမြင့်ကြီးများ များစွာရှိနေသည်ကို မြင်ခဲ့ရသဖြင့် မင်သက်နေကြပါသည်။
သူတို့နှင့်မသက်ဆိုင်သည့် ကမ္ဘာတစ်ခုဆီသို့ ခြေလှမ်းလိုက်ရသလိုပင်။
လင်းချင်းဟယ်က ကျိုးစစ်နီကို ပိတ်ရက် နည်းနည်းပေးလိုက်ပြီး မင်္ဂလာပွဲမစခင် သူမ၏ မိဘများကို မြို့ထဲလိုက်ပြပေးခိုင်းလိုက်သည်။ ကျိုးကွေ့လိုင်ကလည်း သဘောကောင်းနေသည်။ သူတို့နှင့် လိုက်သွားပြီး ဓာတ်ပုံများစွာ ရိုက်ပေးခဲ့ပါသည်။
အဝတ်အစားသစ်များကိုဝတ်ပြီး ကြည့်ကောင်းသွားသောအခါမှ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ အနည်းငယ် စိတ်အေးသွားကြသည်။ နေရတာတော့ အနည်းငယ် အခက်တွေ့နေဆဲပင်။
အမေကျိုးက တည်ငြိမ်စွာ သူတို့ကို အကြံပေးလိုက်သည်။ "နင်တို့နှစ်ယောက် သက်သက်သာသာ နေကြစမ်းပါ။ လက်ကို ဘယ်နားထားရမှန်း မသိတာမျိုး မလုပ်ကြနဲ့။ ငါတို့ကျိုးမိသားစုက အခုပညာတတ်မိသားစုဖြစ်နေပြီ။ ငါတို့ကောလိပ်ကျောင်းသားတွေ ဘယ်လောက်တောင် မွေးထုတ်ပေးထားတာလဲ ကြည့်ဦးလေ။ နင်တို့ကိုယ်နင်တို့ အဆင့်နိမ့်တယ်လို့ မထင်စမ်းပါနဲ့။"
ဒီအဘွားအိုကတော့ အလွန် ယုံကြည်ချက်ပြည့်ဝနေပါသည်။
ယုံကြည်ချက် ပြည့်ဝဖို့လည်း အခြေခိုင်သည် မဟုတ််လား။ သူမတို့မိသားစုတွင် ကောလိပ်ကျောင်းသား ဘယ်နှယောက်တောင် ရှိနေသလဲ လက်ချိုးရေကြည့်စမ်းပါ။
ကျိုးချင်းပိုင်က လွဲ၍ စတုတ္ထချွေးမနှင့် သားသုံးယောက်စလုံးက ပေကျင်းတက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်။။
ပထမမိသားစုတွင်တော့ လောလောဆယ် ကောလိပ်ကျောင်းသားတစ်ယောက်သာ ရှိသေးသည်။ သို့သော်လည်း ဆင်းရဲသည့်မိသားစုတစ်စုမှ အဖိုးတန်ကလေး တစ်ယောက် ပေါ်ထွန်းလာသဖြင့် သူတို့အခြေအနေလည်း မဆိုးရွားနိုင်ပါ။
တတိယ မိသားစုကို ကြည့်ပါဦး။ စုစုပေါင်း ကောလိပ်ကျောင်းသား ၆ ယောက်တောင် ရှိသည်။ ကောလိပ်ကျောင်းသား ၆ ယောက်ရှိတဲ့ မိသားစုတစ်စုတဲ့။ ဘယ်လောက်တောင် တော်လိုက်သလဲ။
အရေးအကြီးဆုံးကတော့ စတုတ္ထမိသားစု၏ အခြေအနေက မဆိုးရွားခြင်းပင်။ ဆိုင်တွေအများကြီးဖွင့်ထားပြီး ထရပ်ကားကြီး တစ်စီးပင် ဝယ်ထားသေးသည်။ ဘာကြောင့် သူတို့ ခေါင်းတစ်လုံးနိမ့်သလို ခံစားနေကြဦးမည်နည်း။
အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ ချွေးများ ကျနေသည်။ မတတ်နိုင်ပေ။ တချို့ အရာများက ပြောင်းလဲလို့မရပါ။
သူတို့နှစ်ယောက်ကိုလည်း အောင်မြင်သည်ဟု သတ်မှတ်နိုင်၏။ ၎င်းတို့၏ အပြုအမူများက အကောင်းကြီးမဟုတ်သော်လည်း အနည်းဆုံးတော့ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့၏ မင်္ဂလာပွဲတွင် အမှားမလုပ်ခဲ့ကြပါ။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကလည်း အကူအညီပေးကြသည်။ လင်းချင်းဟယ်က အဖေဝိန်နှင့် အမေဝိန်တို့ကို ဖိတ်ကြားခဲ့၏။
သူမ၏ မိသားစုဝင်အများစုက ကောလိပ်ကျောင်းသားများဖြစ်ကြသည်။
အမျိုးသမီးဘက်က ဝမ်မိသားစုလောက် မကြွယ်ဝသော်လည်း ထင်သလောက်တော့ မကွာပါ။
သူမထက် ပိုချမ်းသာသူနှင့် လက်ထပ်ရသည်ဟု ဆိုသော်လည်း ကွာဟချက်က မကြီးပါ။
ကျိုးအာ့နီက ရှုရှန့်မိန်အား မင်္ဂလာပွဲသို့ မဖိတ်ခဲ့သော်လည်း ရှုရှန့်မိန်က အဘွားကို မေးမြန်းကာ လာခဲ့ပါသည်။
လင်းချင်းဟယ် ကျိုးအာ့နီအား ထောက်ပံ့ပေးနေသည်ကို သူမ မြင်ခဲ့ရပါသည်။ စင်ပေါ်တက်သွားပြီး ညားခါစ ဇနီးမောင်နှံနှစ်ယောက်အား ဂုဏ်ပြုကြောင်း အင်္ဂလိပ်လိုချည်း ပြောသွားသည်။ ဒီအရှိန်အဝါလောက်ဆို လုံလောက်ပါသည်။
အမျိုးသား၏ ဘက်က ကျိုးအာ့နီ၏ ဒေါ်လေးမှာ ပေကျင်းတက္ကသိုလ်က နိုင်ငံခြား ဘာသာသင်ဆရာမတစ်ယောက်ဖြစ်ကြောင်း သိသွားသည်။ အစကတော့ အမျိုးသားဘက်က လူများစွာက သူတို့ကို အထင်သေးခဲ့သည်။ အခုတော့ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေပါသည်။
သူတို့ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ မင်္ဂလာပွဲကတော့ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
ပြီးဆုံးသွားသောအခါ အကြီးဆုံးမရီးက အနည်းငယ် စိုးရိမ်နေ၏။ သူမ လင်းချင်းဟယ်ကို ပြောပြလိုက်သည်။ "ငါမြင်သလောက်တော့ အာ့နီရဲ့ ယောက္ခမက ရန်စလို့ ကောင်းတဲ့ လူမျိုးမဟုတ်ဘူးထင်တယ်နော်"
ဝမ်ယွမ်၏ အမေက တစ်ချက်မှ ပြုံးမသွားပေ။ လင်းချင်းဟယ်ကလည်း လုံးဝ ဂရုမစိုက်ပါ။ သူမလည်း သဘောကောင်းမပြပေ။ ကျိုးချင်းပိုင်က ဝမ်ယွမ်၏ အဖေနှင့် ခွက်ချင်း တိုက်ခဲ့သော်လည်း လင်းချင်းဟယ်က သူ့အမေနှင့် ခွက်ချင်း မတိုက်ခဲ့ပေ။
သူမ သောက်မှာလည်း မဟုတ်ကြောင်း သိသဖြင့် သူမကို လေးစားပြဖို့ လင်းချင်းဟယ် စိတ်ကူးမရှိပေ။
"သူ့ကို စိတ်ထဲထားမနေေပါနဲ့။ ဝမ်ယွမ်က သူ့အိမ်သစ်ကြီးကို ပြင်ဆင်ပြီးသွားပြီ။ ရှင်လည်း မြင်ပြီးပြီ မဟုတ်လား။ ကျွန်မတို့ အဖေနဲ့ အမေတို့အိမ်နဲ့ နီးတယ်လေ။ အဲ့တော့ ဘာစိတ်ပူစရာလိုလို့လဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။
အကြီးဆုံးမရီးက ပြော၏။ "သူက အာ့နီကို သိပ်သဘောမကျသလိုပဲ"
"အာ့နီက ပိုက်ဆံမှ မဟုတ်တာ။ အဲ့တော့ လူတိုင်းက ဘယ်သဘောကျပါ့မလဲ။ ဝမ်ယွမ် သူ့ကို တန်ဖိုးထားရင် ကျန်တာ ဘာမှ ပြဿနာမရှိဘူးး" လင်းချင်းဟယ်က အာမခံလိုက်ပါသည်။
ဝမ်ယွမ်က အာ့နီကို အလွန် ကာကွယ်ပေးတတ်သည်။ ယနေ့ သူမလက်ကို ကိုင်ရင်း လူကြီးတချို့နှင့် ခွက်ချင်းလိုက်တိုက်သည်။
အကြီးဆုံးမရီးက ဘာမှမပြောတော့ပေ။ သူမနှင့် အကြီးဆုံးမရီးတို့ ကြာကြာ ဆက်ပြီးမနေကြတော့ပါ။ အစီအစဥ်က မနက်ဖြန်မနက် ဘတ်စ်ကားဖြင့် ပြန်ကြဖို့ဖြစ်သည်။ သူမ ရွှင်ပျစွာဖြင့် ပြောလိုက်၏။ "ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။"
လင်းချင်းဟယ်က တကယ်ပဲ မိသားစု မျက်နှာစာအတွက် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ မဟုတ်ပါက ကျိုးမိသားစုတွင် ဘာမှထုတ်ပြစရာရှိမည်မဟုတ်ပါ။
"အာ့နီက ကျွန်မတူမလေးပဲလေ။ ကျွန်မကိုယ်တိုင် သူ့ကိုလက်ဆက်ပေးထားတာ။ သူ့ကို စိတ််မပျော်အောင် လုပ်လို့ဖြစ်ပါ့မလား" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
အကြီးဆုံးမရီးက သူမကို ကျေးဇူးတင်နေပါသည်။ "ငါတို့မိဘတွေကိုလည်း နင်ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်ထင်တယ်။ သူတို့တွင် အရင်ကထက် အများကြီး နုပျိုသွားကြသလိုပဲ။”
"စိတ်အေးရင် ခန္ဓာကိုယ်က ဝဖြိုးလာပါတယ်။ ဒီမှာ ဘာမှ စိုးရိမ်စရာမရှိတော့ အရင်ကထက် ပိုနုပျိုသွားကြတာပေါ့" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
ဒီလိုနေ့ရက်ကောင်းမျိုးတွင် အကြီးဆုံးအစ်ကို၊ ကျိုးချင်းပိုင်နှင့် တခြားသူများ အရက်များစွာ သောက်ခဲ့ကြပါသည်။ အခုတော့ အိပ်ပျော်ကုန်ကြပြီ။
ကျိုးရှောင်မိန်တို့ဘက်ကလည်း ပြင်ဆင်ထားပြီး ရောက်လာကြ၏။ သူမ၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ရွှင်ပျစွာ ပြောလိုက်သည်။ "ဒီနေ့ မင်္ဂလာပွဲကို တော်တော်ကောင်းအောင် စီစဥ်ထားကြတာပဲ။ စတုတ္ထယောင်းမရဲ့ အင်္ဂလိပ်လို ဂုဏ်ပြုစကားကြောင့် ဝမ်မိသားစုတွေ လန့်သွားကြတယ်။ လူတစ်ယောက်က နားလည်ပြီး နင့်အဆင့်က အထူးအဆင့်တစ်ခုထိတောင် ရောက်နေပြီလို့ ပြောသွားတယ်။"
ဝမ်မိသားစုဟောင်း ဘယ်လောက်တောင် ကြွယ်ဝချမ်းသာသလဲ ကျိုးရှောင်မိန် ဒီနေ့ မြင်ခဲ့ရပါသည်။ တကယ်ပဲ မှန်းဆကြည့်လို့မရပါ။ ကားတွေကလည်း အများကြီး။
နှိုင်းယှဥ်ကြည့်လျှင် ကျိုးမိသားစုကိုတော့ သူ့စတုတ္ထအစ်ကို၏ ထရပ်ကားဖြင့် လိုက်ပို့ပေးခဲ့ရခြင်းဖြစ်ပြီး ဘာမှကြည့်စရာမရှိပါ။
ကံကောင်းစွာဖြင့် သူမ၏ စတုတ္ထယောင်းမက သူမတို့၏ မျက်နှာအတွက် ထောက်ပံ့ပေးခဲ့ပါသည်။
လင်းချင်းဟယ်က စင်ပေါ်တက်ပြီး အာရုံအစိုက် မခံချင်သော်လည်း ဝမ်မိသားစု၏ ဘဝင်မြင့်မှုကို မြင်မိသောအခါ သူမ စင်ပေါ်တက်ပြီး ဖိနှိပ်လိုက်ရသည်။
သို့သော်လည်း ဒီကိစ္စတစ်ခုတည်းသာ ရှိသည်။ အာ့နီအား တစ်ယောက်တည်း ရပ်တည်ခွင့် ပေးလို့ မဖြစ်ပါ။
"ဟိုကောင်မလေး ရှန့်မိန်မျက်နှာ ဘယ်လောက် ဒေါသထွက်နေလဲ ငါမြင်လိုက်တယ်။ စတုတ္ထယောင်းမ အဲ့တုန်းက သူ့ကို ဒီလိုမျိုး မထောက်ပံ့ပေးခဲ့လို့ထင်တယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်၏။
"သူ့ကို ထားလိုက်စမ်းပါ" လင်းချင်းဟယ်က ဂရုမစိုက်ပါ။
အကြီးဆုံးမရီးက တခြားအကြောင်းအရာများ ပြောသည်။ လင်းချင်းဟယ် အနည်းငယ် ပင်ပန်းနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျိုးရှောင်မိန်နှင့် အတူတူ ပြန်လိုက်သွားပြီး အဖေကျိုးနှင့် အမေကျိုးတို့ အိမ်တွင် အနားယူလိုက်သည်။
ကျိုးယန်နှင့် ထုတိုတို့ ညီအစ်ကိုနှစ်ယောက်ကတော့ အထည်ဆိုင်၏ ဒုတိယအထပ် ကြမ်းပြင်ပေါ်တွင်သာ အိပ်လိုက်ကြသည်။ သူတို့အတွက် ဟိုတယ်ကြီးများ မလိုအပ်ပေ။
နောက်တစ်နေ့တွင် မိသားစုတစ်စုလုံး ပြန်ခဲ့ကြသည်။
ဝမ်ယွမ်က သူတို့ကို ဘူတာအထိ လိုက်ပို့ခဲ့၏။ မြို့တော်၏ အထူးမုန့်ရှစ်မျိုးလို မြို့တော်က လက်ဆောင်များကိုပါ ဝမ်ယွမ် ဝယ်ထည့်ပေးလိုက်ပြီး အိမ်နီးချင်းများနှင့် ဆွေမျိုးများကို မျှဝေပေးဖို့ ပြောလိုက်ပါသည်။
အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ ပျော်ရွှင်စွာ အိမ်ပြန်သွားကြတော့သည်။
ကျိုးအာ့နီတစ်ယောက် ဝမ်ယွမ်၏ တရားဝင်ဇနီး ဖြစ်လာခဲ့ပါပြီ။ လက်ထပ်ပြီးတာတောင် ဝမ်ယွမ်၏ အထည်စက်ရုံအစား အထည်ဆိုင်တွင်သာ လာအလုပ်လုပ်သေးသည်။
ထို့အပြင် သူတို့အိမ်တွင် ကျိုးအာ့နီက စားသောက် ကုန်ကျစရိတ်များ ပြန်ပေးသည်။ ဝမ်ယွမ်က ကျိုးအာ့နီနှင့်အတူတူ သူတို့အိမ်တွင် လာစားသည်။ မဟုတ်ပါက အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် သွားစားကြသည်။ လင်မယားနှစ်ယောက်သား ကိုယ်တိုင် မချက်ပြုတ်ကြပါ။
အစကတော့ ဝမ်ယွမ်က အာ့နီကိုခေါ်ပြီး လျှောက်လည်ချင်သည်။ ဟန်းနီးမွန်း သဘောမျိုးဖြစ်၏။ သို့သော် ကျိုးအာ့နီကတော့ ထိုကဲ့သို့ စိတ်ကူးမျိုးမရှိပေ။
သူမက လက်တွေ့ကျသော မိန်းကလေးဖြစ်၏။ လက်ထပ်ပြီးသည်နှင့် ငွေကို သေချာရှာပြီး ကလေးများကို ပျိုးထောင်ဖို့ ပြင်ဆင်သည်။
စိန်သားမက် ဝမ်ယွမ်က သူ့မိန်းမစကား နားထောင်ပါသည်။ သူကလည်း ကလေးယူဖို့ စိတ်အားထက်သန်နေ၏။ သူတို့နှစ်ယောက် ဘယ်လောက်တောင် အားစိုက်ခဲ့ကြလဲမသိ၊ လက်ထပ်ပြီး တစ်လအကြာတွင် ကျိုးအာ့နီ ကိုယ်ဝန်ရှိလာခဲ့သည်။
မြန်ဆန်လွန်းလှပါသည်။