← Chapters

သိုင်းပညာ စင်မြင့်

Vol. 003 Ch. 263

သိုင်းပညာ စင်မြင့်

Vol. 003 Ch. 263

ချိန်ရှင်းမူနှင့် ချင်မုံရိုတို့၏ လက်ထပ်ပွဲကား ဒွန်ချင် ကျောင်းတော်တွင် ပြုလုပ်မည် ဖြစ်သည်။

နှစ်သစ်၏ ပထမနေ့တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များက ခေ့ကေးမြို့မှ တစ်နေရာကို ဦးတည်လျက် သွားနေကြသည်။ ကောင်းကင်နှင့် မြေပြင်တစ်ခွင်တွင် တန်ခိုးရှင်များနှင့် ပြည့်နှက်နေ၏။

ထိပ်သီး အင်အားစုများမှ လူများ အားလုံးက ဒွန်ချင်ကျောင်းတော် အနီးတွင် တည်းခို နေထိုင်လျက် ရှိကြသည်။ သူတို့က ထိုနေရာကို ရောက်သွားသော အခါကား ဒွန်ချင်ကျောင်းတော် တစ်ခုလုံးက မရေမတွက် နိုင်သော လူများနှင့် ပြွတ်သိပ်နေပြီ ဖြစ်သည်။

ဒွန်ချင် ကျောင်းတော်၏ အပြင်တွင်ကား လူပင်လယ်ကြီးဟုပင် ပြောရတော့မည် ဖြစ်သည်။ သို့သော်လည်း လူအုပ်အလယ်ကို သွားသော လမ်းကြောင်း တစ်ခုတော့ ရှိပေသည်။ ထိုလမ်းကြောင်းမှ ထိပ်သီး အင်အားစုများမှ လူများကိုသာ သွားခွင့်ပြုသည်။

ရီဖူရှင်းက ကော့တေးနှင့် ကျောင်းတော်မှ လူများနှင့်အတူ ရောက်ရှိ လာသည်။ သို့သော်လည်း အစ်ကိုသုံးနှင့် ကျောင်းတော်မှ အကြီးအကဲများကိုမူ မတွေ့ရပေ။ သူတို့၏ အဆင့်ဖြင့် လူငယ်မျိုးဆက်မှ လက်ထပ်ပွဲကို လာကြည့်နေစရာ မလိုပေ။ သူတို့က တစ်ဖက် အဖွဲ့အစည်းအား ဤမျှ မျက်နှာသာ ပေးရန် မလိုအပ်ပေ။

ကျောင်းတော် တစ်ခုတည်းသာ မဟုတ်ပေ။ ထိပ်သီး အင်အားစုတိုင်းမှ ခေါင်းဆောင်များလည်း ရောက်လာခြင်း မရှိပေ။ သူတို့က ကိုယ်စားလှယ် များကိုသာ စေလွှတ်ကြသည်။

ရီဖူရှင်းတို့ အဖွဲ့က ထိုနေရာကို ရောက်ရှိ သွားသောအခါ တခြား အင်အားစုများကလည်း ရောက်ရှိ နေကြပြီး ဖြစ်သည်။ သူက လစန္ဒာကလန်မှ မိန်းမလှများကိုလည်း မြင်သည်။ မိန်းမလှများအား လူအများအပြားက စိတ်ဝင်တစား ကြည့်နေကြ၏။ ချူယောင်ယောင်အား ထိုလူစုထဲတွင် တွေ့ရသည်။

“ဟေး … စီနီယာ … ဟိုင်း …” ရီဖူရှင်းက ဂျီယူကို သွားရှာသော အခါ သူနှင့်တွေ့သော မိန်းမလှအား လှမ်း၍ အော်ဟစ် နှုတ်ဆက်သည်။ ထိုမိန်းမလှက သူ့အား ပြန်လည် ပြုံးလျက် ကြည့်သည်။ ဘေးမှ မိန်းမပျိုများကလည်း ရီဖူရှင်းအား စိတ်ဝင်တစား ကြည့်ကြ၏။

သူက ဂျီယူ၏ ချစ်သူ ရီဖူရှင်းလား။ ခေ့ကေးမြို့တွင် သူနှင့် ပတ်သက်သော မကောင်းသော သတင်းများ ပြန့်လျက် ရှိသည်။ ကြည့်ရသည်မှာ သူက မျက်နှာများသော ပုံစံ ရှိနေသည်။

လူအများအပြားက ချူယောင်ယောင်အား ကြည့်လိုက် ကြသည်။ ဤရက်ပိုင်းအတွင်း သူမကား ချင်လီနှင့် အလွန် နီးကပ်စွာ တွေ့ရတတ်သည်။ ယမန်နေ့က သူမတို့ နှစ်ယောက်က အပြင်ကိုပင် ထွက်၍ လျှောက်လည် ခဲ့ကြသည်။ နောင်တွင် သူမနှင့် ချင်လီက စုံတွဲများ ဖြစ်လာနိုင်ပေသည်။

တခြား တစ်ဖက်တွင် ချင်လီနှင့် ရီဖူရှင်းတို့ အကြား ဆက်ဆံရေးကား သိပ်မကောင်းပေ။ ထို့အတူ လစန္ဒာကလန် တွင်လည်း ဟွာဂျီယူနှင့် ချူယောင်ယောင် တို့၏ ဆက်ဆံရေးက သိပ်ကောင်းသော ပုံစံတွင်လည်း ရှိမနေပေ။

ဒွန်ချင် ကျောင်းတော်ကို ဝင်ရောက်လျှင် သူတို့အား လူတချို့က လာရောက် လမ်းညွှန် ပြသသည်။ သူတို့က ထိုလူများ၏ ဦးဆောင်မှုဖြင့် အခမ်းအနား ကျင်းပရာ နေရာသို့ ရောက်လာသည်။ ထိုနေရာတွင်ကား အင်အားစုတိုင်းမှ လူများရှိပြီး ချင်လီက များစွာသော ကိစ္စရပ်များကို စီမံခန့်ခွဲ နေသည်ကိုလည်း တွေ့ရသည်။

လစန္ဒာကလန်မှ တပည့်မများ ရောက်လာသည်ကို မြင်လျှင် ချင်လီက သူ လုပ်နေသည်များကို ရပ်လိုက်ပြီး ချူယောင်ယောင် ရှိရာဆီသို့ လျှောက်လာသည်။ ထိုမြင်ကွင်းက လူအများ၏ အမူအရာများကို ပြောင်းလဲစေသည်။

အခမ်းအနား စင်မြင့်၏ အောက်တွင် အရှေ့မြေရိုင်း ဒေသမှ အဓိက အင်အားစုတိုင်းက နေရာကိုယ်စီ ယူထားကြသည်။ ယနေ့တွင်ကား အင်အားစုတိုင်းက ရောက်ရှိနေကြရာ ဤမြင်ကွင်းမျိုးက သမိုင်းတစ်လျှောက် အလွန် ရှားပါးပေသည်။

“ဂူတုံးလျိုကို မတွေ့ဘူး….” တချို့က ကျောင်းတော်ဘက်ကို ကြည့်ကာ လူအုပ်ထဲတွင် ဂူတုံးလျို မရှိသည်ကို သတိထားမိ ကြသည်။ ထို့အတူ လုနန်ထျန်းကိုလည်း မတွေ့ရပေ။

“အဟံနဲ့ မှော်ဝိဇ္ဇာတို့လည်း ရောက်နေတယ်….” တစ်စုံတစ်ယောက်က ချင်းရွှီ ဘုရားကျောင်းနှင့် မှော်ကလန်မှ လူများကို ကြည့်ကာ မှတ်ချက်ချသည်။ ထိုနှစ်ယောက်ကား အလွန် မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားသူများ ဖြစ်ပြီး အရှေ့မြေရိုင်း ဒေသတွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေသော ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အား လူအများက စိတ်ဝင်တစား ကြည့်ကြသည်။

ပြောကြသည်မှာ ယူချင်းက မိစ္ဆာတိုင်အား မယူသွားမီက အဟံက တခြားလူများ၏ စံချိန်များကို ဖျက်လျက် လေးပေအထိ မနိုင်ခဲ့သည် ဟူ၏။ ယူချင်းက မိစ္ဆာတိုင်ကို ယူသွားသောအခါ ယူချင်းက မကောင်းသော ကြမ္မာကို သယ်ဆောင်လာသူဟု အဟံက မှတ်ချက်ချသည်။ တခြား တစ်ဖက်တွင် ဂူကျီချူက ဂူဘိုင်ယွီနှင့် ပတ်သက်၍ ရီဖူရှင်းအား သတိပေးခြင်း ပြုလုပ်ခဲ့သည်။

သူတို့အပြင် ဖူယွန်ဓားကလန်မှ ကျဲဆွန်နှင့် ချီဟောင်၊ ကျိမိသားစုမှ ကျိခွန်တို့ကိုလည်း တွေ့ရသည်။ ထို့အပြင် တောင်ဝင် ချန်ကျောင်းတော်နှင့် ဓားသခင်တောင်မှ တပည့်များကိုလည်း တွေ့ကြရသည်။

ယနေ့တွင် သာမန် အချိန်များတွင် တွေ့ရန် ခက်ခဲသော ထူးချွန် ပြောင်မြောက်သော တန်ခိုးရှင်များကို တွေ့ကြရသည်။ ကျောင်းတော်ကို ကြည့်လျှင် ဘေလိရှာနှင့် ရှောင်ဝူကျိတို့ ကလည်း အလွန် ကျော်ကြားသူများ ဖြစ်ကြသည်။

အခမ်းအနား စင်မြင့်ဘေး တစ်ဖက် တစ်ချက်တွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ထွက်ပေါ်လာသည်။ ထိုအင်အားစုနှစ်ခု ထွက်ပေါ်လာသည်ကို မြင်လျှင် လူအများက အခြေအနေကို အကဲခတ် မိကြသည်။

ချိန်ရှင်းမူနှင့် ချင်မုံရိုတို့အကြား လက်ထပ်မှုက အင်အားစု နှစ်ခုအတွက် ထူးခြားသော အဓိပ္ပာယ်များ ပါဝင်ပေသည်။ သူတို့က လက်ထပ်ပွဲကို ချင်ပြည်ထောင် သို့မဟုတ် ဒွန်ဟွာကလန်တွင် မပြုလုပ်ဘဲ ဒွန်ချင်ကျောင်းတော်တွင် ပြုလုပ် ကျင်းပသည်။

လက်ထပ်ပွဲက အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုနှစ်ခု ပူးပေါင်းခြင်း၏ သင်္ကေတတစ်ခု ဖြစ်သည်။ သူတို့က ဒွန်ချင် ကျောင်းတော်ကိုလည်း ပူးပေါင်း တည်ထောင်ခဲ့ကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ လူများ တဖွဲဖွဲ ရောက်ရှိ လာနေသလို အခမ်းအနား တူရိယာသံများ သတ္တဝါဆန်းများ၏ အော်သံများက ဒွန်ချင်ကျောင်းတော် လေထုထဲတွင် ပျံ့နှံ့နေသည်။ ကောင်းကင်တွင်လည်း ဇာမဏီငှက်များ ပေါ်လာကာ လေထဲတွင် ကခုန်ကြသည်။ များစွာသော အလင်းတန်းများကလည်း လင်းလက်လာကာ လှပသော မြင်ကွင်းကို ဖော်ကျူးကြသည်။

ထိုအခိုက်တွင် လူနှစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့က လက်ချင်း တွဲထားပြီး အလွန်လှပသော သတ္တဝါဆန်း တစ်ကောင်ပေါ်သို့ ကျဆင်းကာ ဖြည်းညင်းစွာ ရွေ့လျားသည်။ သူတို့ နှစ်ယောက်လုံးက မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ပြုံးရွှင်သော အမူအရာများကို တွေ့ရသည်။ သူတို့ နှစ်ယောက်ကား ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ ဖြစ်ကြသည်။

“အရမ်း လှတာပဲ….” မရေမတွက်နိုင်သော မျက်လုံးများက ချင်မုံရိုထံကို ရောက်ရှိ သွားကြကာ မှတ်ချက်ချကြသည်။ သူမကား နတ်သမီးတစ်ပါးလို လွန်စွာ လှပနေသည်။ လူအများအပြားက ချိန်ရှင်းမူအား မနာလိုစွာ ကြည့်ကြသည်။

သူတို့က ကောင်းကင်မှ ဆင်းသက်လာပြီး အခမ်းအနား စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ သူတို့က လက်ချင်း ချိတ်ထားကြပြီး လူအုပ်ကြီးအား ကြည့်လိုက်ကြသည်။ ချင်ဘုရင်နှင့် ဒွန်ဟွာကလန် ခေါင်းဆောင်တို့ိ ရောက်ရှိလာခြင်း မရှိကြပေ။ လက်ထပ်ပွဲ အခမ်းအနားတွင် တစ်စုံတစ်ခု ပျောက်ဆုံးနေပုံရ၏။ သို့သော်လည်း ဒွန်ချင်ကျောင်းတော်မှ လက်ထပ်ပွဲက သင်္ကေတတစ်ခုမျှသာ ဖြစ်သည်ကို လူတိုင်းက သိကြသည်။

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက သူတို့နှစ်ယောက်၏ နောက်မှ တစ်ယောက်ပြီး တစ်ယောက် လိုက်ပါလာကြသည်။ သူတို့၏ မျက်နှာများကား ပြုံးနေကြသည်။

ချင်ယွီက ရှေ့ကို တိုးလာပြီး ချိန်ရှင်းမူ၏ ဘေးတွင် ရပ်လိုက်သည်။ သူက ရှေ့မှ လူများကို ကြည့်ကာ ပြောလိုက်သည်…. “ဒီနေ့က ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်တို့ရဲ့ ကြီးကျယ်တဲ့ အခမ်းအနား တစ်ခုပဲ…. အရှေ့မြေရိုင်း ဒေသက အင်အားကြီး ကလန်တိုင်းက ကိုယ်စားလှယ်တွေ ဒီမှာ ရှိကြတယ်…. ဒါက တကယ်ပဲ ဂုဏ်ယူစရာ ကိစ္စပဲ… ကျုပ်တို့က ဒီနေ့ပဲ ဒွန်ချင် ကျောင်းတော်ကို တရားဝင် ဖွင့်လှစ်ပါတယ်….” သူက ထိုသို့ ပြောပြီး နောက်ကို ဆုတ်လိုက်သည်။

ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ် လာနေသည်။ ထို့နောက် သူတို့၏ အဝတ်အစားများက လေထဲတွင် ကခုန်ကာ ရုန့်ရင်းသော အရှိန်အဝါက စင်မြင့်ကို ဖုံးလွှမ်း လာနေသည်။ အခမ်းအနား စင်မြင့်ပင်လျှင် တုန်ခါနေသည်။

အခမ်းအနား အနီးမှ လူများအားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သူတို့အားလုံးက စင်ပေါ်မှ မင်္ဂလာမောင်နှံအား နားမလည်စွာ ကြည့်လိုက်ကြသည်။ ထိုစဉ် ကြောက်မက်ဖွယ် ကောင်းသော လေပွေတစ်ခု ဖြစ်ပေါ်လာကာ အခမ်းအနား စင်အား ပြိုပျက် လာစေသည်။ ထို့နောက် ဘန်းခနဲ မြည်သံနှင့်အတူ စင်မြင့် ပြိုကျလေသည်။

အနီရောင် အလင်းများ ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က ဘေးကို ဖယ်ကြဉ် သွားကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများကလည်း ဘေးကို ရှောင်ဖယ် သွားကြသည်။

လူတိုင်းက အနီရောင် နေရာအား စိတ်ဝင်တစား ကြည့်နေကြသည်။ အရောင်များ ပြယ်လွင့် သွားသောအခါ လူတိုင်းက ကြီးမားသော ကျောက်တိုင်ကြီး တစ်ခုအား မြင်ကြရသည်။ ကျောက်တိုင်ပေါ်တွင်ကား ဒွန်ချင်ကျောင်းတော်ဟု ရေးထွင်းထားသည်။

လူတိုင်းက ထိုအရာကို ဘာကို ဆိုလိုသည်ကို နားလည်ကြသည်။ ကျောင်းတော်မှ လူများက ထိုကျောက်တိုင်အား ထက်ရှသော မျက်လုံးများဖြင့် ကြည့်ကြသည်။ ဒွန်ချင် ကျောင်းတော်၏ တည်ထောင်မှုက အရှေ့မြေရိုင်း ကျောင်းတော်၏ တည်ရှိမှုကို ဆန့်ကျင်ပေသည်။

ယနေ့မှ စ၍ ကျောင်းတော်ဟု ရည်ညွှန်းသောအခါ လူအများက အရှေ့မြေရိုင်း ကျောင်းတော် တစ်ခုတည်းကိုသာ သိကြတော့မည် မဟုတ်တော့ဘဲ ဒွန်ချင် ကျောင်းတော်ကိုလည်း တွေးတောကြမည် ဖြစ်သည်။

“ဒီနေ့ ဒွန်ချင်ကျောင်းတော်က တရားဝင် ဖွင့်လှစ်ခဲ့တယ်…. ထိပ်သီး အင်အားစုတိုင်းက နိုဘယ်တွေကို ဒီမှာ လာရောက် သင်ကြားပေးဖို့ ဖိတ်ခေါ်ချင်တယ်…. တခြား အင်အားစုတွေကလည်း ဒီမှာလာပြီး လေ့ကျင့်လို့ ရတယ်…. အခု ကျုပ်တို့မှာ ကျောင်းသား တစ်ထောင် ကျော်လောက် ရှိနေပြီးပြီ…. နောက်သုံးလကြာရင် ကျုပ်တို့က ကျောင်းသားသစ်တွေ လက်ခံမယ်….”

ချင်ယွီက ရှေ့မှ ကြီးမား ကျယ်ပြန့်သော လူအုပ်ကြီးကို ကြည့်ကာ ပြောသည်… “အခု ကျုပ်က ခင်ဗျားတို့ အားလုံးကို တစ်နေရာသို့ ခေါ်သွားချင်တယ်….” ထို့နောက် သူက နောက်လှည့်ကာ ဒွန်ချင် ကျောင်းတော် အထဲကို ဝင်ရောက်သွားသည်။

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများအားလုံးက သူ၏နောက်မှ လိုက်ပါသွားကြသည်။ တခြား အင်အားစုများမှ လူများကလည်း သူ့နောက်မှ လိုက်ပါ သွားကြသည်။ ချင်ယွီက သူတို့အား မည်သည့် နေရာသို့ ခေါ်သွားသနည်း။

အတန်ကြာလျှင် လူအုပ်ကြီးက ဟင်းလင်းပြင် တစ်ခုသို့ ရောက်လာသည်။ သူတို့ ရှေ့တွင်ကား ဧရာမ တိုက်ပွဲစင်မြင့်ကြီး တစ်ခုကို တွေ့ကြရသည်။ များစွာသော ကျောက်တုံး ထောက်တိုင်များက စင်မြင့်အနီးတွင် ပြုလုပ်ထားပြီး မြေပြင်က ထောက်တိုင်များနှင့် ဆက်သွယ်ထားသော သင်္ကေတများကို ရေးထွင်းထားသည်။ ရုတ်တရက် မဆုံးနိုင်သော သဘာဝ စွမ်းအင်များက ထိုသင်္ကေတများထံသို့ စီးဆင်းသွားကာ ကြောက်မက်ဖွယ် အလင်း အရံအတား တစ်ခုက တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ဖုံးကွယ်သွားသည်။

ထိုအရာကား တိုက်ပွဲစင်မြင့်ကို ဖုံးအုပ်ထားသော အစီအရင်တစ်ခု ဖြစ်သည်။ ဤနည်းဖြင့် အဆင့်မြင့် နိုဘယ်များ၏ အားလှိုင်းများက တိုက်ခိုက်နေစဉ် ပရိသတ်များကို ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပေ။

“ဒါက ဒွန်ချင်ကျောင်းတော်ရဲ့ သိုင်းပညာစင်မြင့်ပဲ…. ဒီနေ့ကစပြီး ဒီစင်မြင့်မှ တိုက်ခိုက်သမျှ တိုက်ပွဲတွေကို ဒွန်ချင်ကျောင်းတော်ရဲ့ သမိုင်းမှာ ရေးမှတ်ထားမယ်….” ချင်ယွီက ရှေ့ကို ညွှန်ပြလျက် ပြောသည်… “ချိန်ရှင်းမူနဲ့ ချင်မုံရိုတို့ရဲ့ လက်ထပ်ပွဲက ဒွန်ချင်ကျောင်းတော်ရဲ့ အခမ်းအနား ဖွင့်ပွဲပဲ…. အခု ပထမဆုံး တိုက်ပွဲအဖွင့်ကို သူတို့နှစ်ယောက်နဲ့ စကြတာပေါ့…..” သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြသည်။

ချင်ယွီ ညွှန်းဆိုသော သူနှစ်ယောက်ကို လူတိုင်းက သိသည်။

ဤသို့ ထူးခြား ကောင်းမွန်သော တိုက်ပွဲစင်မြင့်ကို တည်ဆောင်ခြင်းက ကျောင်းသားများကိုလည်း များစွာ တွန်းအား ဖြစ်စေမည် ဖြစ်သည်။ ထို့အပြင် ယခု ပထမဆုံး တိုက်ပွဲက ပိုမို၍ ခမ်းနားပေသည်။

ထိုအခိုက်တွင် ကောင်းကင်၌ လူတစ်ယောက် ပေါ်လာသည်။ သူ့ထံမှ မည်သည့် ကိုယ်ရောင် ကိုယ်ဝါကိုမှ ထုတ်လွှတ်ထားခြင်း မရှိပေ။ သူ၏ အဝတ်စများအား တဖျတ်ဖျတ် လွင့်နေစေကာ သူ၏ ဆံပင်ရှည်များ ကလည်း လေထဲ လွင့်နေသည်။ သူ၏ ချောမောသော မျက်နှာတွင် မည်သည့် ခံစားမှုကိုမျှ မတွေ့ရပေ။ သူ၏ အကြည့်က တည်ငြိမ်ကာ အေးစက်သည်။ သူ့ထံမှ မောက်မာသော ဟန်ပန်ကိုပင်လျှင် မတွေ့ရသော်လည်း ထိုနေရာမှာ ရပ်လျှင် သူက တခြားလူများထက် သာလွန်သော ခံစားချက်ကို ပေးသည်။

ဒွန်ဟွာကလန်တွင် နှစ်တစ်ရာအတွင်း ပါရမီ အမြင့်ဆုံးအဖြစ် သတ်မှတ်ထား ခံရသော လုနန်ထျန်း ရောက်ရှိလာပြီ ဖြစ်သည်။ သူက သိုင်းပညာ စင်မြင့်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက ရောက်လာမှတော့ နောက်တစ်ယောက်ကလည်း မကြာမီ ရောက်လာတော့မည်ကို လူတိုင်းက သိကြသည်။

အမှန်ပင် လူအုပ်ကြားထဲမှ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

မရေမတွက်နိုင်သော လူများက ထိုအရပ်သို့ ကြည့်လိုက်ကြသည်။ ထိုနေရာမှ အဖြူရောင် စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လျှောက်လာနေသည်။ သူက သိုင်းပညာ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း လှမ်းလာနေသည်။ လုနန်ထျန်းနှင့် မတူသည်ကား သူက စာပေသမားကဲ့သို့ ဝတ်ဆင်ထား သော်လည်း သူ့ထံမှ လွန်စွာ ပြတ်သားပုံရသော ခံစားချက်ကို ရသည်။ ထိုအရာက ကျောင်းတော်သား တစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှု ဖြစ်ဟန်ရသည်။

“ဂူတုံးလျို ရောက်လာပြီ….”

သိုင်းပညာ စင်မြင့်ပေါ်ကို လျှောက်လာသော လူငယ်ကို မြင်လျှင် လူတိုင်းက အသက်ရှု ရပ်တန့်သွားသလို ခံစားကြရသည်။

သိုင်းပညာ စင်မြင့်၏ ထောက်တိုင် တစ်ခုပေါ်တွင် ရပ်နေသော လုနန်ထျန်းက ဂူတုံးလျိုအား ကြည့်လိုက်သည်။ ဂူတုံးလျိုကလည်း သူ့အား မော့ကြည့်လိုက်လျှင် သူတို့၏ အကြည့်ချင်း ရင်ဆိုင်မိကာ ထိုနေရာ တစ်ခုလုံးကို မမြင်ရသော အားလှိုင်းတစ်ခုက ဖုံးလွှမ်း သွားတော့သည်။

***

All Chapters