← Chapters

စကြဝဠာအစွန်း၏ အင်အား

Vol. 56 Ch. 772

စကြဝဠာအစွန်း၏ အင်အား

Vol. 56 Ch. 772

ကောင်းကင်ဘုံအလွန် စကြဝဠာမှာ ကမ္ဘာများ တစ်ခုနှင့် တစ်ခု ဆုံတွေ့သောနေရာ ဖြစ်ပြီး အင်မော်တယ်လောကမှ ပို၍ အဆင့်မြင့်သော ကမ္ဘာဆီ ကူးသန်းသွားရောက်နိုင်မည့် တစ်ခုတည်းသော နေရာဖြစ်ကြောင်းလည်း ကောလဟာလများ ရှိဖူး၏။ ထို့အပြင် အင်မော်တယ် ဧကရာဇ် အထွတ်အထိပ် ပညာရှင်များစွာက အင်မော်တယ် ဧကရာဇ်ထက် အဆင့်မြင့်သော တာအိုအရှိန်အဝါများကို အာရုံခံမိကြ၍ သူတို့၏ တိုးတက်နှုန်းမှာ ပို၍ အားကောင်းလာကြသည်။

မြင့်မားသော ကမ္ဘာသို့ ဝင်ခွင့်ရနိုင်ခြေ တိုးမြင့်စေရန်အတွက် စကြဝဠာတစ်လျှောက်မှ မြောက်များစွာသော အဆင့်မြင့် ပညာရှင်များစွာက သူတို့အနေနှင့် ကောင်းကင်ဘုံအလွန် စကြဝဠာထဲရှိ အကျိုးမြတ်များနိုင်မည့် ပိုင်နက် ရရှိစေဖို့ရာ အဆက်မပြတ် တိုက်ပွဲများ တိုက်ခိုက်နေရသည်။

အဆက်မပြတ် တိုက်ပွဲများအပြီးတွင် ကောင်းကင်ဘုံအလွန် စကြဝဠာကြီးမှာ ထူးခြားသော သဏ္ဍာန်ရှိသည့် နေရာဖြစ်လာသည်။ ပိုင်နက်များအတွက် တိုက်ခိုက်ကြပြီးနောက် လူများစုက အကျိုးတူ လဲလှယ်မှုများ ပြုလုပ်လာကြသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်ဘုံအလွန် စကြဝဠာအပြင်ဘက်၌ ဘုံပိုင်နယ်မြေတစ်ခု  ဖြစ်တည်လာသည်။ ဤနေရာ၌ ရံဖန်ရံခါ သတ်ဖြတ်ခြင်းများ ရှိနေတတ်သော်လည်း ဤနေရာမှာ ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံးနှင့် နှိုင်းယှဉ်ကြည့်လျှင် ငြိမ်းချမ်းသည်ဟု ယူဆ၍ ရပေသည်။

ဤနေရာမှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၏ ဘုံပိုင်နယ်မြေ ဖြစ်ပြီး စကြဝဠာအစွန်းဟုလည်း သိကြပေသည်။

မည်သည့် မျိုးနွယ်၊ မည်သည့် ကမ္ဘာမှ ဖြစ်နေပါစေ အားလုံကို ဤနေရာ၌ အလဲအလှယ် လုပ်ခွင့် ပြုထားသည်။ စကြဝဠာအစွန်း စည်ပင်သာယာသည့် အကြောင်းအရင်းမှာ ကောင်းကင်ဘုံနယ်နမိတ်အလွန်တစ်လျှောက်လုံးမှ ရတနာ အများဆုံးရှိသည့် နေရာ ဖြစ်နေ၍ ဖြစ်သည်။ လက်ရှိ၌ စကြဝဠာအစွန်းမှာ စကြဝဠာ အသေးစားလေး ဖြစ်၏။ အကြောင်းမှာ ပိုင်နက် အများဆုံးပိုင်ဆိုင်သည့် ဒါမှမဟုတ် ကုန်သည်အိမ်တော် အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့်  မည်သည့် မျိုးနွယ်မဆို ကောင်းကင်ဘုံအလွန် စကြဝဠာ၌ အားအကောင်းဆုံး အင်အားစုများ ဖြစ်ကြပေသည်။

စကြဝဠာအစွန်း၌ ရတနာ ရရှိနိုင်သည့် အဓိကအရင်းအမြစ် သုံးခုမှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၏  ကြေကွဲမြို့ဟောင်း၊ ကောင်းကင်ဘုံအလွန်၏ လျို့ဝှက်နယ်မြေနှင့် ကောင်းကင်ဘုံနယ်နမိတ်အလွန် တို့ ဖြစ်ကြသည်။

ကောင်းကင်ဘုံနယ်နမိတ်အလွန်မှ အဓိက အရင်းအမြစ်မှာ စကြဝဠာနံရံကြီး ဖြစ်သော်လည်း အမှန်တရားမှာ အဓိကနေရာသုံးခု၌  ဤနေရာကား ရတနာ အနည်းဆုံး တွေ့ရှိနိင်သည့် ရတနာ ဖြစ်နေသည်။ ထိုမှ ရတနာများမှာ အစိမ်းရောင်ကျောက်များနှင့် အဆင့်နိမ့် မဟုတ်သည့် ရတနာများ ပါဝင်သော်လည်း သူတို့က ထိပ်တန်းအဆင့် သို့မဟုတ် ကောင်းကင်ဘုံ သွေဖယ်နေလောက်သည့် ရတနာမျိုးတော့ မဟုတ်ချေ။

သို့သော်လည်း ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ ကျင့်ကြံရေး အရင်းအမြစ်အတွက် ဇာစ်မြစ်နေရာ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ကောင်းကင်ဘုံနယ်နမိတ် အလွန်အတွင်း၌ မြို့လေး ရှိသော်လည်း ကျင့်ကြံရေး အရင်းအမြစ် အများစုက စကြဝဠာနံရံကြီးမှ ရရှိလာခြင်း ဖြစ်၏။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့မှာ စကြဝဠာနံရံကြီးမှ ကျင့်ကြံရေး အရင်းအမြစ် စုဆောင်းကြသော အဓိက အင်အားစု ဖြစ်ကြသည်။ သို့သော်လည်း ထိုမျိုးနွယ်စုနှစ်ခုက စကြဝဠာနံရံကြီးအပြင် ပိုင်နက် လုရသည့် အကြောင်းအရင်းမှာ သူတို့က အားအကောင်းဆုံး ဖြစ်နေ၍ မဟုတ်ပေ။

ကောင်းကင်ဘုံနယ်နမိတ်အလွန်တွင် နှစ်တစ်ထောင်တိုင်း၌ ခွဲဝေသည့် စနစ် ရှိလေရာ မျိုးနွယ်စု နှစ်ခုက စကြဝဠာနံရံမှ ရရှိလာသော ကျင့်ကြံရေး အရင်းအမြစ်များအတွက် တိုက်ခိုက်ကြရသည်။ ယခု လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်တို့အလှည့် ဖြစ်ပြီး နှစ်တစ်ထောင်အတွင်း စကြဝဠာနံရံမှ ရတနာလိုချင်ကြသူများမှာ လူသားမျိုးနွယ် ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်ဆီ ပူးပေါင်းရသည်။

နှစ်တစ်ထောင်အတွင်း လူသားမျိုးနွယ်ကို ဝင်မိ၍ ဖြစ်စေ၊ မိစ္ဆာမျိုးနွယ်ကို ဝင်မိ၍ ဖြစ်စေ အဆုံးအသတ်အထိ ကူတိုက်ခိုက်ပေးရမည် ဖြစ်၏။

အရိုးသားဆုံးပြောရလျှင် ကောင်းကင်ဘုံ နယ်နမိတ်အလွန်သို့ ကျင့်ကြံရေး အရင်းအမြစ် လာရှာကြသော အင်မော်တယ်များမှာ လူသားမျိုးနွယ်ကို ဝင်လိုက်ခြင်း ဖြစ်ဖြစ်၊ မိစ္ဆာမျိုးနွယ်ကို ဝင်လိုက်ခြင်း ဖြစ်ဖြစ် အလွန်အမင်း စိတ်မချမ်းမသာ ခံစားရပေလိမ့်မည်။ ကောင်းကင်ဘုံနယ်နမိတ်အလွန်သို့ ခြေချလိုက်သည်နှင့် သာမာန် လူများမတတ်နိုင်သည့် ကိန်းဂဏန်းကြီးလွန်းလှသော ငွေကြေးကြောင့် ပြန်သွားဖို့ရာက မဖြစ်နိုင်သလောက် နီးကပ်နေလေ၏။ နယ်နမိတ်၌ ကြာကြာ နေလေလေ ထွက်သွားဖို့ရာ ပို၍ ခက်ခဲလေလေ ဖြစ်သည်။

သဘောတရားအရဆိုရလျှင် ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ စကြဝဠာနံရံ ပွင့်လာလျှင် ကျင့်ကြံရေး အရင်းအမြစ်များပေါကြွယ်ဝလာသောကြောင့် ပြန်ခြင်း၊ မပြန်ခြင်းက ကိစ္စမရှိတော့ပေ။

သို့သော်လည်း စကြဝဠာနံရံကြီး ပွင့်လာပြီးနောက်ပိုင်းတွင် တိုက်ပွဲကြီးများ မကြာခဏ ဖြစ်လေ့ရှိ၏။ ပြင်းထန်သော တိုက်ပွဲမှာ ကျင့်ကြံရေး အရင်းအမြစ်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ပြီး အင်မော်တယ် အများစုမှာ ဤသို့မျိုးတိုက်ပွဲများ၌ ပျောက်ကွယ်သွားကြသည်။

တိုက်ပွဲများ မရှိလျှင်ပင် ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ကြာရှည်စွာ နေနေခြင်းမှာ တာအိုအခြေခံအပေါ် ပျက်စီးကိန်း ဖြစ်စေလိမ့်မည်။

ကောင်းကင်ဘုံနယ်နမိတ်အလွန် ကျတ်တီးမြေ၌ ကျင့်ကြံသူ၏ တာအို အခြေခံကို မှောင်မိုက်လာစေသည့် ကင်းမဲ့စွမ်းအင်တမျိုး ရှိနေသည်။ နှစ်များစွာ တိုက်ပွဲများ ဖြစ်ပြီးနောက် ကြာကြာနေလေလေ ကျင့်ကြံရေး၌ တိုးတက်ဖို့ရာ ခက်ခဲလေလေ ဖြစ်သည်။ ကောင်းကင်ဘုံနယ်နမိတ် အလွန်သို့ ပထမရောက်ခါစ ကျင့်ကြံဆင့် အတက်မြန်သည်မှာ ချွင်းချက် ဖြစ်၏။

ထို့ကြောင့် ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ကြာကြာနေချင်သည့်  အင်မော်တယ် ဧကရာဇ်ဟူ၍ မရှိပေ။ သူတို့တာအို အခြေခံမှာ အချိန်ကြာလာသည့်အခါ သက်ရောက်မှု ရှိလာမည် ဖြစ်ကာ အကျိူးမြတ်များက ဆုံးရှုံးမှုကို မကာမိပေ။

ထန့်ဖေးယန်နှင့် ကွမ်ကျင်းတို့က အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိသွားနိုင်သည့် အဓိက အကြောင်းအရင်းမှာ သူတို့က ကောင်းကင်ဘုံအလွန်မြို့၌ အမြဲနေနေကြပြီး တိုက်ပွဲနယ်မြေထဲ ဝင်ဖို့ရာ မလိုအပ်၍ ဖြစ်သည်။ သူတို့က စကြဝဠာနံရံ ဖွင့်လာသည့်အခါမှသာ ရံဖန်ရံခါ သွားရောက်ကြခြင်း ဖြစ်၏။

ကျင့်ကြံသူ ဘယ်လောက်က ဤသို့ဘဝမျိုးကို နှစ်သက်ကြမည်လဲ ….

ဤနေရာရှိ ကျင့်ကြံသူ အများစုမှာ ကျတ်တီးမြေထဲ၌  သုံးရက်တစ်ခါ သို့မဟုတ် ငါးရက်တစ်ခါလောက် ဖြစ်လေ့ရှိသည့် တိုက်ပွဲ၌ ဆင်နွဲရန် လိုအပ်ပေသည်။

ထန့်ဖေးယန်နှင့် ကွမ်ကျင်းတို့လို လူမျိုးမှာ အပြင်ဘက်၌သာ ကြာကြာနေနေရပါက သူတို့၏ ဧကရာဇ် တာအိုကို သတိပြုနိုင်စေမည့် အခွင့်အရေး လက်လွတ်လိုက်ရမည်သာ ဖြစ်ပေသည်။

ကွမ်ကျင်းက  မိုဝူကျိလိုမျိုး အဆင့် ၉ ဆေးလုံးဧကရာဇ်နှင့် တွေ့ဆုံခွင့် ရသည်မှာ အရမ်းကံကောင်းလှ၏။ အကယ်၍ သူသာ ထပ်စောင့်ဆိုင်းနေပါက သူ့အနေနှင့် မိုဝူကျိကို တွေ့လျှင်ပင် ဧကရာဇ်တာအိုအား သတိပြုနားလည်နိုင်တော့မည် မဟုတ်ပေ။ ထန့်ဖေးယန်မှာ မြို့စား ဖြစ်သောကြောင့် သူ့အနေနှင့် ရရှိထားသော ကျင့်ကြံရေး အရင်းအမြစ်များစွာဖြင့်  ဧကရာဇ်တာအိုကို သဘောပေါက် နားလည်သွားသည်က ဖြစ်သင့်ပေသည်။ သူ့ဧကရာဇ်တာအိုကို သတိပြုမိပြီးနောက် သူက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမည် ဖြစ်၏။

…………..…

ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ အထက်ဘုံက လူသားမျိုးနွယ်စု၏ တစိတ်တပိုင်းအဖြစ် ယူဆ၍ရသည့် အင်အားစု တစ်ခုဖြစ်ကာ ကောင်းကင်ဘုံနယ်နမိတ်အလွန်သို့ အင်အားကောင်းကောင်းနှင့် ရောက်ရှိလာခြင်း ဖြစ်၏။ ဤနှစ်များစွာ၌ အထက်ဘုံမှ ပါရမီရှင်များစွာကို တိုက်ပွဲအတွင်း စေလွှတ်ခဲ့ပြီး စေလွတ်ခံလိုက်ရသော လူအားလုံးမှာ သေဆုံးသွားကြရသည်။

ထိုအကြောင်းအရင်းကြောင့် အထက်ဘုံ၏ အင်အားမှာ သိသိသာသာ အားနည်းလာပြီး ဦးစွာ ပိုင်ဆိုင်ခဲ့သည့် ပိုင်နက်ထဲမှ ၉၀ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးသွားလေ၏။ ယခု စကြဝဠာထဲ၌ သာမာန် မြို့လေးသာ ကျန်ရှိတော့ပြီး သူတို့၏ နဂိုယာယီစခန်းမှာလည်း တခြားသူများဆီ ပါသွားလေပြီ။

အထက်ဘုံ စကြဝဠာမြို့မှာ ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ကျန်ရှိတော့သည့် တစ်ခုတည်းသော စခန်း ဖြစ်ပေသည်။

လက်ရှိ စိတ်ခံစားချက် ကင်းမဲ့နေသည့် လူလတ်အရွယ် အမျိုးသားက အထက်ဘုံ စကြဝဠာ မြို့၌ ခန်းမအလယ်၌ ထိုင်နေ၏။ လူဆယ်ယောက်ကျော်တို့မှာလည်း သူ့ဘေးတွင် ထိုင်နေကြသည်။ သူတို့တစ်ယောက်စီမှာ အင်မော်တယ်စွမ်းအားများ တောက်ပနေလေ၏။ အားအနည်းဆုံးသူပင် အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ဖြစ်ပေသည်။

လူလတ်အရွယ် အမျိုးသားမှာ ဖျင်လီရှန်း ဖြစ်ပြီး အထက်ဘုံ စကြဝဠာမြို့၏ မြို့စား ဖြစ်ပေသည်။ သူက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်၏။ အထက်ဘုံအတွင်း၌ သူ့အဆင့်အတန်းမှာ ကျီချန်းလော့နောက်မှ ဒုတိယလိုက်နိုင်သောသူ ဖြစ်၏။ အားလုံးက သူသည် ကျီချန်းလော့အတွက် အလုပ်လုပ်ပေးပြီး အမိန့်တိုင်းကို နာခံသည့်သူ ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။

“ ကျိုက်ယန် …. လူသားမျိုးနွယ်ကနေ ဆေးလုံးဧကရာဇ် တစ်ယောက် ပေါ်ပေါက်လာတာနဲ့အတူ ကောင်းကင်ဘုံအလွန်မြို့ ပျက်စီးသွားတဲ့အကြောင်းကို သေချာတင်ပြပါဦး ” ဖျင်လီရှန်းက ခံစားချက်မရှိ ပြောလိုက်သည်။

“ ဟုတ်ကဲ့ …” အနည်းငယ် ပိန်ပါးပါး အကြီးအကဲ တစ်ဦးက ထရပ်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း

“ မိုဝူကျိလို့ ခေါ်တဲ့ ဆေးလုံးဧကရာဇ်က မြို့ထဲမှာ လူသားဆေးလုံး အိမ်တော်ဆိုပြီး ဆေးအိမ်တော်ကို ဖွင့်လိုက်ပါတယ်။ သူက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ပြီးတော့ သူ ဖော်စပ်တဲ့ ဆေးလုံးတွေက မီဖေးကုန်သည်အိမ်တော်ထက် ဈေးအရမ်းချိုတယ်။ ရလဒ်အနေနဲ့ မကျေနပ်တဲ့ မီဖေးကုန်သည်အိမ်တော်က မီဖေးကုန်သွယ်‌ရေး အဖွဲ့အစည်းအထိ လှမ်းတင်ပြလိုက်တဲ့ အနေအထားပါ ”

“ မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် အုပ်စိုးသူလေးယောက် ရှိတာကို ကုန်သွယ်ရေး အဖွဲအစည်းအထိ လှမ်းတင်ပြသေးတယ်လား ” ဖျင်လီရှန်း ဘေးတွင် ထိုင်နေသည့် မိန်းမငယ်လေးက မရေမရာ ဝင်ပြောလိုက်သည်။

ကျိုက်ယန်က ရှင်းပြလိုက်သည်

“ မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဆိုပေမဲ့ အတော်လေး အဆင့်မြင့်တဲ့ အမွေအနှစ်ကို ရထားတဲ့ပုံပါပဲ။ အဲဒါကြောင့် သူက မီဖေးကုန်သည်အိမ်တော်ရဲ့ အင်မော်တယ် အုပ်စိုးသူ ကွမ်ကျင်းကို သူ့ဘက်အပါ ခေါ်နိုင်ခဲ့တယ်။ ပြီးတော့ သူက နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူ ကျီလီကို သတ်ခဲ့တယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေတယ်။ မီဖေးကုန်သည်အိမ်တော်ရဲ့ မင်ချန်းက အမြဲတမ်း သတိကြီးကြီးထားတဲ့သူဆိုတော့ မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ လှမ်းအကြောင်းကြားလိုက်တာ နေမယ် ”

ဖျင်လီရှန်းက ခေါင်းညိတ်ပြကာ  “ ငါလည်း အဲဒါကို သိတယ်။ ဆက်ပြော … ”

ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ သူတို့အင်အားမှာ ကန့်သတ်ချက် ရှိနေသော်လည်း အထက်ဘုံအနေနှင့် ကောင်းကင်ဘုံအလွန် မြို့၌ သူတို့ကိုယ်ပိုင် ဆိုင်တစ်ဆိုင် ရှိနေဆဲ ဖြစ်၏။ သူက မီဖေးကုန်သွယ်ရေးအဖွဲ့အစည်းက အင်မော်တယ် ဧကရာဇ် လွတ်လိုက်သည့် အကြောင်း ကြားသော်လည်း လျစ်လျူရှုဖို့သာ ရွေးချယ်ခဲ့သည်။ သူ့အမြင်အရ လူသားဆေးလုံး အိမ်တော်မှာ ကိုယ့်သေတွင်းကို တူးနေခြင်းသာ  ဖြစ်ပြီး အင်မော်တယ် ဧကရာဇ်က ထိုဆိုင်အား ရှင်းထုတ်ပစ်သင့်ပေသည်။

“ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက လွတ်လိုက်တဲ့ အင်မော်တယ် ဧကရာဇ်က တူစုန့်တဲ့ ….. တူစုန့်က ကောင်းကင်ဘုံအလွန်မြိုကို ရောက်ပြီးတော့ အစအနမရှိ ပျောက်သွားတာက မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုပဲ။ သူက ဆေးလုံးဧကရာဇ်မိုရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာ ဖြစ်မယ် ”

ကျိုက်ယန်စကားကို ဖြတ်ပြောသည့် လေသံတစ်သံ ထွက်ပေါ်လာပြီး

“ ငါ တူစုန့်ကို သိတယ်။ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်ကို ထိပ်ဆုံးရောက်နေပြီဆိုတော့ သာမာန်အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်လောက်ဆိုရင် သူ့ပြိုင်ဖက် မဖြစ်နိုင်ဘူး။ ဆေးလုံးဆရာ ဖြစ်တဲ့ မိုဝူကျိက သူ့ကို ဘယ်လိုမျာ သတ်လိုက်တာလဲ။ ကွမ်ကျင်းက ဧကရာဇ်တာအိုကို သတိပြုမိပြီးတဲ့နောက်မှာမှ ကူညီပေးလိုက်တာလား ”

ကျိုက်ယန်က ဆက်ပြောလိုက်သည်

“ ယခင်က အဲလို တွေးမိပေမဲ့ ရက်နည်းနည်းကြာတော့ မီဖေးကုန်သွယ်ရေး အဖွဲ့က နောက်ထပ် အင်မော်တယ် ဧကရာဇ် သုံးယောက် ထပ်လွှတ်လိုက်တယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ အူးကျောက်ဟယ်၊ လင်းရုန်နဲ့ သဲ့ဖျင်ရှားတို့က မြိုကို ရောက်တော့ လူသားဆေးလုံးအိမ်တော်ကို ဝိုင်းထားပြီး တိုက်ခိုက်ကြတာ ….

အဲဒီမှာ အင်မော်တယ် ဧကရာဇ်ရောက်ခါစ ကွမ်ကျင်းက တိုက်ပွဲလည်း ဖြစ်ရော  မြို့ထဲကနေ အကြောက်တလန်နဲ့ ထွက်ပြေးသွားတယ်။ အဲဒီမှာ မိုဝူကျိက တစ်ယောက် သုံးယောက် တိုက်ခိုက်ကြရော  ….  သူက အူးကျောက်ဟယ်နဲ့ လင်းရုန်ကို သတ်နိုင်ခဲ့တယ်။ သဲ့ဖျင်ရှား တစ်ယောက်ပဲ အသက်ရှင်ရက် ထွက်ပြေးလာနိုင်တာ …. အဲဒါဆိုတော့ တူစုန့် သေဆုံးမှုက ကွမ်ကျင်းနဲ့ မဆိုင်ဘဲ မိုဝူကျိ တစ်ယောက်တည်းရဲ့ လက်ချက် ဆိုတာ ပြနေတာပဲ  ”

အားလုံးက လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ သူတို့အားလုံးက မိုဝူကျိကို သေချာမသိကြသော်လည်း  အူးကျောက်ဟယ်နှင့် လင်းရုန်သည် မည်သို့လူစားမျိုး ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။

အူးကျောက်ဟယ်မှာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်ပြီး စကြဝဠာအစွန်း၌ သူမတူ ပြိုင်ဖက်ကင်း အင်အားကို  ပိုင်ဆိုင်ထားသည့် တည်ရှိမှုမျိုး ဖြစ်၏။ တစ်ဖက်၌ လင်းရုန်မှာ သွေးအေးလှသည့် အင်မော်တယ် ဧကရာဇ်တစ်ယောက် ဖြစ်ပြီး အူးကျောက်ဟယ်နီးပါးလောက် အားကောင်း၏။ ထိုသို့မျိုး အင်မော်တယ် ဧကရာဇ်များက လူသားဆေးလုံးအိမ်တော်၏ ဆေးလုံးဧကရာဇ် လက်ချက်အောက် သေဆုံးသွားရသည်မှာ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည်။

ကျိုက်ယန်က တဖန်ထပ်ပြောလိုက်သည်

“ ကောင်းကင်ဘုံအလွန်မြို့က အဲဒီတိုက်ပွဲကြောင့် ပျက်စီးသွားတယ်။ ဒါပေမဲ့ မိုဝူကျိက ပျောက်ဆုံးနေဆဲပဲ။ လက်ရှိ စကြဝဠာအစွန်းမှာ မြို့ထဲက လူတွေက မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ လျော်ကြေးတောင်းဖို့ ရောက်နေကြတယ် ”

“ မင်းဆီမှာ မိုဝူကျိရဲ့ ပုံတူ ရှိလား ” ဖျင်လီရှား လေသံမှာ ပို၍ နက်နဲလာသည်။

ကျိုက်ယန်က လက်တစ်ဖက် မြှောက်လိုက်သည်နှင့် အားလုံးရှေ့မှောက်၌ အပြာရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။

ထောင့်တစ်နေရာတွင် ထိုင်နေသည့် ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက ထိုပုံရိပ်ကို မြင်လိုက်သည်နှင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။ အသက်တစ်ရှိုက်စာဝက်လောက်အတွင်း သူက ဒေါသနှင့် စိတ်ခံစားချက်များကို ပြန်လည် ဖုံးကွယ်နိုင်ခဲ့၏။

“ တစ်ယောက်ယောက်များ အဲဒီလူက အရင်က မြင်ဖူးလား ” ဖျင်လီရှားက လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။

မည်သူကမှ ဘာမှမပြောကြ၍ မိုဝူကျိအား မည်သူကမှ မသိသည်မှာ ထင်ရှားလှသည်။

“ ဘယ်သူမှ သူ့ကို မသိမှတော့ အခု အစည်းအဝေးကို အဆုံးသတ်ကြတာပေါ့။ စွန်းလင် ငါနဲ့အတူတူ ကောင်းကင်ဘုံအလွန် အင်မော်တယ် မဟာမိတ်ကို လိုက်ခဲ့  …” ဖျင်လီရှန်းက ထရပ်ကာ ပြောလိုက်သည်။

“ ဟုတ်ကဲ့ ….” ထရပ်လိုက်သူမှာ ဖျင်လီရှန်းဘေးမှ ထိုင်နေသူ မိန်းမငယ်လေး ဖြစ်ပြီး မီဖေးကုန်သည်အိမ်တော်အနေနှင့် မီဖေးကုန်သွယ်ရေး အဖွဲ့ကို အဘယ်ကြောင့် လှမ်းအကြောင်းကြားတာလဲဟု မေးလိုက်သည့် တစ်ယောက်နှင့် အတူတူ ဖြစ်ပေသည်။

ခန်းမအတွင်းမှ လူအားလုံးမှာ မတ်တတ်ရပ်လိုက်ပြီး အားလုံးက ဖျင်လီရှန်းမှာ စကြဝဠာအစွန်း၌ ယာယီစခန်းအတွက် တိုက်ခိုက်ရန် ကောင်းကင်ဘုံအလွန် အင်မော်တယ် မဟာမိတ်အဖွဲ့မှ အကူအညီတောင်းဖို့ သွားမှန်း ကောင်းကောင်း သိပေသည်။ အထက်ဘုံကို ကိုယ်စားပြုသော လူသားမျိုးနွယ်က စကြဝဠာအစွန်း၌ ယာယီစခန်း ရှိသော်လည်း မျိုးနွယ်စုမှာ အားကောင်းလာပြီး သူတို့အထက်ဘုံမှာ အားနည်းလာလေရာ နောက်ဆုံး၌ သူတို့အနေနှင့် စကြဝဠာအစွန်းမှ မောင်းထုတ်ခံရလိမ့်မည်။

စကြဝဠာအစွန်း၌ ခြေကုပ်မရှိလျှင် ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှပင် မောင်းထုတ်ကြလိမ့်မည်။

***

All Chapters