အခန်း(၅၀၇) စိတ်ကုန်လှပြီ
Vol. 37 Ch. 507
အခန်း(၅၀၇) စိတ်ကုန်လှပြီ
မေလက ရာသီဥတုမှာ အလွန်နွေးထွေးလှသည်။ အလုပ်ဆင်းသောအခါ လင်းချင်းဟယ်က ရေခဲချောင်းတစ်ချောင်း တန်းစားလိုက်၏။
ကျိုးချင်းပိုင်လည်း ဘာမှမတတ်နိုင်ဘဲ သူမကို ကြည့်သာ ကြည့်နေတော့သည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ကျွန်မ တစ်ချောင်းတည်းစားတာပါ။ ပူလွန်းလို့" အဲကွန်းတစ်ခုလောက်သာ ရှိလျှင်ကောင်းလိမ့်မည်။ ဒီနှစ် နွေရာသီ အလွန်ပူပြင်းလိမ့်မည်ဟု သူမ ခံစားမိ၏။
ကျိုးချင်းပိုင်က ဘာမှမပြောခဲ့ပေ။ သူမ စားဖို့ လျန်ဖီတစ်ပန်းကန် လုပ်ပေးလိုက်သည်။ သခွားသီးနည်းနည်းလည်း ထည့်ပေးသဖြင့် အလွန်အရသာ ရှိလှပါသည်။
လင်းချင်းဟယ်က တွန့်ဆုတ်မနေဘဲ စားသောက်ရင်း ဒေါ်လေးမာနှင့် ပြုံးရွှင်စွာ စကားပြောလိုက်သည်။ "လျို့လေးရဲ့ မုန့်လုပ် စွမ်းရည်ကတော့ တော်တော်ကောင်းတာပဲနော်။ ကိတ်မုန့်ကလည်း အရမ်းရောင်းကောင်းတယ်။ နေ့တိုင်း ကိတ်မုန့် လေးခြင်းလောက်ကို ရောင်းထွက်တယ်"
ဒေါ်လေးမာ စိတ်ချမ်းသာနေပါသည်။
မနှစ်က နှစ်ကုန်တုန်းက ကျိုးချင်းပိုင်က သူမကို ပိတ်ရက်အရှည်ကြီးပေးခဲ့သည်။ ထို့ကြောင့် အထုပ်အပိုးများပြင်ကာ သူမယောက်ျားနှင့်အတူ သားကြီးတို့မိသားစုအား တွေ့ဖို့ နယ်စပ်သို့ ခရီးသွားနိုင်ခဲ့ပါသည်။
ထိုဘက်က အခြေအနေများက ဒီလောက် မကောင်းသော်လည်း ဘဝအခြေအနေများက တည်ငြိမ်ပါသည်။ ဒေါ်လေးမာက အလွန်ကျေနပ်ကာ လုံးဝ စိတ်ချရပြီဟု ခံစားခဲ့ရပါသည်။
သူမ ပြန်လာသောအခါ သူမသာ ပိတ်ရက်ရှည် ရခြင်းမဟုတ်ဘဲ သူမသားကိုလည်း ပိတ်ရက်ရှည် ပေးခဲ့ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူတို့မိသားစု ရွာပြန်ကာ ရက်အနည်းငယ်လောက် နေနိုင်ခဲ့ပါသည်။
ပိုအရေးကြီးသည်က ကိတ်မုန့်ခြင်းအနည်းငယ်ကို နေ့တိုင်း လုပ်ပြီး သူတို့ဆိုင်သို့ ပို့ကာ ရောင်းချသည်။ ငွေတော့ အများကြီး မရပါ။ ထိုကိတ်မုန့်ခြင်းများက တစ်ခြင်းကို ငါးပြားဆယ် ရသည်။ လေးခြင်းကို ၂ ယွမ် ကုန်ကျပါသည်။ ထို့ကြောင့် ဟွမ်ရှောင်းလျို့က တစ်ရက်ကို ငါးပြားဆယ်လောက်ရသည်။ တစ်လကို ၁၅ ယွမ်လောက်ရပါသည်။
သို့သော်လည်း ဒီကိတ်မုန့် စီးပွားရေးကြောင့် ဟွမ်ရှောင်းလျို့၏ စိတ်ဓာတ်ကို ပြောင်းလဲသွားစေခဲ့ပါသည်။
ဒေါ်လေးမာက ပြုံးလိုက်၏။ "အားလုံးက ဆရာမလင်း သူ့ကိုစောင့်ရှောက်ပေးတဲ့ ကျေးဇူးတွေကြောင့်ပေါ့"
လင်းချင်းဟယ် ပြုံးလိုက်သည်။ "ကျွန်မ သူများတွေကို စောင့်ရှောက်ပေးဖို့ဆိုတာလည်း သူတို့ကိုယ်တိုင်က အစွမ်းအစရှိမှဖြစ်မှာလေ"
ဟွမ်ရှောင်းလျို့လည်း ငွေနည်းနည်းရ၊ ဆိုင်လည်း ငွေနည်းနည်းရသဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသော စီးပွားရေးဟု ဆိုနိုင်ပါသည်။
ဒေါ်လေးမာက ရပ်ကွက်ထဲက လူများအကြောင်း သူမကို ပြောပြသည်။ မနာလိုဖြစ်နေသည့် လူများစွာရှိ၏။ ဟွမ်ရှောင်းလျို့ အကြောင်း မကောင်းပြောသည့် လူများလည်း အပါအဝင်ဖြစ်သည်။ သူတို့စကားလုံးများက အောက်တန်းကျမှုများဖြင့် ပြည့်နှက်နေ၏။
"လူတွေရှိရင် အတင်းအဖျင်းဆိုတာ ရှိမှာပဲ။ ရှောင်းလျို့သာ တွေးတတ်ပါစေ။ ကျွန်မတို့က အပင်မြင့်မြင့်ဖြစ်နေပြီလေ။ ကိစ္စမရှိပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်သ်ည။
"ဟုတ်တယ်နော်။ အရင်တုန်းက အဲ့ကိစ္စပြောကြည့်တော့ သူသိပ်စိတ်မကောင်းဘူး။ အခုတော့ ဒီလုပ်ငန်းကြောင့် အလုပ်များနေတော့ သူ့စိတ်က ပုံမှန်ပြန်ဖြစ်သွားလောက်ပါပြီ" ဒေါ်လေးမာက ပြောလိုက်သည်။
တကယ်တော့ မနှစ်က သူ့ချွေးမ အနည်းငယ် စိတ်ဓာတ်ကျနေကြောင်း ဒေါ်လေးမာလည်း ခံစားမိပါသည်။ သို့သော် သူဘာပြောရမှန်း မသိပေ။ သူမ၏ စိတ်ကို အရင်ဖွင့်ချဖို့ လိုအပ်သည်။
လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလိုက်ပြီး ဒေါ်လေးမာနှင့် စကားခဏလောက် ပြောလိုက်၏။ ထို့နောက်နားဖို့ အိမ်အရင်ပြန်နှင့်သည်။ ဒီနေ့ နေ့လည်ခင်း သူမ၏ မိတ်ဆွေက အတန်းတစ်တန်းလောက် လဲပေးဖို့ ပြောသဖြင့် အတန်းသုံးတန်းတောင် သင်ပြခဲ့ရပါသည်။ မလွယ်ပါ။
သူမ ပြန်လာသည်နှင့် ကျန်းမေ့လျန်ကို မြင်လိုက်ရသည်။ ကျန်းမေ့လျန်က သူမကို မြင်သောအခါ ချိုသာစွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "ဒေါ်လေး"
လင်းချင်းဟယ်က သူ့ကိုစောင်းကြည့်လိုက်ပြီး အိမ်ထဲဝင်သွားသည်။ ဘာမှ ပြန်မပြောပေ။
"ဘာလို့ သူ့ကိုယဥ်ကျေးပြနေတာလဲ" အမျိုးသမီးကျန်းက ငေါက်လိုက်သည်။
လင်းချင်းဟယ်ကို သူမတို့၏ အိမ်နီးချင်း ဆက်ဆံရေးအား အနည်းငယ် စောင်းငှဲ့ကြည့်ပေးပြီး စောင့်ရှောက်ပေးဖို့ မျှော်လင့်ခဲ့၏။ အလုပ်နေရာတစ်ခုရှိပါက သူမကိုပေးစေချင်သည်။ သို့သော် အခုချိန်ထိ ဘာသတင်းမှ မကြားရသေးပါ။
ထို့ကြောင့် အမျိုးသမီးကျန်းက လက်လျှော့လိုက်ပါသည်။ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
သူမက ဟွမ်ရှောင်းလျို့လို လူတစ်ယောက်ကို အခွင့်အရေးပေးချင်နေသည်။ သူမကိုတော့ လျစ်လျူရှုထား၏။ သူမ နားမလည်ဘဲ နေပါ့မလား။ ယဥ်ကျေးပြနေလည်း ဘာထူးတော့မှာလဲ။
"ကျွန်မတို့က အိမ်နီးချင်းတွေကိုး" ကျန်းမေ့လျန်က ပြောလိုက်သည်။
တကယ်တော့ သူမ ကျိုးမိသားစု၏ အသိအမှတ်ပြုမှုကို ခံချင်နေသည်။ ထို့နောက် သူမနှင့် ရှုရှန့်ချမ်းတို့ အတူတူ နေနိုင်ပြီဖြစ်၏။
လောလောဆယ်တော့ သူမ စိတ်ကုန်နေပါပြီ။ နှစ်စကတည်းက ရှုရှန့်မိန်က သူမနှင့် ရှုရှန့်ချမ်းတို့ကို အလွန်နီးနီးကပ်ကပ် စောင့်ကြည့်နေသဖြင့် သူမ ရှုရှန့်ချမ်း၏ အိမ်သို့ပင် မသွားနိုင်တော့ပေ။
အမှန်ပင်။ ရှုရှန့်ချမ်းက ဒီတိုင်းထိုင်မနေနိုင်သဖြင့် သူမငှားထားသည့် အခန်းထံသို့ ရောက်လာခဲ့သည်။
ဒီလောက်ထိ ကြာတာတောင် ရှုရှန့်မိန်က စိတ်မလျှော့နိုင်သေးပေ။ အရင်တစ်ခေါက်က အလုပ်သမားတစ်ယောက်ငှားပြီး သူမကို ပထုတ်ချင်နေသည်။
အကျည်းတန်စွာ ပြောရလျှင် သူမကို ကန်ထုတ်ချင်ပြီး သူ့မောင်နှင့် ခပ်ဝေးဝေး နေစေချင်နေသည်။
ကံကောင်းစွာဖြင့် ရှုရှန့်ချမ်းက သဘောမတူသဖြင့် ရှုရှန့်မိန်က သူမကို မောင်းမထုတ်နိုင်ခဲ့ပါ။ မဟုတ်ပါက သူမ ဆိုင်သို့ သွားနိုင်တော့မည်ပင် မဟုတ်ပေ။
သို့သော်လည်း ကျန်းမေ့လျန်ကလည်း လိပ်ပြာမလုံပါ။ အဘယ့်ကြောင့်ဆိုသော် အခုချိန်ထိ ရှုရှန့်ချမ်း၏ ကိုယ်ဝန်ကို မဆောင်နိုင်သေးသောကြောင့်ဖြစ်သည်။ ဆေးရုံတွင် ဆေးသွားစစ်ပြီးပါပြီ။ ကိုယ်ဝန်ရဖို့ မလွယ်ကူတော့သော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဟု ပြောခဲ့၏။
သို့သော်လည်း ခုထိ ကိုယ်ဝန်မရသေးပါ။
ရှုရှန့်ချမ်းကြောင့်လားပင် မသိပေ။
အမှန်ပင်။ ကျန်းမေ့လျန် ထုတ်မပြောရဲပါ။ ဆေးသောက်ပြီး ကိုယ်ဝန်မြန်မြန်ရပါစေဟုသာ ဆုတောင်းနိုင်တော့သည်။
"ဟုတ်ပြီ ကျွန်မအရင်ပြန်နှင့်တော့မယ်" ကျန်းမေ့လျန်က စိတ်ရှုပ်နေသဖြင့် ပြန်လာခဲ့သည်။
သူမ ဆိုင်သို့ ရောက်ောအခါ ရှုရှန့်ချမ်းလည်း ရှိနေသည်။ ရှုရှန့်မိန်က သူမကို စောင်းကြည့်လိုက်ပြီး တဲ့တိုးပြောလိုက်၏။ "ဒီဆိုင်မှာ လူတွေ အများကြီး မတတ်နိုင်ဘူး။ နင်နဲ့ ဒီလိုမျိုး ပူးတွဲလုပ်နေလို့လည်း မတန်ဘူး။ နင်ဘယ်တော့ ထွက်သွားမှာလဲ။"
"အစ်မ တော်ပါတော့။" ရှုရှန့်ချမ်းက အံကြိတ်လိုက်သည်။
ကျန်းမေ့လျန်၏ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ရှုရှန့်မိန်ကို ကြည့်လိုက်သည်။ "ရှန့်မိန် နင်ငါ့ကို ဒီလိုကန်ထုတ်မှ ဖြစ်မှာလား။ ငါမြဲတမ်း ဆိုင်မှာ အကောင်းဆုံး ကြိုးစားခဲ့တာလေ။"
သူမဘယ်လိုလုပ် ပျော်ပျော်ကြီး ထွက်သွားနိုင်မည်နည်း။ ခုတလော စီးပွားရေး အလွန်ကောင်းနေပြီး တစ်လကို ယွမ် ၃၀၀ လောက်ရနိုင်သည်။ ဘယ်လောက်တောင် များလိုက်သလဲ။ ဒီလိုပိုက်ဆံမျိုး ဘယ်မှာသွားရှာလို့ရမလဲ။
လတိုင်း အဝတ်အစားအသစ် နှစ်စုံနှင့် ဖိနပ်အသစ်များ ဝယ်နိုင်သည်။ အားလုံးက ထိုငွေများကြောင့်ဖြစ်၏။
"မေ့လျန်က ဆိုင်အတွက် ဒီလောက်ကြိုးစားပေးခဲ့တာကို သူ့ကို မောင်းထုတ်မှဖြစ်မှာလား အစ်မ" ရှုရှန့်ချမ်းက ဒေါသထွက်နေသည်။
ရှုရှန့်မိန်မျက်နှာလည်း ခက်ထန်နေ၏။ "ဘယ်တုန်းက ငါ့ကို လာဆုံးမတတ်သွားတာလဲ။ ငါသူ့ကို စကားပြောနေတာပါ။"
ကျန်းမေ့လျန်က သူမ၏ မောင်ကို မြူဆွယ်ခဲ့သည်။ အခုချိန်ထိ သူတို့နှစ်ယောက် မရှင်းမရှင်း ဆက်ဆံရေးမျိုး ရှိနေဆဲဆိုတာ သူမ မသိဘဲ မနေပါ။ ဘယ်လိုလုပ် သူမ ခွင့်ပြုပေးနိုင်မည်နည်း။
"အခု နင်က ကျောက်မိသားစုနဲ့ လက်ထပ်ပြီးသွားပြိဆိုတော့ နင့်မှာ ပိုက်ဆံရှိလာပြီလေ။ အဲ့တော့ နင့်မောင်ဖြစ်တဲ့ ငါ့ကို အထင်သေးတာပေါ့ ဟုတ်တယ်မလား။ ရတယ်လေ။ ဒီဆိုင်ကို နင့်ဖာသာနင်သာ ယူလိုက်တော့။ နင့်ဆိုင်ပဲ ပစ္စည်းတွေရှိတယ် မထင်နဲ့။ တခြားဆိုင်တွေမှာလည်း ရှိတယ်။" ရှုရှန့်ချမ်းက အံကြိတ်လိုက်သည်။
ပြောဆိုပြီးနောက် ကျန်းမေ့လျန်ကို ခေါ်သွား၏။
"နင်ဘယ်သွားမလို့လဲ" ရှုရှန့်မိန်က ဒေါသတကြီး လိုက်ကာ ပြောလိုက်သည်။
"ငါဘယ်သွားသွား စိုးရိမ်စရာ မလိုဘူး။" ရှုရှန့်ချမ်းက အပြတ်ပြောကာ ကျန်းမေ့လျန်ကို ခေါ်သွားတော့သည်။
ကျန်းမေ့လျန်လည်း ထိတ်လန့်သွားသည်။ ခပ်ဝေးဝေးသို့ ရောက်သောအခါ သူမ ပြောလိုက်၏။ "ဘာလို့ ထွက်လာခဲ့တာလဲ။ အဲ့ဆိုင်မှာ တစ်လကို ဘယ်လောက်တောင် ရလဲ နင်သိရဲ့လား။ ငါတို့ ဒီလိုထွက်သွားလို့ ဘယ်ဖြစ်မလဲ"
"နင်ဘာတွေ စိုးရိမ်နေတာလဲ။ ငါ့လက်ထဲမှာ ယွမ်ရာကျော်နည်းနည်းလောက် ရှိပါသေးတယ်။ ငါတို့ ခဏလောက်သုံးလို့တော့ ရမှာပါ။ သူ့အထည်တွေကလည်း ငါ့ ဝမ်းကွဲယောက်ဖ တစ်ယောက်ဆီကနေ ဝယ်ထားတာ။ သူဝယ်နိုင်ရင် ငါတို့လည်း ဝယ်နိုင်ရမှာပေါ့။ ဆိုင်တစ်ဆိုင်လောက် သွားရှာပြီး ငါတို့ဖာသာ တစ်ဆိုင်ဖွင့်ကြမယ်။ သူ့ဆိုင်ကိုသွားရတာထက် ပိုကောင်းတယ်။ သူ့မျက်နှာလည်း တစ်ချိန်လုံး ကြည့်နေစရာ မလိုတော့ဘူး။ ငါစိတ်ပျက်နေပြီ။" ရှုရှန့်ချမ်းက မကျေနပ်စွာ ပြောလိုက်ပါသည်။
မနှစ်က နေထိုင်ရတာ ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ သူပြန်တွေးမိသည်။ သူ ကျန်းမေ့လျန်နှင့် အတူတူနေရသည်။ သူနဲ့ ကျန်းမေ့လျန်တို့က လမ်းမခွဲသေးသော်လည်း ညကြီးသန်းခေါင် သူမထံသို့ သွားကာ မနက်စောစောမှ ပြန်လာတတ်၏။ ဒီနှစ်ထဲ သူ့အစ်မ သိသွားမှသာ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။
ရှုရှန့်ချမ်း စိတ်ကုန်နေတာကြာပါပြီ။
ရည်းစားထားတာ သူဖြစ်ပြီး သူ့အစ်မနဲ့ ဘာဆိုင်လို့လဲ။ သူမကများ သူတို့ကို ပိတ်ပင်ချင်တာတဲ့လား။ စိတ်ရှုပ်စရာမကောင်းဘူးလား။
ကျန်းမေ့လျန်က သူ့ပြောစကားကြောင့် စိတ်ပြောင်းသွားပြီး မေးလိုက်သည်။ "နင်ပြောလိုက်တာ အမှန်ပဲလား"