အခန်း(၅၀၈) သူ့ကိုအတုမခိုးနဲ့
Vol. 37 Ch. 508
အခန်း(၅၀၈) သူ့ကိုအတုမခိုးနဲ့
ရှုရှန့်မိန်ကို ကျန်းမေ့လျန် ဒေါသမထွက်ဘူးဟု ပြောလို့မရပါ။ သို့သော် ငွေမျက်နှာကို ကြည့်၍သာ သည်းခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ပါက ရှုရှန့်မိန်၏ အပြုအမူကို သည်းခံစရာလိုပါဦးမလား။
ရှုရှန့်ချမ်းက ပြောလိုက်၏။ "တကယ်ပဲပေါ့။ အရင်တုန်းကတော့ သူတို့ရဲ့မျက်နှာတွေကို သွားကိုမကြည့်ချင်ဘူး"
အမှန်တိုင်းပြောရလျှင် ကျိုးမိသားစုတို့ဘက်က လူတွေ၏ မျက်နှာကို သူ မကြည့်ချင်ပါ။ သို့သော်လည်း အခုတော့ ရွေးချယ်စရာ မရှိတော့ဘဲ ကြည့်ရတော့မည်။ သူနဲ့ သူ့အစ်မတို့ ထပ်ပြီး မပူးပေါင်းနိုင်တော့ပါ။ ကျန်းမေ့လျန်နှင့် အတူတူ နေချင်ပြီး သူ့အစ်မက အတင်း ခွဲခိုင်းနေသည်။ အခုတော့ သူတစ်ယောက်တည်း ပြန်လည်စတင်တော့မည်။
"ချမ်းကျစ် ကျွန်မတို့ရဲ့ အနာဂတ်က ရှင့်အပေါ် မူတည်နေတယ်နော်။ ကျွန်မရှင်နဲ့ လက်ထပ်ရင် ဘဝကောင်းကောင်းမှာ နေချင်တယ်" ကျန်းမေ့လျန်က ချက်ချင်းဆိုသလို နူးညံ့စွာ ပြောလိုက်သည်။
ကျိုးမိသားစုမှ တစ်ယောက်ယောက်နှင့် အဆက်အသွယ်ရှိပြီး ရှုရှန့်ချမ်းကလည်း ဆန္ဒရှိသဖြင့် သူမ ကိုယ်ပိုင်ဆိုင် မဖွင့်ကြည့်ဘဲ နေနိုင်ပါ့မလား။
"တကယ်တော့ ငါ အဲ့ကို မသွားချင်ဘူး" ရှုရှန့်ချမ်းက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့လိုတော့ မဖြစ်ဘူးလေ။ ဆိုင်တစ်ဆိုင်လောက် ငှားပြီး သွားမေးကြည့်ပေါ့။ သူတို့ကို ကောင်းကောင်းမွန်မွန် သွားပြောကြည့်။ ကျွန်မတို့ဆိုင် စဖွင့်နိုင်တာနဲ့ နေ့ရက်ကောင်းတွေ ရောက်လာမှာပါ။ ကျွန်မတို့ရဲ့ အနာဂတ်အတွက် တွေးကြည့်ပါဦး" ကျန်းမေ့လျန်က ညင်သာစွာ ပြောလိုက်ပါသည်။
ရှုရှန့်ချမ်းက သူမကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏။ "ဟုတ်ပါပြီ၊ ဒါဆိုလည်း ငါအဲ့ကို သွားလိုက်မယ်။ ဒါပေမယ့် မေ့လျန် ဒါတွေအားလုံးက နင့်အတွက် ငါလုပ်နေတာနော်။ ပိုက်ဆံရသွားရင် ငါ့ကို ခွဲမသွားနဲ့။"
သူ့အစ်မ ပြောတာလည်း ဒီလိုပဲဖြစ်သည်။ ကျန်းမေ့လျန်က ပိုက်ဆံမက်သူသာဖြစ်ပြီး လူကောင်းသူကောင်းမဟုတ်ဟု ဆို၏။
အမှန်ပင်။ သူက ဒါကို မယုံကြည်ပါ။ သူ့တွင် ပိုက်ဆံ မရှိကတည်းက ကျန်းမေ့လျန် သူ့ကို ပြန်ကြိုက်ခဲ့တာ မဟုတ်လား။ သို့သော်လည်း ကြိုတင်ကတိစကားတော့ ပြောခဲ့ရပါသေးသည်။
ကျန်းမေ့လျန်က မေးစရာမလိုဘဲ သူပြောသည့် ဆိုလိုရင်းကို နားလည်သွားပါသည်။ ရှုရှန့်မိန် သူ့အကြောင်း မကောင်းပြောထားတာ ဖြစ်နိုင်သည်။ ကျန်းမေ့လျန်က ရင်ထဲတွင် မှတ်သားထားလိုက်၏။ အပေါ်ယံတွင်တော့ နူးညံ့စွာ ပြောလိုက်ပါသည်။ "ကျွန်မက ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ကျွန်မက ရှင့်အပိုင်ဖြစ်ခဲ့တာ ကြာပါပြီ။ ရှင့်ကိုပြောရမှာ။ နောက်ပိုင်း ပိုက်ဆံရှိလာရင် ကျွန်မကို မပစ်သွားနဲ့နော်။ ရှင်ပစ်သွားရင် ကျွန်မ လက်ထပ်ဖို့ မျက်နှာရှိမှာမဟုတ်တော့ဘူ'း"
ရှုရှန့်ချမ်းက ပြုံးလိုက်သည်။ "ကိုယ် မပစ်သွားပါဘူးကွာ။ မင်း လိမ္မာရင် ဘာပြဿနာမှ မရှိစေရဘူး"
ကျန်းမေ့လျန်က နှုတ်ခမ်းကို တွန့်လိုက်သည်။ သို့သော် သူ မမြင်လိုက်ပါ။ ရှုရှန့်ချမ်းလည်း ကျိုးမိသားစုတို့ထံသို့ ချက်ချင်း သွားမလည်ခဲ့ပေ။ သူနဲ့ ကျန်းမေ့လျန်တို့ ရက်အနည်းငယ်လောက် အချစ်နယ်ကျွံရင်း ဇိမ်ခံပျော်မွေ့ခဲ့ကြသေးသည်။ ထို့နောက်မှ တွန့်ဆုတ်စွာဖြင့် ရောက်လာလေသည်။
သူ့ဦးလေး ကျိုးချင်းပိုင်ကို သွားမတွေ့ပေ။ အထည်ဆိုင်တွင် ကျိုးအာ့နီကိုသာ တန်းသွားတွေ့လိုက်သည်။
"အထည်တွေယူဖို့ ဟုတ်လား။ နင့်အစ်မက ယူနေတာ မဟုတ်ဘူးလား" ကျိုးအာ့နီက မေးလိုက်သည်။
"ကျွန်တော့်အစ်မနဲ့ အတူတူ တွဲမလုပ်တော့ဘူး။ ကျွန်တော် ဆိုင်တစ်ဆိုင် ရှာထားပြီး ကျွန်တော့်ဆိုင် ကျွန်တော်ဖွင့်မလို့။ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ အကြွေးနဲ့ မယူပါဘူး။" ဟု ရှုရှန့်ချမ်းက ပြောလိုက်၏။
"နင့်ဆိုင်နင်ဖွင့်မယ် ဟုတ်လား" ကျိုးအာ့နိ အနည်းငယ် အံ့အားသင့်သွား၏။
"အင်း ဝမ်းကွဲ ယောက်ဖဆီက အထည်ယူလို့ ရမလား" ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။
"လောလောဆယ်တော့ မလွယ်လောက်သေးဘူး ထင်တယ်။ မှာတဲ့လူက တော်တော်လေး များနေလို့လေ။ ဒါပေမယ့် နင်သွားပြောရင်တော့ သူတို့ အလှည့်ကျော်ပြီး နင့်အတွက် အရင်လုပ်ပေးရင် လုပ်ပေးမှာပေါ့" ကျိုးအာ့နီက ပြောလိုက်သည်။
"ဟုတ်ပြီ ဝမ်းကွဲယောက်ဖရဲ့ စက်ရုံက ဘယ်မှာလဲ။ ကျွန်တော်သွားလိုက်မယ်" ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။
"ဒီလိပ်စာအတိုင်း သွားလိုက်" ကျိုးအာ့နီက စိတ်ထဲ သိပ်မထားဘဲ လိပ်စာ ရေးပေးလိုက်သည်။
ညနေခင်း ဝမ်ယွမ်က ကျိုးအာ့နီကို လာကြိုတော့ သူမ ပြန်ပြောပြလိုက်သည်။
"အင်း သူရောက်လာတယ်လေ။ သူ့ကို အထည် ၂၀၀ ပေးလိုက်တယ်" ဝမ်ယွမ် ပြောလိုက်သည်။ သူ့အစ်အတိုင်းပဲ စျေးပေးရသည်။ ကျန်တာကိုတော့ ဘာအကျိုးခံစားခွင့်မှ ရမည်မဟုတ်ပါ။ သူက အလှည့်ပင် ကျော်ရခဲ့ပါသည်။
လင်မယားနှစ်ယောက် နေ့လည်ခင်းတွင် ကျိုးချင်းပိုင်တို့ အိမ်၌ စားသောက်ခဲ့ကြ၏။ ညနေခင်းတွင်တော့ အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် ညစာလာစားကြသည်။
ကျိုးအာ့နီက အမေကျိုးကို ထိုအကြေင်း ပြောပြလိုက်သည်။
"သူ့ဆိုင်သူဖွင့်မယ် ဟုတ်လား။ သူ့သောက်သုံးမကျတဲ့ စိတ်နဲ့ ဘယ်လိုလုပ်ပြီး စီးပွားရေး လုပ်လို့ ရမှာလဲ" အမေကျိုးက ကြောင်စီစီ ဖြစ်သွာပြီး ငေါက်ငမ်းလိုက်ပါသည်။
ကျိုးအာ့နီ လက်ထပ်ပြီးစဥ်က ရှုရှန့်မိန် ရောက်လာပြီး ရှုရှန့်ချမ်း၏ လက်ရှိ အခြေအနေကို လာပြောပြခဲ့သည်။ လတ်တလော သူအလားအလာကောင်းနေသည်ဟုဆို၏။ လမ်းဘေးဆိုင်တစ်ဆိုင် ဖွင့်ပြီး တစ်လကို ယွမ် ၁၀၀ ကျော်ရသည်ဟု ဆိုသည်။
အမေကျိုးက ရှုရှန့်ချမ်း သူ့အစ်မဝမ်းကွဲ၏ မင်္ဂလာပွဲသို့ပင် မတက်ရောက်ခဲ့သဖြင့် ဆူငေါက်ချင်နေသည်။ သို့သော် သူ့အပြုအမူအကြောင်း စဥ်းစားမိသောအခါ မလာတာပဲ ပိုကောင်းပါသည်။ သူက ပြဿနာ တစ်ခုခု ရှာမှ ဒုက္ခရောက်လိမ့်မည်။
သူလမ်းဘေးဆိုင် ဖွင့်ခြင်းကိုတော့ သဘောတူပါသည်။
ဘာပဲဖြစ်ဖြစ် ဟူကျစ်လည်း လမ်းဘေးဆိုင် တစ်ဆိုင်ဖွင့်နေတာ ဖြစ်သည်။ သူငွေဘယ်လောက်ဝင်သလဲ ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရလဒ်များက ကောင်းမွန်သည်ဟု ပြောပါသည်။
သို့သော်လည်း လမ်းဘေးဆိုင်ဖွင့်ခြင်းနှင့် ကိုယ်ပိုင်ဆိုင်ခန်းတစ်ဆိုင်ဖွင့်ခြင်းက မတူညီပေ။ လမ်းဘေးဆိုင်ဖွင့်ခြင်းဆိုသည်မှာ ဘယ်နေရာမဆို ဖွင့်နိုင်သည်ဟု ဆိုလိုသည်။ သို့သော်လည်း ဆိုင်ခန်းတစ်ခုကို ဖွင့်ဖို့ကတော့ သေချာစီမံမှဖြစ်မည်။ မဟုတ်ပါက မည်သူမှ လာဝယ်မည် မဟုတ်ပေ။
အမေကျိုး သံသယဖြစ်မိပါသည်။ ချမ်းကျစ်လို စရိုက်မျိုးနဲ့ ဆိုင်တစ်ဆိုင် ဘယ်လိုလုပ်ဖွင့်နိုင်မှာလဲ။
"ရှန့်မိန်က ဘာမှလာမပြောဘူး။ ပြဿနာ မရှိလောက်ပါဘူး" ကျိုးအာ့နီက ပြောလိုက်ပါသည်။
အမေကျိုးက မှတ်ချက်ပေးလိုက်၏။ "သူက လမ်းဘေးဆိုင်ရောင်းနေရင်းလည်း အဆင်ပြေနေတာကို ဘာလို့ဆိုင်ဖွင့်မှာလဲ။ ပြီးတော့ ရှန့်မိန်ကောပဲ။ ၁ နှစ်နီးပါးလောက် ရှိနေတာကို ကိုယ်ဝန် ထပ်မရသေးဘူး။ အဲ့ဒီဘက်မှာ စကားသံတွေတော့ ထွက်လာတော့မှာပဲ။"
"အမေ စိတ်ပူမနေစမ်းပါနဲ့။ သူတို့အသက်အရွယ် ဘယ်လောက်ရှိနေပြီလဲ။ သူတို့ကို စိုးရိမ်ပေးဖို့ လိုနေသေးလို့လား" ကျိုးရှောင်မိန်က ဟင်းချက်စရာများနှင့် ပြန်လာရင်း ပြောလိုက်သည်။
ကျိုးအာ့နီက ကူသယ်ပေးလိုက်၏။
"တာ့လင်းက ဆိုင်ကိုရထားပြီး နေထိုင်စရိတ်တွေလည်း ရှင်းပြီးပြီ။ နင့်ဝမ်းကွဲတို့ မိသားစုက ဘယ်တော့လာမှာလဲ။" အမေကျိုးက သူမကို မေးလိုက်၏။
"သူတို့ကို ထားလိုက်စမ်းပါ။ အချိန်ကျရင် သမီး သူနဲ့ ငွေကိစ္စရှင်းလိုက်ပါ့မယ်" ကျိုးရှောင်မိန်က ပြန်ပြောလိုက်၏။
ဝမ်ယွမ်က အဖေကျိုးနှင့် စစ်တုရင် ကစားနေသည်။ ထိုစကားများကို သူတို့ နားမထောင်ကြပေ။ သူတို့ဘဝက တော်တော်လေး ဇိမ်ရှိနေ၏။
ထိုအိမ်တွင် ညစာစားပြီးသွားသောအခါ ကျိုးအာ့နီတို့ လင်မယားနှစ်ယောက်သား အိမ်ပြန်သွားကြသည်။ အိမ်က သိပ်မဝေးပါဘူး။ နီးနီးလေးသာဖြစ်သည်။
လင်းချင်းဟယ်က နောက်ကျမှ ကျိုးအာ့နီဆီက ပြန်ကြားခဲ့ခြင်းဖြစ်သည်။ သူမ ဂရုမစိုက်ပေ။ မောင်နှမနှစ်ယောက် ဘယ်လိုနေထိုင်မလဲဆိုတာ သူတို့ကိစ္စသာဖြစ်သည်။ ဒီလာပြီး လူတွေကို ဒုက္ခမပေးလျှင် လုံလောက်ပါပြီ။
"နင်ဘယ်လို ခံစားနေရလဲ" လင်းချင်းဟယ်က ကျိုးအာ့နီ၏ ဗိုက်ကို ကြည့်လိုက်သည်။
"အဆင်ပြေပါတယ်" ကျိုးအာ့နီက ပြုံးလိုက်၏။ ဘာလက္ခဏာမှ တကယ်မရှိပါ။ သူမ ကိုယ်ဝန်မရှိစဥ်ကအတိုင်းပင်။
လင်းချင်းဟယ်က ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်။ "နင်က ခန္ဓာကိုယ်ကောင်းကောင်း ရထားတာပါ။ ဒါပေမယ့်လည်း သတိထားသင့်တာတော့ ထားရဦးမှာပေါ့။ နင့်ခါးကို ဆန့်ပြီး ကွေးတာမျိုးတွေ မလုပ်ရဘူးနော်။"
"သမီးသိပါတယ်" ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်သည်။
ကျိုးချင်းပိုင်က ကျိုးအာ့နီအတွက် ကြက်စွပ်ပြုတ် ပြုတ်ပေးသည်။ ရက်အနည်းငယ်တိုင်း ကြက်စွပ်ပြုတ် ပြုတ်သောက်ခြင်းက သူတို့ဘက်တွင် အထူးအဆန်းမဟုတ်တော့ပါ။
ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်သည်။ "ကျွန်တော် ကုန်ခြောက်ဆိုင်ကိုသွားပြီး ပင်လယ်မျှော့နည်းနည်း သွားဝယ်ဦးမယ်။ ပြီးရင် အငယ်ဆုံးဒေါ်လေး (ရှောင်မိန်)တို့ကို ပင်လယ်မျှော့ဆန်ပြုတ်လုပ်ခိုင်းဦးမယ်"
"မဆိုးပါဘူး" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ "နင်သွားဝယ်ရင်း အပိုတစ်ကျင်းလောက် ဝယ်ခဲ့ဦး။ လူကြီးနှစ်ယောက်ကို ငါပေးတယ်လို့ သဘောထားလိုက်"
"ကောင်းပါပြီ" ဝမ်ယွမ်က ခေါင်းငြိမ့်လိုက်သည်။
ကုန်ခြောက်ဆိုင်တွင် လီအိုက်ကော်က ဝမ်ယွမ်ကို မေးလိုက်သည်။ "ကိုယ်ဝန်ရှိနေရင် ပင်လယ်မျှော့စားရင် ကောင်းတာလား"
"ကောင်းတာပေါ့ဗျာ" ဝမ်ယွမ်က ပြောလိုက်၏။ "အရမ်းအာဟာရရှိတယ်" သူပင်လယ်မျှော့ကို ယူကာ ပြန်သွားသည်။
လီအိုက်ကော်လည်း ကျိုးစန်းနီအတွက် အနည်းငယ် ဝယ်ပေးချင်နေသည်။ သို့သော် သူမ ပြောလိုက်၏။ "ဒါတွေစားဖို့ လိုလို့လား ကျွန်မအခုစားနေတာတွေလည်း အဆင်ပြေပါတယ်"
သူမ စားသောက်ရသည့်အရာများက ကောင်းမွန်ပါသည်။ ဟိုဘက်မလှမ်းမကမ်းတွင် စျေးကြီးတစ်ခုရှိ၏။ သူတို့စားချင်တာ မှန်သမျှ စားနိုင်ပါသည်။ တစ်ပတ်ကို ကြက်တစ်ကောင်စားပြီး နေ့တိုင်း ဝက်သားစားသည်။ ဒါ မလုံလောက်သေးဘူးလား။
ဘာ ပင်လယ်မျှော့စားစရာ လိုသေးလို့လဲ။ သူမ မစားချင်ပါ။ စျေးကြီးလွန်းသည်။
"ကျွန်မတို့ မိသားစု အခြေအနေက ဝမ်ယွမ်တို့နဲ့ ယှဥ်လို့မရဘူးလေ။ သူ့ကိုအတုသွားမခိုးနဲ့။ ကျွန်မ အခုလည်း တော်တော်လေး အဆင်ပြေနေတာပဲကို" ကျိုးစန်းနီက အာမခံစွာ ပြောလိုက်ပါသည်။
သူမ၏ဗိုက်က မသေးတော့ပါ။ သူမ တစ်ကိုယ်လုံးလည်း ဆူဖြိုးနေပြီ။ လက်ရှိ နေထိုင်မှုဘဝကို သူမ အလွန်ကျေနပ်နေပါပြီ။ ဘာမှ အပြစ်ဆိုစရာမရှိပေ။
လီအိုက်ကော်က ခေါင်းငြိမ့်ကာ ဘာမှမပြောတော့ပေ။ ဒီလိုဆိုင်မျိုး သူကိုယ့်ပိုင်ဆိုင်အဖြစ် ဖွင့်ချင်မိသည်။ ဆိုးရွားလောက်မည် မဟုတ်ဟု သူခံစားရပါသည်။