← Chapters

အခန်း(၅၁၁) သမီးကို အမွေပေးမယ့် ငွေတွေ လာမထိနဲ့

Vol. 37 Ch. 511

အခန်း(၅၁၁) သမီးကို အမွေပေးမယ့် ငွေတွေ လာမထိနဲ့

Vol. 37 Ch. 511

အခန်း(၅၁၁) သမီးကို အမွေပေးမယ့် ငွေတွေ လာမထိနဲ့

ကျောင်းတော်က အစားအစာများက တကယ်ပဲ သိပ်မဆိုးလှပါ။ သို့သော်လည်း ဖက်ထုပ်ဆိုင်က အစားအစာများနှင့် နှိုင်းယှဥ်ပါက တကယ်မယှဥ်နိုင်ပါ။

အဘိုးဝမ်က ခဏခဏလာမစားတတ်ပေ။ တစ်ခါတစ်လေမှ လာစားခြင်းဖြစ်သည်။

ဒီနေ့ကစပြီး ကျိုးကွေ့လိုင်က နေ့တိုင်း သူ့ခေါင်းကိုင်အဘိုးထံသို့ စွပ်ပြုတ်များ ယူဆောင်လာပေး၏။ ကျောင်းအုပ်ကြီးက ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျား မိသားစုကောင်းတစ်ခုရထားတာပဲ"

သားအရင်းနှင့် မြေးအရင်းကတောင် ဒီလောက်ထိ ဂရုစိုက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် အဘိုးဝမ် စိတ်သက်သာရာရပါသည်။

သို့သော် တကယ်ပဲ လဝက်လောက် စွပ်ပြုတ်လောက် သောက်ပြီးသွားသောအခါ သူ့အရိုးများ တကယ် ပိုကောင်းလာသည်ဟု အဘိုးဝမ် ခံစားလိုက်ရပါသည်။

နွေရာသီအားလပ်ရက် နီးလာပြီကို သိသဖြင့် လင်ချင်းဟယ် အနည်းငယ် တွန့်ဆုတ်နေသည်။ အဘိုးဝမ် အိမ်တွင် ရှားရှားပါးပါး လာစားသဖြင့် လင်ချင်းဟယ်က ပြောလိုက်၏။ "ဦးလေးဝမ် ဒီနှစ်နွေရာသီ အားလပ်ရက်ကျရင် အပြင်မသွားပါနဲ့လား"

"စိတ်မပူပါနဲ့ ငါတကယ်အဆင်ပြေပါတယ်။ ငါ့ခန္ဓာကိုယ်အကြောင်း ငါပဲသိတယ်" အဘိုးဝမ်က အပြင်သွားချင်သဖြင့် ပြောလိုက်ပါသည်။

ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်သည်။ "သိပ်မကြာသေးခင်တုန်းက ကျွန်တော့်အဘိုး ကျွန်တော့်ကို ဖုန်းဆက်တယ်။ အဘိုးဝမ်ရဲ့ ကျန်းမာရေးအကြောင်း မေးနေသေးတယ်။"

နှစ်ယောက်စလုံးက မျိုးရိုးနာမည်တူနေကြပြီး သူ့အဘိုး၏ ငယ်သူငယ်ချင်းဖြစ်သည်။ သို့သော်လည်း သူ့အဘိုးက ဟိုင်းနန်ဒေသတွင် နေထိုင်ကာ အခုထိ ပြန်လာဖို့ အစီအစဥ် မရှိသေးပေ။ ဟိုဘက်တွင် နေရတာ ဒီ့ထက် ပိုကောင်းပြိး သက်တောင့်သက်သာရှိသည်ဟု ဆိုသည်။

"ငါနေကောင်းပါတယ်လို့ မင်းအဘိုးကို ပြောလိုက်ချေ" အဘိုးဝမ်က ပြန်ပြောလိုကသ်ည်။

"နောက်ပိုင်း အားတဲ့အချိန်ကျရင် ကျွန်မတို့ ဟိုင်းနန်ကို တစ်ခေါက်လောက်သွားကြမလား" လင်ချင်းဟယ်က ကျိုးချင်းပိုင်အား လှည့်ပြောလိုက်၏။

"ဟုတ်ပြီလေ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

လင်ချင်းဟယ်က ပြုံးကာဖြင့် ဝမ်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "နင်တို့ကော အတူတူ သွားချင်လား"

"အတူတူသွားလည်း ရပါတယ်။ ကျွန်တော့်အဘိုးကို မတွေ့တာ တော်တော်ကြာပြီ။ ဒါပေမယ့် အဲ့အချိန်ကျရင် တွေ့ကြမှာပေါ့" ဝမ်ယွမ်က ပြောလိုက်သည်။

လင်ချင်းဟယ်က ပြန်ပြောလိုက်၏။ "မလောပါနဲ့ နောက်မှပေါ့"။ သူတို့ တရားဝင် မြေဝယ်နိုင်တဲ့အချိန်အထိ စောင့်ရမည်။ ၁၉၈၇ သို့မဟုတ် ၁၉၈၈ ခုနှစ်လောက်မှ ဖြစ်ပြီး အခုက စောလွန်းပါသေးသည်။

အဘိုးဝမ်က လျှောက်လည်ဖို့ စိတ်ပြင်းပြနေသဖြင့် လင်ချင်းဟယ် မတားတော့ပါ။ သားငယ်ကိုသာ အဝေးကြီးခေါ်မသွားဖို့ ညွှန်ကြားလိုက်၏။

ဒီနေ့ ဇွန်လသို့ ဝင်ရောက်လာပြီဖြစ်သည်။ အတော်လေး ပူပြင်းလာ၏။

လင်ချင်းဟယ်က ဟူကျစ်ကို ပြောလိုက်သည်။ "လမ်းဘေးဆိုင်ဖွင့်တဲ့အချိန်ကျရင် အရိပ်ရတဲ့ နေရာတစ်ခုကို ရှာရမယ်နော်။ မဟုတ်ရင် မီးသွေးဖြစ်တဲ့အထိ နေကင်ခံနေရမယ်"

လင်ချင်းဟယ်က ဟူကျစ်အပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိပါသည်။ ဒီတူလေးက အလုပ်ကြိုးစား၏။ အခု လမ်းဘေးဆိုင်ဖွင့်ခြင်းနှင့် ရင်းနှီးလာပြီး စျေးရောင်းလည်း တော်လာပြီ။ ဒီလထဲ အမြင့်ဆုံး ယွမ် ၄၀၀ လောက် သူရခဲ့သည်ကို လင်ချင်းဟယ် သိခဲ့ရပါသည်။

ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်ကိုတောင်မှီလုနီးပါးဖြစ်လာသည်။

"စိတ်မပူပါနဲ့ ဒေါ်လေး ကျွန်တော်နားလည်ပါတယ်" ဟူကျစ်က ပြုံးလိုက်၏။

"နင့်ဦးလေးကို မတ်ပဲစွပ်ပြုတ် ပြုတ်ခိုင်းပြီး သွားသောက်ချေ" လင်ချင်းဟယ်က ဆက်ပြောလိုက်သည်။

"ဟုတ်ကဲ့" ဟူကျစ်က ရွှင်ပျစွာ ခေါင်းငြိမ့်လိုက်သည်။

"အစ်ကိုဟူကျစ်က အခုကောင်မလေး ရှိနေပြီဆိုတော့ မိသားစုလေးအတွက် ရုန်းကန်နေပြီပေါ့" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ကျိုးရွှမ်က ကန်းကျစ်ကို ကြည့်လိုက်၏။"မင်းကော ဘယ်တော့ ကိုယ်ပိုင် အလုပ်လုပ်မှာလဲ"

"အခုပဲ လုပ်ချင်တာ။ ဒါပေမယ့် ဒေါ်လေးက ငါ့ကို ပညာဆုံးခန်းတိုင်အောင် သင်ပြီးမှ လွှတ်ချင်နေတယ်" ကန်းကျစ်က သက်ပြင်းချလိုက်ပြီး သူ့ဒေါ်လေးကို ကြည့်လိုက်သည်၊။

"စာထပ်သင်စမ်းပါ။ မဟုတ်ရင် နောက်ပိုင်း အလုပ်လုပ်တဲ့အခါ နင်နောင်တရသွားမယ်" လင်ချင်းဟယ်က ပြောလိုက်သည်။ "နင်အဆင့်ကောင်းကောင်းရရင် နောက်နှစ် ဒီအချိန် ကိုယ့်ဆိုင်ကိုယ်သွားဖွင့်လို့ရတယ်"

ပညာက သင်ကို သင်ယူရမည်။ ပညာရေး၏ သက်ရောက်မှုက အလွန်နက်ရှိုင်းပြီး ကျယ်ပြန့်သည်။ ငွေရှာဖို့ကတော့ အနာဂတ်တွင် ငွေရှာဖို့ အခွင့်အလမ်းကောင်းများ ပေါ်လာဦးမည်ဖြစ်သဖြင့် လောစရာမလိုပါ။

ဟူကျစ်က မငယ်တော့ဘဲ ကောင်မလေး ရှိနေသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် လင်ချင်းဟယ်က သူ့ကို ကိုယ်ပိုင်အလုပ် ထွက်လုပ်ခိုင်းလိုက်ခြင်းဖြစ်၏။ ကန်းကျစ်ကတော့ လောစရာမလိုပေ။

ထိုစကားကြားသောအခါ ကန်းကျစ် စိတ်လှုပ်ရှားသွား၏။ "ကျွန်တော် အဆင့်ကောင်းကောင်းရရင် ကျွန်တော့်ကိုလည်း ခွင့်ပြုပေးမှာလား"

"အေး" လင်ချင်းဟယ် ပြောလိုက်၏။ "အဆင့်ကောင်းရမယ်၊ ဒါပေမယ့် လက်ရှိ နင့်ပုံစံကတော့ စိုးရိမ်စရာပဲ။"

"ဒါဆိုလည်း ကျွန်တော်ပိုကြိုးစားမှာပေါ့။" ကန်းကျစ်က ပြောလိုက်၏။

ကျိုးရွှမ်က ကန်းကျစ်ကို ခေါ်ကာ ဘတ်စ်ကတ်ဘော သွားကစားသည်။ ကျိုးကွေ့လိုင်က လိုက်မသွားဘဲ သူ့အမေနှင့်သာ နေခဲ့၏။

"ဘာဖြစ်လို့လဲ" လင်ချင်းဟယ်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ ဒီကောင်လေးက အရင်တုန်းက အတုံးဆုံးဖြစ်သည်။ သို့သော် သူမ သူ့ကို ဘယ်လိုပျိုးထောင်ခဲ့မိလဲ မသိပါ။ သူအရွယ်ရောက်လာလေလေ ပိုလည်လာလေလေဖြစ်လာသည်။

"အမေ ကျွန်တော့် အစ်ကိုလတ်ကို အတုမခိုးဘူးဗျ။ သူက ဘွဲ့လွန်ကျောင်းလား ဘာလား အဲ့ကို တက်ချင်နေတာ။ ကျွန်တော်က ဆက်မသင်ဘူး။ ဘွဲ့ရတာနဲ့ ထွက်လာခဲ့မယ်" ကျိုးကွေ့လိုင်က ရယ်မောကာ ပြောလိုက်သည်။

"ပြီးရင်ကော" လင်ချင်းဟယ်က တည်တည်ငြိမ်ငြိမ်ပင်။

"သားရဲ့ ကိုယ်ပိုင် ဖက်ထုပ်စက်ရုံတစ်ခုလောက် ဖွင့်ချင်တယ်။ ရေခဲချောင်းစက်ရုံလိုပဲ။ ဖက်ထုပ်တွေလုပ်ပြီးရင် အအေးခံပြီး ရှော့ပင်းမောလ်တွေရဲ့ ရေခဲသေတ္တာထဲမှာ ထည့်ရောင်းဖို့ ပို့လို့ရတယ်" ကျိုးကွေ့လိုင်က ရှင်းပြလိုက်သည်။

လင်ချင်းဟယ် အံ့အားသင့်သွားလေသည်။ သူ့ကို စိုက်ကြည့်ရင်း သူမ ပြောလိုက်၏။ "နင်က ဖက်ထုပ်စက်ရုံထောင်ချင်တယ် ဟုတ်လား။" သူ့သား၏ အိပ်မက်ကို ပထမဆုံး ကြားဖူးလိုက်ခြင်းဖြစ်သည်။

"မရဘူးလား" ကျိုးကွေ့လိုင်က ကြက်သေသေသွားပြီး သူ့အမေကို ကြည့်လိုက်သည်။

သူမ၏ သားက သူ့အိပ်မက်ကို သူမနှင့် တိုင်ပင်ချင်မှန်း လင်ချင်းဟယ် သိပါသည်။ သူက အသက် မငယ်တော့ပါ။ ၁၆ နှစ်ရှိပြီဖြစ်သည်။ သူ့စိတ်အားတက်ကြွမှုကို ပိတ်ပင်လို့ မဖြစ်ပေ။

သူမ ပြောလိုက်၏။ "သေချာပေါက် ပြဿနာတော့ မရှိပါဘူး။ နင်လုပ်ချင်ရင် နင့်အဖေနဲ့ ငါတို့ ထောက်ပံ့ပေးမှာပေါ့။ လွယ်တော့ မလွယ်ဘူးနော်။ နင်ဘွဲ့ရပြီးရင် အခက်အခဲက မသေးဘူး။ စီးပွားရေးနဲ့ စီမံရေးအပိုင်းကို နင်သင်ထားပေမယ့် နင့်အရည်အချင်းက နည်းနည်း လိုသေးတယ်"

"စက်ရုံတစ်ရုံထောင်ရတဲ့ အခက်အခဲက မသေးပါဘူး" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။ "အဲ့တာကို သားသိပါတယ်"

သူမတောင် စက်ရုံတစ်ရုံ ဘယ်လိုဖွင့်ရမလဲ မသိဘူးဟု လင်ချင်းဟယ် စိတ်ထဲတွင် ပြောလိုက်သည်။

"နင်ဘွဲ့ရရင် တစ်နှစ်လောက် အားမှာပေါ့။ အဲ့ကျရင် ဖွင့်မယ့်အကြောင်း ဆွေးနွေးမယ်လေ။ ဘယ်လိုသဘောရလဲ" လင်ချင်းဟယ်က ပြောလိုက်သည်။

ကျိုးကွေ့လိုင်က သူ့အမေ မကန့်ကွက်မှန်း မသိသည်။ သူမ ခွင့်ပြုသည်ဟု မပြောရင်တောင် သူပျော်ရွှင်သွားပါသည်။ သူပြုံးရယ်လိုက်၏။ "ကိစ္စမရှိပါဘူး။ ဘွဲ့ရပြီးရင် ကျွန်တော့်ဖာသာကျွန်တော် အတွေ့အကြုံ ရှာမှာပါ။"

လင်ချင်းဟယ်က ခေါင်းငြိမ့်ကာ မေးလိုက်၏။ "နင်က ဘာလို့ ဖက်ထုပ်စက်ရုံ ဖွင့်ချင်တာလဲ။ တခြားလုပ်ငန်းတွေက ပိုလုပ်လို့ မကောင်းဘူးလား။"

"ပိုမကောင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော့် အဖေက ဖက်ထုပ်ဆိုင်ဖွင့်ထားတာ မဟုတ်ဘူးလား။ တော်တော်လေး အဆင်ပြေပြီး သူ့ခြေလှမ်းနောက် လိုက်သင့်တယ်လို့ ထင်မိလို့ပါ။ အချိန်ကျရင် အဖေ့ကို နည်းဗျူဟာတွေလမ်းညွှန်ခိုင်းမှာလေ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"နည်းဗျူဟာလမ်းညွှန်သမားလည်း လုပ်ခိုင်းဦးမှာပေါ့ ဟုတ်လား" လင်ချင်းဟယ်က ရွှင်ပျစွာ ဆူငေါက်လိုက်သည်။ ဖက်ထုပ်ထုပ်ဖို့ ဘယ်လို နည်းဗျူဟာမျိုး လိုအပ်လို့လဲ။

သူ့သားက စီးပွားရေးတစ်ခုလုပ်ချင်ပြီး ဘော့စ်တစ်ယောက်ဖြစ်လာဖို့ အကြံရှိသဖြင့် လင်ချင်းဟယ် သဘောတူပါသည်။ သို့သော် လောလောဆယ်တော့ ငယ်လွန်းသေးသဖြင့် နောက်မှ ပြောကြမည်။

ထိုနေ့ည အိပ်ယာဝင်သောအခါ လင်ချင်းဟယ် ထိုအကြောင်းကို ကျိုးချင်းပိုင်အား ပြောပြခဲ့၏။

ကျိုးချင်းပိုင်က မျက်ခုံးပင့်ကာ ချက်ချင်း မေးလိုက်သည်။ "သူ့ပိုက်ဆံသူ ရှာပါစေ"

စက်ရုံတစ်ရုံဖွင့်ဖို့က အရင်းအနှီးများစွာ လိုအပ်သည်။ အမှန်ပင်။ သူနဲ့ သူ့မိန်းမမှာ ငွေအများကြီးရှိပါသည်။ သို့သော် ထိုငွေများကို သူ့သမီးအား အမွေပေးချင်နေသည်။

သားတွေကတော့ ကိုယ့်လက်ကိုယ့်ခြေဖြင့် ရုန်းကန်နိုင်ပါသည်။

လင်ချင်းဟယ်က ပြောလိုက်၏။ "...အဲ့တာ ရှင့်သားလေ"

သူ့သားက စီးပွားရေး လုပ်ချင်တာာကို အရင်းအနှီး ထုတ်မပေးချင်ဘူးတဲ့လား။

"သူ့ဟာသူ စဥ်းစားပါစေ။ စက်ရုံတစ်ရုံဖွင့်ဖို့က အဲ့လောက်လွယ်တာမှ မဟုတ်တာ" ကျိုးချင်းပိုင်က ပြောလိုက်၏။ သူသဘောတူသော်လည်း သဘောထားကတော့ အရင်လိုပဲဖြစ်သည်။ သူ့သမီးကို အမွေပေးမည့် ပိုက်ဆံများအား လာထိခွင့်မပြုပါ။

လင်ချင်းဟယ် ဘာမှမပြောတော့ပေ။ ဒါက နောက်ပိုင်းကိစ္စများ ဖြစ်သဖြင့် ပြောဖို့ မလိုသေးပါ။ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ပြောလို့ရပါသည်။

"ဒီနှစ်ထဲ စီးပွားရေး တော်တော် တိုးတက်တယ်နော်" ကျိုးချင်းပိုင်က ပြောလိုက်၏။

သူ့အသံတွင် ကျေနပ်သည့် အရိပ်အယောင် တချို့ ပါဝင်နေ၏။

လင်ချင်းဟယ်ပြုံးလိုက်သည်။ မနှစ်က စီးပွားရေးကလည်း မဆိုးလှပါ။ မနှစ် ဆိုင်အားလုံး၏ လစဥ်ဝင်ငွေက ယွမ် ၁၀,၀၀၀ ကျော်ဖြစ်သည်။ ဒီနှစ်ထဲ လစဥ်ဝင်ငွေက ယွမ်၂၀,၀၀၀ နီးပါးဖြစ်သည်။ တကယ်ပဲ အလွန် တိုးတက်လာပါသည်။

All Chapters