← Chapters

ရူးမိုက်သော ရွိုက်ကော

Vol. 56 Ch. 773

ရူးမိုက်သော ရွိုက်ကော

Vol. 56 Ch. 773

“ ယီရန် … အဲဒီ မိုဝူကျိကို သိတယ်လား ” သူတို့ ခန်းမမှ ထွက်လာသည်နှင့် လူငယ်လေးက ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားအား မေးခွန်းထုတ်လိုက်သည်။

“ အာ ” ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက သူ့ယခင် အပြုအမူမှာ သူ့အစ်ကို မြင်သွားမှန်း သိလိုက်သည်။ သူက တုံ့ဆိုင်းနေသော်လည်း တိတ်တဆိတ်သာ နေလိုက်၏။

လူငယ်လေးကို ရွှေရောင်ဝတ်ရုံနှင့် လူငယ်လေးအား ကောင်းကောင်းသိဟန်ဖြင့် ခပ်ယဲ့ယဲ့ ပြုံးကာ “ ဘာလို့လဲဆိုတော့ ငါလည်း အဲဒီလူကို သိတယ်။ သူ့ရဲ့ ဇာစ်မြစ်အထိပါ သိတယ် ”

ယီရန်က ထိုစကားကို ကြားသောအခါ မျက်ဝန်းက လင်းလက်လာပြီး စိတ်ပူတကြီး မေးလိုက်၏  “ အစ်ကိုကြီး အဲလူက ဘယ်သူလဲ …. သူက ဘယ်နေရာက ရောက်လာတာလဲ ”

လူငယ်လေးက တည်ငြိမ်စွာဖြင့်  “ မင်း အဲဒီလူကို ဘာလို့ ဒေါကန်နေရတာလဲ ”

ဤတစ်ကြိမ်၌ ယီရန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ အရင်တုန်းက ကျတော်ရဲ့ မီးတောက်ကို အာကာပြင်ထဲမှာ သန့်စင်နေတုန်း ဂြိုလ်ပျက်တစ်ခုမှာ ရှေးဦးမူလမီးကျောက် ဆယ်ခုလောက် တွေ့ခဲ့တယ် ”

“ ဘာ ” ထိုအရာကို ကြားပြီး လူငယ်လေးက ဤနေရာမှာ စကားဆက်ပြောဖို့ မသင့်တော်မှန်း သိလိုက်၍ ရွှေရောင်ဝတ်ရုံနှင့် လူငယ်အား အလျှင်အမြန် ဆွဲခေါ်သွားလိုက်သည်။

နောက်တစ်နာရီကြာပြီးနောက် တည်းခိုဆောင်အခန်းတစ်ခန်း၌ လူငယ်လေးက လေးလေးနက်နက် မေးလိုက်သည်  “ ယီရန် အဲတုန်းက အခြေအနေကို ဆက်ပြောပြ ”

ထိုစဉ် ဤလူငယ်လေးက ရှေးဦးမူလမီးကျောက်များမှာ သူ့ညီလေးဆီ အဆုံးသတ်မသွားကြောင်း ခံစားချက် ဆိုးဆိုးရွားရွား ရနေသည်။

ယီရန်က ဆက်ရှင်းပြလိုက်သည်

“ အရင်တုန်းက  အဲဒီလူလည်း ရှေးဦးမူလမီးကျောက်ကို သတိထားမိခဲ့တာ …. သူက ကျတော်ကို မပြိုင်နိုင်မှန်း သိတော့ အဲဒီဂြိုလ်အစိတ်ပိုင်းကို လုယူသွားခဲ့တယ်။ ရှေးဦးမူလမီးကျောက်က သူ ယူသွားတဲ့ အစိတ်အပိုင်းမှာ ပါသွားရော။ ကျတော် လိုက်ရှာနေပေမဲ့ အခု ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး  ”

“ သူက မင်းပြိုင်ဖက် မဟုတ်ဘူးလား ” လူငယ်လေးက ယီရန်အား နားမလည်စွာ ကြည့်လိုက်သည်

“ ကျိုက်ယီ စကားအရဆိုရင် အဲဒီလူက အင်မော်တယ် ဧကရာဇ်တွေကိုတောင် သတ်ခဲ့တာလေ။ အဲလိုလူက မင်းပြိုင်ဖက် မဟုတ်ဘူးတဲ့လား …. မင်းက အခုမှ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့်ပဲ ရှိသေးတာ။ ပြီး‌တော့ အရင်တစ်ခါ  ငါ မြင်လိုက်တုန်းက သူ့ကို အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်တစ်ယောက် ကာကွယ်ပေးနေတာ …. အဲလူက အင်မော်တယ်လောကမှ အင်မော်တယ်ဂိုဏ်းတစ်ခု တည်ထောင်ထားသေးတယ်။

အခု သူက အင်မော်တယ် ဧကရာဇ် ဖြစ်နေလောက်ပြီ ထင်တယ်။ အဲလိုလူက ဘယ်လိုလုပ် မင်း ပြိုင်ဖက် မဖြစ်နိုင်ရမှာလဲ ”

ဤလူငယ်လေးမှာ ကျင်းယူ ဖြစ်ပြီး  အထက်ဘုံမှ စူးခရာအင်မော်တယ်မြို့ဟောင်းသို့ တမန်တော်အဖြစ် စေလွှတ်လိုက်သူ ဖြစ်၏။ ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားမှာ သူ့ညီလေး ကျင်းယီရန် ဖြစ်ကာ  မိုဝူကျိနှင့် ရှေးဦးမူလမီးကျောက် လုခဲ့သူ ဖြစ်သည်။ သို့သော်ငြား ရှေးဦးမူလမီးကျောက်မှာ မိုဝူကျိဆီ အဆုံးသတ်သွားလေ၏။

ကျင်းယီရန်က အခိုင်အမာ ပြောလိုက်သည်

“ အဲတုန်းက  ကျတော် သူ့ကျင့်ကြံဆင့်ကို မှားပြီး ကောက်ချက်မချမိတာ သေချာတယ်။ သူ့ကို တွေ့တုန်းက ရွမ်ရှန်းအဆင့်ပဲ ရှိသေးတာ… ကျတော်က အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့် ရောက်နေပြီလေ။ အဲတုန်းက မိုးမြေစည်းမျည်းတွေနဲ့တောင် ကျတော်က သူ့ထက် အားကောင်းသေးတယ်။ အဲဒါကြောင့် သူက ထွက်ပြေးသွားတာပေါ့။ အစ်ကိုကြီး အဲလူက ဘယ်သူလဲဆိုတာ ပြောပြလို့ ရပြီလား ”

ကျင်းယူက ခက်ထန်စွာဖြင့်

“ အသစ်တည်ထောင်ထားတဲ့ ဂိုဏ်းလေးကများ ငါတို့ ကျင်းမျိုးနွယ်ရဲ့ ပစ္စည်းကို လုယူသွားရဲတယ်ပေါ့။ အဲလူက သေချင်နေတာပဲ …. သူ့နာမည်က မိုဝူကျိတဲ့။  ယုံရင်အင်မော်တယ်နယ်မြေမှာ ဖင်းဖန်အင်မော်တယ် ကျောင်းတော် တည်ထောင်ထားတဲ့ ဆေးလုံးဧကရာဇ် တစ်ယောက် …. တကယ်လို့ အဲလူက ငါတို့ကျင်းမျိုးနွယ်ရဲ့ ရှေးဦးမူလမီးကျောက်ကို လုသွားခဲ့တယ်ဆိုတာကို သိရင် သူ့ဖင်းဖန်အင်မော်တယ်ကျောင်းတော်ကို မြေခအောင် လုပ်ပစ်လိုက်ပြီ … ဒါနဲ့  … ”

ကျင်းယူက ကျင်းယီရန်အား ရုတ်တရက် ကြည့်ကာ

“ ယီရန် … မင်း ပြောတော့ သူက ရွမ်ရှန်းအဆင့်ဆို  အဲဒါက ဘယ်လောက်ကြာပြီလဲ။ အရင်တုန်းက မင်း အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်ပဲ ရှိသေးတာကို  မင်းဆီ ပေးတဲ့ ကျင့်ကြံရေး အရင်းအမြစ် ပမာဏနဲ့တောင် အခုမှ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့်ပဲ ရှိသေးတယ်။  မိုဝူကျိက ဒီလောက် အချိန်လေးအတွင်းမှာ  ရွမ်ရှန်းအဆင့်ကနေ အင်မော်တယ် ဧကရာဇ်အဆင့် ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ ”

ညီအစ်ကိုနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး  တိတ်ဆိတ်သွားကြသည်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်စိတ်ကို တစ်ယောက် သိကြပေသည်။ မိုဝူကျိတွင် လျို့ဝှက်ချက် အကြီးကြီး ရှိနေသည်သာ ဖြစ်ရမည်။ ထိုလျို့ဝှက်ချက်ကြောင့်သာ မိုဝူကျိအနေနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ကို အလျှင်အမြန် တက်လှမ်းနိုင်ခြင်း ဖြစ်ရမည်။

“ ရှေးဦးမူလမီးကျောက် ပေါ်လာတုန်းက ဘေးပတ်လည်ကို အာရုံခံကြည့်မိသေးလား ” ကျင်းယူက ဆက်မေးလိုက်သည်။

ကျင်းယီရန်က ခေါင်းညိတ်ကာ

“ ဘေးပတ်လည်ကို အာရုံခံကြည့်လိုက်တော့ မိုးသောက်ကြယ်တာရာလို့ ခေါ်တဲ့ ဂြိုလ်တစ်လုံးကို တွေ့တာ … အဲဒီဂြိုလ်ရဲ့ အလယ်မှာ မီးဓာတ် သဘာဝ အမြုတေ ရှိနေတယ်။ အဲအချိန်တုန်းက ဂြိုလ်ကို သန့်စင်ချင်ပေမဲ့ အရူးတစ်ယောက်က ပေါ်လာပြီးတော့ ဒီဂြိုလ်ကို ကာကွယ်နေတဲ့သူဆိုပြီး ကျတော်နဲ့ လာတိုက်ခိုက်ရော …. အဲဒီအရူးကို သတ်မဲ့အစား ထိန်းချုပ်ထားလိုက်တာ။

သူ့ကို အတင်းကျပ်မေးတော့  မိုဝူကျိကို သိတယ်ဆိုပြီး ပြောလာသေးတယ်။ ပြီးတော့ ဂြိုလ်ကို သန့်စင်နေတုန်း အဲဒီအရူးက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တာနဲ့ မီးဓာတ် သဘာဝ အမြုတေကိုလည်း လက်လွတ်လိုက်ရတယ်။ အဲတုန်းက အဲဒီလူရဲ့ ဇာစ်မြစ်ကို မသိလို့ပေါ့။ အခု သိမှတော့ ဘာလို့ ငြိမ်နေရမှာလဲ …. ”

ကျင်းယီရန်က မီးဓာတ် သဘာဝ အမြုတေ ဆုံးရှုံးသွားသည့် အပြစ်ကိုပင် မိုဝူကျိဆီ ပုံချလိုက်သေး၏။

ကျင်းယူက လက်ဝှေ့ပြကာ

“အလျှင်လိုဖို့ မလိုဘူး။ ဒါပေမဲ့ အခုတော့ သူ့ဂိုဏ်းကို ထိလို့ မဖြစ်သေးဘူး။ ငါတို့တွေ သူ့ဂိုဏ်းကို တိုက်ခိုက်လိုက်တဲ့အကြောင်းသာ  အထက်ဘုံမှ ပြန့်သွားလိမ့်မယ်။ အခု ငါတို့ရဲ့ ဦးစားပေးက အဲဒီ မိုဝူကျိကို ဖမ်းပြီးတော့ သူ့ရတနာတွေကို ဖော်ထုတ်ကြတာပေါ့။ မိုဝူကျိကို ရှင်းပစ်ပြီးတာနဲ့  သူ့ဂိုဏ်းအလှည့်ပဲ … ”

“ ကောင်းတယ် အစ်ကိုကြီး …. အဲဒီမိုဝူကျိက သူ့ဆီမှ ရတနာတော်တော်များများ ရှိမှာပဲ။ သူ့ကို ရှင်းထုတ်ပြီးတာနဲ့  သူ့ရတနာတွေကို ညီတူညီမျှ ပြန်ခွဲကြမယ် ” ကျင်းယီရန်က ပြောလိုက်သည်။

………………

မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ ဖြစ်ပြီး ဟုန်မုန့်စွမ်းအင်၏ အကူအညီနှင့်အတူ အသက်ဓာတ် လမ်းကြောင်းကို ဆက်တိုက် လှည့်ပတ်ထားသောကြောင့် မိုဝူကျိက တစ်လကျော်ကျော်လေးဖြင့် သူ့ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာသည်။

လင်းရုန်နှင့် ရင်ဆိုင်ဖို့ရာအတွက် မိုဝူကျိက သူ့တစ်ဘဝလုံး သက်တမ်းကို လောင်ကျွမ်းခံခဲ့ရပြီး အသက်ဓာတ်ကို ဆုံးရှုံးခံခဲ့ရသည်။ အကယ်၍ သူ့အသက်ဓာတ် လမ်းကြောင်းနှင့် ဟုန်မုန့်စွမ်းအင်ကြောင့်သာ မဟုတ်လျှင် သူသေဆုံးသွားလောက်လေပြီ။ သူ့ဒဏ်ရာများမှာ ပျောက်ကင်းနေပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ ပိန်ဆဲ ဖြစ်ကာ ဆံပင်များမှာလည်း အဖြူရောင် ဖြစ်နေဆဲ ဖြစ်သည်။

မိုဝူကျိက ထထိုင်လိုက်ပြီး စိတ်စွမ်းအားကို ထာဝရ ကမ္ဘာအတွင်း ဖြန့်ကျက်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက  ကောင်းကင်ဘုံနယ်နမိတ်အလွန်ထဲမှ ကျတ်တီးမြေထဲ၌ ရှိနေသေးကြောင်း သိလိုက်ရသည်။

ကောင်းကင်ဘုံနယ်နမိတ်အလွန်အတွင်းမှ အာကာပြင်မှာ စုတ်ဖြဲဖို့ရာ အရမ်းခက်ခဲသော်လည်း ထိုစဉ်အခါက သူ့အနေနှင့် အက်ကြောင်းလေးထဲ ဝင်လိုက်နိုင်လေသည်။

“ သခင်ကြီး … နောက်တစ်ခါကျ တိုက်ခိုက်ရင် ကျတော်ကိုပါ ခေါ်ပါဦး၊ ကျတော်က အဲဒီအဆင့်နိမ့် ကျင့်ကြံသူလောက်ကို ကြောက်မနေဘူး ” ရွိုက်ကောက မိုဝူကျိ ထထိုင်လိုက်သည်ကို သတိပြုမိသည်နှင့် အပြေးအလွှားရောက်လာသည်။

မိုဝူကျိက ရွိုက်ကောကို အာရုံမစိုက်ပေ။ ရွိုက်ကော၏ နောက်ခြေမှာ အတော်လေး ကောင်းကြောင်း သူလည်း သိပေသည်။ သွေးဆာခြင်နက်၏ သွေးမျိုးဆက်က ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ ဖြစ်ပေရာ နှမြောစရာကောင်းသည်က ရွိုက်ကောမှာ  အဆင့် အရမ်းနိမ့်နေပြီး အဆင့် ၃ အင်မော်တယ် သားရဲမျှသာ ဖြစ်နေသည်။

မဟုတ်သေးပါဘူး  …..

မိုဝူကျိ၏ စိတ်စွမ်းအားက ရွိုက်ကောဆီ ရောက်သွားသည့်အခါ ရွိုက်ကောက မိုးကြိုးစမ်းသပ်ချက် ခံယူတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်  “ ရွိုက်ကော …. မင်း အဆင့် ၄ အင်မော်တယ်သားရဲ ဖြစ်လာဖို့ ပြင်ဆင်ပြီးပြီလား ”

ရွိုက်ကောက အဆင့် ၉ သားရဲအဖြစ် တက်လှမ်းပြီးမှ မိုးကြိုးစမ်းသပ်ချက် တစ်ခါမျှသာ ခံယူရသေး၏။ ထိုစဉ်ကတည်းမှ  မည်သည့် မိုးကြိုးစမ်းသပ်ချက်ကိုမှ မခံယူဘဲ  အဆင့် ၃ အင်မော်တယ် သားရဲအဖြစ် ဆက်တိုက် အဆင့်တက်လာခြင်း ဖြစ်သည်။

ရွိုက်ကောက ရှက်ရွံ့စွာဖြင့်  “ ဒီနေရာက မိုးမြေစည်းမျည်းတွေက မပြီးပြည့်စုံတော့ အဆင့် ၄ အင်မော်တယ်သားရဲအဖြစ် တက်လှမ်းလို့ မရသေးဘူး။ မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ ဒီနေရာက ထွက်သွားရမှာ … ”

မိုဝူကျိက လက်တစ်ချက်အဝှေ့ဖြင့် ရွိုက်ကောအား ထာဝရ ကမ္ဘာထဲမှ ထုတ်ပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး ကျတ်တီးနယ်မြေဆီ ရောက်ရှိလာသည်နှင့် အင်မော်တယ် သွေးကြောနှင့် အစိမ်းရောင်ထောင်ချီကို ပေးလိုက်ပြီး စွမ်းအင် စုစည်းရေး အစီအရင်ကိုလည်း ခင်းကျင်းပေးလိုက်သည်  “ မိုးကြိုးစမ်းသပ်ချက် မြန်မြန် ခံယူလိုက် … ”

“ ဟုတ်ကဲ့ သခင်ကြီး …” ရွိုက်ကောက စွမ်းအင် စုစည်းရေး အစီအရင်ဆီ ပြေးဝင်သွားကာ အမွေးတိုင်တစ်ဝက်စာလောက်အတွင်း သူက မိုးကြိုးစမ်းသပ်ချက်ကို ဆင့်ခေါ်နိုင်ခဲ့သည်။

မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်မိသွားသည်။ အကြောင်းမှာ  သူက ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို အက်ကြောင်းခွဲ၍ ဝင်နိုင်ခဲ့သော်လည်း ဤနေရာမှ ထွက်သွားဖို့ရာ ယာယီ မဖြစ်နိုင်သေးပေ။ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားဖို့ရာလည်း မိုဝူကျိက ထိုမျှမရဲတင်းပေ။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့မှ အင်မော်တယ် ဧကရာဇ်သုံးယောက်ကို သတ်ထားလေရာ သူသာ ထွက်ပေါ်လာသည်နှင့် သေချာပေါက် အဝိုင်းခံရလိမ့်မည်။ ထိုအချိန်အခါကျ သူ့အနေနှင့် ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်နေလိမ့်မည်။

ယခင် သူ ကောင်းကင်ဘုံအလွန်မြို့၌ ရှိစဉ် အသက်ဆက်လက် ရှင်သန်နိုင်ဖို့ရာ  အစီအရင်များကို ဖောက်ခွဲကာ အသက်ဓာတ်ကို လောင်ကျွမ်းစေခဲ့ရသည်။ မိုဝူကျိက သူအသက်ဆက်ရှင်နေသည့် အဓိကအကြောင်းအရင်းမှာ သူ့ပြိုင်ဖက်ကင်း ခန္ဓာကိုယ်ကြောင့် ဖြစ်မှန်း ကောင်းကောင်း သိပေသည်။ မဟုတ်လျှင် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖောက်ခွဲမှု၌ မည်သို့ အသက်ဆက်ရှင်နိုင်မည်နည်း။

ကောင်းကင်ဘုံအလွန်မြို့မှ တိုက်ပွဲအတွင်း မိုဝူကျိက သူ့အားနည်းချက်သူ သတိထားမိသွားသည်။ သူ့တွင် ရွေးချယ်ရန် လျို့ဝှက်တိုက်ကွက် များများစားစား မရှိသော်လည်း အများစုမှာ မပြီးပြည့်စုံသေးရုံသာမက အနည်းငယ် ရှုပ်ထွေးနေသည်။ ထို့အပြင် သူက ဤသို့အချိန်မျိုး၌ ဆက်လက် မကျင့်ကြံနိုင်ပေ။ သူက သူ့ကျင့်ကြံဆင့်ကို ဆက်တိုက် တိုးတက်အောင် လုပ်ရင်း သူ့လျို့ဝှက်တိုက်ကွက်များကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

သူ့တွင် အစိမ်းရောင်ကျောက်များစွာ ရှိနေပြီး အင်မော်တယ် ဆေးလုံးများလည်း လိုအပ်မနေပေ။ တစ်ခုတည်းသော စိုးရိမ်မှုမှာ သူက အချိန်အတော်ကြာကြီး ကျတ်တီးမြေ၌ မနေသင့်ပေ။ ထိုသို့နေမိလျှင် သေသွားနိုင်လေ၏။

တစ်ခုတည်းသော ပြဿနာမှာ မိုဝူကျိက သွားစရာ နေရာ မရှိ၍ ကျတ်တီးနယ်မြေတစ်ခုသာ ရွေးချယ်စရာ ရှိပေသည်။

“ ဘုန်း ဘုန်း ဘုန်း  ” အပြာရောင် မိုးကြိုးချက် သုံးချက်က ကျဆင်းလာလေသည်။ မိုဝူကျိက ရွိုက်ကော မည်သို့ စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း ကိုယ်တိုင် မြင်ဖူးချင်၍ ကြည့်လိုက်သောအခါ သူ့ရှေ့မှ မြင်ကွင်းကြောင့် ကြောင်အမိသွားသည်။ ရွိက်ကောက ကောင်းကင်သို့ တဟုန်ထိုး ပျံတက်ကာ မိုးကြိုးချက် သုံးချက်လုံးကို ပါးစပ်အကျယ်ကြီး ဖွင့်၍ ဝါးမျိုပစ်နေသည်။

ဒီခြင်က ခေါင်းမပါတာလား ဒါမှမဟုတ် အဲလောက်တောင် အားကောင်းနေတာလား ….

မိုဝူကျိပင် တကယ် ကြောင်အမ်းမိသွားသည်။ သူ့ရုပ်ခန္ဓာအဆင့် ၇နှင့်ပင် လျှပ်စီးအဆီအနှစ်ကို စုပ်ယူနိုင်ရုံမျှ ဖြစ်ကာ  မိုးကြိုးစမ်းသပ်ချက်အတွင်း ရွိုက်ကောလောက် မရူးမိုက်ပေ။

“ ဖူး …” သွေးတန်းများ ထွက်ပေါ်လာသောကြောင့် မိုဝူကျိက ကူကယ်ရာမဲ့စွာ ခေါင်းသာ ငုံ့ထားလိုက်သည်။

ဒီခြင်က အားကောင်းတာ မဟုတ်ဘူး ….  စိတ်လွတ်သွားတာပဲ

ထို့နောက် မိုးကြိုးချက် ခြောက်ချက်က ဆင်းသက်လာပြန်သည်။ ရွိုက်ကော မျိုချထားသော မိုးကြိုးသုံးချက် အပါအဝင် စုစုပေါင်း ကိုးချက်က ရွိုက်ကော၏ အတွင်းအင်္ဂါ အစိတ်အပိုင်းများကို လောင်ကျွမ်းသွားစေ၏။ ပထမမိုးကြိုးလှိုင်းမှာ ကျဆင်းလာပြီ ဖြစ်ကာ မြေကြီးထဲ ရောက်ရှိသွားတော့သည်။

ရွိုက်ကောက ကုသဆေးလုံးများကို မြန်မြန် မျိုချလိုက်ပြီး အလွန်အမင်း မကျေမနပ် ဖြစ်မိသွားသည်။

သူ့သခင်ကြီး မိုးကြိုးစမ်းသပ်ချက် ခံယူခဲ့ပုံကို သူ သေချာမြင်တွေ့ဖူးပေသည်။ သူ့သခင်ကြီးက မိုးကြိုးချက်များထံ လက်သီးချက် ပစ်ခွင်းလိုက်ခြင်း ဖြစ်၏။

ရွိုက်ကော၏ ဇာစ်မြစ်က ဘာများလဲ …..

သွေးဆာခြင်နက်၏ သွေးမျိုးဆက် ဖြစ်သောကြောင့် ရှန်းထျန်း ရတနာများကိုပင် ကိုက်ယူစားသောက်နိုင်စွမ်း ရှိသည့် ဒဏ္ဍာရီလာ တည်ရှိမှုမျိုး ဖြစ်ကာ မိုးကြိုးချက်ကို ဝါးမျိုပစ်ဖို့က မည်သို့ ခက်ခဲမည်နည်း။

သို့သော်လည်း အမှန်တရားမှာ သူ့အနေနှင့် မိုးကြိုးချက်ကို ဝါးမျိုပစ်နိုင်ဖို့ရာ အတော်လေး အလှမ်းကွာလွန်းနေသေး၏။ အကယ်၍ မိုဝူကျိ ဖော်စပ်ထားသော ကုသဆေးလုံးများ၏ အာနိသင်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ပထမမိုးကြိုးလှိုင်းနှင့်အတူ ပျောက်ကွယ်သွားလောက်လေပြီ။

“ ဘုန်း ဘုန်း ဘုန်း ” ဒုတိယမိုးကြိုးအသုတ် ကျရောက်လာသည်။ ဤတစ်ကြိမ်၌ ရွိုက်ကောမှာ ပထမလှိုင်းနှင့် တွေ့စဉ်ကလောက် နုံ့အမနေတော့ပေ။ သူက မီးတောက်နက် အကာ ကို အန်ထုတ်လိုက်၏။

မိုးကြိုးချက်များက အကာနှင့် တွေ့သွားသောအခါ အကာလေးက တစစီ ဖြစ်သွားလေသည်။ သို့သော်လည်း ရွိုက်ကောပေါ် ကျရောက်လာသော မိုးကြိုးချက်အားမှာ အကာကို ဖြတ်လာရသည့်အတွက် အားအတော် လျော့ကျသွားလေ၏။

မိုဝူကျိက ထိုကောင်လေး နောက်ဆုံးတွင် ခပ်တုံးတုံးအတွေးမှ နိုးထလာသည့်အတွက် စိတ်သက်သာရာ ရသွားတော့သည်။

***

All Chapters