← Chapters

အခန်း(၅၁၂) လူတွေကို ခက်ခဲအောင် လုပ်ခြင်း

Vol. 37 Ch. 512

အခန်း(၅၁၂) လူတွေကို ခက်ခဲအောင် လုပ်ခြင်း

Vol. 37 Ch. 512

အခန်း(၅၁၂) လူတွေကို ခက်ခဲအောင် လုပ်ခြင်း

ဇွန်လလယ်တွင် လင်ချင်းဟယ်က ကျိုးချင်းပိုင်နှင့် ဘယ်ကိုအလည်သွားရမလဲ စီစဥ်နေခဲ့သည်။ ကျိုးကွေ့လိုင်ကလည်း ခရီးသွားဖို့ ဗျူဟာချနေသည်။ သူ့ခေါင်းကိုင်အဘိုးနှင့် အဘိုးတို့ကို ခေါ်ပြီး လျှောက်လည်ဖို့က ရှားပါး အခွင့်အရေးဖြစ်ပါသည်။ ဗျူဟာချဖို့ လိုအပ်ပါသည်။

ထို့နောက် ရှုရှန့်မိန်က သူတို့ဘက်သို့ ရောက်လိုက်သည်။

ကျိုးအာ့နီဆီသို့ သူမ တန်းသွားခဲ့ပြီး သူမ မောင်အား ပစ္စည်းများဆက်မရောင်းဖို့ ကျိုးအာ့နီကို ပြောလိုက်သည်။

ကျိုးအာ့နီက ဇဝေဇဝါဖြစ်သွား၏။ "နင်ကျတော့ လာယူပြီး ရှုရှန့်ချမ်းက ဘာလို့ယူလို့ မရတာလဲ။ ပြီးတော့ နင်ငါ့ကို ဒီလိုလာပြောပြီး သူ့ကိုမရောင်းဖို့ ပြောတာကို ရှုရှန့်ချမ်း ဘယ်လို ထင်မလဲ"

ရှုရှန့်မိန်က ပြောလိုက်၏။ "ဝမ်းကွဲအစ်မ အခု နင်က အရမ်းချမ်းသာတဲ့ ခဲအိုနဲ့ လက်ထပ်ထားတာလေ။ ဒီကိစ္စ နင်ဂရုစိုက်စရာ ဘာလိုလို့လဲ။ သူ့ကို ဒီတိုင်းထားပြီး ပစ္စည်းတွေဖြတ်လိုက်"

ရှုရှန့်မိန်က ဒေါသထွက်လွန်းသဖြင့် ဘာအစီအစဥ်မှ စဥ်းစားလို့မရတော့ပါ။ မဟုတ်ပါက ကျိုးအာ့နီကို လာတွေ့မည်မဟုတ်ပေ။

ယခုသူမ၏ မောင်က ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ သူမ အထင်အရ သူမ၏ မောင်မှာ သူ့စိတ်ကြောင့် ဆိုင်ဖွင့်နိုင်လိမ့်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ အခက်အခဲနှင့် ကြုံတွေ့လာပါက ဆိုင်တစ်ဆိုင်က စီမံဖို့ မလွယ်ကူမှန်း သိလာပါလိမ့်မည်။

ဒါ့ကြောင့်လည်း သူဘယ်တော့မှ မလာခဲ့ခြင်းဖြစ်သည်။

မထင်ထားရလောက်အောင် သူမ၏ မောင်က ဒီဆိုင်ကို ကျန်းမေ့လျန်နှင့် ပူးတွဲပြီး ဆိုင်ဖွင့်ခဲ့သည်။ စီးပွားရေးက အဆင်ပြေနေပုံရ၏။

ရှုရှန့်မိန် သည်းခံခဲ့ရပြီး နောက်ဆုံးတော့ မနေနိုင်တော့ပါ။ သူ့မောင်ကို ဘာမှပြောလို့မရသဖြင့် ကျိုးအာ့နီကိုသာ လာရှာခြင်းဖြစ်သည်။

သူမတို့ သူမမောင်ကို ပစ္စည်းများမရောင်းပါက ဆိုင်ဖွင့်နိုင်မည်လည်း မဟုတ်တော့ပေ။ သူမ၏ မောင်တွင် ပိုက်ဆံမရှိပါက ကျန်းမေ့လျန်က သူ့အနားတွင် သေချာပေါက် ဆက်နေတော့မှာ မဟုတ်ပေ။

ထို့နောက် ကျန်းမေ့လျန်နှင့် ဆက်ပတ်သက်ဖို့ မလိုတော့ပါ။

ကျိုးအာ့နီက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာတွေပြောနေတာလဲ။ ရှန့်ချမ်းက အခုမှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ပြီး စီးပွားရေး လုပ်နိုင်ခါစ ရှိသေးတယ်။ ပစ္စည်းအရေအသွေးတွေကလည်း နင်တို့ဘက်ကထက်တောင် ပိုကောင်းတယ်လို့ ကြားတယ်။ ရလဒ်ကောင်းလို့ သတ်မှတ်လို့မရဘူးလား။ နင်က သူ့ကိုမလုပ်စေချင်ဘူးလား။"

ရှုရှန့်မိန်က ကျန်းမေ့လျန်အကြောင်း မပြောရဲပါ။ ထို့ကြောင့် သူမ ပြောလိုက်သည်။ "သူ့စိတ်နဲ့ စီးပွားရေး လုပ်လို့မရဘူး။ ဒီတိုင်းသာ ဆက်သွားလို့ ပြဿနာတစ်ခုခု ဖြစ်သွားရင် ငါဘာလုပ်ရမလဲ။ ဝမ်းကွဲအစ်မ နင်တာဝန်ယူနိုင်မှာလား။"

"နင်ဘာကိုဆိုလိုတာလဲ" ကျိုးအာ့နီက မျက်နှာပျက်သွားသည်။ "ငါတို့ဆွေမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ငဲ့ကြည့်ပြီး ဝမ်ယွမ်က ရှုရှန့်ချမ်းကို ပစ္စည်းတွေ ရောင်းပေးတာ။ မဟုတ်ရင် သူပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူး။ ရှန့်ချမ်းက ပိုက်ဆံရှာနေတာလေ။ တစ်ခုခုဖြစ်ရင် ငါနဲ့ ဝမ်ယွမ်တို့ကို နင်က အပြစ်တင်ချင်တာလား။"

ရှုရှန့်မိန် ချောင်းဟပ်လိုက်ပြီး ပြန်ပြောလိုက်၏။ "အဲ့လိုပြောချင်တာ မဟုတ်ပါဘူး"

"ဒါဆို ဘယ်လို ပြောချင်တာလဲ" ကျိုးအာ့နီက တဲ့တိုး မေးလိုက်သည်။

ရှုရှန့်မိန်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဝမ်းကွဲအစ်မ ဒီကိစ္စကို သေသေချာချာ ပြောပြလို့မရဘူး။ အတိုချုံးပြောရရင်တော့ ရှန့်ချမ်းကို ဆိုင်မဖွင့်ခိုင်းနဲ့။ သူလမ်းဘေးဆိုင်ဖွင့်ချင်ရင် ငါ့ဆိုင်မှာ ပစ္စည်းလာယူလို့ရတယ်"

"နင်ကနင်၊ ရှန့်ချမ်းက ရှန့်ချမ်းလေ။ ငါတော့ သူအခုတိုးတက်လာပြီလို့ ထင်တယ်။ အဘိုးနဲ့ အဘွားတို့ကလည်း ကြားရတာ ဝမ်းသာနေကြတယ်။ သူသာ ပစ္စည်းတွေမယူချင်ဘူးဆိုရင် သူ့ဖာသာသူ လာပြောလိမ့်မယ်။ သူ့အတွက် ဆုံးဖြတ်ပေးစရာမလိုဘူး" ကျိုးအာ့နီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါအမှန်တိုင်း ပြောမယ်နော်။ သူများတွေကိုတော့ ပြန်မပြောနဲ့" ရှုရှန့်မိန်က မပြောခင် တွန့်ဆုတ်သွားသည်။

"ဒါဆိုလည်း မပြောနဲ့တော့" ကျိုးအာ့နီက ပြန်ပြောလိုက်သည်။

ရှုရှန့်မိန်က ဒေါသထွက်သွား၏။ သူမက သူဌေးတစ်ယောက်နဲ့ လက်ထပ်လိုက်တာလောက်နဲ့ ဆွေမျိုးတွေကို မကြည့်နိုင်တဲ့လူ ဖြစ်သွားပြီလား။

“ဝမ်းကွဲအစ်မ ချမ်းကျစ်ကို ပစ္စည်းတွေ ဆက်ရောင်းလို့ မဖြစ်ဘူးနော်။ ချမ်းကျစ် ဘယ်သူနဲ့ တွဲလုပ်နေတာလည်း သိလား" ရှုရှန့်ချမ်းက အံကြိတ်ကာ ပြောလိုက်သည်။

အခုချိန်ထိ ဖုံးဖိထားရသည့် အကြောင်းအရင်းလည်းဖြစ်သည်။ ကျိုးမိသားစုကို သူမ ကျန်းမေ့လျန်နှင့် ဆိုင်တွဲဖွင့်ခဲ့သည့်အကြောင်း မပြောချင်ပါ။

အခုတော့ ရွေးချယ်စရာမရှိဘဲ ပြောရတော့မည်။ မဟုတ်ပါက သူ့မောင် ကျန်းမေ့လျန်နှင့် တကယ်ယူသွားလိမ့်မည်။ ထိုသို့ဖြစ်လာပါက သူမတို့မိသားစု တကယ်သိက္ခာကျလိမ့်မည်။

ပိုအရေးကြီးသည်က ကျန်းမေ့လျန်သည် အရင်က ကိုယ်ဝန်ဖျက်ချဖူးသည်။ သူမ မောင်နဲ့ အတူတူ နေတာ ကြာပြီဖြစ်သော်လည်း အခုထိ ကိုယ်ဝန်မရသေးပါ။ သူမ ကလေးမရနိုင်လျှင် ဘယ်လိုလုပ်မလဲ။

"သူက ဘယ်သူနဲ့ တွဲလုပ်နေလို့လဲ။ သူ့ဆိုင်သူ ဖွင့်ထားတာမဟုတ်ဘူးလား။" ကျိုးအာ့နီက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"သူ့ဖာသာသူ ဖွင့်တာမဟုတ်ဘူး။ ကျန်းမေ့လျန်နဲ့ တွဲဖွင့်ထားတာ၊ ကျန်းမေ့လျန်လေ၊ ဝမ်းကွဲအစ်မ သူ့ကို သိတယ်မလား။" ရှုရှန့်မိန်က အံကြိတ်လိုက်၏။

ကျိုးအာ့နီ ကြက်သေသေသွားရသည်။ ဒီတစ်ခေါက်တော့ သူမ တကယ်တွန့်ဆုတ်သွားသည်။ ရှုရှန့်မိန်ကို စိုက်ကြည့်ရင်း သူမ ပြောလိုက်၏။ "ကျန်းမေ့လျန် ဟုတ်လား"

သူမ နားကြားများမှားတာလား။ ဒီကျန်းမေ့လျန်ဆိုတာ သူမ စတုတ္ထဒေါ်လေးတို့ ဟိုဘက်အိမ်မှာနေတဲ့ ကျန်းမိသားစုက ကျန်းမေ့လျန်မဟုတ်လား။

"ကျန်းမေ့လျန်ပဲ ဦးလေးတို့ ဟိုဘက်အိမ်မှာ နေတဲ့ ကျန်းမိသားစုကတစ်ယောက်" ရှုရှန်မိန်က အတည်ပြုပေးလိုက်သည်။

ကျိုးအာ့နီက မျက်နှာပြောင်းလဲသွား၏။ "ဘယ်လိုတွေဖြစ်တာလဲ။ ဘာလို့ ရှန့်ချမ်းက သူနဲ့ပတ်သတ်နေတာလဲ။ နင်ဂရုမစိုက်ဘူးလား။"

"ငါက ဘယ်လိုလုပ်သိမှာလဲ" ရှုရှန့်မိန် မျက်နှာလွှဲလိုက်သည်။ "ဒီတိုင်း မတော်တဆ တွေ့လိုက်မိတာ။ အဲ့တာကြောင့် နင့်ကို လာပြောတာပေါ့"

"ဒီလိုကိစ္စမျိုးကို ရှန့်ချမ်းကို တိုက်ရိုက်သွားပြောလေ။ ကျန်းမေ့လျန် ဘယ်လိုလူမျိုးလဲ နင်မသိဘူးလား။ ရှန့်ချမ်းကို သွားပြောရမယ့်အစား ဘာလို့ ငါ့ကို လာပြောနေတာလဲ" ကျိုးအာ့နီက ပြန်ပြောလိုက်သည်။

"ချမ်းကျစ်ကို မပြောဖူးတာလည်း မဟုတ်ဘူး။ ကျန်းမေ့လျန် ဘယ်လိုလူလဲ နင်လည်း သိပါတယ်။ သူ့ဖြားယောင်းနည်းတွေက အရမ်းကောင်းတယ်။ ချမ်းကျစ်ကို သူလှည့်စားထားတာ။ သူတို့နှစ်ယောက်... အခု အတူတူ နေနေကြပြီ" ရှုရှန့်မိန်က ပြောလိုက်သည်။

ကျိုးအာ့နီ မျက်နှာပျက်သွား၏။

"ငါ့မောင်က ကျိုးမိသားစုရဲ့ မြေးမှန်း ကျန်းမေ့လျန် သိတယ်။ အဲ့တာကြောင့် သူက ငါ့မောင်ကို ချဥ်းကပ်ပြီး ငါ့မောင်ရဲ့ ပိုက်ဆံတွေကို ချိန်ရွယ်နေတာ။ မဟုတ်ရင် ငါ့မောင်နားမှာ ရှိမှာမဟုတ်ဘူး။ အခု သူတို့အထည်ဆိုင်က ငွေဝင်လာတော့ ဘယ်လိုဖြစ်သွားမလဲ။ ငါ့မှာရွေးချယ်စရာမရှိဘဲ နင့်ကို လာပြောရတာပါ" ရှုရှန့်မိန်က ရှင်းပြလိုက်သည်။

"ငါ့ကိုလာရှာလည်း အသုံးမဝင်တော့ဘူးလေ။ ရှန့်ချမ်းက နင့်စကားတောင် နားမထောင်တာ ငါ့စကား ဘယ်လိုနားထောင်မှာလဲ" ကျိုးအာ့နီက ပြန်ပြောလိုက်သည်။

"မဟုတ်သေးဘူး။ ဝမ်းကွဲအစ်မ။ နင်ဝမ်းကွဲခဲအိုရဲ့ အထည်စက်ရုံကို ရှန့်ချမ်းကို အထည် မရောင်းခိုင်းရင် သူငွေရှာလို့မရတော့ဘူးလေ။ အဲ့ကျရင် ကျန်းမေ့လျန်က သူ့ကိုထားခဲ့ပြီး ထပ်နှောင့်ယှက်မှာမဟုတ်တော့ဘူး။ သူက နင့်ဝမ်းကွဲမောင်ပါ ဒုတိယ ဝမ်းကွဲအစ်မရယ်။ နင်သူ့ကိုလျစ်လျူရှုထားလို့ မဖြစ်ဘူးလေ။" ရှုရှန့်မိန်က ပြောလိုက််သည်။

ကျိုးအာ့နီက သူမကို စိုက်ကြည့်ပြီး ပြောလိုက်၏။ "ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ"

"မသိဘူး ဒီတိုင်းဖြတ်သွားရင်း တွေ့လိုက်မိတာ" ရှုရှန့်မိန်က ခေါင်းခါသည်။

ကျိုးအာ့နီက ပြန်ပြောလိုက်၏။ "စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့ကို ဒီအကြောင်း ပြောပြမှ ဖြစ်မယ်။"

ရှုရှန့်မိန် မျက်နှာပြောင်းလဲသွားသည်။ "ဝမ်းကွဲ ခဲအိုကိုပဲ ဒီကိစ္စ ပြောလိုက်လို့ မရဘူးလား။ ဘာလို့ ဦးလေးတို့ကို ပြောဖို့ လိုတာလဲ။"

"ဒါပေါ့ ဒီလိုကိစ္စကြီးကို စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့နဲ့ တိုင်ပင်မှဖြစ်မှာပေါ့။ မဟုတ်ရင် ကျန်းမေ့လျန်က မောင်းထုတ်ဖို့ လွယ်တဲ့လူလို့ နင်ထင်လို့လား။ သူတို့အခု အတူတူတောင် နေပြီးသွားပြီ။ သူဒီတိုင်း လွှတ်ပေးမယ် ထင်လို့လား" ကျိုးအာ့နီက မကျေနပ်စွာပြောလိုက်သည်။

"ချမ်းကျစ်မှာ ပိုက်ဆံမရှိရင် သူ့ဖာသာသူ ထွက်သွားပါလိမ့်မယ်" ရှုရှန့်မိန်က တိုက်တွန်းသည်။

"နင်က အဲ့လိုထင်တယ်လား။ ရှန့်ချမ်းရဲ့ ပစ္စည်းထောက်ပံ့မှုကို ရုတ်တရက်ကြီး ဖြတ်တောက်လိုက်ရင် သူ မသိနိုင်ဘူးလား။ အဲ့တာဆို ပြဿနာတွေ ပိုတက်လာမယ်။ ကျန်းမိသားစုက စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ ဟိုဘက်အိမ်မှာ နေကြတာ။ သူတို့က ဒီတိုင်း ထားပါ့မလား" ကျိုးအာ့နီက သွေးအေးစွာ အပြစ်တင်လိုက်သည်။

"နင် တိုးတိုးတိတ်တိတ် ဖြေရှင်းပေးလို့ မရဘူးလား။ ဝမ်းကွဲအစ်မ ဦးလေးနဲ့ ဒေါ်လေးတို့က ချမ်းကျစ်ကို သဘောမကျတာ နင်လည်းသိပါတယ်။ အခု ကျန်းမေ့လျန်ပါ ပါလာပြီး ချမ်းကျစ်က သူနဲ့ အတူတူနေနေတယ်။ ဒီအကြောင်းကြားရင် သူတို့ ချမ်းကျစ်နဲ့ အဆက်အသွယ်ဖြတ်လိုက်မှာ စိုးရိမ်မိတယ်" ရှုရှန့်မိန်က အမြန်ပြောလိုက်သည်။

"ဒါဆိုလည်း ပြောပါဦး။ ဒီကိစ္စကို တိုးတိုးတိတ်တိတ် ဘယ်လိုရှင်းမှာလဲ" ကျိုးအာ့နီက မကြိုက်သော မျက််နှာဖြင့် ပြောလိုက်သည်။ "ဒီဟာမဟုတ် ဟိုဟာမဟုတ်နဲ့ နင်က လူတွေကို တော်တော်ခက်ခဲအောင် လုပ်တာပဲ။"

"ဝမ်းကွဲအစ်မ..."

"ငါ့ကို လာပြောဖို့မလိုဘူး။ ပစ္စည်းရောင်းတာကို ရပ်လိုက်လည်း ကျန်းမေ့လျန်သိသွားရင် ဒီတိုင်းနေမှာမဟုတ်ဘူး။ အဲ့ကျရင် ရပ်ကွက်ထဲ ဆူပူသွားမယ်။ အဲ့တော့ ငါကဘာလုပ်ရမှာလဲ။ ဦးလေးနေ့ဒေါ်လေးတို့နဲ့တိုင်ပင်ပြီးမှ ဘယ်လိုဖြေရှင်းရမလဲ ဆွေးနွေးရမယ်" ကျိုးအာ့နီက လက်ခါပြလိုက်ပါသည်။

All Chapters