← Chapters

အခန်း(၅၁၇) အစားကြီးသော ပါးစပ်များ

Vol. 37 Ch. 517

အခန်း(၅၁၇) အစားကြီးသော ပါးစပ်များ

Vol. 37 Ch. 517

အခန်း(၅၁၇) အစားကြီးသော ပါးစပ်များ

ကျိုးစစ်နီတွင် ကောင်လေး မရှိသေးသော်လည်း မီးဖွားခြင်းကိစ္စနှင့် အကျွမ်းတဝင်ရှိပါသည်။

အရင်တုန်းက ကျိုးတာ့နီ မီးဖွားပြီးစဥ် ကာလကလည်း သူမပဲ စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမတို့က ညီအစ်မများဖြစ်ကြ၏။ ခုခေတ်တွင် မိသားစုဦးရေ ကန့်သတ်မှုများ စတင်ကျင့်သုံးလာကြပြီဖြစ်သည်။ မွေးဖွားနိုင်သည့် ကလေးအရေအတွက်က အကန့်အသတ်ရှိ၏။

သူမ ကူညီရပါမည်။

"ဒုတိယယောက်ဖက လက်စွပ်တစ်ကွင်းတောင် မဝယ်ပေးနိုင်မှာကို စိုးရိမ်နေတာလား" ကျိုးရွှမ်က ရွှမ်ပျစွာ ပြောလိုက်သည်။

သူ့ယောက်ျား ဘယ်လောက်တောင် စုထားသလဲ သိသည့် ကျိုးအာ့နီကတော့ ပြုံးသာ ပြုံးလိုက်ပါသည်။

သို့သော်လည်း ကျိုးအာ့နီ၏ ဗိုက်က တစ်ခုခု ထူးခြားနေ၏။

မင်္ဂလာဦးည ၂ ရက်မြောက်နေ့တွင် သူမ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်။ ဇူလိုင်လပြီးနောက် သူမ ဗိုက်စထွက်လာသည်။

တစ်ရက်ကို တစ်ပုံစံဖြစ်နေသည်။

ကျိုးအာ့နီက အတွေ့အကြုံမရှိပါ။ ဝမ်ယွမ်လည်း ထိုနည်းလည်းကောင်းဖြစ်၏။ သာမန်ဟုသာ ထင်ခဲ့သော်လည်း သြဂုတ်လသို့ ရောက်သောအခါ ကျိုးအာ့နီ၏ ဗိုက်က အလွန် ထင်ရှားလာသည်။

သူတို့ ဟိုဘက်အိမ်တွင် ထမင်းသွားစားတော့ ကျိုးရှောင်မိန်က သူမ၏ ဗိုက်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "နင့်ဗိုက်က ဘာလို့ ဒီလောက် မြန်မြန်ကြီးလာတာလဲ"

"စတုတ္ထဒေါ်လေးပြောတာတော့ အာ့နီက ဝလာတာ မဟုတ်ဘဲ ကလေးကို အာ့နီက ပျိုးထောင်ပေးနေတာတဲ့။ အဲ့တော့ အာဟာရတွေ အကုန်လုံးကို အထဲက ကလေးလေးက စုပ်ယူနေတာပေါ့" ဝမ်ယွမ်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။

"မဟုတ်သေးပါဘူး။ ဗိုက်က လေးလပဲ ရှိသေးတာကို နင့်ဗိုက်က ငါးလအရွယ်လောက် ရှိနေပြီ။ ငါးလဗိုက်တောင် နင့်လောက်မကြီးလောက်ဘူး" ကျိုးရှောင်မိန်က ထင်ကြေးပေးသည်။

သူမ ကလေး ၄ ယောက်မွေးခဲ့သည်။ ဝါရင့်နေပြီဟု ဆိုနိုင်ပါ၏။ သူမ၏ မျက်လုံးထဲတွင်တော့ ကျိုးအာ့နီ၏ ဗိုက်က ကြီးလွန်းနေပါသည်။

"အဆင်ပြေပါ့မလား" ကျိုးအာ့နီက သူမ၏ ဗိုက်ကိုကြည့်ကာ ပြောလိုက်သည်။

နွေရာသီဖြစ်ပြီး ပူပြင်းလွန်းသောကြောင့် ကိုယ်ဝန်ကိုစိုးရိမ်သဖြင့် အဝတ်ကို ပါးပါး ဝတ်ဆင်ထားသည်။ ထို့ကြောင့် သူမ၏ ဗိုက်က ပိုမို သိသာနေပါ၏။

အမေကျိုး ကြက်များကို အစာကျွေးပြီး ပြန်လာသောအခါ ကျိုးရှောင်မိန် လှမ်းခေါ်လိုက်၏။ "အမေရေ အာ့နီရဲ့ ဗိုက်ကို လာကြည့်ပါဦး။ ဘာလို့ ဒီလောက် မြန်မြန်နဲ့ အရမ်းကြီးလာတာလဲမသိဘူး"

"လေးလ ကျော်နေပြီလေဟယ်။ ပုံမှန်ပါပဲ။" အမေကျိုးက ဆန်းစစ်ကြည့်ရင်း ပြောလိုက်ပါသည်။

"ဒါက နည်းနည်းတော့ မြန်လွန်းနေတယ်" ကျိုးရှောင်မိန်က ပြောလိုက်သည်။ ထို့နောက် ကျိုးအာ့နီကို ကြည့်ကာ မေးလိုက်၏။ "ခံတွင်း အခြေအနေကတော့ ဘယ်လိုနေလဲ"

"တော်တော်လေး ကောင်းပါတယ်" ကျိုးအာ့နီက စိတ်ဓာတ်ကျစွာ ဖြေလိုက်သည်။ ခံတွင်းမြိန်ချက်ကတော့ ပြဿနာကြီးတစ်ခုလိုပင် ဖြစ်နေလေပြီ။ အများကြီး စားနိုင်၏။

အစားအသောက်တစ်ခုစားပြီး တစ်နာရီခွဲလောက်ကြာလျှင် သူမ ဗိုက်ထပ်ဆာလာပြန်သည်။ တစ်ရက်ကို ပန်းသီးနှစ်လုံးနှင့် အခြားသစ်သီးများလည်းစားသော်လည်း မဝနိုင်ပါ။

ထို့ကြောင့် မကြာခဏ ကျိုးရွှမ်တို့ ဆိုင်ကို သွားကြ တစ်ခုခု မှာစားရသည်။

ပြောင်းဖူးဖုတ်များကိုလည်း လွေးကာ ဝက်သားမှိုကြော်နှင့် ဖက်ထုပ်တစ်ပန်းကန်ကိုလည်း စားသည်။ အတိုချုံးပြောရလျှင်တော့ သူမ တော်တော် စားနိုင်ပါသည်။

ဝမ်ယွမ်က ပြောလိုက်သည်။ "ပြဿနာတော့ မရှိပါဘူးနော်။"

"မရှိပါဘူး။ နင့်အငယ်ဆုံးဒေါ်လေးပြောတာကို နားယောင်မနေနဲ့။ ဘာမှမဟုတ်တာလေးကို လန့်နေတယ်။ သူက ၄ ယောက်တောင် မွေးထားတာကို" အမေကျိုးက ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင် သူက တကယ်စားနိုင်တယ်ဗျ။ ကျွန်တော့်မှာ ညကြီးသန်းခေါင် ထပြီး သူစားဖို့လုပ်ပေးရတယ်။" ဝမ်ယွမ်က ပြောလိုက်၏။

ဒီလကစပြီး သူ့မိန်းမမှာ ညကြီးသန်ခေါင် ဗိုက်ဆာသဖြင့် နိုးလာတတ်သည်။ ထို့အခါ သူမစားဖို့အတွက် သူထကာ ကြက်ဥခေါက်ဆွဲပြုတ် ပြုတ်ပေးရသည်။ သူမကလည်း အားရပါးရစားသည်။

အများကြီး စားသော်လည်း သိပ်ပြီး မဝလာပါ။ သူမ၏ ဗိုက်ထဲကသာ စုပ်ယူသွားသည်။

"ဘာမှမဖြစ်ပါဘူး။ ဗိုက်ဆာရင် စားလို့ရတယ်။ ငါတို့ကိုယ်ဝန်ရှိတုန်းကဆိုရင် မလွယ်ကူခဲ့ဘူး။ ငါသားကြီးကို ကိုယ်ဝန်ဆောင်တုန်းက ငါတို့မိသားစုက အရမ်းဆင်းရဲတာ။ ငါကလည်း အစာဒဏ်မခံနိုင်ဘူး။ အဘိုးကြီးခမျာ ညကြီးသန်းခေါင် အမဲထွက်လိုက်ရပြီး အဲ့ကျမှာ ငါစားဖို့တစ်ခုခု ချက်ပေးနိုင်တယ်" အမေကျိုးက ပြန်ပြောပြလိုက်ပါသည်။

ထိုနေ့ရက်များက တကယ် မလွယ်ကူခဲ့ပါ။ အဖေကျိုးလည်း မလွယ်ကူခဲ့ရှာပါ။ အဖေကျိုးက သူမအပေါ်တော့ ကောင်းသည်။ သူမ ကိုယ်ဝန်ရှိစဥ်တုန်းက စားစရာများ ယူဆောင်လာပေးတတ်သည်။ သူငယ်ရွယ်ပြီး အလုပ်သမားအကူအဖြင့် အလုပ်လုပ်ခဲ့တုန်းက လက်ဆောင်ရသော ပန်ကိတ်များကို မစားရက်ဘဲ အိမ်သို့ပြန်ယူလာပြီး သူမကို ကျွေးခဲ့ပါသည်။

"နင်ဘာစားချင်လဲသာပြော။ ဒီမှာ အဘွားချက်ပေးမယ်။ နင်တို့က ခေတ်ကောင်းကောင်းမှာ ရောက်နေကြပါပြီ" အမေကျိုးက ပြောလိုက်သည်။

"ဒါဆို ဒီနေ့ည ပြောင်းဖူးပန်ကိတ် လုပ်စားကြမလား" ကျိုးအာ့နီက အကြံပေး၏။

"မခက်ပါဘူး" အမေကျိုးက ပြန်ပြောလိုက်သည်။

သို့သော် သူမ လက်လှုပ်စရာမလိုပါ။ ကျိုးရှောင်မိန်က လုပ်ပေးသည်။ ပြောင်းဖူး ပန်ကိတ်များက အလွန်အရသာရှိပါသည်။

ပြောင်းဖူးပန်ကိတ်များသာမကဘဲ ခရမ်းချဥ်သီးကြက်ဥ စွပ်ပြုတ်တို့ကလည်း အရသာရှိသည်။ ဝက်နံရိုးမီးကင် အစရှိသဖြင့်... အားလုံးက ဟင်းလျာကောင်းများဖြစ်ကြပါသည်။

"နင်ပြန်ရင် ခရမ်းချဥ်သီးတွေ ပြန်ယူသွား။ ညသန်းခေါင်ကြီး ဗိုက်ဆာလာရင် ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ် လုပ်သောက်လို့ရတယ်" ကျိုးရှောင်မိန်က ပြောလိုက်၏။

"ဟုတ်ကဲ့" ဝမ်ယွမ်က ပြန်ပြောလိုက်ပြီး ခရမ်းချဥ်သီး ခြင်းလေးတစ်ခြင်းကို ပြန်ယူလာခဲ့လိုက်သည်။

ကျိုးရွှမ်က ကျိုးအာ့နီ၏ အစားကြီးမှုကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။ သူမအတွက် နောက်ထပ် တစ်ပန်းကန် သူလုပ်ပေးခဲ့ရဖူးသည်။

ကျိုးစန်းနီ၏ ဗိုက်ကလည်း မသေးလှပါ။ ဦးလေးနှင့် ဒေါ်လေးတို့မရှိသဖြင့် သူတို့အိမ်သို့ သူမလာကြည့်ခဲ့ပါသည်။

သူမတစ်ယောက်တည်းလာခဲ့ခြင်း ဖြစ်၏။ လီအိုင်ကွေ့က ဆိုင်ကြည့်နေသည်။ သူမတစ်ယောက်တည်း လာရလည်း အဆင်ပြေပါသည်။ ကျိုးစန်းနီ၏ ကိုယ်ဝန်က အချိုးအကွေ့များ များပြားခဲ့သော်လည်း သူမ ကျန်းမာရေးကောင်းသည်ဟု ခံစားမိပါသည်။

"အစ်မ စန်းနီ။ ဗိုက်ဆာလား။ ကျွန်တော် တစ်ခုခု စားဖို့ ယူပေးမယ်လေ" သူမကို တွေ့သောအခါ ကျိုးရွှမ်က ပြောလိုက်ပါသည်။

ဒေါ်လေးမာက စနောက်လိုက်၏။ "ရွှမ်လေး ဒီတိုင်းသာဆိုရင် နင်မိန်းမရလာတဲ့အခါ နင့်မိန်းမတော့ ကံကောင်းတော့မှာပဲ"

ကျိုးရွှမ်က ပြုံးလိုက်သည်။ "ဝတ္တရားပါဗျာ။ ကျွန်တော်တို့ ကျိုးမိသားစုမှာ မိန်းမချစ်တတ်တဲ့ ဓလေ့ရှိတယ်"

ကျိုးစန်းနီက ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ နည်းနည်း စိတ်ပူနေတာ။ ဒါပေမယ့် အခုကြည့်ရတာ ကျွန်မစိတ်ပူတာ နည်းနည်း ပိုနေပြီထင်တယ်။ ကျိုးရွှမ်က ဆိုင်ကို ကောင်းကောင်း ထိန်းသိမ်းနေတာပဲ"

"ဘာပြဿနာ ရှိမှာမို့လို့လဲ။ မနှစ်က အငယ်ကောင်တောင် နွေရာသီအားလပ်ရက် အစအဆုံး သူတစ်ယောက်တည်း စီမံသွားတာ" ကျိုးရွှမ်က ပြောလိုက်ပါသည်။

ထို့နောက် ကျိုးစန်းနီအတွက် ဖက်ထုပ် တစ်ပန်းကန် ခပ်ပေးလိုက်သည်။ သိုးသားဖက်ထုပ်ဖြစ်ပါသည်။ သူ ပြောလိုက်၏။ "အစ်မ စန်းနီ စားလိုက်ပါဦး"

"ငါမလာခင်က စားခဲ့ပြီးပါပြီ။ ငါ့ကို ကျွေးစရာ မလိုပါဘူး" ကျိုးစန်းနီက အမြန်ပြောလိုက်ပါသည်။

"အစ်မ ဗိုက်ကြီးက တော်တော်ကြီးနေပြီ။ ဗိုက်အဆာမြန်မှာပေါ့။ အစ်မ အာ့နီရဲ့ဗိုက်က အစ်မထက် ပိုသေးပြီး တစ်ရက်ကို ၂ ခါ ၃ ခါလောက်တောင် လာစားတယ်။ ကျွန်တော့် ဒုတိ ယောက်ဖတောင် ညကြီးသန်းခေါင် ထပြီး သူ့အတွက် ခေါက်ဆွဲတွေ ထပြုတ်ပေးရတယ်တဲ့" ကျိုးရွှမ်က ပြောလိုက်ပါသည်။

ကျိုးစန်းနီ အံ့အားသင့်သွား၏။ "အစ်မ အာ့နီက လနည်းနည်းပဲ ရှိသေးတာမလား" သူမကတော့ မနည်းတော့ပါ။ ၇ လလောက် ရှိနေပြီး အနည်းငယ်သာ ကြီးသည်။ သို့သော် အာ့နီက ၄ လပြည့်တာ သိပ်မကြာသေးပေ။

ထိုအချိန်တုန်းက သူမလည်း အစားဝင်ခဲ့ပါသည်။ သို့သော် သူမ ဆာလောင်လွန်းတာမျိုးတော့ မဟုတ်ပါ။ မကြာသေးခင်ကမှ ညကြီးသန်းခေါင် ထပြီး စားစရာရှာရခြင်းဖြစ်သည်။

"လေးလကျော်ကျော်ပဲ ရှိသေးတာကို ဒီလောက်တောင် စားနိုင်နေပြီပဲ" ကျိုးရွှမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

ကျိုးစန်းနီ ဆိုင်တွင် ထိုင်စကားပြောခဲ့၏။ ဖက်ထုပ်များ စားသောက်ပြီးသွားသောအခါ ကျိုးအာ့နီနှင့် တွေ့ဖို့အတွက် ဖက်ထုပ်ဆိုင်သို့ ရောက်လာခဲ့ပါသည်။

အရင်ကလည်း သူမ ရောက်ဖူးပြီး တည်နေရာကို သိပါသည်။ ကုန်ခြောက်ဆိုင်နှင့် အနည်းငယ်ဝေးသဖြင့်သာ သိပ်မလာရခြင်းဖြစ်သည်။

ကျိုးစန်းနီ ဘယ်လောက်တောင် ဝလာသလဲ မြင်ပြီး ကျိုးအာ့နီ ပြုံးလိုက်၏။ "စန်းနီ နောက်ဆို နင့်ကိုမှတ်မိမှာတောင် မဟုတ်တော့ဘူး"

ကျိုးစန်းနီကတော့ သူမ၏ ဗိုက်ကိုသာ အာရုံစိုက်နေသည်။ "နင်က လေးလဝန်းကျင်ပဲရှိသေးတာကို ဘာလို့ဗိုက်က အရမ်းထွက်နေတာလဲ"

"အဘွားပြောတော့ မိန်းကလေးတိုင်းက မတူဘူးတဲ့။ တချို့ဗိုက်တွေက မြန်မြန် သိသာလာပြီး တချို့တွေကတော့ နောက်ကျတယ်လို့ ပြောတယ်" ကျိုးအာ့နီက ပြန်ပြောလိုက်သည်။

ကျိုးစန်းနီက ခေါင်းငြိမ့်လိုက်၏။ "ကျိုးရွှမ်ပြောတယ်။ နင်တော်တော်် အစားကြီးနေတယ်ဆို။ အဲ့တာဆိုဘာလို့ ဝမလာတာလဲ။ ငါဆို ဝိတ်တွေတက်လာလိုက်တာများ။ အဝတ်အစားအသစ်တွေပါ ဝယ်ရတယ်။ ကုန်သလားမမေးနဲ့"

ကျိုးအာ့နီက ပြောလိုက်၏။ "ဝလာပါတယ်။ ဒီကလေးလေးက အကုန်စုပ်ယူသွားတာပဲ။"

ကျိုးအာ့နီ စကားပြောရင်း ပန်းသီးနှစ်လုံး ရေသွားဆေးလိုက်သည်။ တစ်လုံးက သူမအတွက်ဖြစ်ပြီး တစ်လုံးက ကျိုးစန်းနီအတွက်ဖြစ်၏။ "နင်ပန်းသီးတွေ ပိုစားဖြစ်သေးလား"

"အေး နေ့တိုင်းစားဖြစ်တယ်" ကျိုးစန်းနီက ပန်းသီးကို ကိုက်ကာ ပြန်ပြောလိုက်သည်။ "ခုလေးတင် ကျိုးရွှမ်တို့ ဆိုင်မှာ ဖက်ထုပ် တစ်ပန်းကန် စားခဲ့သေးတယ်"

ညီအစ်မနှစ်ယောက်သား တစ်ယောက် ဗိုက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်မိပါသည်။ ပါးစပ်တွေက အစားကြီးလိုက်တာများ...

All Chapters