အခန်း(၅၂၂) ဒဏ်ရာနှင့် အမှတ်ကောင်း
Vol. 38 Ch. 522
အခန်း(၅၂၂) ဒဏ်ရာနှင့် အမှတ်ကောင်း
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့၏ အိမ်ထောင်စု စာရင်းပြဿနာ ပြေလည်သွားဖို့ သိပ်မကြာလိုက်ပေ။
သူတို့ ပြန်ရသောအခါ မြို့တော် အိမ်ထောင်စု စာရင်းဖြစ်သွားလေပြီ။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ ထိုစာအုပ်ကို ရသွားသောအခါ ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲ ပြောစရာပင် မလိုတော့ချေ။
"မှတ်ပုံတင်လုပ်ဖို့ အချိန်ကျပြီ" လင်းချင်းဟယ်က ရွှင်မြူးစွာ ပြောလိုက်၏။
မှတ်ပုံတင်စနစ်က ဒီနှစ်မှ ကျင့်သုံးမည် ဖြစ်ပါသည်။ သူမ၏ မိသားစုဝင်အားလုံး ရှိပြီးသားဖြစ်သည်။ မှတ်ပုံတင်လုပ်ဖို့ အိမ်ထောင်စုစာရင်း လိုအပ်သဖြင့် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ မရှိသေးပါ။
သို့သော်လည်း အခုတော့ ဒီစာအုပ် ရလာပြီ ဖြစ်သဖြင့် မှတ်ပုံတင် လျှောက်လို့ ရပါပြီ။
သူတို့ ဒီနေရာတွင် အခြေချလိုသဖြင့် လိုအပ်သည့် စာရွက်စာတမ်း အကုန် လုပ်ထားဖို့ လိုအပ်ပါသည်။ ထိုအခါ ဘယ်သူမှ ဘာမှ မပြောနိုင်လောက်ပါ။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ သဘောတူခဲ့ကြ၏။ နေ့လည်ခင်း အနားယူပြီးသွားသောအခါ လင်မယားနှစ်ယောက်စလုံး မှတ်ပုံတင် သွားလုပ်ကြသည်။ နှစ်ခုစလုံးက ၁၀ နှစ် သက်တမ်းများ ဖြစ်သည်။
ယခုတော့ သူမတို့မိသားစု မြို့သားစစ်စစ်များ ဖြစ်လာကြလေပြီ။
လင်းချင်းဟယ်၏ တောင်းဆိုမှုကြောင့် သူတို့ နှစ်ယောက် ဘာမှမပြောခဲ့ကြပါ။ ဘယ်သူမှလည်း မသိကြပေ။
ဘာပဲဖြစ်ဖြစ် ဒီလိုသတင်းမျိုးကို ဖြန့်စရာလည်း မလိုပါ။ ဒီလိုဇာတ်နိမ့်နေနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ နောက်နှစ်မှ စပြီး စုချန်းနှင့် တခြားသူများ အဆက်အသွယ် မလိုအပ်တော့ဘဲ ကျောင်းတက်နိုင်တော့မည် ဖြစ်သည်။ သူတို့ ကျောင်းဝင်ခွင့်ကို ဒီအတိုင်း တိုက်ရိုက် လျှောက်ထားနိုင်ပါ၏။
ထိုနေ့က ရုံးတွင် သားကြီးထံမှ လင်းချင်းဟယ် ဖုန်းရခဲ့သည်။
"နောက်ဆုံးတော့ ဖုန်းပြန်ခေါ်ရမှန်း သိပြီပေါ့လေ။ အိမ်ကိုတောင် မေ့နေပြီလား" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒီကောင်စုတ်လေး ဖုန်းမခေါ်တာ လနဲ့ချီနေပြီ မဟုတ်လား။
ကျိုးခိုင်က ရယ်မောလိုက်၏။ သူတာဝန်မှ ခုမှ ပြန်ရောက်လာခြင်းဖြစ်ပြီး ရွှင်လန်းစွာဖြင့် ရှင်းပြလိုက်ပါသည်။
"ကျွန်တော် အလုပ်များနေလို့ပါ။ အားရင် ဖုန်းဆက်နေကျပဲလေဗျာ။"
"တာဝန်နဲ့ သွားတာလား" လင်းချင်းဟယ်က မေးလိုက်သည်။
"အင်း" ကျိုးခိုင်က ခေါင်းငြိမ့်၏။ လင်းချင်းဟယ်သာ ဖုန်းတွင် သူ့ကို မြင်နိုင်ပါက ပတ်တီးများဖြင့် သူ့ကို မြင်ရပါလိမ့်မည်။
ဒီတစ်ခေါက်တော့ ချောချောမွေ့မွေ့ မအောင်မြင်ခဲ့ပါ။ သို့သော်လည်း အန္တရာယ်မရှိသည့် ထိတ်လန့်စရာသာဖြစ်သည်။ သူ့မိသားစုကို ဒီအကြောင်းပြောပြီး စိတ်ပူအောင် လုပ်ဖို့ မလိုအပ်ပါ။
"အစ်ကိုကော်တုန်းက အိမ်ပြန်ပြီး အခြေချပြီပေါ့" ကျိုးခိုင်က သူ့အမေနှင့် စကားခဏပြောပြီး မေးလိုက်ပါသည်။
"ဟုတ်တယ်။ ဒါနဲ့ နောက်တစ်ခါဆို ဒီဖုန်းကို မဆက်နဲ့။ ငါ့ရုံးခန်းထဲက ဖုန်းကိုပဲဆက် ကြားလား" လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။
ဒီဖုန်းကို ကျူတာတစ်ယောက်က လာကိုင်ပြီး သူမကို လာခေါ်ခြင်းဖြစ်၏။
"ဘာဖြစ်တာလဲ။ ဒီနံပါတ်ပဲ မဟုတ်ဘူးလား" ကျိုးခိုင်က ပြောလိုက်သည်။
"ရုံးခန်း ပြောင်းသွားလို့ပါ" လင်းချင်းဟယ် ပြန်ဖြေလိုက်သည်။
ကျိုးခိုင်လက်ခံလိုက်ပြီး ဖုန်းနံပါတ်သစ်ကို ချရေးလိုက်သည်။ နောက်ပိုင်း ဒီဖုန်းနံပါတ်ကိုသာ ခေါ်တော့မည်။ သားအမိနှစ်ယောက် ခဏလောက် စကားပြောခဲ့ကြပြီး ဒီနှစ်ထဲ သူပြန်လာမည်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ လင်းချင်းဟယ်က စိတ်ကျေနပ်စွာ ဖုန်းချလိုက်ပါသည်။
တဖက်တွင်တော့ ကျိုခိုင်လည်း ဖုန်းချပြီး ပတ်တီးလဲဖို့ စစ်ဆေးရုံသို့ သွားခဲ့သည်။
ဝိန်မေ့ကျားကို လဲခိုင်းလိုက်၏။ ဝိန်မေ့ကျားက ဆေးကို ယူလိုက်ပြီး သူ့အတွက် လဲပေးနေရင်း ပြောလိုက်ပါသည်။ "ဒေါ်လေးလင်းကို ဖုန်းဆက်ထားတာလား။"
"နင်ဘယ်လိုသိတာလဲ" ကျိုးခိုင်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဝိန်မေ့ကျားက ပြန်ဖြေ၏။ "နင့်ပုံစံက အရမ်းပျော်နေတာကိုး။"
"ဒီနှစ် နှစ်သစ်ကူး ငါပြန်မှာ။ နင်ကော အတူတူ ပြန်ချင်လား" ကျိုးခိုင်က မေးလိုက်၏။
"မသိသေးပါဘူး" ဝိန်မေ့ကျားက သူ့ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ပြန်လိုက်ပါ။ မနှစ်ကလည်း နင်မပြန်ဘူး။ ဒီနှစ် အတူတူ ပြန်ကြရအောင်" ကျိုးခိုင်က ပြုံးကာ ပြောလိုက်ပါသည်။
"အဲ့ကျရင် ဘယ်လို စီစဥ်ကြမလဲ စောင့်ကြည့်တာပေါ့" ဝိန်မေ့ကျားက သူ့ကို မင်းလိုက်၏။ "နင် ဘယ်လိုနေသေးလဲ။"
"တကယ်တော့ ဘာမှ စိတ်ပူစရာ မဟုတ်ပါဘူး။ အချိန်မှီ မကုသဘဲ ကြာသွားလို့ဖြစ်တာပါ" ကျိုးခိုင်က သူ့ရင်ဘတ်ပေါ်က ဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာက သူ့လက်သီးလုံးအရွယ်အစားရှိပြီး သေချာပေါက် ပေါ့သေးသေး မဟုတ်ပါ။
"ဘာမှ စိတ်ပူစရာမရှိဘူး ဟုတ်လား။ ဒေါ်လေးလင်းသာ မြင်ရင် နင့်ကိုဘယ်လို ပြောမလဲ ကြည့်ကြသေးတာပေါ့" ဝိန်မေ့ကျားက သူ့ကို မျက်စောင်းရွယ်လိုက်သည်။
ကျိုးခိုင်က အမြန်ပြောလိုက်၏။ "ငါ့အမေကို ဒီအကြောင်း မပြောပါနဲ့။"
"ဒီနှစ်ထဲ တာဝန်တွေ ရှိသေးလား" ဝိန်မေ့ကျားက ဘာမှမပြောဘဲ မေးလိုက်သည်။
"ဒီနှစ်တော့ မလုပ်တော့ပါဘူး။ ဒါပေမယ့် ငါပြန်ကောင်းသွားတာနဲ့ ဒီမှာပဲ လေ့ကျင့်မယ်။ အဲ့အချိန်ကျရင် နင့်ကို ခဏခဏ လာတွေ့ပါ့မယ်" ကျိုးခိုင်က ပြန်ပြောလိုက်သည်။
"ဘယ်သူက နင့်ကို တွေ့ချင်တယ် ပြောလို့လဲ" ဝိန်မေ့ကျားက ရှက်သွေးဖြာပြီး ခေါင်းငုံ့သွားပါသည်။
ကျိုးခိုင်ကတော့ မရိပ်မိဘဲ ပြောလိုက်သည်။ ပြောပြီးခါမှ သူ့စကားလုံးများ အဓိပ္ပာယ်နှစ်မျိုး ထွက်နေသည်ကို သိသွား၏။ ချက်ချင်း ရှက်သွားသလို ခံစားလိုက်ရပြီး ပြောလိုက်ပါသည်။ "စောစောစီးစီး ရည်းစားမထားနဲ့ဦး။ နင်ငယ်သေးတယ်။"
ဝိန်မေ့ကျားက သူ့ကို စကားမပြောချင်တော့ပါ။ သူမဘယ်လိုလုပ် ငယ်မည်နည်း။ သူမ၏ အစ်မကြီး သူမ အရွယ်တုန်းက မင်္ဂလာပင် ဆောင်ပြီးနေပါပြီ။
ဒီငတုံးကောင်ကတော့။
"စားသောက်ဆိုင်က စားဖိုမှူးကို နင့်အတွက် နံရိုးစွပ်ပြုတ် ချက်ခိုင်းထားတယ်။ မပြန်ခင် သောက်သွားဦး" ဝိန်မေ့ကျားက ပြောလိုက်သည်။
"ဟုတ်ပါပြီ" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်သည်။
သူမပြန်ချင်သေးဘဲ ဆက်ထိုင်နေသည်။ ဝိန်မေ့ကျားက သူ့ကို စောင်းကြည့်လိုက်၏။ "ပက်တီး စည်းပြီးသွားပြီ။ ပြန်နားတော့လေ။"
"ငါနည်းနည်းလောက် ထိုင်ဦးမယ်။ နင်လုပ်စရာရှိတာသာ လုပ်ပါ။ ငါ့ကို စိတ်မပူနဲ့" ကျိုးခိုင်က ပြောလိုက်သည်။
ဝိန်မေ့ကျား သူ့ကို ကြည့်လိုက်သောအခါ ဒီဒဏ်ရာဖြင့် ပြန်ရောက်လာကတည်းက ဘာကြောင့် အနည်းငယ် အရှက်မဲ့လာသလို ဖြစ်လာသည်ဟု ခံစားမိပါသနည်း။
ကျိုးခိုင် နာရီဝက်လောက် ထိုင်နေခဲ့ပြီး သူမ တကယ်အလုပ်များလာမှ ပြန်သွားခဲ့၏။
ဝိန်ကော်လျန်က သူ့ကိုလာတွေ့သည်။ သစ်သီးတချို့ ဝယ်လာပေးပြီး မေးလိုက်သည်။ "ဘယ်လိုနေလဲ။ မင်းအဆင်ပြေရဲ့လား။"
"အဆင်ပြေပါတယ်။ တစ်ရက်ကို တစ်ခေါက်လောက် ပက်တီးလဲရင် အဆင်ပြေပါပြီ" ကျိုးခိုင်က ပြန်ပြောလိုက်သည်။
"ဒီတစ်ခေါက် မင်း အမှတ်ကောင်းကောင်း ရလာတာပဲဟေ့" ဝိန်ကော်လျန်က မနာလိုစွာ ပြောလိုက်သည်။ ဒီတစ်ခေါက် အန္တရာယ် များခဲ့သော်လည်း ဘေးကင်းကင်း ပြန်လာနိုင်တာ ကံကောင်းပါသည်။ ထို့အပြင် ကျိုးခိုင် ဦးဆောင်သည့် အဖွဲ့က တစ်ဝက်အောက်ပင် မလျော့ပါ။ သူတို့လုပ်စရာရှိတာ အားလုံး လုပ်နိုင်ခဲ့ပါသည်။ အမှတ်ကောင်းကောင်းရဖို့ လိုအပ်သည်။ ထိုအချက်အားလုံးကို တင်ပြခံရမည်ဖြစ်သည်။ သို့သော်လည်း လောလောဆယ်တော့ ရာထူးတိုးခြင်း မရှိသေးပါ။
သို့သော်လည်း စုထောင်းထားခြင်း ခံရမည်။ အဆင့်တစ်ခုထိ ရောက်သွားပြီး သူရာထူးတိုးသွားပါက ဘယ်သူမှ ဘာမှမပြောနိုင်တော့ပါ။
"ဒီမနက် ငါ့အမေနဲ့ ဖုန်းပြောခဲ့တယ်။ အစ်ကိုကြီးက မြို့တော်မှာ အခြေချနေပြီတဲ့" ကျိုးခိုင်က ပြောလိုက်ပါသည်။
"အကြီးဆုံး အစ်ကိုက ငယ်မှမငယ်တော့တာ။ ငါ့အမေက စိတ်ဖိစီးနေတယ်။ ဒီအသက်အရွယ် ရောက်လာတာတောင် အဲ့ဒီကိစ္စတွေကို မတွေးသေးဘူး။ သူ့မှာ တိတ်တိတ်ပုန်း ရောဂါများ ရှိနေမလားဆိုပြီး ငါ့အမေစိတ်ပူနေတာ" ဝိန်ကော်လျန်က ပြောလိုက်ပါသည်။
ကျိုးခိုင်နားမလည်ပေ။ "ဘာတိတ်တိတ်ပုန်း ရောဂါလဲ။"
"ငါ့အမေက သူ့အလုပ်ထဲမှာ လက်ချင်းခိုးတွဲထားတဲ့ ယောက်ျား နှစ်ယောက်ကို တွေ့တယ်တဲ့။ အဲ့ဒီအချိန်ကျမှ ယောက်ျားချင်း ကြိုက်တတ်တဲ့ လူမျိုးတွေ ရှိနေတာကို သိပြီး အစ်ကိုကြီးမှာ အဲ့ဝါသနာများ ရှိနေမလာားလို့ စိတ်ပူနေတာ" ဝိန်ကော်လျန်က ပြန်ပြောလိုက်သည်။
ကျိုးကွေ့လိုင် ပါးစပ်တွန့်သွား၏။ "အစ်ကိုကြီးက အသက် ၂၀ ဝန်းကျင်ပဲ ရှိပါသေးတယ်ကွာ။ အရမ်းနောက်မကျသေးပါဘူး။"
လက်ထပ်ဖို့ နောက်ကျသွားရုံနှင့် ယောက်ျားချင်း ကြိုက်သည်ဟု အထင်ခံရသည်။ ဝိန်ကော်တုန်းကို သူ နည်းနည်း ကိုယ်ချင်းစာမိပါသည်။
ဝိန်ကော်တုန်းကို ယောက်ျားချင်း သဘောကျသည်ဟု ပြောခြင်းကို ကျိုးခိုင် မယုံပါဘူး။ လူမှန်နှင့် မတွေ့သေးခြင်းကြောင့်သာဖြစ်သည်။ ဝိန်ကော်တုန်း၏ စရိုက်က ဝိန်ကော်လျန်၏ ဖော်ဖော်ရွေရွေစရိုက်နှင့် ခြားနားပါသည်။
"အပြင်မှာ လျှောက်မပြောနဲ့နော်" ဝိန်ကော်လျန်က ပြုံးစိစိဖြင့် ပြောလိုက်ပါသည်။ "ငါ့အမေက တမင်တကာ အစ်ကိုကြီးကို ဆွပေးနေတာပါ။"
"ငါသိပါတယ်" ကျိုးခိုင်က ပြုံးလိုက်၏။
"မင်းလည်း ဒီနှစ် ပြန်နိုင်လောက်တယ်မလား။ မင်းပြန်ချင်လာား" ဝိန်ကော်လျန်က မေးလိုက်သည်။
"ပြန်မှာ၊ ပြန်မှဖြစ်မယ်။ မင်းကော" ကျိုးခိုင်က မေးလိုက်သည်။
"ငါပြန်လို့မရဘူး။ ဒီနှစ်တော့ ဒီမှာပဲ နေရမယ်။" ဝိန်ကော်လျန်က ခေါင်းခါလိုက်ပါသည်။
ဝိန်ကော်လျန်က ခေတ္တစကားပြောပြီး ပြန်သွားလေသည်။ ကျိုးခိုင် အိပ်ယာပေါ်တွင် လှဲကာ စဥ်းစားမိ၏။ သူ လက်ထပ်ဖို့ ဘယ်အသက်အရွယ်က အကောင်းဆုံးလဲ။
ဘယ်သူ့ကို လက်ထပ်ရမလဲ။
မရင်းနှီးသော သူများက အဆင်မပြေပါ။ သူ သိပြီး သူ့ကို နားလည်သည့် လူတစ်ယောက် ဖြစ်ရမည်။ သူနှင့် အဆင်ပြေရမည်။
ထိုသို့စဥ်းစားမိသောအခါ ဝိန်မေ့ကျား၏ မျက်နှာက သူ့ခေါင်းထဲပေါ်လာ၏။
စဥ်းစားနေရင်း ကျိုးခိုင် အိပ်ပျော်သွားလေသည်။ ဘာပဲဖြစ်ဖြစ် သူက ဒဏ်ရာရနေပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း အားနည်းနေဆဲ ဖြစ်သည်။ အိပ်ပျော်နေရင်း ဘာတွေအိပ်မက် မက်နေလဲ မသိပါ။ သူ့နှုတ်ခမ်းထောင့်က ပြုံးနေခဲ့ပါသည်။