← Chapters

အခန်း(၅၂၃) အမြွှာပူး

Vol. 38 Ch. 523

အခန်း(၅၂၃) အမြွှာပူး

Vol. 38 Ch. 523

အခန်း(၅၂၃) အမြွှာပူး

သားကြီးတစ်ယောက် ရင့်ကျက်လာသည့် လက္ခဏာများ ပြနေပြီကို လင်းချင်းဟယ် မသိခဲ့ပါ။

ခုတလော ကျိုအာ့နီ၏ ဗိုက်ကို သူမ လေ့လာနေသည်။

ကျိုးစန်းနီထံသို့ တစ်လတစ်ခါလောက် သွားကာ သူမ၏ ဗိုက်ကို စစ်ဆေးကြည့်၏။ အခု သူ့ဗိုက်က လုံးဝ မသေးငယ်တော့ပါ။ နောက်လထဲ မွေးဖွားတော့မည်ဟု ခန့်မှန်းထား၏။ ထိုဗိုက်ကို သူမ ကူညီပေးရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင် ၁၀ လဟု ပြောကြသော်လည်း မွေးဖွားပြီးသည့်သူတိုင်းက ၉ လအပြီး ရက်အနည်းငယ်လောက်အကြာတွင် ကလေးမွေးဖွားကြမှန်း သိကြသည်။ အစောဆုံးက ၈ လဖြစ်၏။

ထို့ကြောင့် ကျိုးစန်းနီ၏ ဗိုက်ကြီးကို ကြည့်လျှင် လင်းချင်းဟယ် မအံ့သြသော်လည်း ကျိုးအာ့နီ၏ ဗိုက်ကတော့ အလွန် လက်မခံနိုင်စရာ ဖြစ်နေပါသည်။

ကိုယ်ဝန် ၅ လတုန််းက ကျိုးစန်းနီ၏ ၇ လအရွယ်ဗိုက်နှင့် အတူတူနီးပါးဖြစ်နေခဲ့သည်။

လင်းချင်းဟယ် ရက်နည်းနည်းလောက် သည်းခံခဲ့၏။ ထိုနေ့ နေ့လည်ခင်း ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ နေ့လည်စာ လာစားကြသည်။ လင်းချင်းဟယ်က သူတို့နှစ်ယောက်စလုံးကို အကြံပေးလိုက်၏။ "နင်တို့ဆေးရုံမှာ ဗိုက်သွားစစ်သင့်တယ်နော်။"

"နေရတာ သက်တောင့်သက်သာ မရှိဘူးလား"' ဝမ်ယွမ် တွန့်ဆုတ်သွားပြီး သူ့မိန်းမကို အမြန်မေးလိုက်ပါသည်။

ကျိုးအာ့နီက ခေါင်းခါလိုက်သည်။ "ဒီတိုင်း ပင်ပန်းလွယ်ရုံပဲ ရှိတာပါ။ တခြား နေရခက်တာ မရှိပါဘူး။"

သူမ၏ ဗိုက်က အခုအလွန်ကြီးမားနေပြီ ဖြစ်သောကြောင့် ဝမ်ယွမ်က သူမကို အလုပ်သွားချင်ရင်တောင် မလွှတ်တော့ပေ။ သူမကို အထည်စက်ရုံသို့ ခေါ်သွား၏။ သူမ ပျင်းနေလျှင် စာရင်းတစ်ချို့ကိုပေးပြီး သူမကို တွက်ချက်ခိုင်းထားလိုက်ပါသည်။

"နင့်ဗိုက်က ကြီးလွန်းမနေဘူးလား" လင်းချင်းဟယ်က အတွေ့အကြုံမရှိပါ။ ဝက်သား မစားဖူးသော်လည်း ဝက်တော့ မြင်ဖူးသည် မဟုတ်ပါလား။ သူမ၏ ဗိုက်က ကြီးလွန်းနေတော့ တစ်ခုခုတော့ မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။

"အငယ်ဆုံးဒေါ်လေးလည်း အဲ့လိုပဲပြောတယ်။ အခုတော့ အဘွားပါ ပြောနေပြီ" ကျိုးအာ့နီက ကြက်သေသေသွားပြီး သူမ၏ ဗိုက်ကို အနည်းငယ် စိတ်ပူစွာဖြင့် ကြည့်လိုက်၏။

ကျိုးရှောင်မိန်လည်း အရင်က ဒိလို ပြောဖူးသည်။ အခုတော့ အမေကျိုးလည်း ဒီလို ပြောလာပြီ ဖြစ်ပါသည်။ တကယ်ပဲ ကြီးလွန်းနေ၏။

"နေ့လည်ကျရင် ဝမ်ယွမ်နဲ့ သွားစစ်လိုက်။ အဲ့ကျရင် စိတ်သက်သာရာ ရသွားမှာပါ" လင်းချင်းဟယ်က နှစ်သိမ့်လိုက်သည်။

ဝမ်ယွမ်က ပြောလိုက်သည်။ "စားပြီးတာနဲ့ အာ့နီကို ကျွန်တော် ခေါ်သွားလိုက်ပါ့မယ်။"

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ သူမ တစ်ခုခုံစားနေရပြီး ထုတ်ပြောဖို့ အစီအစဥ်မရှိခဲ့ပါ။ သို့သော်လည်း ကျိုးအာ့နီ မျက်ရည်ဝဲလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ သူမပြောခဲ့၏။ "ဘာစိတ်ပူစရာ လိုလို့လဲ။ ကောင်းတာတောင် ဖြစ်နိုင်တယ်။"

"ကောင်းတာ ဟုတ်လား" ကျိုးအာ့နီ ဇဝေဇဝါဖြစ်သွားသည်။

"ဗိုက်က ကြီးလွန်းတော့ အမြွှာလေးများလား" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ဒီရက်ပိုင်းထဲ ဝမ်ယွမ် အလွန်အလုပ်များနေခဲ့ပြီး အားလပ်ချိန်လည်း လုံးဝ မရှိခဲ့ပါ။ ထို့အပြင် ကျိုးအာ့နီ၏ အခြေအနေကလည်း တော်တော်လေး ကောင်း၏။ နေရလည်း မခက်ဘဲ မနက်ခင်းဖျားချင်သလိုတောင် မဖြစ်ပေ။ ထို့ကြောင့် အခုချိန်ထိ ဆေးရုံသို့ ဗိုက်သွားမစစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒီစကားကို ကြားလိုက်သောအခါ ဝမ်ယွမ်တစ်ယောက် နှလုံးခုန်နှုန်း မြန်သွား၏။

သူတင်မဟုတ်ဘဲ ကျိုးအာ့နီလည်း အံ့အားသင့်သွားသည်။ အားလုံးလည်း ထိုနည်းလည်းကောင်း ဖြစ်၏။

ဒေါ်လေးမာက ပြုံးကာ ပြောလိုက်သည်။ "ငါလည်း အရင်တုန်းက မပြောရဲလို့။ ဒီလောက်ဗိုက်ကြီးနဲ့ဆိုတော့ အမြွှာလို့ ထင်တယ်။"

"တကယ် အမြွှာသာဆိုရင် နင်တကယ်တော်တာပဲ ဒုတိယ အစ်မ" ကျိုးစစ်နီက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"သေချာတယ်ထင်တယ်။ အစ်မ အာ့နီက အရမ်းစားနိုင်တာဆိုတော့" ကျိုးရွှမ်ကလည်း ဝင်ပြော၏။

"နဂါးနဲ့ ဇာမဏီငှက် အမြွှာဆိုရင် ဘဝမှာ အောင်နိုင်သူဖြစ်ပြီပဲ။" ကျိုးကွေ့လိုင်ကလည်း သဘောတူသည်။

ဝမ်ယွမ်က အရူးလို ပျော်ရွှင်နေကာ သူ့မိန်းမ၏ ဗိုက်ကိုကြည့်နေ၏။

"အပျော်လွန်မနေစမ်းပါနဲ့။ မသေချာရင် ဘယ်လိုလုပ်မလဲ။" ကျိုးအာ့နီက သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

"မြန်မြန်စား၊ စားပြီးရင် ကိုတို့ သွားစစ်ကြမယ်။" ဝမ်ယွမ်က အလောတကြီးပြော၏။

စားသောက်ပြီးနောက် စောင့်မနေတော့ဘဲ သူ့မိန်းမကို ဆေးရုံသို့ လိုက်ပို့ကာ ဆေးစစ်ခဲ့သည်။ စစ်ဆေးပြီးနောက် တကယ်ပဲ အမြွှာ ဖြစ်နေပါသည်။ ဆေးစစ်ကိရိယာများကလည်း အတော်လေး ကောင်းမွန်၏။

ဝမ်ယွမ် ဆေးစစ်ချက်အဖြေကို ရသောအခါ အရူးတစ်ယောက်လို ပြုံးနေမိပါသည်။

သူတို့ဝမ်မိသားစုတွင် နဂါးနှင့်ဇာမဏီ အမြွှာ မွေးဖွားတာမျိုး မရှိဖူးပါ။ တကယ်တော့ ကျိုးမိသားစုတွင်လည်း မရှိဖူးပါ။ ကျိုးအာ့နီ၏ ကိုယ်ဝန်က အလွန်အမင်း နည်းပါးသည့် ဖြစ်နိုင်ချေအား ထိတွေ့မိခဲ့ပုံပေါ်ပါသည်။

သူမတွင် တကယ်အမြွှာလေးရှိနေမှန်း အတည်ပြုပြီးသွားသောအခါ ကျိုးအာ့နီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ရှင်းလင်းစွာ ပေါ်လာပါသည်။ တကယ်် အမြွှာဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"မိန်းမ မင်းသတိထားရမယ်နော် နားလည်လား။" ဝမ်ယွမ်က သူမကို တွဲရင်း ပြောလိုက်ပါသည်။

"အောင်မယ်လေး ရှင်ကတော့ ကျွန်မက ကြွေနဲ့လုပ်ထားတာ မဟုတ်ပါဘူး။" ကျိုးအာ့နီက သူ့ကို ရွှင်ပျစွာ မျက်စောင်းရွယ်လိုက်ပါသည်။

သူ့နှလုံးသားထဲတွင် တွဲလောင်းခိုနေခဲ့သည့် ကျောက်စိုင်ကြီး နောက်ဆုံးတော့ သူမ ဗိုက်ထဲ ပြန်ရောက်သွားလေပြီ။ အဆင်ပြေလျှင် သူမ ပျော်ရွှင်ပါသည်။ အမြွှာဆိုတော့လည်း အချိုပေါ်သကာလောင်းခြင်း ဖြစ်သွားပါသည်။

"သတိထား။ သတိထား။" ဝမ်ယွမ်က ပြောလိုက်၏။

ထို့နောက် သူတို့ပြန်လာခဲ့ကြပြီး သတင်းကောင်းကို ကြေညာခဲ့ပါသည်။

တကယ်အမြွှာတွေမှန်း ကျိုးချင်းပိုင် ကြားလိုက်ရသောအခါ သူ့တူမ၏ ဗိုက်ကို ကြည့်လိုက်မိသည်။ သူ့မှာသာ ဒီလို အမြွှာမျိုးရမည့် ကံကြမ္မာရှိခဲ့ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

"နင်ဗိုက်ဆာလား" ကျိုးချင်းပိုင်က သူ့တူမကို မေးလိုက်ပါသည်။

"ဆာနေသလိုပဲ" ကျိုးအာ့နီက ရှက်ရွံ့စွာ ပြုံလိုက်ပါ၏။ ဆေးမစစ်ခင်က စားခဲ့သော်လည်း အခုပြန်လာတော့ ထပ်ဆာလာပြန်ပါပြီ။

ကျိုးချင်းပိုင်က သူမကို ပြောင်းဖူးဖုတ်တစ်ဖူး ပေးလိုက်၏။ ထို့နောင် ဝမ်ယွမ်ကို ညွှန်ကြားလိုက်သည်။ "အာဟာရရှိတာတွေ သူ့ကို ပိုလုပ်ကျွေးလိုက်။ မရှိရင် ကုန်ခြောက်ဆိုင်မှာ သွားယူချေ။"

"ဟုတ်ကဲ့" ဝမ်ယွမ်က ပြုံးကာ ပြန်ဖြေလိုက်ပြီး ကျိုးအာ့နီကို အနားယူဖို့ ပြန်ခေါ်လာခဲ့ပါသည်။

ထို့နောက် ကျိုးအာ့နီ အမြွှာကိုယ်ဝန်ဆောင်ထားရသည့် သတင်းက ကျိုးမိသားစုတို့ဘက်တွင်လည်း ပျံ့သွားခဲ့၏။

ကျိုးရှောင်မိန်က ဝမ်းသာစွာ ပြောလိုက်ပါသည်။ "သူ့ဗိုက်က ဘာလို့ဒီလောက် ကြီးနေပါလိမ့်လို့ အမြွှာပူးလေး ဖြစ်နေတာကိုး။"

တကယ်တော့ သူမ ဒီလိုထင်ခဲ့ခြင်း မဟုတ်ပါဘူး။ လက်မထပ်ရသေးခင် ကျိုးအာ့နီ ဝမ်ယွမ်နှင့် အိပ်ခဲ့သည်ဟု သူမ ထင်ထားခြင်း ဖြစ်၏။ သို့သော် စတုတ္ထယောက်မ ကျိုးအာ့နီအား ဆုံးမမည်စိုးသဖြင့် သူမ ထုတ်မပြောခဲ့တာဖြစ်သည်။

အမေကျိုးကတော့ အတိုင်းထက်အလွန်ပင်။ "ငါတို့ ကျိုးမိသားစုမှာ ဒီလိုအစဥ်အလာမျိုး ရှိလာပြီပေါ့။ အာ့နီ ဒီကောင်မလေးကတော့ တကယ်အစွမ်းအစရှိတာပဲ။"

သူမ၏ မြေးမကို ဝမ်မိသားစုအထင်သေးကြောင်း သူမသိသည်။ သူမ၏ မြေးမက အလားအလာရှိ၏။ အခုလည်း အမြွှာ ကိုယ်ဝန်ဆောင်ထားရသဖြင့် ဝမ်မိသားစုဘက်တွင် အမှတ်ကောင်း ရခဲ့ပါသည်။

ဝမ်ယွမ်က အိမ်ကို ဖုန်းဆက်ခဲ့၏။ အဖေဝမ် အပျော်လွန်သွားပြီး ပြန်ပြောလိုက်သည်။ "တကယ်ပဲ အမြွှာပူးလေးလား။"

"ဘယ်က အမြွှာပူးလဲ။" အမေဝမ်က တီဗီကြည့်နေ၏။ သူမ၏ တတိယသား ဖုန်းခေါ်တာကို ဂရုမစိုက်သော်လည်း ထိုအကြောင်း ကြားသောအခါ အံ့အားသင့်သွားရ၏။

"တတိယ သားရဲ့ မိန်းမက အမြွှာပူးလေး ကိုယ်ဝန်ဆောင်ထားတာတဲ့။" အဖေဝိန်က သူမကို ပြန်ပြောပြလိုက်သည်။ ထို့နောက် သူ့သားကို ကောင်းကောင်း စောင့်ရှောက်ဖို့ ပြောပြီး ဖုန်းချလိုက်ပါသည်။

အမေဝမ်က မေးလိုက်၏။ "သူက တကယ် အမြွှာပူးကိုယ်ဝန်ဆောင်ထားတာလား။"

"ဟုတ်တယ်။ ငါတို့ ဝမ်မိသားစုမှာလည်း အမြွှာပူး အစဥ်အလာဆိုတာမရှိဘူး။ ရက်နည်းနည်းလောက် သားကို သူ့မိန်းမကို ခေါ်ပြီး အိမ်မှာ လာနေခိုင်းဦးမယ်။ မင်းသူ့ကို ကောင်းကောင်းဆက်ဆံနော်။" အဖေဝမ်က ပြောလိုက်ပါသည်။

အမေဝမ်က သည်းခံပြီး ပွစိပွစိပြောလိုက်၏။ "လာပါ၊ လာပါစေပေါ့၊ ကျွန်မ ဘာမှ မပြောပါဘူး။"

ဝမ်ယွမ်က ကျိုးအာ့နီကို အိမ်ပြန်ခေါ်လာခဲ့၏။ သူမ၏ ယောက္ခမ သူမကို သဘောမကျမှန်း ကျိုးအာ့နီသိပါသည်။ သို့သော် ကျေပွန်သင့်သည့် ဝတ္တရားကို ကျေပွန်ပြီး ပေးသင့်သည့် လေးစားမှုကိုတော့ ပေးရမည်။ သို့သော်လည်း သူမကို အလွန်အကြူးတော့ မဖားယားနိုင်ပါဘူး။ သူမ၏ စရိုက်က နူးညံ့သော်လည်း သူမ၏ ယောက္ခမကို စိတ်ကျေနပ်စေဖို့ သူမ၏ အဆင့်အတန်းကို နိမ့်ကျသွားစေမည့် ကိစ္စမျိုး မလုပ်နိုင်ပါဘူး။

ဒီတစ်ခေါက် သူတို့ ပင်လယ်မျှော့နှင့် ငါးကြီးဆီ နှစ်ကျင်းလောက် ယူလာခဲ့သည်။

ဝမ်ယွမ်၏ အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့က ထိုအကြောင်း သိပြီးပြီ ဖြစ်သည်။ ကျိုးအာ့နီ၏ ဗိုက်ကို မြင်သောအခါ သူတို့ မနာလိုဖြစ်မိကြပါ၏။

ယနေ့ခေတ်တွင် မိသားစုဦးရေ ကန့်သတ်ခြင်း အစီအစဥ် ကျင့်သုံးနေကြပြီ ဖြစ်သည်။ ကလေးအများကြီး ယူဖို့ မကောင်းပါဘူး။

ဒီခေတ်က ဒီလိုပဲဖြစ်သည်။ ပြည်သူ့အဖွဲ့အစည်းက ၎င်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။

တတိယမတ်၏ မိန်းမတွင် အမြွှာပူးလေး ရှိနေသည်။ သူတို့ မနာလို မဖြစ်ဘဲ နေနိုင်ပါဦးမလား။ အမေဝမ်တောင် သူမ၏ ဗိုက်ကို မကြာခဏ ကြည့်နေ၏။

"သေချာ ဂရုစိုက်" အမေဝမ်က သူမကို ပြောလိုက်၏။

"ကျေးဇူးပါ အမေ" ကျိုးအာ့နီက သူမကို ယောက္ခမဖြစ်သူ ဂရုစိုက်လိမ့်မည်ဟု ထင်မထားပေ။ သူမ ခေတ္တတွန့်ဆုတ်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။

နှစ်ရက်လောက်နေပြီးနောက် ဝမ်ယွမ် သူမကို အထည်စက်ရုံသို့ ပြန်ခေါ်လာခဲ့ပါသည်။ ကျိုးအာ့နီက သူမနှင့် ဝမ်ယွမ်တို့၏ ကိုယ်ပိုင် အိမ်လေးတွင် နေရတာကို ပိုမိုအသားကျနေပါသည်။

All Chapters