← Chapters

အခန်း(၅၂၄) နဂါးနှင့် ဇာမဏီ မျှော်လင့်ခြင်း

Vol. 38 Ch. 524

အခန်း(၅၂၄) နဂါးနှင့် ဇာမဏီ မျှော်လင့်ခြင်း

Vol. 38 Ch. 524

အခန်း(၅၂၄) နဂါးနှင့် ဇာမဏီ မျှော်လင့်ခြင်း

လက်ရှိ မိသားစုဦးရေ ကန့်သတ်ခြင်း ပေါ်လစီအောက်တွင် ကျိုးအာ့နီ၏ အမြွှာပူး သတင်းအကြောင်း ကြားလိုက်သူတိုင်း မနာလို ဖြစ်နိုင်ပါသည်။

ကျိုးစန်းနီတောင် သိသွားသောအခါ မနာလို ဖြစ်မိပါသည်။

သို့သော်လည်း သူမ၏ ဗိုက်က အာ့နီလောက် မကြီးပါ။ သာမန် အရွယ်အစားသာ ရှိသဖြင့် မျှော်လင့်လို့ မရပေ။

အမြွှာပူး ကိုယ်ဝန်ဆောင်ထားရတာ ပျော်ဖို့ ကောင်းသော်လည်း ဖိအားက မသေးလှပါ။ အထူးသဖြင့် မွေးခါနီးဖွားခါနီး အချိန်တွင် ဖြစ်သည်။ ကျိုးအာ့နီ အထည်စက်ရုံသို့ မသွားတော့ပါ။

ဝမ်ယွမ်၏ အထည်စက်ရုံသို့ ဒီလိုဗိုက်ကြီးဖြင့် အမြဲတမ်းသွားနေဖို့က မလွယ်ကူသဖြင့် အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် နေခဲ့ပါသည်။

"ရှင့်မြေးမလေးက မွေးတော့မှာမလား။" အဘွားကျူးက အမေကျိုးကို ထိုနေ့က မေးခဲ့ပါသည်။

နှစ်အစပိုင်းတွင် အဘွားကျူးက သူမ၏ မြေးကို ကျိုးစစ်နီနှင့် လက်ထပ်စေချင်၏။ အဘွားဟူနှင့် ဆက်ဆံရေးကိုပင် အသုံးချခဲ့သည်။

သို့သော်လည်း သူမ အိမ်ပြန်ပြီး စုံစမ်းကြည့်တော့ သူ့မြေးက ရည်းစားရှိနေခဲ့ပါသည်။ သူ့ရည်းစားက အလုပ်အကိုင်ရှိသည့် မြို့သူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် အဘွားကျူးကတော့ ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ ကံကောင်းလို့ သူမ မပြောခဲ့မိပါ။ မဟုတ်ပါက သူ့မြေးကို နှောင့်နှေးစေမည် မဟုတ်ပါလား။

ကျိုးအာ့နီ၏ ဗိုက်ကိုကြည့်ပြီး သူမမေးလိုက်ပါသည်။

အမေကျိုးက ပြန်ပြောလိုက်၏။ "လနည်းနည်းပဲ ရှိပါသေးတယ်။"

"သေးတဲ့ပုံတော့ လုံးဝမပေါ်ဘူးနော်" အဘွားကျူးက ပြောလိုက်၏။

"ဟုတ်တယ်မလား။ သူက အမြွှာလေးတွေ ကိုယ်ဝန်ဆောင်ထားရတာကိုး။ ဒါပေါ့။ သာမန်လူတွေထက် ပိုကြီးတာပေါ့။" အမေကျိုးက ပြောလိုက်၏။

"ဟင် အမြွှာဟုတ်လား” အဘွားကျူး ကြက်သေ သေသွားသည်။ သူမ၏ အကြည့်က ချက်ချင်း ကျိုးအာ့နီ၏ ဗိုက်အပေါ် ကျရောက်သွားသည်။ ဒီလိုကျေးတောသူတစ်ယောက်က ဒီလောက် ကံကောင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ မြို့တော်က သူဌေးတစ်ယောက်နှင့် လက်ထပ်နိုင်ခဲ့တာကို ကံကောင်းလှပြီ ထင်ခဲ့၏။ အခုတော့ အမြွှာပူးလေးကိုပါ ကိုယ်ဝန်လွယ်ထားရပြီတဲ့လား။

"ဟုတ်တယ်။ ဒါပေမယ့် အံ့သြစရာတော့ မရှိပါဘူး။ ကျွန်မတို့ ကျိုးမိသားစုမှာ အမြွှာ အစဥ်အလာတွေ ရှိခဲ့တယ်လေ။ ကျွန်မရဲ့ ယောက္ခမတွေက အရင်တုန်းက အမြွှာမွေးဖူးတယ်။ ကျွန်မလည်း အမြွှာမွေးဖူးတယ်။ အခု ဒီမျိုးရိုးရောက်ပြန်တော့လည်း အမြွှာမွေးတာ ပုံမှန်ပါပဲ။"

ပြောစရာမလိုအောင် အပိုပြောခြင်းသာ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် အဘွားကျူးက သူမ၏ မွေးရပ်မြေကို သွားမစုံစမ်းနိုင်သဖြင့် သူမ ကြွားချင်သလောက် ကြွားနိုင်ပါသ်ည။

ခရမ်းချဥ်သီးများ စားနေသည့် ကျိုးအာ့နီလည်း ရယ်ချင်လာပါသည်။

အဘွားကျူးက သံသယဖြစ်နေ၏။ "အရင်တုန်းက ရှင်ပြောတာလည်း မကြားမိပါလား။"

"ဘိုးဘေးတွေဆီကနေ့ လက်ဆင့်ကမ်းခံရတာပဲကို တမင်သက်သက် ထုတ်ပြောတော့ ဘာကောင်းမှာလဲ။" အမေကျိုးက လက်ခါပြလိုက်ပါသည်။

ကျိုးအာ့နီက ဘာမှမသိသလိုဖြင့် တိုးတိတ်စွာဖြင့် ခရမ်းချဥ်သီးကို ဆက်စားနေသည်။

အဘွားကျူးက နောင်တရနေသော ပုံစံဖြင့် ပြန်သွားလေတော့သည်။

သူမ ပြန်ရောက်သောအခါ အဘိုးကျူးကို ထိုအကြောင်း ပြောပြခဲ့၏။ "သူတို့ ကျိုးမိသားစုမှာ အမြွှာတွေမွေးတဲ့ ရာဇဝင်ရှိတယ်တဲ့။ ကျွန်မတို့ မြေးမှာသာ ရည်းစားမရှိရင် ကျိုးစစ်နီကို လက်ထပ်ရရင်က ကောင်းမှာပဲ။"

မိသားစုဦးရေ ကန့်သတ်ခြင်းက အလွန် တင်းကြပ်သည်။ အလုပ်မပြုတ်ချင်ပါက မွေးချင်တိုင်း မွေးလို့မရပါ။ အလုပ်လုပ်စရာ နေရာမရှိလျှင် ဘာနဲ့စားရမည်နည်း။

သို့သော် အမြွှာပူးလေး မွေးလျှင် လုံလောက်ပါပြီ။ ကလေးပိုမလိုချင်သည့်လူ ရှိပါ့မလား။

အဘိုးကျူးက သူမကို စိတ်ထဲမထားပါ။ ကျိုးမိသားစုနှင့် သူတို့ ဆွေမျိုးဖြစ်လာနိုင်လျှင် ကောင်းသော်လည်း မဖြစ်လာနိုင်ပါက ဘာမှ ပြောစရာမရှိတော့ပါ။

အမေကျိုးတို့ အိမ်တွင်တော့ အားရကျေနပ်စွာ ကြွားဝါပြီးနောက် အမေကျိုးက ကျိုးအာ့နီကို မေးလိုက်ပါသည်။ "အာ့နီ ခေါက်ဆွဲ စားဦးမလား။ ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးမယ်လေ။"

"သမီးဖာသာ ချက်လိုက်ပါ့မယ်။" ကျိုးအာ့နီက ပြန်ပြော၏။

"နင့်ဗိုက်ကြီးက အကြီးကြီးနဲ့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ငါလုပ်ပေးပါ့မယ်။" အမေကျိုး၏ လက်နှင့် ခြေထောက်များက အလွန် သွက်လက်နေဆဲ ဖြစ်ပါသည်။

ဟင်းသီးဟင်းရွက်စိမ်း တစ်ပန်းကန်၊ ကြက်ဥနှင့် ခေါက်ဆွဲများကို ယူလာကာ သူမ၏ မြေးမကို စားစေခဲ့ပါသည်။ "နင် အရမ်းကံကောင်းတာပဲ။"

သူမ ထပ်ပြီး သက်ပြင်းချမိပြန်ပါသည်။ သက်ပြင်းမချသင့်ဘူးလား။ သူမ ကိုယ်ဝန်ရစဥ်ကဆို အစားအသောက်များစွာ စားဖို့က အသာထားဦး၊ တစ်ရက်ကို သုံးနပ်စားရလျှင်ပင် တော်တော်လေး ကောင်းနေပါပြီ။

အခုကတော့ အလွန်ပေါများနေပါပြီ။ တစ်ရက်ကို အစားအသောက်အများကြီးရှိပြီး စားချင်တိုင်း စားလို့ရနေပြီ ဖြစ်သည်။

ကျိုးအာ့နီက ပြုံးသာ ပြုံးလိုက်ပြီး ခေါက်ဆွဲ ပန်းကန်ကို အပြောင် ရှင်းလိုက်ပါသည်။ စွပ်ပြုတ်ရည်လည်း ပြောင်စင်သွားပြီ ဖြစ်၏။

သူမဗိုက်က အတော်လေး ဆံ့သည်။ လူနှစ်ယောက် သုံးယောက် နီးပါးစာလောက်စားနိုင်၏။ သို့သော်လည်း အများကြီး ဝမလာခဲ့ပါ။ သူမ၏ ဗိုက်က စုပ်ယူသွားခြင်း ဖြစ်သည်။

ထိုနေ့က ကျိုးကွေ့လိုင်တစ်ယောက် ကျောက်ပွင့်တစ်ထုပ်နှင့် တခြား ပင်လယ်စာခြောက် ၂ ကျင်း လောက် ယူလာပေးခဲ့ပါသည်။

"အစ်မ အာ့နီ။ ဘယ်လိုနေလဲ။" ကျိုးကွေ့လိုင်က မေးလိုက်ပါသည်။

"ပြဿနာမရှိပါဘူး။ ငါ့အတွက် စိတ်မပူပါနဲံ" ကျိုးအာ့နီက ပြုံးကာ ပြောလိုက်သည်။ "ဒါတွေက လစာထဲထည့်ပေါင်းမှာလား။"

"မလိုပါဘူး။ အမေ ယူလာပေးခိုင်းတာပါ။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

"ဘယ်ဖြစ်မလဲ။ ငါအလကားပဲ စားနေရင် ဆိုင်က ဘယ်ဝင်ငွေရပါ့မလဲ။" ကျိုအာ့နီက ပြောလိုက်သည်။

"ဟီးဟီး ကျွန်တော်တို့ရဲ့ ပထမဆုံးသော အမြွှာပူးလေးပဲကို။ သူတို့ကို သေချာ ဂရုစိုက်ပေးရမှာပေါ့။" ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။

ကျိုးအာ့နီတို့ ဘက်သာမကဘဲ ကျိုးစန်းနီတို့ဘက်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ လင်းချင်းဟယ်က မကြာခဏ လီအိုက်ကော်ကို သူမ အာဟာရဖြစ်စေဖို့ အစားအသောက်ကောင်းများ ချက်ကျွေးခိုင်းပါသည်။

အောက်တိုဘာလတွင် ကျိုးစန်းနီ မီးဖွားခဲ့ပါသည်။

သူမ၏ ပထမဆုံး ရင်သွေးဖြစ်သောကြောင့် မမြန်ဆန်ပါ။ နာကျင်မှုက တစ်ရက်လောက် ရှည်ကြာခဲ့၏။

သို့သော် စတင် နာကျင်လာသည်နှင့် ကျိုးစန်းနီ ဆေးရုံသို့ တန်းသွားခဲ့ပါသည်။ လီအိုက်ကော်၏ ခြေထောက်က မသန်သောကြောင့် ညကြီးသန်းခေါင်သာဖြစ်ခဲ့လျှင် သူမ အဆင်ပြေနိုင်ပါဦးမလား။

နေ့ဘက်တွင် လင်းချင်းဟယ်က ကျိုးစစ်နီကို မကြာခဏ လာကြည့်ခိုင်း၏။ ညနေခင်းတွင် ဆိုင်ကိုပိတ်သည်။ လင်းချင်းဟယ် ဟူကျစ်ကို ခေါ်ပြီး လမ်းဘေးဆိုင် သွားဖွင့်ခိုင်းခဲ့ပါသည်။ လီအိုက်ကော်က ကျိုးစစ်နီကို လိုက်ပို့ရင်း ဆေးရုံသို့ သွားခဲ့သည်။

စတင်နာကျင်လာချိန်မှ မွေးဖွားသည့်အထိ စုစုပေါင်း ၂ ရက်ကြာခဲ့သည်။ ထိုနှုန်းကို နှေးလွန်းသည်ဟု မဆိုနိုင်ပါ။ ၆ ကျင်းကျော် လေးသည့် ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်ကို မွေးဖွားခဲ့ပါသည်။

လီအိုက်ကော်က ပီတိတွေ ဖြာနေခဲ့၏။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း သူတို့ကို လာကြည့်ခဲ့သည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့လည်း ပါ၏။ သူတို့ အိမ်ပြန်ရောက်သောအခါ အဖေကျိုးနှင့် အမေကျိုးတို့ကို အားလုံး အဆင်ပြေပြီး စိုးရိမ်စရာ မလိုကြောင်း ပြောခဲ့၏။

အမေကျိုးက ပျော်ရွှင်ကာ တံခါးဝတွင် တံမြက်စည်းလှည်းနေသည့် အဘွားကျူးကို ပြောပြခဲ့သည်။ ကျွန်မ တတိယ မြေးမလေး ကလေးမွေးပြီတဲ့။ ကိုယ်အလေးချိန် ၆ ကျင်း ရှိပြီး ဝဝတုတ်တုတ် ကောင်လေးတဲ့။"

"သြော် သတင်းကောင်းပါလား။ သားဦးလေးပေါ့။" အဘွားကျူးက ပြန်ပြောလိုက်ပါသည်။

"အံ့သြစရာတော့ မရှိပါဘူး။ ကျွန်မတို့ ကျိုးမိသားစုက သားယောက်ျားလေး မွေးတာ များတယ်လေ။ စတုတ္ထချွေးမကိုပဲကြည့်။ ဆက်တိုက် သား ၃ ယောက်တောင် မွေးထားတာလေ။" အမေကျိုးက ကြွားဝါလိုက်ပြန်ပါသည်။

ကျိုးအာ့နီ တိတ််ဆိတ်နေခဲ့ပါသည်။

တကယ်က သူ့မ၏ စတုတ္ထဒေါ်လေးတွင်သာ သားယောက်ျားလေးများပြီး ကျန်မိသားစုများတွင် သမီးမိန်းကလေးများ ပိုများပါသည်။

ဥပမာအားဖြင့် သူမ၏ မိသားစုဖြစ်သည်။ သူမ အမေက သူမတို့ ညီအစ်မသုံးယောက်ကို မွေးပြီးမှ မောင်နှစ်ယောက်ဖြစ်သည့် ကျိုးယန်နှင့် ထုတိုတို့ကို မွေးပေးခဲ့ပါသည်။

ကျိုးအာ့နီ စိတ်ပူသွားပြီး သူ့ဗိုက်ကို ပွတ်ကြည့်လိုက်၏။ သူမက ရှေးရိုးစွဲမဟုတ်သော်လည်း သူမ၏ ယောက္ခမက သားယောက်ျားလေး လိုချင်မှန်း သိသည်။

အမေကျိုးက ကြွားဝါပြီးနောက် ပြန်ဝင်လာခဲ့သည်။ သူမ၏ အပြုအမူကို မြင်ပြီး ပြောလိုက်၏။ "စိတ််ပူမနေပါနဲ့ နှစ်ယောက်ဆို တစ်ယောက်ကတော့ သားလေးဖြစ်မှာပါ။"

သို့သော်လည်း ကျိုးအာ့နီအတွက် စောလွန်းနေပါသေးသည်။ သူမက အမြွှာကိုယ်ဝန် ဆောင်ထားရသဖြင့် ကလေးတစ်ယောက်ထက် ပိုမြန်နိုင်သော်လည်း မီးဖွားချိန် မရောက်သေးပါ။

နှစ်ကုန်လောက်တွင် သူမ မွေးနိုင်၏။

ဝမ်ယွမ်လည်း ကျိုးစန်းနီကို သွားတွေ့ခဲ့၏။ ကလေးက အလွန်ထွားပါသည်။ ၆ ကျင်း ကျော်တောင် ဖြစ်သဖြင့် မကြံ့ခိုင်ဘဲ နေပါ့မလား။

"ကိုယ်တို့ ကလေးနှစ်ယောက်လည်း ဘယ်တော့ ထွက်လာမလဲမသိဘူး။" ဝမ်ယွမ်က ရှေ့သို့တိုးလိုက်ပြီး ဗိုက်ထဲက ကလေး၏ လှုပ်ရှားမှုကို နားထောင်လိုက်ပါသည်။

ကျိုးအာ့နီက သူ့ကို ကြည့်ရင်းမေးလိုက်၏။ "သားလေးလိုချင်လား။ သမီးလေးလိုချင်လား။"

"ဘာဖြစ်ဖြစ် ရတယ်။ နဂါးတစ်ကောင်နဲ့ ဇာမဏီတစ်ကောင် ဆိုရင်တော့ အကောင်းဆုံးပေါ့။" ဝမ်ယွမ်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ သားတစ်ယောက် သမီးတစ်ယောက်ဆို ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်မလဲ။

ကျိုးအာ့နီကလည်း နဂါးတစ်ကောင် ဇာမဏီ တစ်ကောင်ဖြစ်ဖို့ မျှော်လင့်မိပါသည်။

All Chapters