← Chapters

အခန်း(၅၂၆) တစ်ပြားတစ်ချပ်မှ မပို့ပါ

Vol. 38 Ch. 526

အခန်း(၅၂၆) တစ်ပြားတစ်ချပ်မှ မပို့ပါ

Vol. 38 Ch. 526

အခန်း(၅၂၆) တစ်ပြားတစ်ချပ်မှ မပို့ပါ

အမေဝိန် နားလည်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့သား၏ ရာဇဝင်ကြောင့် သူမသာ လင်းချင်းဟယ် နေရာတွင်ဆိုလည်း သူမ၏ တူမနှင့် မိတ်ဆက်ပေးချင်မည် မဟုတ်ပါ။

ဝိန်ကော်တုန်း၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။

ထိုအချိန်တွင်  ကျိုးစစ်နီကတော့ သူ့တူလေးကို ချီထား၏။

မိန်းကလေးက အရင်မွေးပြီး ယောက်ျားလေးက နောက်မှ မွေးခြင်း ဖြစ်ပါသည်။ နှစ်ယောက်က သိပ်မကွာပါ။

ကျိုးစစ်နီ ပျော်ရွှင်နေပါသည်။ သူ့တူလေးက တကယ် ကြည့်ကောင်းလှ၏။ မျက်ခုံးမွှေးများက ဝမ်ယွမ်နှင့် မတူဘဲ သူ့ဦးလေး ကျိုးယန်နှင့် တူနေပါသည်။

အမြွှာအစ်မကတော့ ဝမ်ယွမ်၏ သည်းသည်းလှုပ်ခြင်းကို ခံနေရပါသည်။ သမီးဖြစ်သူက သူနဲ့ တစ်ပုံစံတည်းတူ၏။ အထူးသဖြင့် သူမ၏ မျက်လုံးလေးများက သူ့အတိုင်းချွတ်စွပ်ပါ။

ဒါကိုကြည့်ချင်းအားဖြင့် ပုံစံမတူသော်လည်း နှစ်ယောက်စလုံးက မိဘများ၏ အားသာရာ နေရာများကို ဆက်ခံထားရသည်။

နဂါးနှင့်ဇာမဏီ အမြွှာမှန်း သိလိုက်ရသဖြင့် ဝမ်မိသားစုလည်း ပျော်ရွှင်သွားကြ၏။ အဖေဝမ်နှင့် အမေဝမ်က လာကြည့်ခဲ့ကြပါသည်။ အဖေဝမ်က ကျိုးအာ့နီကို ပင်ပန်းခဲ့ပြီဟု ဆိုတာက စာအိတ်နီကြီးကြီး တစ်ခုပေးခဲ့၏။

အမေဝမ်က သူမ၏ အမြွှာမြေးနှစ်ယောက် အတွက် စာအိတ်နီများ ပေးခဲ့၏။ ကျိုးအာ့နီကိုတော့ မပေးဘဲ ဘာမှလည်းမပြောခဲ့ပါ။ သို့သော် ဆက်ဆံပုံကတော့ သိပ်မဆိုးလှပေ။

ကျိုးအာ့နီက ဘာမှဂရုမစိုက်ဘဲ ယဥ်ယဥ်ကျေးကျေးသာ ဆက်ဆံခဲ့ပါသည်။

သူမ၏ ညီမရှိနေသဖြင့် ဘယ်သူကမှ သူမ၏ မီးဖွားပြီးခါစ ကာလတွင် လာကူပေးစရာ မလိုပါ။ ကျိုးစစ်နီက သေသေချာချာ ဆောင်ရွက်ပေးခဲ့၏။

သူမ အလွန်အလုပ်များခဲ့ရသည်။ နေ့ဘက်တွင် သူ့အစ်မကို ဂရုစိုက်ပြီး ကလေးတွေကို ကူထိန်းရ၏။ ညနေခင်းတွင် ကန်းကျစ်နှင့် အတူတူ ညကျောင်းတက်ရသည်။

ကျိုးအာ့နိ၏ မီးဖွားပြီးစဥ်ကာလက ကျိုးစန်းနီလောက် သိပ်ပြီး နေလို့ မကောင်းတော့ပါ။ အရင်ကလို ရာသီဥတု မနွေးထွေးဘဲ အခု အလွန် အေးစက်နေပါပြီ။

ကျိုးရှောင်မိန်နှင့် အမေကျိုးတို့လည်း မကြာခဏ သွားရောက်ကာ ကူညီပေးကြသည်။

အထူးသဖြင့် အမေကျိုးဖြစ်၏။ အမြွှာနှစ်ယောက်ကို သူမ တကယ်ချစ်မြတ်နိုးသည်။ ကျိုးမိသားစု၏ ပထမဆုံးသော နဂါးနှင့် ဇာမဏီအမြွှာပူး မဟုတ်ပါလား။

အကြီးဆုံးမရီးနှင့် ဖုန်းပြောရသောအခါ လင်းချင်းဟယ်အားလုံး ပြန်ပြောပြခဲ့ပါသည်။ "စစ်နီလေးက တကယ်သွက်လက်တာပဲ။ စန်းနီကော အာ့နီကော သူတစ်ယောက်တည်းပဲ ကိုင်တွယ်သွားပြီး သေသေချာချာ ဂရုစိုက်ပေးခဲ့တာလေ။"

ကျိုးအာ့နီက ဖုန်းပြန်ဆက်ပြီး အမြွှာကိုယ်ဝန်ဆောင်ထားရကြောင်း ပြောထားပြီးသားဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးမရီးက သူမ၏ ဒုတိယ သမီး အမြွှာကိုယ်ဝန်ဆောင်ထားရမှန်း သိထားပြီးသား ဖြစ်ပါသည်။ သို့သော်လည်း ပီတိဖြာနေမိဆဲ ဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ယန်ယန် ဖုန်းဆက်တယ်။ နှစ်သစ်ကူးကျရင် အိမ်ကို ပြန်မလာဘဲ မြို့တော်မှာ သူ့အစ်မကို သွားတွေ့ဖို့ ပြောလိုက်တယ်။" အကြီးဆုံးမရီးက ပြုံးလိုက်ပါသည်။

"အခုက အလုပ်နားတဲ့ ရာသီမဟုတ်လား။ ရှင်နဲ့ အကြီးဆုံးအစ်ကိုတို့လည်း လာလို့ရတယ်လေ။" လင်းချင်းဟယ် ပြောလိုက်ပါသည်။

"မလာတော့ပါဘူး။ ယန်ယန် လာတာလည်း အတူတူပါပဲ။" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။

မြို့တော်လို မြို့ကြီးပြကြီးက ဘာမှ အပြစ်ဆိုစရာ မရှိပါ။ သို့သော် အကြီးဆုံး အစ်ကိုနှင့် သူမတို့က အသားမကျနိုင်ကြပေ။ မင်္ဂလာပွဲကို တစ်ခေါက်တက်ရောက်ပြီး အမြင်ကျယ်ပြန့်ခဲ့ကြပြီ ဖြစ်၏။ နောက်တစ်ခေါက် ထပ်မသွားတော့ပါ။ ခရီးစရိတ်က စျေးကြီးလွန်းလှ၏။

သူတို့သားကိုသာ လွှတ်လိုက်ပါမည်။ သူတို့သားက ပိုနားလည်ပြီး သူတို့သမီးကိုလည်း အရှက်ခွဲမည််မဟုတ်ပါ။

လင်းချင်းဟယ် ဘာမှဆက်မပြောတော့ပေ။ သူ့ကို စိတ်မပူဖို့သာ သေချာပြောခဲ့ပါသည်။

အကြီးဆုံးမရီးက ဖုန်းချလိုက်၏။ ထိုအခါမှ ရွာအုပ်ချုပ်ရေးမှူး မိန်းမက ပြုံးကာပြောလိုက်ပါသည်။ "အာ့နီလေး မွေးပြီလား။"

"မွေးသွားပြီ။ နဂါးနဲ့ဇာမဏီ အမြွှာပူးလေး မွေးတယ်လေ။" အကြီးဆုံးမရီး ပြုံးကာ ပြောလိုက်ပါသည်။

"အောင်မယ်လေး သူကတကယ် ကံကောင်းတာပဲ။ ယောက်ျားဘက်က မိသားစု သူ့ကို ပိုချစ်တော့မှာပေါ့။" ရွာအုပ်ချုပ်ရေးမှူး မိန်းမက ပြောလိုက်ပါသည်။

ယခု မိသားစုဦးရေ ကန့်သတ်ခြင်းက တင်းကြပ်လာပြီ ဖြစ်သဖြင့် ကလေးထပ်ယူဖို့က မလွယ်ကူတော့ပါ။ အမှန်ပင်။ မလိုက်နာသည့် လူတချို့တော့ ရွာထဲတွင်ရှိသေးသည်။ ကလေးများ ထပ်မွေးကြ၏။ သို့သော် ဒဏ်ကြေးများက များလွန်းပါသည်။

တစ်ချီတည်းနှင့် သားတစ်ယောက် သမီးတစ်ယောက် ရလိုက်ခြင်းက တကယ် ကျေနပ်ဖို့ ကောင်းပါသည်။

အကြီးဆုံးမရီးက ရွာအုပ်ချုပ်ရေးမှူး မိန်းမနှင့် စကားပြောပြီး ဒုတိယအစ်ကိုတို့အိမ်ကို သွားကာ သတင်းကောင်း သွားပါး၏။

ဘာပဲဖြစ်ဖြစ် ကျိုစန်းနီကလည်း လီအိုက်ကော်အတွက် သားတစ်ယောက် မွေးပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အရင်လက ဘယ်သူမှ ဖုန်းဆက်ပြီး မပြောဘဲ ဒီလမှ သတင်းနှစ်ခု အတူတူ ပြောခဲ့ခြင်း ဖြစ်သည်။

ဒုတိယအစ်ကိုက ကြားသောအခါ အပျော်လွန်သွားပါသည်။ အရင်တစ်ခေါက် အာ့နီနှင့် ဝမ်ယွမ်တို့ ရွာပြန်လာမှသာ သူ့သမီးကြီးက ကျန်းမာရေး မကောင်းခြင်းကို သိခဲ့ရပါသည်။ စတုတ္ထညီနှင့် စတုတ္ထယောက်မတို့က သူ့ကို ဆေးရုံပြပေးဖို့ ခေါ်သွားခြင်း ဖြစ်သည်ကိုလည်း သိလိုက်ရပါသည်။

အခုတော့ ဝဝတုတ်တုတ် ပြည့်ပြည့်ဖြိုးဖြိုး သားလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့ပြီ။

အကြီးဆုံးမရီးက အိမ်ပြန်သွားသည်။ ဒုတိယမရီးက စူပုတ်နေ၏။ သူမ၏ ယောက်ျား အလွန်ပျော်ရွှင်နေသည်ကို မြင်သောအခါ မကျေနပ်စွာဖြင့် ပြောလိုက်၏။ "ဘာပျော်စရာရှိလို့လဲ။ အဲ့ဒီကောင်မလေးက မျက်လုံးဖြူဝံပုလွေလိုပဲ။"

ဘဝကောင်းကောင်းမှာ ရောက်နေတာတောင် သူမ၏ မိသားစုကို ပြန်မကြည့်ခဲ့ဘူးမလား။  သူ့မိသားစုအရင်းကို ဂရုစိုက်ဖို့ အတွေးတောင် ဝင်ရဲ့လား။

စတုတ္ထမိသားစုထဲက မိန်းမဖြစ်သူ၏ မိသားစုနှင့် အဆက်အသွယ်ဖြတ်သော စရိုက်မျိုးကို သင်ယူခဲ့တာ ဖြစ်နိုင်သည်။ အခုတော့ သူမ၏ ပြီးပြည့်စုံသော သမီးကို ဘယ်လိုပြောင်းလဲပေးလိုက်လဲ ကြည့်ပါဦး။

"ဘယ်က မျက်လုံးဖြူ ဝံပုလွေလဲ။ မင်း လျို့နီအကြောင်း ပြောနေတာလား။" ဒုတိယ အစ်ကိုက ပြန်ပြောလိုက်ပါသည်။

"ရှင့်ရဲ့ အတော်ဆုံး သမီးကြီးကို ပြောနေတာပါရှင်။ မြို့တော် ရောက်တာ ဒီလောက်ထိ ကြာနေတာတောင် လစာလည်း မြင့်မြင့် ရထားပြီး အိမ်ကို တစ်ပြားတစ်ချပ်မှ ပြန်မပို့ဘူး။ သူ့ကိုဒီလောက်ထိ အရွယ်ရောက်လာအောင် ပျိုးထောင်ခဲ့ရတာ ဘာမှမတန်ဘူး။" ဒုတိယမရီးက ငေါက်လိုက်ပါသည်။

"စန်းနီက ဘာလို့ ပိုက်ဆံပြန်ပို့ပေးရမှာလဲ။ ငါတို့မိသားစုက ငတ်နေတာမှမဟုတ်တာ။ ပြီးတော့ စန်းနီက လက်ထပ်ထားတာလေ။ အိုက်ကော်နဲ့ သူ့ဘဝသူ နေမှာပေါ့" ဒုတိယအစ်ကိုက မျက်စောင်းထိုးလိုက်ပါသည်။

"ရှင်က သူ့ဘက်ကလိုက်ပြောဖို့ပဲ သိတယ်။ ရှင့်အပေါ် သူ ဘယ်လို ဝတ္တရားကျေမလဲ ကြည့်ကြသေးတာပေါ့" ဒုတိယမရီးက ပြောလိုက်ပါသည်။

သူမ ဒီလိုတွေးမိပြီး တကယ် စိတ်ဓာတ်ကျနေ၏။ မြို့တော်တွင် ဘဝကောင်းကောင်းနှင့် နေထိုင်နေပြီး မိသားစုကိုတောင် ဖုန်းပြန်မဆက်ပါ။ ဝတ္တရားကျေပွန်မှုကို ပြသဖို့ တစ်ပြားတစ်ချပ်ပင် ပြန်မပို့ပေးခဲ့ပါဘူး။ ဒီအရွယ်ထိ ပျိုးထောင်ပေးတဲ့ မိသားစုကို ဒီလိုပဲ ကျေးဇူးဆပ်လိုက်တာလား။

"ရှားရှားက သူ့ဆရာရဲ့ သမီးအငယ်ဆုံးနဲ့ တွဲနေတာ။ ကျွန်မတို့အိမ်က စုတ်ပြတ်သပ်နေတာပဲ။ ရှားရှားသာ သူ့ကိုခေါ်လာရင် သူအထင်သေးလိမ့်မယ်။ အဲ့ကျရင် ရှင်ရယ်နေနိုင်ဦးမလား ကြည့်ရသေးတာပေါ့။" ဒုတိယမရီးက ပိုပိုပြီး ဒေါသဖြစ်လာကာ ပြောဆိုလိုက်ပါသည်။

အကြီးဆုံးသားမက်က ချမ်းသာပါသည်။ မဟုတ်ပါက စန်းနီကို လက်ထပ်ဖို့ ယွမ် ၄၀၀ တင်တောင်းနိုင်ပါ့မလား။ သူ့သမီးက မိသားစုကို ပြန်ကူညီလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဘာမှ ရောက်မလာပါ။ ဘာပိုက်ဆံမှ ပြန်ပို့မပေးပါ။

"ဒီနှစ် ရှားရှားကို ခေါ်မလာခိုင်းနဲ့ဦးပေါ့။ နောက်နှစ်ကျရင် ငါတို့မိသားစု အဆင်ပြေသွားမှာပါကွာ။" ဒုတိယအစ်ကိုက လက်ရမ်းပြကာ ပြောလိုက်ပါသည်။

"အကြီးဆုံးအစ်မရဲ့ အုတ်နီအိမ်ကြီးက ကျယ်ဝန်းပြီး တောက်ပနေတာပဲ။ ရှန့်မိန် ပြန်ပို့ပေးတဲ့ ငွေတွေကြောင့်ပေါ့။ ပြီးတော့ ရှန့်မိန်လည်း ရှန့်ချမ်းကို မြို့ခေါ်သွားတယ်။ အခု ရှန့်ချမ်း ဘယ်လောက်တောင် အလားအလာ ရှိနေပြီလဲ ကြည့်ပါဦး။ သူတို့သမီးကလည်း သမီး၊ ကျွန်မတို့မှာလည်း သမီး ရှိတယ်လေ။ သူကတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တယ်။" ဒုတိယမရီးက ပြောလိုက်ပါသည်။

"အဲ့တာ ဘယ်လိုလုပ်တူမှာလဲ။ ရှန့်မိန်က သူဌေးနဲ့ လက်ထပ်ထားတာလေ။ စန်းနီနဲ့ လီအိုက်ကော်တို့ အခြေအနေက ဘယ်လိုမို့လို့လဲ။ ယှဥ်ကြည့်လို့ ရမလား။ ချင်းပိုင်တို့ လင်မယားနှစ်ယောက်က စောင့်ရှောက်ပေးထားလို့သာ မြို့တော်မှာ အခြေငြိမ်ငြိမ်နဲ့ နေနိုင်တာ။ အဲ့ဒီက ဘယ်အရာမဆို စျေးတွေ ကြီးတယ်လို့ အကြီးဆုံးအစ်ကိုပြောတာ ကြားတယ်။ နေရတာ မလွယ်ဘူးကွ။" ဒုတိယအစ်ကိုက ပြန်တုန့်ပြန်လိုက်ပါသည်။

"စျေးတွေဘယ်လောက်ကြီးကြီး တစ်လကို ယွမ် ၈၀ အကုန်လုံး သုံးနိုင်ကြမှာ မို့လို့လား။ ကျန်တာတွေကို ဘာလုပ်မှာလဲ။ သူ့မိသားစုဆီကိုကျတော့ ပြန်မပို့ချင်ဘူး။ အခုတော့ ကိုယ်ပိုင်အိမ် မဆောက်ရသေးတာ ကျွန်မတို့ပဲ ကျန်တော့တယ်။ ရှက်စရာ မကောင်းဘူးလား" ဒုတိယအစ်မက ပြောလိုက်သည်။

ဒုတိယအစ်ကိုက ဒီကိစ္စနှင့်ပတ်သက်ပြီး သူမနှင့် ရန်မဖြစ်ချင်ပါ။ ဒုတိယမရီး ဒေါသဖြင့် ပြည့်နှက်နေ၏။ ကျိုးလျို့နီ ပြန်လာသောအခါ သူမ၏ အမေမျက်နှာ အကျည်းတန်နေသည်ကို မြင်ကာ ပြောလိုက်သည်။ "ဘာဖြစ်တာလဲ။ သမီးရောက်လာတာနဲ့ မျက်နှာကလည်း စိတ်ဓာတ်ကျဖို့ ကောင်းလိုက်တာ။"

"နင့်အစ်မ ကျေးဇူးတွေပေါ့။ သူ့ကျတော့ ဘဝကောင်းကောင်းမှာ နေပြီး မိသားစုကို ဖုန်းတောင်မဆက်ဘူး။ တစ်ပြားတစ်ချပ်မှလည်း ပြန်မပို့ပေးဘူး။ သူ့ရင်ထဲမှာ သူ့မိသားစုကော ရှိသေးလား။" ဒုတိယမရီးက အော်လိုက်ပါသည်။

ကျိုးလျို့နီက သွေးအေးစွာ သရော်လိုက်ပါသည်။ "အမေ အဲ့တာကို အခုမှသိတာလား။ သမီးရဲ့အစ်မက မိသားစုကို အသိအမှတ်မပြုဘူး။ စတုတ္ထမိသားစုက အဲ့ဒီမိန်းမဆီကနေ အတုတွေခိုးနေတာ။ သူ့ဆွေမျိုး အကုန်လုံးကို ပစ်ပယ်ချင်နေတာလေ။"

All Chapters