အခန်း(၅၂၇) ဝန်ထမ်းလျှော့ချခြင်း ပြဿနာ
Vol. 38 Ch. 527
အခန်း(၅၂၇) ဝန်ထမ်းလျှော့ချခြင်း ပြဿနာ
သူမ ငယ်စဥ်ကတည်းက ကျိုးလျို့နီ သူ့အစ်မကို အထင်သေးခဲ့သည်။ သူ့အစ်မက တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်နေတတ်သူသာ ဖြစ်သည်။ စကားလည်း မပြောတတ်ပေ။ အစွမ်းအစမရှိသော လူတစ်ယောက်ဖြစ်၏။ စတုတ္ထမိသားစုက သူမကို ကောင်းကောင်းမွန်မွန် ပြုစုထားပြီး ဘာအတွက်မှ စကားနိုင်လုပြောမည် မဟုတ်သည်ကို သူမသိပါသည်။
အာ့နီနှင့် ရှုရှန့်မိန်တို့ သွားနိုင်ပါက သူမလည်း သွားနိုင်သည်ဟု တစ်ချိန်က ပြောခဲ့သည်။
သို့သော် သူမ ဘာပြောခဲ့သလဲ။ စတုတ္ထဒေါ်လေးက သူမကို မခေါ်ခိုင်းဘူးဟု ဆိုသည်။
သူသာ တောင်းဆိုပေးပါက ကျိုးလျို့နီ သွားနိုင်လောက်သည်။ ရှုရှန့်မိန်ကိုလည်း သွားရအောင် တောင်းဆိုပေးခဲ့တာမဟုတ်ဘူးလား။ ရှုရှန့်မိန်တောင် မြို့တော်သို့ သွားနိုင်ခဲ့သည်။ ထိုအပြင် မြို့တော်က သူဌေးတစ်ယောက်နှင့် လက်ထပ်ကာ သူဌေးကတော် ဖြစ်လာခဲ့သည်။
ကျိုးလျို့နီကလည်း သူမကို ရည်မှန်းချက် ကြီးကြီးထားစေချင်သည်။ ဒီလိုဆို သူမကိုပါ မြို့ခေါ်နိုင်မည် ဖြစ်၏။ သူမက မခေါ်ချင်သဖြင့် သူမ ဘာမှ မမျှော်လင့်တော့ပါ။
နောက်တော့ ခြေလက်မသန်စွမ်းသည့် ယောက်ျားတစ်ယောက်ကို ယူသွားသည်။ ကျိုးလျို့နီ သူမနှင့် မဆက်ဆံချင်တော့ပါ။ သို့သော် သူမ မြို့တော်သို့ သွားနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
စန်းနီလို အရူးတစ်ယောက်က ဘာကြောင့် မြို့တော်ကို သွားနိုင်ခဲ့တာလဲ။
သို့သော် သူမ မြို့တက်နိုင်ခဲ့ရုံသာ မကသေးဘဲ အလုပ်ကောင်းကောင်းလည်း ရခဲ့သေးသည်။ အခုတော့ မြို့တွင် အခြေချနေလေပြီ။
ကျိုးလျို့နီ သူမ၏ ရင်ထဲတွင် တစ်ခုခု ပိတ်ဆို့နေသလို ခံစားခဲ့ရ၏။
အခု သူမလည်း လက်ထပ်ပြီးပြီ။ သို့သော် ဘယ်လိုဘဝမျိုးနှင့် နေနေရသနည်း။ ဆင်းရဲမွဲတေမှုတွင်သာ ရပ်တန့်နေခဲ့ပြီး ပြဿနာတွေလည်း အများကြီးဖြစ်ရသည်။ မနေ့ကတင် သူ့ယောက်မနှင့် ရန်ဖြစ်ခဲ့ရသေး၏။
"သူ့မိဘတွေကိုသာ ပစ်ပယ်ရဲရင် ခြေထောက်ကို ရိုက်ချိုးပစ်မယ်။" ဒုတိယမရီးက ပြောလိုက်ပါသည်။
"ဘယ်လိုသွားချိုးမှာလဲ။ မြို့တော်ကို သွားချိုးမှာလား။" ကျိုးလျို့နီက လှောင်လိုက်ပါသည်။
ဒုတိယမရီး ပါးစပ်ပိတ်သွား၏။ ထို့နောက် သူမကိုလည်း ဆုံးမလိုက်သည်။ "နင်က အရမ်းအစွမ်းအစရှိနေသလို လာမပြောစမ်းပါနဲ့။နင်သာ အစွမ်းအစရှိရင် အဲ့ဒီမှာဘာလို့ စုပ်စုပ်ပြတ်ပြတ် နေနေရမှာလဲ။"
အစကတော့ သူမ၏ ဒီသမီးကို ပါးနပ်သည်ဟု ထင်ခဲ့မိသည်။ သို့သော် အလွန်ရူးမိုက်ပြီး လက်မထပ်ခင် သူများနဲ့ ကိုယ်ဝန်ရလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ထိုဘက်က မိသားစုကလည်း ဆင်းရဲလွန်း၏။ သူမ၏ မိသားစုထက်ပင် အနည်းငယ် ပိုဆင်းရဲနေသည််။ ဘာမျှော်လင့်ချက်မှ ထားလို့မရပါ။
အစကတော့ သူမသမီး၏ ပါးနပ်မှုနဲ့ဆို ပိုကောင်းသည့် လူတစ်ယောက်ကို ရှာနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် ဒီလိုမိသားစုထဲသို့သာ ရောက်သွားခဲ့သည်။
သေချာပါသည်။ သမီးများအားလုံးက မွေးရကျိုးမနပ်ဘဲ တစ်ယောက်မှ အားကိုးလို့မရပါ။
သတင်းကောင်းပါးသည့် သူမ၏ ဖုန်းတစ်ကောက ဒုတိယ မိသားစုကို အတွေးပေါင်းစုံ တွေးမိသွားစေလိမ့်မည်ဟု ထင်မထားပါ။
သို့သော်လည်း လင်းချင်းဟယ်က စန်းနီနှင့် သူမ၏ မိသားစုတို့အကြား ဆက်ဆံရေးကို ဝင်မပါဖို့ ဆုံးဖြတ်ထားသည်။
သူမ၏ မိသားစုအိမ်တွင် နေခဲ့တုန်းကလည်း ထမင်းကို ဘယ်တော့မှ အလကားမစားခဲ့ပါ။ အငယ်နှစ်ယောက်က သူမလောက် အလုပ်မလုပ်ရပေ။ လက်ထပ်တုန်းကလည်း ယွမ် ၄၀၀ ပေးခဲ့၏။ အခု လက်ထပ်ပြီးသွားသောအခါ သူမ၏ မိသားစုကို မဆက်သွယ်ချင်တော့ပါ။ သူမကို အပြစ်တင်လို့မရပေ။
ထို့အပြင် သူမမိသားစုတွင် သားယောက်ျားလေး မရှိတာလည်း မဟုတ်ပေ။
ဒီဘဝတွင် တစ်ကိုယ်ကောင်း အရမ်းမဆန်သင့်ပါ။ သို့သော် အရမ်းလည်း ရက်ရောလို့ မဖြစ်ပေ။ တဖက်လူက ကိုယ့်ကို မပျော်ရွှင်အောင် သို့မဟုတ် စိတ်ဓာတ်ကျအောင် လုပ်ပါက ဝေးဝေးမှာ နေရမည်။ ဒါက ထက်မြက်သော လူတစ်ယောက်၏ လုပ်ရပ်မျိုး ဖြစ်ပါသည်။
လင်းချင်းဟယ်က ကျိုးစန်းနီထံသို့ လာလည်ခဲ့၏။ သူမ၏ မီးဖွားပြီးကာလကလည်း အဆင်ပြေပါသည်။ မွေးဖွားပြီးနောက် ကျိုးစန်းနီ ဝိတ်ကျသွားသည်။
ဆန့်ကျင်ဘက်အဖြစ် ဝဝတုတ်တုတ် သားလေးက သန်မာပြီး ချစ်ဖို့ကောင်းသော ပုံစံဖြစ်လာသည်။
ကျိုးအာ့နီ၏ အမြွှာနှစ်ယောက်ထက် တစ်လ ပိုကြီးသည်။ အားလုံးကို ကောင်းမွန်စွာ ပြုစု ပျိုးထောင်ထားကြသည်။ လင်းချင်းဟယ်က ပတ်ဝန်းကျင် သန့်ရှင်းမှုကို သတိထားမိပြီး ဘာမှ မပြောတော့ပါ။
လင်းချင်းဟယ် မာဖလာစည်းကာ စက်ဘီးဖြင့် ပြန်လာခဲ့၏။ ဖက်ထုပ်ဆိုင်သို့ သူမလာခဲ့သည်။ အခု နိုဝင်ဘာလအကုန် ရောက်နေပြီ ဖြစ်သဖြင့် ရာသီဥတုက အေးစက်နေပါသည်။
"ဘယ်သွားတာလဲ။" ကျိုးချင်းပိုင်က မေးလိုက်၏။
"စန်းနီကို သွားတွေ့တာလေ။"
ကျိုးချင်းပိုင်က သူမ ခန္ဓာကိုယ်နွေးထွေးစေဖို့ အတွက် သိုးသား စွပ်ပြုတ် တစ်ပန်းကန် ခပ်ပေးလိုက်ပါသည်။ လင်းချင်းဟယ်က သက်ပြင်းချရင်း သောက်လိုက်သည်။ "သောက်စရာတွေ အများကြီးထဲမှာမှ သိုးသား စွပ်ပြုတ်က ခန္ဓာကိုယ်နွေးထွေးဖို့အတွက် အကောင်းဆုံးပဲ။"
ကျိုးချင်းပိုင်က မေးလိုက်သည်။ "အသားကင် စားဦးမလား။"
"တော်ပါပြီ ကျေးဇူး။ စွပ်ပြုတ်သောက်ရင် ရပါပြီ။" လင်ချင််းဟယ်က ပြန်ဖြေလိုက်ပါသည်။
ကျိုးချင်းပိုင်က ဖက်ထုပ်လုပ်နေရင်း ပြောလိုက်သည်။ "စန်းနီ ဘယ်လိုနေသေးလဲ။"
"အရမ်းသက်သာနေပါပြီ။ ကလေးကိုလည်း ဝဝတုတ်တုတ် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်အောင် ပြုစုထားကြတယ်။" လင်းချင်းဟယ်က ပြောပြလိုက်၏။ ကျိုစန်းနီတို့ဘက်က တစ်ယောက်တည်း ဖြစ်သဖြင့် ထိန်းနိုင်ပါသည်။ ကျိုးအာ့နီကသာ ခေါင်းပူနေရ၏။
အမြွှာပူး ရထားတာတ ကောင်းသော်လည်း သူတို့ပြဿနာ ရှာသည်နှင့် ငိုချင်စရာ ကောင်းလှပါသည်။
ကံကောင်းစွာဖြင့် ကျိုးစစ်နီက ဒီလ မီးဖွားပြီးစဥ် ကာလတွင် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူမ နိုင်နင်းခဲ့ပါသည်။ အခု အေးစက်သည့် ဆောင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် ဆိုင်တွေကလည်း ရောင်းမကောင်းတော့ပါ။ ထို့ကြောင့် တစ်ချိန်လုံး လာကူညီဖို့ ကျိုးစစ်နီ အချိန်ရခြင်း ဖြစ်ပါသည်။
လင်းချင်းဟယ်က နောက်နှစ်အထိ သူမကို ထိုနေရာတွင်သာ ဆက်ကူညီပေးဖို့ စီစဥ်ထားသည်။ ကျိုးအာ့နီ ကလေးနှစ်ယောက်ကို ထိန်းဖို့ ကျင့်သားရသွားသည်နှင့် ကျိုးစစ်နီပြန်လာနိုင်ပါသည်။
တကယ်တော့ ဝမ်ယွမ်ကလည်း အိမ်ရှင်ထီးတစ်ယောက် အဖြစ် အလွန်ပါရမီပါပါသည်။ နှစ်ကုန်ခါနီးပြီဖြစ်ပြီး သူ့စက်ရုံက အလုပ်များနေသောကြောင့်သာ ဖြစ်သည်။
ကျိုးရှောင်မိန်လည်း သွားလည်ဖို့ အချိန်မရပါ။ သူမ၏ ကလေးများကိုတောင် အဖေကျိုးနှင့် အမေကျိုးတို့က ကူထိန်းပေးရသည်။ ထို့ကြောင့် သူတို့ ကျိုးစစ်နီကိုသာ အားကိုးနိုင်ပါသည်။
ကလေးထိန်းတစ်ယောက် ငှားရမ်းခြင်းကလည်း ရွေးချယ်မှုကောင်းဖြစ်သည်။ သို့သော် လောလောဆယ်တော့ ကျိုးစစ်နီကိုသာ ကူညီပေးစေချင်၏။ ဝမ်ယွမ်ကလည်း ကျိုးစစ်နီအား လစာပေးမည်ဟု ဆိုသဖြင့် ဘာပြောစရာ လိုဦးမည်နည်း။
"နေ့တိုင်း ပိုပိုအေးလာတယ်နော်။ အစ်မကြီးဝိန်ကို သွားတွေ့ပြီး မနက်ဖြန် ရေပူစမ်း သွားဦးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ရာသီဥတု အေးလာသောအခါ သူမ ရေပူစမ်းသို့ သွားချင်၏။ အထူးသဖြင့် ရေပူစမ်းနေရာ အသစ်တစ်ခု ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။ သိပ်မဝေးပေ။ ကားမောင်းသွားလျှင် နာရီဝက်အတွင်း ရောက်နိုင်သည်။
"သားလတ်နဲ့သားငယ်ကိုလည်း မနက်ဖြန် အတန်းရှိလား မေးလိုက်ဦး။" ကျိုးချင်းပိုင်က သူ့မိန်းမနှင့် လိုက်ချင်သဖြင့် ပြန်ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်က မနက်ဖြန်အချိန်ပြည့်အတန်းရှိသည်။ ကျိုးရွှမ်က သုံးချိန်ရှိ၏။ မနက်အတန်းနှစ်ခုကို တက်ပြီး နေ့လည်ကိုတော့ မတက်တော့ပါ။ သူ့အဖေက ဆိုင်ကို သူ့လက်ထဲ အပ်ခဲ့၏။
လင်းချင်းဟယ်က ကားမောင်းသည်။ အမေဝိန်က ခရီးသည်ခုံရှေ့တွင်ထိုင်၏။ ကျိုးချင်းပိုင်နှင့် အဖေဝိန်တို့ကတော့ ကုန်တင်ခန်းတွင် ထိုင်၏။
သူမတို့မိသားစု ကားတစ်စီးဝယ်ဖို့ အချိန်တန်ပြီလားဟု လင်းချင်းဟယ် ချင့်ချိန်ကြည့်လိုက်မိပါသည်။ ပစ္စည်းသယ်သည့် ထရပ်ကားကြီးက သုံးလို့ရသော်လည်း ခရီးသွားဖို့အတွက်တော့ အဆင်မပြေလှပါ။
သူတို့ရောက်သောအခါ ၄ ယောက်စလုံး အတူတူ စိမ်ခဲ့ကြ၏။
"ဒီနှစ် ဆောင်းရာသီက အရင်နှစ်တွေတုန်းကထက် အများကြီး ပိုအေးနေတာပဲ။" အမေဝိန်က မှတ်ချက်ပြုလိုက်သည်။
"ကျွန်မ တစ်ယောက်တည်း ထင်နေတာလို့ ထင်တာ။ အရမ်းအေးခဲနေတာပဲနော်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
"သိပ်မကြာသေးခင်က မိန့်ကျား ကျွန်မကို ဖုန်းဆက်တယ်။ ဒီနှစ်ထဲ သူပြန်လာမယ်တဲ့။ ခိုင်လေးကလည်း ပြန်လာမယ် ပြောတယ်။" အမေဝိန်က ပြုံးလိုက်ပါသည်။
"အဲ့အချိန်ကျရင် ဟင်းမချက်နဲ့။ နှစ်သစ်ကူးညစာ ကျွန်မတို့ဘက်မှာပဲ အတူတူလာစားကြလေ။" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က အဖေဝိန်အား လက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောပြနေသည်။
အဖေဝိန်က ပညာတတ်တစ်ယောက်ဖြစ်သည်။ စက်ရုံ၏ ဒါရိုက်တာလည်း ဖြစ်ခဲ့သည်။ သူပြောလိုက်၏။ "နောက်နှစ်ထဲ လစာတွေ တိုးမှာပါ။"
"တိုးဖို့အချိန်လည်း ကျပြီလေ။ အသားနဲ့ ဥစျေးတွေက တစ်ဝက်လောက်ကို တက်လာပြီ။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
သူက စီးပွားရေးလုပ်နေသူဖြစ်ပြီး ထိုပစ္စည်းများအားလုံးကို ကိုယ်တိုင်ဝယ်ယူ၏။ ပထမ နှစ်ဝက်တွင် စျေးတက်ခြင်းရှိသော်လည်း သိပ်ပြီးမများပါ။ သို့သော် ဒုတိယနှစ်ဝက်တွင် အားလုံးက စျေးတက်လာ၏။ ဖက်ထုပ် ထုပ်ရာတွင် အသုံးပြုသည့် သိုးသားနှင့် ဝက်သားများ၏ စျေးက ပုံမှန်စျေးထက် ၃ ပုံ ၁ ပုံလောက် တက်သွားသည်။ အလွန်များပြားပါသည်။
ဒီလို ကုန်စျေးနှုန်းက ဆက်တက်နေပြီး လစာမတိုးပါက ဘယ်လိုနေထိုင်ကြရမည်နည်း။
"အဖေဝိန် ရှင့်စက်ရုံက ဆက်လည်ပတ်နိုင်ပါဦးမလား" အမေဝိန်က သူ့ကိုမေးလိုက်သည်။ သူမ၏ စက်ရုံကတော့ အပိတ်ခံလိုက်ရပါပြီ။ အခု တခြားသူများက အလုပ်အခွင့်အရေး ပြဿနာများအကြောင်း ပြောနေကြပါပြီ။
"လည်ပတ်နိုင်ပါတယ်" အဖေဝိန်က တည်ငြမ်စွာ ပြောလိုက်ပါသည်။
စက်ရုံအခြေအနေက သာမန်သာ ဖြစ်သော်လည်း ဆက်လည်ပတ်နိုင်ပါသည်။
အမေဝိန်က လင်းချင်းဟယ်ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မလည်း ကိုယ်ပိုင်ဆိုင်လေး ဖွင့်ချင်တယ်။ ရုတ်တရက် အလုပ်အခွင့်အရေးတွေ ရှားပါးတာမျိုးဖြစ်တတ်တော့ ဝန်ထမ်းအလုပ်တွေလည်း အားကိုးလို့ မဖြစ်ပါဘူး။ တခြား စက်ရုံတွေလည်း ဒီလိုပဲထင်တယ်။"
လင်းချင်းဟယ်က သိပြီးသားဖြစ်သည်။ လောလောဆယ်က ပြဿနာမရှိသေးပါ။ တကယ့် ဝန်ထမ်းအင်အား လျှော့ချခြင်းက ၁၉၉၀ တွင်စတင်ခဲ့သည်။ အလုပ်အကိုင် အလွန် ရှားပါးသည့် ကာလဖြစ်၏။
"ရှင်စိတ်ဝင်စားရင် ကိုယ်ပိုင်ဆိုင်ဖွင့်တာ အကြံကောင်းပေါ့ရှင်" လင်းချင်းဟယ်က သူမနှင့် ဆက်ဆံရေးကောင်းသဖြင့် တိုက်တွန်းလိုက်ပါသည်။