အခန်း(၅၂၈) ဘဝင်ထပ်မြင့်နေပြန်ပြီ
Vol. 38 Ch. 528
အခန်း(၅၂၈) ဘဝင်ထပ်မြင့်နေပြန်ပြီ
အမေဝိန်က ပြောလိုက်သည်။ "ကျွန်မလည်း စဥ်းစားပြီးပါပြီ။ ဒါပေမယ့် ဘာလုပ်ရမလဲ မသိတာ"
"ဆိုင်တစ်ဆိုင်အရင်ဝယ်လိုက်။ အထည်ဆိုင် ဖွင့်မလား။ ပင်လယ်စာခြောက်ဆိုင် ဖွင့်မလား။" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
ဒီလိုအကြံဉာဏ်မျိုးပေးရသည့် အကြောင်းအရင်းက သူမနှင့်အမေဝိန်တို့၏ ဆက်ဆံရေးမှာ အလွန်နီးစပ်နေသောကြောင့်ဖြစ်သည်။ မဟုတ်ပါက သူမဒီလို ပြောမှာ မဟုတ်ပေ။
"ရှင်နဲ့ စီးပွားပြိုင်သလို ဖြစ်မနေဘူးလား။" အမေဝိန်က တွန့်ဆုတ်သွားပြီး ချက်ချင်း ပြောလိုက်ပါသည်။
"မြို့တော်ကြီးက အကြီးကြီးပါရှင်။ ကျွန်မနဲ့ ဘယ်လို စီးပွားပြိုင်သလို ဖြစ်ရမှာလဲ။ တကယ် ပြောရရင်တော့ ရှင်ဆိုင်ဖွင့်မယ်ဆို တစ်နယ်မြေတည်း မဖွင့်တာတော့ အကောင်းဆုံးပေါ့ရှင်။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဘာကို ဆိုင်ဖွင့်မှာလဲ။ မိသားစု တစ်စုလုံး ပိုက်ဆံရနေတာလေ။ မင်းအလုပ်မသွားရင်တောင် သုံးစရာ ပိုက်ဆံရှိပါတယ်ကွာ။" အဖေဝိန်က ဖျောင်းဖျပါသည်။
"ဘယ်လိုလုပ်ပြီး တူမှာလဲ။ ကျွန်မအိမ်မှာ အားနေလွန်းလို့ မှိုတက်တော့မှာ ရှင်မသိပါဘူး။" အမေဝိန်က သူ့ကို ပြန်ပြောလိုက်ပါသည်။
အဖေဝိန်က အဓိကကျတာကို မေးလိုက်သည်။ "စီးပွားရေးဘယ်လိုလုပ်ရလဲ ဆိုတာကော မင်းသိလား။"
အမေဝိန် တိတ်ဆိတ်သွား၏။ အရင်တုန်းက စီးပွားရေး တစ်ခါမှ မလုပ်ဖူးသဖြင့် သူမ ယုံကြည်မှု ပျောက်ဆုံးသွားပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "ရှင်အလုပ်လုပ်ချင်ရင် ကျွန်မဆိုင်ကို လာကြည့်ပေါ့။ ပြီးရင် ဘယ်လို လုပ်ရလဲဆိုတာ သေချာသင်ယူလိုက်။ အဆင်ပြေမယ် ထင်ရင် ဖွင့်ဖို့ စဥ်းစားလိုက်လေ။"
"အဲ့လိုလည်း ဖြစ်တာပဲ။" အမေဝိန် မျက်လုံးများ ဝန်းစက်သွားပါသည်။
"ဒါဆို ငါနဲ့ ကော်တုန်းတို့ စားဖို့ သောက်ဖို့ကော ဘယ်လိုလုပ်မလဲ။" အဖေဝိန်က သက်ပြင်းချလိုက်ပါသည်။
"ရှင်တို့နှစ်ယောက် စားသောက်ဆိုင်မှာ သွားစားကြပေါ့။ ကျွန်မက လင်းချင်းဟယ်တို့ဘက်မှာ စားလိုက်မယ်။ အဲ့တာကြောင့် ကျွန်မ ပြန်မလာဘူး။" အမေဝိန်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ် ပြုံးလိုက်သည်။ ဒီအချိန်တွင် ဆိုင်ဖွင့်ခြင်းက မဆိုးပါ။ ဆိုင်တစ်ဆိုင် ဝယ်ရင်တောင် နောင်တရမည်မဟုတ်ပေ။ ပိုကောင်းသည့် ဆိုင်တစ်ဆိုင်လောက် ဝယ်ပြီး ပင်စင်ဝင်ငွေက အနာဂတ်အတွက် သေချာသွားမည် ဖြစ်သည်။ ဒီခေတ်၏ အကောင်းဆုံး အချက်ဖြစ်ပြီး အဆိုးဆုံး အချက်လည်း ဖြစ်ပါသည်။
"ဒါဆိုလည်း ကောင်းပြီလေ။ မင်းမလုပ်နိုင်ရင် ပြဿနာမရှာဘဲ အိမ်စောစောပြန်ပြီး ထမင်းဟင်းပဲချက်နေပါကွာ။" အဖေဝိန်က ပြောလိုက်ပါသည်။
အမေဝိန်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။
ရေစိမ်ပြီး ထိုနေရာတွင် ညစာစားပြီးနောက် သူတို့ ပြန်လာခဲ့ကြ၏။
ဝိန်ကော်တုန်းက အပြင်မှာထွက်စားခဲ့ပြီး ပြန်လာခါမှ သူ့မိဘများကို တွေ့ကာ ပြောလိုက်သည်။ "ဦးလေးကျိုးတို့ အိမ်ကို သွားကြတာလား။"
"နင့်ဦလေးနဲ့ ဒေါ်လေးလင်းတို့နဲ့ အတူတူ ရေပူစမ်းသွားတာ။ မနက်ဖြန်ကစပြီး နင်နဲ့ နင့်အဖေတို့ အလုပ်က စားသောက်ဆိုင်မှာပဲ စားကြတော့။ အိမ်ပြန်မစားကြနဲ့။" အမေဝိန်က ပြောလိုက်ပါသည်။
ဝိန်ကော်တုန်းက သူ့အဖေကို ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်လိုက်ပါသည်။
"မင်းအမေက အဲ့ဒီမှာ ဆိုင်ဖွင့်နည်း သွားသင်မလို့တဲ့ဟေ့။ မင်းဒေါ်လေးလင်းဆီကနေ သင်ယူပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့တဲ့။ သူအရမ်း အလုပ်ရှုပ်လာနိုင်တယ်။" အဖေဝိန်က သက်ပြင်းချလိုက်သည်.
ကိုယ်ပိုင်အလုပ်ကို သူအထင်မသေးပါ။ ကိုယ်ပိုင်အလုပ်က မဆိုးရွားသော်လည်း သူ့မိန်းမ ဆိုင်ဖွင့်စရာတော့ မလိုပေ။
"ကျွန်မ ဒီတိုင်း အားအားယားယား မနေနိုင်ပါဘူး။ ပျင်းဖို့အရမ်းကောင်းတယ်။ လူမှုပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေသလိုပဲ။" အမေဝိန်က ပြောလိုက်ပါသည်။
ဝိန်ကော်တုန်းက ပြောလိုက်သည်။ "ကျွန်တော်တို့ အလုပ်က စားသောက်ဆိုင်က အစားအစာတွေက စားလို့မကောင်းဘူးဗျ"
"စားလို့မကောင်းလည်း ငါ့ကိုလာမရှာနဲ့အေ။ ရှင့်ကိုချက်ကျွေးမယ့် မိန်းမ ကိုယ့်ဟာကိုယ် မရှာဘဲနဲ့ ဘယ်သူ့ကို အပြစ်တင်ချင်လို့လဲ။" အမေဝိန်က တဲ့တိုး ပြန်ချေပလိုက်ပါသည်။
စကားတစ်ခွန်းတည်းနှင့် ဝိန်ကော်တုန်း ပါးစပ် ပိတ်သွားရသည်။ စားလို့မကောင်းလည်း စားရပါတော့မည်။
"ဒီအသက်အရွယ် ရောက်နေတာတောင် အိပ်ယာပေါ် နွေးနွေးထွေးထွေး နေဖို့ မိန်းမ မရှာနိုင်သေးဘူး။ အိပ်ယာက အေးလိုက်၊ ဒယ်အိုးက အေးလိုက်နဲ့။ နင်တော်တော် ချို့ချို့တဲ့တဲ့ နေနေရပါလား။" အမေဝိန်က ထပ်ပြောလိုက်ပြန်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ အမေရယ်၊ ကိုယ့်အလုပ် ကိုယ်သွားလုပ်ပါ။ ကျွန်တော် ဘာမှ မပြောတော့ပါဘူး။" ဝိန်ကော်တုန်းက အမြန်ပြောလိုက်ပါသည်။
"နင်အဲ့လိုပြောရင်တောင် အသုံးမဝင်ဘူး။ နင့်စကားကို ငါက နားထောင်ရမှာလား။" အမေဝိန်က အရွဲ့တိုက်လိုက်သည်။
ထို့နောက် မိသားစုပိုင်ငွေကို သွားထုတ်ကာ ရေတွက်ကြည့်လိုက်သည်။ အဖေဝိန်ဘက်သို့ သူမလှည့်လိုက်၏။ "ရောင်းမယ့် ဆိုင်တွေ ဘာတွေတွေ့မိသေးလား။"
"မင်းက ဆိုင်ဝယ်မှာလား။" အဖေက သူ့နဖူးသူ ကိုင်လိုက်မိသည်။ သူ့မိန်းမက ငယ်စဥ် ကတည်းက ဒီလိုစိတ်မျိုးပဲဖြစ်ပါသည်။
"ကျွန်မတို့ စီးပွားရေးလုပ်ချင်ရင် ဆိုင်ဝယ်ရမယ်လို့ ချင်းဟယ် ပြောခဲ့တာလေ။" အမေဝိန်က ပြန်ပြောလိုက်ပါသည်။
"လုပ်မလား မလုပ်မလားဆိုတာတောင် မသိသေးဘူးလေ။ မင်းစမ်းလုပ်ကြည့်ပြီး မလုပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ။ မင်းသေချာမှ ဝယ်လည်း နောက်မကျပါဘူးကွာ။" အဖေဝိန်က ပြန်ပြောလိုက်ပါသည်။
အမေဝိန်က ပြော၏။ "ရှင်ဆိုင်တွေကိုတော့ သေချာကြည့်ထားနော်။"
"သိပါပြီကွာ။" အဖေဝိန်က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
ထိုအခါမှ အမေဝိန် ကျေနပ်သွားပြီး ဘာမှ မပြောတော့ပါ။ အဖေဝိန်၏ လက်မောင်းပေါ် မှီလိုက်ပြီး သူမ ပြောလိုက်၏။ "အဖေဝိန်ရေ။ ကျွန်မမြင်သလောက်တော့ ရှင့်ကုမ္ပဏီလည်း အခြေအနေ မကောင်းဘူးနော်။ ကျွန်မဆိုင်က ဝင်ငွေကောင်းလာရင် အဲ့ကထွက်ပြီး ကျွန်မအတွက် အလုပ်လုပ်ပေးပေါ့။"
"ဟုတ်ပါပြီ" စိတ်ထဲမှာ ဘာပဲတွေးတွေး အဖေဝိန်က သူ့မိန်းမကိုတော့ ချောမြူတတ်ပါသည်။
ဝိန်ကော်တုန်း သူ့မိဘများ၏ အပြုအမူကို မြင်သောအခါ သူ့ကို ခွေးစာကျွေးခံရသည်ဟု ခံစားလိုက်ရမိသည်။
သို့သော်လည်း မနာလိုတော့ ဖြစ်မိ၏။ သူမိဘများက ငယ်စဥ်ကတည်းက ချစ်ကြိုက်ခဲ့ကြသူများ ဖြစ်သဖြင့် အခုချိန်ထိ သူတို့ ဆက်ဆံရေးက ခိုင်မာနေဆဲ ဖြစ်ပါသည်။ အခု ဒီအသက်အရွယ် ရောက်နေတာတောင် ကော်နှင့် ကပ်ထားသလို ကပ်နေကြဆဲပင်။
နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ အမေဝိန် ရောက်လာခဲ့၏။ လင်းချင်းဟယ်က အရင်တုန်းက ကျိုးအာ့နီ တာဝန်ယူထားသော အထည်ဆိုင်သို့ သူမကို လွှတ်လိုက်ပါသည်။
အခု ရာသီဥတုက အေးလွန်းသဖြင့် ရောင်းမကောင်းသော ရာသီဖြစ်သည်။ စီးပွားရေးကလည်း သာမန်ပဲဖြစ်၏။ သို့သော် ဆိုင်သို့ လာဝယ်သည့် လူတွေလည်း ရှိနေပါသေးသည်။ ထို့ကြောင့် အမေဝိန် လေ့ကျင့်ဖို့ နေရာတစ်ခုရှိပါသည်။
အထည်ခေါက်ခြင်း၊ အထည်ထုပ်ပိုးခြင်း၊ အထည်များချိတ်ဆွဲခြင်းနှင့် အထည်များအား ရေတွက်ခြင်း စသဖြင့် သင်ယူစရာတွေ များပြားလွန်းပါသည်။
နေ့လည်ခင်းတွင် အမေဝိန်က ထမင်းလာစားရင်း ပြောလိုက်သည်။ "ဆိုင်က အကြီးကြီး မဟုတ်ပေမယ့် လုပ်စရာတွေတော့ အများကြီးပဲနော်။"
"အသားကျသွားတာနဲ့ အဆင်ပြေပါပြီ။ နောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး စီးပွားရေးက ကောင်းလွန်းလို့ တစ်ယောက်တည်း မနိုင်တော့ရင် ကောင်မလေးအကူတွေ ခေါ်ပေါ့။" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
အနည်းငယ်ပင်ပန်းသော်လည်း အမေဝိန်က ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့ပါသည်။ ညနေစာ ဒီဘက်မှာ စားပြီးနောက် သူမ အိမ်ပြန်ခဲ့သည်။
"ပင်ပန်းနေပြီလား။" သူမကို ဒီလိုမြင်သောအခါ ပခုံးကို နှိပ်နယ်ပေးပြီး မေးလိုက်ပါသည်။
"အရမ်းပင်ပန်းတာပဲ။ အဲ့တာကြောင့်လည်း ခက်ခဲတဲ့အလုပ်လို့ ပြောကြတာ။ ပခုံးတွေက မတောင့်ပါဘူး။ ကျွန်မခြေထောက်တွေကို နှိပ်ပေးပါလား။" အမေဝိန်က ပြောလိုက်ပါသည်။
အလုပ် ပထမနေ့တွင် မတ်တပ်ရပ်နေရုံနှင့် မောပန်းလာခဲ့၏။ နောက်ပိုင်း သူမကိုယ်ပိုင်ဆိုင်ဖွင့်ပါက သေချာပေါက် ကောင်မလေး အကူတစ်ယောက်တော့ ရှာရပါလိမ့်မည်။
"အိမ်မှာ ချက်စားတာ ပိုကောင်းပါတယ်။" ဝိန်ကော်တုန်းက ပြောလိုက်သည်။
"တခြားနေရာ သွားစားပါလား။" အမေဝိန်က ပြန်ပြောလိုက်သည်.
ဝိန်ကော်တုန်းက နှုတ်ခေါင်းပွတ်ရင်း သူ့အဖေကို မျက်စိမှိတ်ပြသည်။ သို့သော် အဖေဝိန်က မမြင်ချင်ယောင်ဆောင်လိုက်ပါသည်။
"စားသောက်ဆိုင်မှာပဲ ဆက်စားနေလို့ မဖြစ်ဘူးလေ။ ဒေါ်လေးလင်းတို့ဘက်မှာ စားလို့မရဘူးလား။ ကျွန်တော် ထမင်းစရိတ်ပေးပါ့မယ်။" ဝိန်ကော်တုန်းက အကြံပြုလိုက်သည်။
"ဒီအသက်အရွယ်အထိ လက်မထပ်သေးတော့ ချက်ကျွေးမယ့် မိန်းမ မရှိဘူးပေါ့။ အခု နင့်ဒေါ်လေးလင်းတို့ဘက်မှာ သွားစားချင်တယ်တဲဲ့လား။ နင်အရှက်ကို မရှိဘူး မသွားရဘူးအေ။" အမေဝိန်က ပြောလိုက်ပါသည်။
သူ့မိသားစုက သူ့ကိုအနိုင်ကျင့်နေသည်ဟု ဝိန်ကော်တုန်း ခံစားလိုက်ရပါသည်။ အခု သူ့အမေက သူ့ကို သရော်ဖို့ လမ်းစတွေ့သွားပြီဖြစ်သည်။ ဒီမိသားစုမှာကော ဆက်နေလို့ ဖြစ်ပါဦးမလား။
သူ စဥ်းစားနေခဲ့၏။ သူအပြင်မှာ ကိုယ့်ဖာသာကိုယ် အိမ်တစ်လုံးငှားနေရင် ကောင်းမလား။
ဒီလိုနှင့် အမေဝိန်က ဆိုင်ကိုနေ့တိုင်း သွားခဲ့သည်။ ထိုဘက်တွင် ထမင်းစားလည်း အဆင်ပြေသည်။ ဘာမှ ပေးစရာ မလိုပါဘူး။
ထိုနေ့က လင်းချင်းဟယ် အမေဝိန်ကို နှုတ်ဆက်ပြီး ရေချိုးအိမ်အတူတူသွားဖို့ ကျိုးရှောင်မိန်ကိုလာရှာလိုက်ပါသည်။
"စတုတ္ထယောက်မ ဟိုဘက်အိမ်က အဘွားကျူး ဘဝင်ထပ်မြင့်လာပြန်ပြီ သိလား။" ကျိုးရှောင်မိန်က အတင်းတုပ်လိုက်ပါသည်။
"ဟင်" လင်းချင်းဟယ် သူမကို ကြည့်လိုက်၏။
"မနှစ်က သူ အဲ့လိုကြံနေခဲ့တာ။ ဒါပေမယ့် ဒီနှစ်တော့ ဘာမှ မလှုပ်ရှားဘူး။ အမြင်များ မှားတာလားလို့။ သူက နေ့တိုင်း အမေ့ကိုလာတွေ့ပြီး သူ့မြေးရဲ့ ကောင်းကြောင်းတွေကို မြှောက်ပင့် ပြောဆိုနေတာ သိလား" ကျိုးရှောင်မိန်က ရှင်းပြလိုက်ပါသည်။
"သူ့မြေးသူချစ်တာ ချစ်ပါစေပေါ့။ သူနဲ့အတူ ချစ်ခိုင်းဖို့ လူလိုလို့လား။" လင်ချင််းဟယ်က ပြုံးလိုက်၏။
"သူက စစ်နီကို မျက်စိကျနေတာလေ။" ကျိုးရှောင်မိန်က ပြောလိုက်၏။
"ဒါဆို သူ့အမြင်က ကောင်းသားပဲ။" ထိုစကားလုံးများကို ကြားသောအခါ လင်းချင်းဟယ် ရယ်မောလိုက်ပါသည်။