← Chapters

အခန်း(၅၃၀) ကူရာမဲ့ ကယ်ရာမဲ့

Vol. 38 Ch. 530

အခန်း(၅၃၀) ကူရာမဲ့ ကယ်ရာမဲ့

Vol. 38 Ch. 530

အခန်း(၅၃၀) ကူရာမဲ့ ကယ်ရာမဲ့

အမေကျိုး ပြောစကားအရ မြေးမ နှစ်ယောက် ဖြစ်သော ကျိုးအာ့နီနှင့် ကျိုးစန်းနီတို့မှာ အချိန်ကောင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး နှစ်ယောက်စလုံး ကောင်းချီးမင်္ဂလာနှင့် ပြည့်ဝနေခဲ့ပါသည်။

ကျိုးစစ်နီက လိမ္မော်သီးနှစ်လုံးစားပြီး သူတို့နဲ့ စကားခဏပြောကာ ပြန်လာခဲ့ပါသည်။

ကျိုးရှောင်မိန်က ဟိုဘက်အိမ်က အဘွားကျူး သူ့တူမအား တွယ်ကပ်နေသည့် ကိစ္စကို အမေကျိုးအား ပြန်ပြောပြလိုက်သည်။

"စစ်နီက ရှန့်မိန်လို မဟုတ်ပါဘူးအေ။ စကားလုံးလေး နည်းနည်းလောက်နဲ့ သူ့ကို မဖြားယောင်းနိုင်ဘူး။ စိတ်ပူမနေနဲ့။" အမေကျိုးက ပြောလိုက်၏။။

အဘွားကျူး မကြာခဏ သူမထံလာတတ်ပြီး သူမ၏ မြေးကဘယ်လောက်တော်ကြောင်း ပြောတတ်သည်။ သို့သော်လည်း အခုချိန်ထိ လူကိုယ်တိုင်မတွေ့ဖူးသေးပါ။ ဒီလောက်တောင် တော်နေရင် ဘာလို့ သူမနဲ့တွေ့ဖို့ ခေါ်လာမပေးတာလဲ။

လုံးဝ မရိုးသားပါဘူး။

အမှန်ပင်။ အမေကျိုးက အဘွားကျူးကို သဘောမကျပါ။ သို့သော် အဘွားကျူး၏ မြေးသာ တကယ်တော်လျှင် စစ်နီနှင့် သဘောတူဖို့ ကိစ္စမရှိပေ။

မြို့တော်တွင် လက်ထပ်ပါက အနာဂတ်တွင် သူမ၏ အစ်မနှင့် အနီးကပ်နေနိုင်၏။ ညီအစ်မနှစ်ယောက် အချင်းချင်း စောင့်ရှောက်နိုင်သည်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ထို့ကြောင့် သူမ၏ မြေးက တော်လျှင် ကိစ္စမရှိပါ။ သို့သော်လည်း ဒီစံနှုန်းနှင့် ကိုက်ညီရမည်။ သို့သော် အခုချိန်ထိ အရိပ်တောင် မမြင်ဖူးသေး။ ထို့ကြောင့် အဘွားကျူး မရိုးသားတာ သိသာပါသည်။

တခြားရွေးချယ်စရာ မရှိတော့သည့်ပုံပင်။ နောက်ထပ် ရက်အနည်းငယ်လောက် ကြာပြီးနောက် အဘွားကျူး၏ မြေး ဝတ်ကောင်းစားလှများနှင့် ရောက်ချလာလေသည်။

အမေကျိုးက တစ်ချက်သာ ကြည့်လိုက်ပြီး ကျူးမိသားစုကို ရင်ထဲမှ ထုတ်ပယ်လိုက်တော့သည်။

ဒါ ဘာကောင်ကြီးလဲ။

အဘွားကျူး၏ အဖိုးတန်လှပါသည်ဆိုသော မြေးမှာ မျောက်တစ်ကောင်လို ပိန်ချုံးသည်။ သိပ်ပြီး ဖြောင့်မတ်သည့်ပုံ မပေါ်ရုံသာမကဘဲ ဖြစ်ကတတ်ဆန်း နေတတ်၏။ ဘဝကို လွယ်လွယ်ကူကူနှင့် ကြီးပြင်းလာခဲ့သလိုပင်။

ထိုအရာများကို မဆိုဦးနှင့်။ သူ့အရပ် တစ်ခုတည်းနဲ့တင် မဖြစ်နိုင်ပါ။ သူ့အရပ်က ဘယ်လောက်ရှည်လို့လဲ။

အရပ်ရှည်ရှည် ကြံကြံခိုင်ခိုင်ရှိသော ကျိုးခိုင်၊ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ကို မမှီရင်တောင် အနည်းဆုံးတော့ ဟူကျစ်နဲ့ ကန်းကျစ်လောက် ရှိသင့်သည်မဟုတ်လား။

သူ့အရပ်က စစ်နီထပ် မဆိုသလောက်လေး ရှည်ရုံသာရှိသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် အမေကျိုး စိတ်ဝင်စားမှု ပျောက်သွားခဲ့ပါသည်။

ထို့ကြောင့် ဒီကိစ္စအကြောင်း ဆွေးနွေးဖို့ မလိုတော့ပေ။ အမေကျိုး၏ စိမ်းကားပြီး အပေါ်ယံ ဆက်ဆံပုံကို မြင်သောအခါ အဘွားကျူး၏ မြေးဖြစ်သူ လီထိုက် မျက်မှောင်ကြုတ်သွားမိ၏။

ဒီမိန်းမကြီးမိသားစု၏ ကောင်းမွန်မှုနှင့် လက်ထပ်ပြီးပါက သူ့အတွက် အလုပ်တစ်ခု ရနိုင်လိမ့်မည်ဟူသော သူ့အဘွား၏ စကားလုံးများကြောင့်သာမဟုတ်လျှင် ဒီကျေးတောသူကို သူ အထင်သေးမိပါမည်။ ထင်မထားစွာဖြင့် သူတို့က အထက်စီးမှ ဆက်ဆံနေကြသည်။ သွေးအေးကာ သူစိမ်းလို ဆက်ဆံနေ၏။ လုံးဝ စိတ်ပါဝင်စားမှု မရှိပါဘူး။

လီထိုက်က သူ့အဘွားနှင့် ပြန်လာခဲ့၏။ ထို့နောက် ဒီကိစ္စကို သူလက်လျှော့လိုက်ပါသည်။

"မမိုက်မဲစမ်းပါနဲ့။ အဲ့ဒီအဘွားကြီးရဲ့ သဘောထားကို နင်ဂရုစိုက်စရာမလိုဘူး။ သူ့မြေးမကို လက်ထပ်ရမှာလေ။" အဘွားကျူးက ဖြောင်းဖြပါသည်။

ထို့နောက် ကျိုးစစ်နီ ခဲအို၏ အစွမ်းအစအကြောင်း သူမ ပြောပြလိုက်သည်။ ထိုအခါမှ လီထိုက်က ပြန်ပြောလာ၏။ "ဒါဆို သူ့ပုံစံကကော ဘယ်လိုလဲ။ သူ မလှရင် ကျွန်တော် အနစ်နာမခံနိုင်ဘူးနော်။"

အဘွားကျူးက ပြုံးဖြီးလျက် "သေချာပေါက် နင်မနစ်နာပါဘူးအေ။ သူ့ပုံစံက အဆင်ပြေပါတယ်။" ဟု ပြောလိုက်သည်။

အဆင်ပြေသည်ဆိုရုံဖြစ်သောကြောင့် လီထိုက်က မျှော်လင့်ချက် သိပ်မထားခဲ့ပါ။ သို့သော် ကျိုးစစ်နီကို သူတွေ့လိုက်ရသောအခါ ကြက်သေ သေသွားရ၏။

ကျိုးစစ်နီက မလှပါ။ သို့သော် သေချာပေါက် ရုပ်လည်း မဆိုးပေ။ သူမ၏ ပုံစံက သာမန်ပဲဖြစ်၏။ အရပ်ကလည်း မပုပါ။ ထို့အပြင် တောက်ပသည့် မျက်ခုံးလေးများရှိ၏။ ရုပ်လည်း မဆိုး အရမ်းကြီးလည်း မထင်ပေါ်သည့် ပုံစံမျိုး ဖြစ်ပါသည်။ ကြည့်လိုက်တိုင်း ဆွဲဆောင်မှု ပိုရှိလာတတ်သည့် လူမျိုး ဖြစ်သည်။

လီထိုက်က ထောင်ထောင်မတ်မတ် နေလိုက်သည်။ ကျိုးစစ်နီ သူ့ထံလာပြီး စကားပြောဖို့ မျှော်လင့်ထား၏။ သို့သော် ကျိုးစစ်နီက သူ့ကို ကြည့်တောင်ကြည့်မသွားပါဘူး။ သူမ၏ အဘိုးအဘွားများကိုသာ စိတ်ရှင်းရှင်းဖြင့် သွားတွေ့၏။

ထိုအကြောင်းများကို နောက်ပိုင်း ကျိုးရှောင်မိန်ထံမှ လင်းချင်းဟယ် ကြားခဲ့ရပါသည်။

"သူ့ပုံစံက ကြက်ပျော့တစ်ကောင်လိုပဲ။ ဒါပေမယ့် အရမ်းဘဝင်မြင့်လွန်းတယ်။" ကျိုးရှောင်မိန်က နှုတ်ခမ်းတွန့်ကာ ပြောလိုက်ပါသ်ည။

လင်းချင်းဟယ်က ပြုံးလိုက်ပြီး မုန်လာဥနှင့် ဟင်းသီးဟင်းရွက် ပေါက်စီတစ်လုံးကို ကိုင်ကာ စားလိုက်သည်။ ကျိုးရှောင်မိန် ယူလာသည့် ပေါက်စီများက အရသာရှိလှပါသည်။ စက္ကူအိတ်ကြီး နှစ်လုံးဖြင့် ဖြည့်ထား၏။ သူမ စားရင်း ပြောလိုက်သည်။ "စစ်နီကို သတိထားနေဖို့ပဲ ပြောလိုက်ပါ။"

"စစ်နီက သူ့ကိုဂရုတောင်မစိုက်တာဟေ့။ သူ့ကို စိတ်မဝင်စားဘူး။" ကျိုးရှောင်မိန်က ပြောလိုက်သည်။

လင်းချင်းဟယ်က ဒီအဖြစ်အပျက်ကို ဟာသ ပုံပြင်တစ်ပုဒ်လို သတ်မှတ်ပြီး အမေဝိန်အား ပြန်ပြောပြခဲ့ပါသည်။ အမေဝိန်က ပေါက်စီစားရင်း ပြောလိုက်၏။ "ရှင် တကယ် မစဥ်းစားချင်ဘူးလား။ ကျွန်မသား ကော်တုန်းက အလားအလာမရှိပေမယ့် မိန်းမတော့ ချစ်တတ်ပါတယ်။"

"အစ်မကြီးဝိန် တော်ပါတော့ရှင်။။ သူပြန်လာတော့ ရှင်လည်း မိတ်ဆက်ပေးခဲ့တာတွေ ရှိမှာပဲမဟုတ်လား။ သူဘယ်သူ့ကိုမှ မျက်စိမကျဘူးလေ။" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

အမေဝိန်တစ်ယောက် ပေါက်စီများ မမွှေးတော့သလို ခံစားရကာ သက်ပြင်းချလိုက်ပါသည်။ "သူ ဘယ်လိုလူမျိုးကို ရှာချင်တာလဲ ကျွန်မ မသိတော့ပါဘူး။ ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့။ သူ့ကို တွဲဖို့ ပြောတာကို စိတ်မဝင်စားဘူး။"

တစ်ခေါက် တွေ့ပြီးလျှင် ဒုတိယအကြိမ်ဆိုတာ မရှိခဲ့ပါ။ ဘယ်သူကမှ သူနဲ့ထပ်မတွေ့ချင်တော့ပေ။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ ကြည့်ပါဦး။ ဒီလိုလူမျိုးကို စစ်နီနဲ့ မိတ်ဆက်ပေးလို့ ရပါ့မလား။ မဖြစ်နိုင်ပါ။

"မိန့်ကျားနဲ့ ခိုင်လေးတို့ ရက်အနည်းငယ်လောက်နေရင် ပြန်လာကြတော့မယ်နော်။" လင်းချင်းဟယ်က စကားလမ်းကြောင်းလွှဲလိုက်သည်။ "နှစ်သစ်ကူးညကျရင် ကျွန်မတို့အိမ်မှာ နှစ်သစ်ကူးညစာ အတူတူလာစားပါ။ လူတွေပိုများလေလေ ပိုပြီး စည်ကားလေလေ။ အဲ့တာဆို ပျော်စရာ အရမ်းကောင်းလိမ့်မယ်။"

အမေဝိန်က ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။ "မလာနိုင်ပါဘူးရှင်။ ရှင်တို့ဘက်မှာ လူတွေအများကြီးပဲလေ။”

"ဒီနှစ်ထဲ သိပ်မများပါဘူး။ ကျွန်မ ယောက္မတွေအိမ်ကို သွားမယ့်လူတွေလည်း ရှိတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။

အမေဝိန်က အတူတူသွားစားရတော့မည်ကို ဝမ်းသာသွားပြီး ပြုံးလိုက်ပါသည်။ "အဖေဝိန် ကျွန်မကိုဆူမှာတော့ ကြောက်တယ်ရှင်။"

"ဘာဆူစရာရှိလို့လဲ။ ဒီနေရာကိုတစ်ခုခုယူလာပြီး အတူတူစားကြပေါ့။ ဘာဆူစရာရှိလို့လဲ။ အတူတူစားရတာ ပျော်စရာကြီးကို။" လင်းချင်းဟယ်က အာမခံလိုက်ပါသည်။

အမေဝိန်က စိတ်လှုပ်ရှားသွား၏။ "ဒါဆို စစ်နီကိုလည်း လာစားခိုင်းလိုက်နော်။"

လင်းချင်းဟယ် ရယ်မောလိုက်ပါသည်။ "ဟုတ်ပါပြီ၊ ဒါပေမယ့် ကျွန်မ ဘာမှမပြောဘူးနော်။ စစ်နီကို ကျွန်မတို့ဘက်မှာ လာစားဖို့ပဲခေါ်လိုက်မယ်။"

အမေဝိန် တကယ်စိတ်ဝင်စားမိပါသည်။ သူမ ဒီကိစ္စပြောပေါင်းများပြီ ဖြစ်သဖြင့် လင်းချင်းဟယ်လည်း ဆက်ပြီး မငြင်းနိုင်လောက်ပါ။ သူမ၏ တူမကို မပြောလျှင် သူမ၏ တူမကလည်း ရေးကြီးခွင်ကျယ် မလုပ်လောက်ပါ။ ဝိန်ကော်တုန်းသာ သူ့ကို သဘောကျပါက ဆွေးနွေးဖို့ မနောက်ကျနိုင်ပေ။

သူမ၏ တူမ သူ့ကို မကြိုက်လျှင်တော့ ဝိန်ကော်တုန်း မျက်ရည်သုတ်ဖို့သာ ရှိတော့သည်။ သူမ အပူတစ်ပြားမှ မပါပါ။

အမှန်ပင်။ ဖြစ်နိုင်ချေက အရမ်းနည်းပါသည်။ ဘာပဲဖြစ်ဖြစ် ဝိန်ကော်တုန်းတွင် အခြေအနေကောင်းများ ရှိသည်။ သူက တည်ငြိမ်ပြီး ကောင်းမွန်သည့် အလုပ်ရှိကာ ထောင်လွှားမှုမရှိဘဲ ယဥ်ကျေး၏။ မိသားစုအတွက်ကတော့ သူမနဲ့ အဖေဝိန်၊ အမေဝိန်တို့ သိနေခဲ့ကြတာ အလွန်ကြာပါပြီ။ ယောက္ခမနှင့် ချွေးမပြဿနာကို စိတ်ပူဖို့ မလိုအပ်ပါ။

ထို့ကြောင့် ဖြစ်လာပါက လင်းချင်းဟယ် အလွန်ပျော်ရွှင်မိပါလိမ့်မည်။ သို့သော်လည်း မျှော်လင့်ချက်တော့ မထားခဲ့ပါဘူး။

အမေဝိန်က အပျော်လွန်သွား၏။ သူမ ပြန်လာသောအခါ အဖေဝိန်ကို ပြောပြခဲ့ပါသည်။ ဒီလိုစီစဥ်ထားကြောင်း အဖေဝိန် သိလိုက်ရသောအခါ သူဘာမှ မပြောတော့ပါ။

လက်ဆောင်တစ်ခုခု ယူသွားရင်တောင် နှစ်သစ်ကူး ညစာစားဖို့ သူများအိမ်သွားတာ မကောင်းပါ။ သူတို့သားအတွက် ဘလိုင်းဒိတ်တစ်ခု စီစဥ်ပေးချင်သည်ဆိုမှတော့ သွားပါစေတော့။

ကျိုးစစ်နီကို အဖေကျိုးလည်းမြင်ဖူးကာ ကောင်းမွန်သည်ဟု ထင်မိပါသည်။ စနစ်ကျပြီး သွက်လက်သော ကောင်မလေးဖြစ်၏။ စဥ်းစားဆုံးဖြတ်နိုင်စွမ်း ရှိသူဆိုတာ သိသာသည်။ အဖေဝိန်က သူ့သားကို တစ်ချက် စောင်းကြည့်လိုက်၏။

မငယ်တော့သည့် သူ့သားကြီး ဒီ့ထက် ပိုအလားအလာရှိဖို့ မျှော်လင့်မိသည်။

ဝိန်ကော်တုန်း ဆွန့်အနေ၏။ တချိန်လုံး လက်ထပ်ဖို့ကိုပဲ တိုက်တွန်းနေကြသည်။ နှစ်သစ်ကူးပြီးမှ သူက အသက် ၂၈ နှစ်ပဲရှိပါသေးသည်။ အသက် ၃၈ နှစ် မဟုတ်သေးပါဘူး။

သူ တကယ်ပဲ အသက်ကြီးနေပြီလား။ ဒီလိုလုပ်ဖို့ လိုလို့လား။

"နောက်နှစ်ကျရင် ငှားနေဖို့ နေရာတစ်ခုတွေ့ထားပြီ။ ကျွန်တော့်ဖာသာ ပြောင်းနေတော့မယ်။" ဝိန်ကော်တုန်းက ပြောလိုက်သည်။

"ပြောင်းချင်ပြောင်းပေါ့" အဖေဝိန်က ဂရုမစိုက်ပေ။

"ဟိုးအရင်ကတည်းက ပြောင်းရမှာ။ ဝေးဝေးကိုသာ ပြောင်းသွား နားလည်လား။" အမေဝိန်ကလည်း နောက်က လိုက်ပြော၏။

သူမိဘများက စကားနည်းနည်းလောက်ဖြင့် တားမြစ်လိမ့်မည်ဟု ထင်ခဲ့သော ဝိန်ကော်တုန်းတော့ ဆွန့်အသွားရပြန်သည်။

လူ့အခွင့်အရေးဆိုတာ တကယ်မရှိတော့သည့်ပုံပင်။ သူ လုံးဝ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေခဲ့ပါပြီ။

All Chapters