အခန်း(၅၃၄) ရာသီဥတု ရုတ်ခြည်း ပြောင်းလဲခြင်းများ
Vol. 39 Ch. 534
အခန်း(၅၃၄) ရာသီဥတု ရုတ်ခြည်း ပြောင်းလဲခြင်းများ
သူတို့ အကြီးဆုံး အစ်ကိုကြီးက အခြေအနေများကို မသိသေးသဖြင့် ကျိုးကွေ့လိုင်က သေချာပေါက် လျှို့ဝှက်ထားမည် မဟုတ်ပေ။ ထို့ကြောင့်ရှုရှန့်မိန်က အငြှိုးထားကာ ဟူကျစ်နှင့် ကျန်းမေ့လျန်တို့အား အောင်သွယ်ဖို့ ကြိုးစားခဲ့သည့်အကြောင်းကို ပြန်ပြောပြခဲ့သည်။ နောက်ဆုံးတော့လည်း မအောင်မြင်ခဲ့ဘဲ ကျန်းမေ့လျန်နှင့် ရှုရှန့်ချမ်းတို့သာ ညားသွားကြကြောင်း စသဖြင့် ပြောပြခဲ့ပါသည်။
ကျိုးခိုင်က ကျန်းမေ့လျန်အကြောင်း သိသည်။ ထိုမိန်းမက အစကတည်းက သူ့ကို မျက်စိကျနေခဲ့သည်။ ထို့နောက် ဟူကျစ်နားသို့ ကပ်၏။ အခုတောာ့ ရှုရှန့်ချမ်းနှင့် ညားသွားခဲ့လေပြီ။
ရှုရှန့်မိန်၏ လုပ်ရပ်ဟု ကြားသောအခါ ကျိုးခိုင်က မျက်မှောင်ကြုတ်သွားလေသည်။
"အဖေက အခု အဲ့ဒီမောင်နှမတွေကို ဂရုမစိုက်တော့ဘူး" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျိုးခိုင်က ဘာမှမပြောခဲ့ပေ။ ရှုမိသားစုက ကျန်းမိသားစုနှင့် အမျိုးပင် တော်နေပါပြီ။ ဘာမှ ပြောစရာလည်း မရှိတော့ပေ။ ကျန်းမိသားစုက အရင်ကတည်းက သူ့ခေါင်းကိုင် အဘိုးကို တိုက်ခိုက်ခဲ့ဖူးသည်။
စားသောက်ပြီးနောက် ကျိုးခိုင် အိမ်ပြန်ပြီး နားလိုက်သည်။ ဒီလောက်ခရီးရှည်ကြီးလာခဲ့ရသဖြင့် ပင်ပန်းနေပါပြီ။ ဒီတစ်ခါတော့ အိပ်ရာစောစောဝင်ဖို့ ကောင်းပါသည်။
ကျိုးရွှမ်၊ ကျိုးကွေ့လိုင်နှင့် ကန်းကျစ်တို့က ဆိုင်ဆက်စောင့်ကြပါသည်။ ဟူကျစ်က ၆ နာရီမှ အိမ်ပြန်ရောက်လာ၏။
ကန်းကျစ်က သူ့ကို စားစရာများ တည်ခင်းပေး၏။ နွေးနေဆဲဖြစ်ပါသည်။
"မင်းတို့ အကုန် စားပြီးကြပြီလားဟ။" ဟူကျစ်က ပြောလိုက်သည်။
"အစ်ကိုကြီးခိုင် ပြန်လာပြီ။ အဲ့တာကြောင့် ဒီနေ့ စောစော စားလိုက်ကြတာလေ။ ဒီလောက်ဆို မင်းအတွက် လောက်တယ်မလား။" ကန်းကျစ်က ရှင်းပြလိုက်သည်။
ဖက်ထုပ်ပန်းကန်လုံးကြီးထဲတွင် ဝက်အူမကြီးနှင့် ကြက်သားတို့ထည့်ထားပြီး ငရုတ်ကောင်းမှုန့် ဖြူးထား၏။ ဖက်ထုပ် လေးထုပ်ဖြင့် စားသောအခါ သေချာပေါက် ဗိုက်ပြည့်မည်ဟု အာမခံနိုင်ပါသည်။
ဟူကျစ်လည်း တကယ်ဗိုက်ဆာနေခဲ့ပါသည်။ စားသောက်ပြီးနောက် ကျေနပ်အားရသွား၏။ "အရသာအရမ်းရှိတာပဲကွာ။"
ထပ်ရှိသေးပါက သူထပ်စားနိုင်ပါဦးမည်။
"အလုပ်က ဘယ်လိုနေလဲ။ အထည်တွေတောင် သိပ်မကျန်တော့ဘူးပဲ။" ကျိုးရွှမ်က မေးလိုက်ပါသည်။
"အရမ်းရောင်းကောင်းတယ်။" ဟူကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။
ဒီနှစ်ကုန်အထိ သူ အလွန်နာမည်ကြီးသည့် အမွေးပွအနွေးထည်များ ရောင်းချဆဲဖြစ်သည်။ တစ်ရက်ကို ၇ ထည် ၈ ထည်လောက် ရောင်းချနိုင်၏။ ရောင်းကောင်းသော နေ့များတွင် ၁၀ထည်ကျော် ရောင်းနိုင်ဖို့ ပြဿနာမရှိပေ။
တစ်လကျော်သောအခါ ယွမ် ၂၀၀ - ၃၀၀ လောက် ရှာဖို့ မခက်တော့ပါ။ ထို့ထက်ပင် ကျော်သည့် အချိန်များ ရှိခဲ့၏။
ဟူကျစ်က အခုဆိုနေ့တိုင်း အားအင်များ တက်ကြွနေပြီဖြစ်သည်။ ဒီလိုနှင်းထူသည့်နေ့မှာတောင် သူ့လမ်းဘေးဆိုင်ကို ပုံမှန်အတိုင်း ဖွင့်နေဆဲဖြစ်သည်။
"မင်းဘယ်တော့ ပိတ်ရက်နားမှာလဲ။" ကျိုးကွေ့လိုင်က မေးလိုက်သည်။ "ဒုတိယယောက်ဖက ငါတို့နဲ့ ရေပူစမ်းသွားမလို့တဲ့။”
"မင်းတို့ကောင်တွေပဲ သွားကြပါကွာ။" ဟူကျစ်က ခေါင်းခါလိုက်ပါသည်။
အငယ်ဆုံးဒေါ်လေး (ကျိုးရှောင်မိန်) တို့ အိမ်ထောင်စု စာရင်းကိုပြောင်းဖို့ ယွမ် ၂,၀၀၀ သုံးခဲ့ရသည်ဟု သူ့ဒေါ်လေး ပြောခဲ့သည်။ သူ့အိမ်ထောင်စု စာရင်းကိုလည်း ပြောင်းချင်မိသည်။ စျေးလည်း မနည်းလောက်ပါ။ ထို့ကြောင့် ဒီလောက်ထိ ကြိုးစားနေခြင်း မဟုတ်ပါလား။
အခု နှစ်ကုန်ကို အခွင့်ကောင်းယူပြီး သူကြိုးစားခဲ့ပါသည်။
အစကတော့ ဒီတစ်ခေါက် အိမ်ပြန်ချင်ခဲ့သည်။ သို့သော် ၂၅ ရက်နေ့လောက်အထိ စောင့်ပြီးမှ အိမ်ပြန်ဖို့ ဆုံးဖြတ်ထားသည်။ လက်မှတ်များကို ဖြတ်ထားပြီးပြီ ဖြစ်သည်။ သူတင်မကဘဲ ချန်းရှန်ရှန်လည်း ဒီတစ်ခေါက် သူနဲ့အတူ လိုက်လာပြီး မိဘများကို တွေ့ကြမည်ဖြစ်သည်။
သူ့ကို ဒီလိုပုံမျိုးဖြင့် မြင်လိုက်ရသောအခါ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ ထပ်ပြီး မဖြောင်းဖြတော့ပါ။ "အိမ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ထားဦး။"
အခုချိန်လောက်ဆို ဆိုင်တွင် မရောင်းရတော့သဖြင့် မဖွင့်တော့ပါ။ လူငယ်များက ဆိုင်ကို ပိတ်ကြပြီး အိမ်ပြန်တတ်ကြ၏။
ဟူကျစ်က မပြန်ပါ။ ထို့အစား ချန်းရှန်ရှန်ကိုသာ သွားတွေ့၏။ အလုပ်များသည့် နေ့တစ်နေ့ ကုန်ဆုံးပြီးသွားသောအခါ အမြဲတမ်း ချန်းရှန်ရှန်ကို စကားပြောဖို့ သွားတွေ့တတ်ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရုပ်ရှင်ရုံထဲမှ ထွက်လာသောအခါ စီးကရက်ဆိုင်သို့ သွားပြီး စစ်ဆေးကြည့်သည်။
စီးကရက်ဆိုင်က အလုပ်သမားနှစ်ယောက်စလုံးကို မာချန်းမင်က ခေါ်ထားခြင်းဖြစ်၏။ နှစ်ယောက်စလုံးက အဆက်အသွယ်တစ်ခုတည်းကိုပဲ အမှီပြုခဲ့ကြ၏။ လင်းချင်းဟယ်က စိတ်ထဲမထားပါ။ သူတို့အသုံးဝင်ရင်ပဲ တော်ပါပြီ။
စီးကရက်ဆိုင်၏ ရောင်းအားက အလွန်ကောင်းသည်။ တစ်ခေါက် စစ်ဆေးကြည့်ပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ဖျော်ရည်ဆိုင်သို့ သွားခဲ့ကြပါသည်။
ဆောင်းရာသီတိုင်းက ဖျော်ရည်ဆိုင်အတွက် ရောင်းအား အကောင်းဆုံး ရာသီများ ဖြစ်သည်။ မုန့်ပဲသရေစာများကလည်း အလွန်ရောင်းကောင်းသည်။ လင်းချင်းဟယ်က ရသာငါးမျိုး ဖရုံစေ့ တစ်ကျင်း တောင်းယူခဲ့ပါသည်။
အိမ်ပြန်လမ်းတွင် ကျိုးချင်းပိုင်နှင့်အတူ ဖရုံစေ့ ဝါးလာခဲ့ပါသည်။ သူမ ပြောလိုက်၏။ "ရုပ်ရှင်တွေက ပိုပိုပြီး ကောင်းလာပြီနော်။"
"ဟုတ်တာပေါ့" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။ တကယ်ပဲ အပန်းပြေစရာ ကောင်းပါသည်။ ပိုပိုပြီး ရဲတင်းလာကြသည်။ ခုနက ရုပ်ရှင်ထဲမှာတောင် အကြင်နာပေးသော အခန်းများ ပါလာပြီ ဖြစ်သည်။
၈ နာရီကျော်မှ လင်မယားနှစ်ယောက်သား ဖရုံစေ့များကိုင်ကာ အိမ်ပြန်ရောက်လာခဲ့ကြ၏။ ကျိုးခိုင်က တံခါးကိုပိတ်ပြီး အိပ်နေ၏။ တခြားသူတွေက ဧည့်ခန်းထဲတွင် တီဗီကြည့်နေကြသည်။
"ဒီလို ရာသီဥတုကြီးနဲ့ ရေခဲမုန့် စားရဲသေးတယ်ပေါ့။" လင်းချင်းဟယ်က ကျိုးကွေ့လိုင်ကို စိုက်ကြည့်လိုက်သည်။
"တစ်ခုတည်းပါဗျာ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "အအေးမိလို့ကတော့ ငါ့လာမပြောနဲ့နော်၊ အေး..."
"ရေခဲမုန့်လေးတစ်ခု စားရုံနဲ့ ကျွန်တော် အအေးမမိပါဘူးဗျာ။ ကျွန်တော်က ရေနဲ့ လုပ်ထားတာမှ မဟုတ်တာ။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။
"ဟူကျစ် ဘယ်မှာလဲ။" လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ထိုင်ကာ မေးလိုက်ပါသည်။
"အစ်မရှန်ရှန်နဲ့ အပြင်မှာ လျှောက်လည်နေတုန်းပဲ။" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။
သူပြောလို့ပြီးရုံပဲရှိသေးသည်။ ဟူကျစ် ပြန်ရောက်လာ၏။
"နောက်ဆုံးတော့ ပြန်လာပြီပေါ့လေ။ အမေက မင်းကိုမေးနေတာကွ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ဟူကျစ်က ပြုံးကာ ပြန်ပြောလိုက်၏။ "အပြင်ဘက်မှာ နှင်းတွေကျနေတာ။ အဲ့တာကြောင့် ကျွန်တော်တို့ လမ်းနည်းနည်း ထွက်လျှောက်ကြတာပါ။"
"ဆံပင်တွေဖြူတဲ့အထိကို ဖြည်းဖြည်းချင်း လျှောက်ကြပါကွယ်။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ဟူကျစ် ချက်ချင်း ရှက်သွေးဖြာသွား၏။ ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။ ကျိုးရွှမ်က ပြောလိုက်၏။ "တိတ်တိတ်နေစမ်း။ အစ်ကိုကြီး အိပ်နေတယ်ကွ။"
ကျိုးကွေ့လိုင်က အသံကိုတိုးကာ ပြောလိုက်သည်။ "အစ်မအာ့နီက ဒီနှစ်ထဲ လက်ထပ်ပြီးပြီ။ ဟူကျစ်နဲ့ အစ်မရှန်ရှန်တို့က နောက်နှစ် လက်ထပ်ကြရင်ကော။ ဒီနှစ်ထဲ အိမ်ပြန်ကြမှာမလား။ မင်းတို့တွေ ဒီခရီးလမ်းမှာ လက်ထပ်စာချုပ်တွေ ဘာတွေ ချုပ်လိုက်ကြပေါ့။ အဲ့ဘက်မှာ ဧည့်ခံပွဲ အသေးစားလေး လုပ်လိုက်လေ။ ပြီးရင် ဒီဘက်မှာ ပြန်လာလုပ်။ ပြီးရင် ပွဲသိမ်းပဲပေါ့။"
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နှစ်ယောက်စလုံး ဟူကျစ်ဘက်သို့ လှည့်လိုက်ပါသည်။
"အကြံကောင်းပဲ။ သွားလိုက် လာလိုက် လုပ်ဖို့က မလွယ်ဘူးကွ။ အစ်ကို မင်းမရီးနဲ့အတူ အမြန်ဆုံး အခြေချဖို့ အစီအစဥ်မရှိဘူးလား။" ကန်းကျစ်က ဝင်ပြောသည်။
"စောလွန်းပါသေးတယ်ကွာ။" ဟူကျစ်က ခေါင်းခါလိုက်ပါသည်။
လက်ထပ်ဖို့က ဖြစ်နိုင်သော်လည်း ဒီလောက် မြန်မြန် လက်ထပ်ဖို့ ဟူကျစ် စိတ်ကူးမရှိပါ။ သူ့မှာ ဘာမှ မရှိသေးပေ။
ရှန်ရှန် သူ့ကို လက်ထပ်လိုက်ပါက သူမက သူနဲ့အတူ အိမ်ငှားပြီး နေရပါလိမ့်မည်။ ဒါက ပြဿနာ မဟုတ်သော်လည်း လက်မထပ်ခင် အိမ်တစ်လုံးတော့ ဝယ်ထားချင်မိ၏။
အခုတော့ မလောသေးပါ။ သူမကို မွေးရပ်မြေသို့ ပြန်ခေါ်သွားပြီး နောက်ပိုင်းမှ ဆွေးနွေးနိုင်ပါသည်။
လင်းချင်းဟယ်နှင် ကျိုးချင်းပိုင်တို့နှစ်ယောက်စလုံး ဒီကိစ္စနှင့် ပတ်သတ်ပြီး ဘာမှ မပြောခဲ့ကြပါ။ လင်းချင်းဟယ်လည်း စောလွန်းသေးသည်ဟု ထင်မိသည်။ အချိန်ယူကြပါစေ။
သူ့မှာ ဘာမှမရှိသေးပေ။ ချန်းရှန်ရှန်ကို မြို့တော် အိမ်ထောင်စု စာရင်းပင် မပေးနိုင်သေးပါ။
အမှန်ပင်။ ဒီတစ်ခေါက် သူ့အိမ်ထောင်စုစာရင်းကို ယူလာနိုင်သည်။ အချိန်ကျလာပါက ပြောင်းလဲဖို့ ပြဿနာ မရှိနိုင်ပါဘူး။ ထိုအတွက် ကုန်ကျမည့် ပိုက်ဆံကတော့ မနည်းနိုင်ပေ။ သို့သော်လည်း အခြေချနိုင်ပါက ပိုကောင်းပါသည်။
တစ်ချီတည်းနှင့် အပြတ်လုပ်သည်ဟု ဆိုနိုင်၏။
တီဗီခဏလောက် ကြည့်ပြီးသွားသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အခန်းထဲ ပြန်ဝင်သွားကြသည်။ ကျိုးချင်းပိုင်က လယ်ဂျာစာအုပ်ကို ထုတ်ပြီး ငွေစာရင်းများကို စတင်တွက်ချက်လိုက်သည်။
လင်းချင်းဟယ်က စားဖို့ လိမ္မော်သီးတစ်လုံး ယူလိုက်ပြီး ပြောလိုက်သည်။ "မနက်ဖြန်ကျမှ တွက်ပါလား။"
ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
"အဟမ်း စာရင်းစစ်ချင်လည်း ဆက်စစ်ပေါ့။" သူ့အကြည့်ကို မြင်သောအခါ လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ရယ်လိုက်မိပြီး ငွေစာရင်းများကို စပေါင်းသည်။ ပိတ်ထားသည့် ဆိုင်များအတွက် စာရင်းများကို စစ်ပြီးသွားသောအခါ ကုတင်ပေါ်တက်ပြီး သူ့မိန်းမကို ဖက်ကာ အိပ်စက်အနားယူခဲ့ပါသည်။
လင်းချင်းဟယ်က နှစ်သစ်ကူးတွင် မွေးရပ်မြေပြန်ဖို့ အစီအစဥ်မရှိခဲ့ပါ။ သို့သော် ရာသီဥတုက ရုတ်ခြည်း ပြောင်းလဲမှု ဖြစ်ခဲ့၏။ နောက်တစ်နေ့တွင် ကျိုးရှောင်မိန် ရောက်လာလေသည်။
"စတုတ္ထယောက်မ နင်နဲ့ ငါ့စတုတ္ထအစ်ကိုတို့ အိမ်ပြန်ရတော့မယ်ထင်တယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"ဟင်" လင်းချင်းဟယ် ထိတ်လန့်သွားပြီး သူမကို ကြည့်လိုက်ပါသည်။
"တတိယအစ်ကိုက ပေါက်ဆီဆိုင်ဘေးက ကုန်စုံဆိုင်ကို ဖုန်းဆက်တယ်။ အဲ့ဒီဘော့စ် ပြောစကားကို ငါနားထောင်နေတာ။ နင့်ရဲ့ တတိယမောင်က သူ့ကို သတင်းပါးခိုင်းလိုက်တယ်။ ဒေါ်လေးလင်း ဆုံးတော့မယ်ထင်တယ်" ကျိုးရှောင်မိန်က ရှင်းပြလိုက်ပါသည်။
လင်းချင်းဟယ် မျက်မှောင်ကြုတ်သွားရသည်။ "ငါ့တတိယမောင်ပြောတော့ လူကြီးနှစ်ယောက် ကျန်းမာရေးကောင်းတယ်ဆို"
သူမက လင်းမိသားစု၏ သမီးဖြစ်နေရုံနှင့် အဖေလင်နှင့် အမေလင်တို့ကို သံယောဇဥ်ရှိမည်ဟု မထင်လိုက်ပါနှင့်။ ဘာမှမရှိပေ။ အရင်တုန်းက ကျိုးချင်းပိုင် ဒဏ်ရာဖြင့် ပြန်လာစဥ် သူမ အိမ်ပြန်ပြီး သူတို့စိတ်ကို စမ်းသပ်ခဲ့သည်။ သူတို့ကိုယ်တိုင်က နှလုံးသားမဲ့နေမှတော့ ဘာသံယောဇဥ်ဖြစ်ဖို့ လိုဦးမည်နည်း။
အားလုံးက ကိုယ့်ဘဝနဲ့ကိုယ်နေကြရမည် ဖြစ်သည်။