စကြဝဠာအစွန်း၏ တာအိုဆွေးနွေးခြင်း စင်မြင့်
Vol. 56 Ch. 776
ထူးခြားသည် ဖြစ်စေ၊ မထူးခြားသည် ဖြစ်စေ မိုဝူကျိက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှ အခြေခံသဘောတရား အပြောင်းအလဲကို သတိပြုမိလိုက်သည်။ ဤလျို့ဝှက်ပညာရပ်မှာ အင်အားတိုးပွားလာဖို့ သူ့ဘာသာ ပျက်စီးစွမ်းအားများကို စုပ်ယူနိုင်ရာ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း နှစ်မျိုးတည်းသာ မဟုတ်တော့ပေ။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက အားကောင်းသည့် အဆင့်မြင့် ပညာရှင်များကို မသတ်နိုင်သော်ငြား တစ်ဖက်လူ၏ အသက်ဓာတ်ကို စုပ်ယူနိုင်ပေလိမ့်မည်။
မဟုတ်သေးဘူး …..
မိုဝူကျိက တစ်ခုခုကို တွေးမိသွားကာ အစပိုင်းတွင် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်ဖော်ရန် မရည်ရွယ်ထားသော်လည်း သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။ သူ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်လွှင့်လိုက်သည်နှင့် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားမှ နေရာမှာ ဖလှယ်သွားလေ၏။
အကြောင်းမှာ ပြိုင်ဖက် မရှိသည့်အတွက် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ အလျှင်အမြန် ပျောက်ကွယ်သွားရသည်။ မိုဝူကျိက သူ့လျို့ဝှက်တိုက်ကွက်မှာ နောက်တစ်ကြိမ် ထပ်ကြီးထွားလာကြောင်း ခံစားမိလိုက်သည်။
ထိုစဉ် မိုဝူကျိက အမှန်တကယ် စိုးရိမ်မိသွားသည်။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်ဖော်လိုက်သည်နှင့် ပျက်စီးစွမ်းအားကို စုပ်ယူနိုင်စွမ်း ရှိရုံသာမက ဝါးမျိုပစ်လိုက်သည့် အသက်ဓာတ်ကိုလည်း ပျက်စီးစွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်ကာ ယခင်ကထက်ပင် ပိုအားကောင်းလာသေး၏။
တခြားနည်းဖြင့်ဆိုရလျှင် အကယ်၍ သူ့တွင် လုံလုံလောက်လောက် စိတ်စွမ်းအား ရှိနေပြီး သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို လူတစ်ယောက်အပေါ် ထုတ်သုံးခဲ့လျှင် ထိုသူက မည်မျှ အားကောင်းစေကာမူ အပြီးသတ်သွားလိမ့်မည်။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူ၏ အသက်ဓာတ်မှာ ပျက်စီးစွမ်းအားအဖြစ် ပြောင်းလဲပစ်ကာ စက်ဝန်းအား ပို၍ အားကောင်းလာစေလိမ့်မည်။ ပြောရမည်ဆိုလျှင် ဆက်တိုက် ထုတ်သုံးပါက အားနည်းလာသည့် သာမာန် လျို့ဝှက်တိုက်ကွက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပေသည်။
အကြောင်းမှာ အားကောင်းသော အဆင့်မြင့် ပညာရှင်များအနေနှင့် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ဆက်တိုက် ထုတ်သုံးခွင့် ပေးမည် မဟုတ်သလို သူ့အနေနှင့်လည်း သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထိန်းထားနိုင်မည့် စိတ်စွမ်းအား လုံလုံလောက်လောက် ရှိမည် မဟုတ်ပေ။ ထိုအကြောင်းအရင်းကြောင့် မိုဝူကျိက ဤလျို့ဝှက်တိုက်ကွက်မှာ အစွန်းတစ်ဖက်မှ နောက်အစွန်းတစ်ဖက်သို့ ကူးပြောင်းသွားကြောင်း ခံစားမိလိုက်သည်။
မိုဝူကျိက အင်မော်တယ် မော်တယ် ကျင့်စဉ်၏ ဘိုးဘေးအဖြစ် ယူဆ၍ ရပေရာ ဤသို့မျိုး လျို့ဝှက်တိုက်ကွက်က မည်မျှ ကြောက်မက်ဖို့ ကောင်းမည်ကို ကောင်းကောင်း သိထား၏။ ဤတိုက်ကွက်သာ အဆင့်တစ်ခုအထိ ရောက်ရှိသွားလျှင် ပိုင်ရှင်ဆီ တန်ပြန်သက်ရောက်မည့် ကိစ္စကား လုံးဝ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
မည်သို့ပင် ဆိုစေကာမူ သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ လက်ရှိ သူ့အပေါ် သက်ရောက်နိုင်စွမ်း မရှိသောကြောင့် မိုဝူကျိက ထိုအရာအား ဆက်လက်၍ မလေ့လာနေတော့ပေ။ ထို့အစား သူက ပုဆိန်လှံရှည် လျို့ဝှက်တိုက်ကွက်များကိုသာ ပြန်လည် သုံးသပ်လိုက်သည်။
လက်ရှိ သူ့လခြမ်းကွေး ပုဆိန်လှံရှည်တွင် တိုက်ကွက်လေးမျိုး ရှိပြီး အားလုံးက သူ့ဘာသာ ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်၏။ ထိုအရာများမှာ နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ဉာဏ်အလင်းပွင့်ခဲ့သည့် မဟာသဲကန္တာရ၊ လေဟုန်ဆန်မြစ်၊ နေဝင်ရိုက်ချက်နှင့် မဟူရာချောက်နက် တို့ ဖြစ်ပေသည်။
သူ့မဟာသဲကန္တာရ တိုက်ကွက်မှာ ရိုးရှင်းပြီး ရန်သူအုပ်လိုက်ကို သတ်ရန် တိုက်ကွက် ဖြစ်သော်လည်း မိုဝူကျိက ဤသို့မျိုး တိုက်ကွက်မှာ သူ့ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ မလုံလောက်သေးကြောင်း သိနေသည်။ တစ်ဖက်တွင် သူ့လေဟုန်ဆန်မြစ်မှာ အင်မော်တယ် ဧကရီ ဝမ်လန်၏ အကူအညီဖြင့် သတ်ဖြတ်ရေး တိုက်ကွက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။ နေဝင်ရိုက်ချက်မှာ မိုဝူကျိအနေနှင့် အပြည့်အဝ ထုတ်မသုံးသေးနိုင်သော တိုက်ကွက် ဖြစ်သော်လည်း မိုဝူကျိ၏ အားအကောင်းဆုံး တိုက်ကွက်လည်း ဖြစ်ပေသည်။
လော့ကျမ်းစာရွက်ကို သန့်စင်ပြီးနောက် မိုဝူကျိ၏ အစီအရင်တာအို အဆင့်အတန်းမှာ ယခင်ကလို မဟုတ်တော့ပေ။ သူက အစီအရင်တာအိုကို မဟာသဲကန္တာရ လျိုု့ဝှက်တိုက်ကွက်နှင့် ပေါင်းစပ်နိုင်သွား၏။
မိုဝူကျိ အမြင်၌ မဟာသဲကန္တာရ ပုဆိန်လှံရှည် အသေးစား အလင်းတန်းများက ဖြည်းဖြည်းချင်း စုပေါင်းဖြစ်တည်လာကာ မဟာသဲကန္တာရ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထို့နောက် အစီအရင်အလံများအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထိုပုဆိန်လှံရှည် အလင်းတန်း အစီအရင်အလံများမှာ အဆင့်နိမ့်များ ဖြစ်သော်လည်း သာမာန် ကျင့်ကြံသူများအနေနှင့် ထိုအစီအရင် ထွက်ပေါ်လာသည့်အခါ လွတ်မြောက်ဖို့ရာ မဖြစ်နိုင်တော့ချေ။
မဟာသဲကန္တာရမှ ဖြစ်ပေါ်လာသော အစီအရင်အလံများမှာ ဆက်တိုက် ကျယ်ပြန့်လာပြီး ဖြည်းဖြည်းချင်းဖြင့် သတ်ဖြတ်ငွေ့များလည်း ထွက်ပေါ်လာလိမ့်မည်။
ထို့နောက် သူ့လေဟုန်ဆန်မြစ်နှင့် နေဝင်ရိုက်ချက်တို့ ဖြစ်၏။ မိုဝူကျိက ထိုတိုက်ကွက်သုံးမျိုးလုံးကို အစီအရင်တာအိုနှင့် ပေါင်းစပ်လိုသောကြောင့် ဖြစ်သည်။
ကျတ်တီးနယ်မြေအောက်၌ မိုဝူကျိ ရှိနေသည်မှာ သုံးနှစ် ပြည့်သွားလေပြီ။ ဘေးပတ်ဝန်းကျင်တွင် ပျက်စီးစွမ်းအား ပမာဏအများကြီးနှင့်အတူ အင်မော်တယ် သွေးကြောနှင့် အစိမ်းရောင်ကျောက်များကြောင့် ရွိုက်ကောပင် အဆင့် ၄ အင်မော်တယ်သားရဲ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားလေပြီ။
ရွိုက်ကောက မိုဝူကျိအား သူ့မိုးကြိုးစမ်းသပ်ချက် ခံယူတော့မည့်အကြောင်း အသိပေးလိုသော်လည်း မိုဝူကျိ မဟာသဲကန္တာရ၏ အစီအရင်အလံများအပေါ် အကြည့်ရောက်သွားသည့်အခါ မဟာသဲကန္တာရမှ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
ရွိုက်ကောရှေ့မှောက်၌ ဗလာကျင်းနေသည့် ကန္တာရကြီးတစ်ခု ရှိနေသလို ခံစားနေရပြီး နောက်အခိုက်အတန့်လေး၌ ထို ခြောက်တီးခြောက်ကပ် သဲကန္တာရကြီးမှာ ရုတ်တရက်ဆိုသလို ရွှေရောင်သဲများ တဝေါဝေါ ထွက်ပေါ်လာကာ ဆွတ်ပျံ့ဖွယ် မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေ၏။ ရွိုက်ကောက ထိုရွှေရောင်သဲများမှာ စိတ်အခြေအနေကို ပိတ်လှောင်ထားနိုင်သည့် ချွန်ထက်သော သဲများအဖြစ် မည်သို့ ပြောင်းလဲသွားသည်ကို ကိုယ်တွေ့ မြင်လိုက်ရသည်။
ရွိုက်ကောက မဟာသဲကန္တာရအပေါ် တက်လှမ်းတော့မည့်ဆဲဆဲတွင် ကောင်းကင်တခွင် ဖုံးလွှမ်းနေသည့် ရွှေရောင်သဲများက အစအနမရှိ ရုတ်ချည်း ပျောက်ကွယ်သွားကာ ရွိုက်ကောရှေ့မှောက်၌ ပုဆိန်လှံရှည် အလင်းတန်း ပေါက်ကွဲထွက်သွားသည်။
အာကာပြင်ကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိဟန်ပေါ်သည့် အလင်းတန်းက ပေါက်ကွဲထွက်သွားကာ ချောက်နက်ကြီးတစ်ခုအဖြစ် ကျန်ရှိခဲ့၏။
ရွိုက်ကောက တစ်ဝက်တပျက် ရပ်တန့်လိုက်တော့သည်။ သူ့အနေနှင့် နဖူးထက်မှ နှစ်ခြမ်းခွဲပစ်နိုင်သည့် သတ်ဖြတ်ငွေ့ကို ခံစားနေရသည်။
“ မင်း မိုးကြိုးစမ်းသပ်ချက် ခံယူမှာဆို သွားလေ … ဒီမှာ မင်းရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ ” မိုဝူကျိ အသံကို ကြားလိုက်ရပြီးနောက် ရွိုက်ကောဘေး၌ သိုလှောင်လက်စွပ် တစ်ကွင်း ပေါ်လာသည်။
ထိုစဉ် ရွိုက်ကောက မိုဝူကျိ တစ်ယောက် သူ့လျို့ဝှက်တိုက်ကွက်များ ပြသနေသည်ကို အဘယ်ကြောင့် ဆက်လက်စောင့်ကြည့်နေရဦးမည်နည်း။ သူက အလောတကြီး ပျံထွက်သွားကာ မြန်မြန် ကျင့်ကြံဖို့ လိုအပ်နေလေသည်။ မဟုတ်လျှင် သူ့ရှေးကျလှသော ဒဏ္ဍာရီလာ သွေးမျိုးဆက်နှင့်ပင် သူ့သခင်ကြီးနှင့် ယှဉ်လျှင် အရမ်းကို အားနည်းနေပေဦးမည်။
မိုဝူကျိက ရွိုက်ကောကို စိတ်ထဲ မထားတော့ဘဲ သူ့မျက်စိရှေ့မှ ချောက်နက်ကြီးကို ကျေနပ်စွာ ကြည့်လိုက်သည်။ သူ့မဟူရာချောက်နက်ကြီးမှာ ယခင်ကထက် အားကောင်းလာကြောင်း သိလိုက်ရ၏။
အကယ်၍ သူ့မဟာသဲကန္တာရ၊ လေဟုန်ဆန်မြစ်၊ နေဝင်ရိုက်ချက်တို့မှာ စွဲလမ်းအဆင့် လျို့ဝှက်ပညာရပ်များ ဖြစ်သော်လည်း သူ့မဟူရာချောက်နက်မှာ တကယ့် အစစ်အမှန် မှော်လျို့ဝှက်တိုက်ကွက် ဖြစ်ပေသည်။
သူ့မဟာသဲကန္တာရ တိုက်ကွက်ကို အစီအရင်တာအိုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့အစီအရင်တာအိုက အဆင့် ၇ မှ အဆင့် ၈ သို့ တက်လှမ်းသွားလေသည်။ အကယ်၍ ကောင်းကင်ဘုံအလွန်မြို့၌ ရှိနေစဉ် သူ့အစီအရင်တာအိုမှာ ဤမျှအဆင့်လောက် အားကောင်းနေပါက အင်မော်တယ် ဧကရာဇ် သုံးယောက်လုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နောင်၌ ထိုလျို့ဝှက်တိုက်ကွက် လေးခုကို ပုဆိန်လှံရှည် ရိုက်ချက် လေးမျိုးဟု ခေါ်ဆိုရမည်။ မဟာသဲကန္တာရ၊ လေဟုန်ဆန်မြစ်၊ နေဝင်ရိုက်ချက်နှင့် မဟူရာချောက်နက်တို့ ဖြစ်ပေသည်။ အကယ်၍ သူ့ပုဆိန်လှံရှည် တိုက်ကွက်၌ ဉာဏ်အလင်းထပ်ပွင့်ခဲ့လျှင် နောက်ထပ် ထပ်ပေါင်းထည့်ရုံသာ လိုအပ်သည်။
“ ဘုန်း ဘုန်း ” အပြင်ဘက်မှ မိုးကြိုးသံများကို ကြားနေရလေ၏။ မိုဝူကျိက ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်၏။ စက္ကန့်ပိုင်းလေးအတွင်း သူက ထိုမိုးကြိုးချက်များမှာ ရွိုက်ကောအတွက် အန္တရာယ်ရှိမည် မဟုတ်ကြောင်း သိလိုက်သည်။
မိုဝူကျိက လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ထိုအရာမှာ မိုဝူကျိက တစ်ခုတည်းသော လက်သီးတာအို လျို့ဝှက်ပညာရပ် ဖြစ်သည့် စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်ပေသည်။ ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ သူ ကြာကြာ နေနိုင်သည့် နေရာမျိုး မဟုတ်ပေ။ ဤနေရာမှ ထွက်သွားနိုင်ဖို့ရာ သူ့အနေနှင့် အားကောင်းဖို့ လိုအပ်ပေ၏။ ရွိုက်ကောသည်လည်း ထို့နည်းလည်းကောင်း ဖြစ်၏။
လက်သီးတစ်ချက်တည်းဖြင့် သူ့ရှေ့တွင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာကာ သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်သည် စွမ်းအားစက်ကွင်းများကို ချေဖျက်နိုင်စွမ်း ရှိမှန်း ကောင်းကောင်း သိ၍ မိုဝူကျိ၏ မျက်ဝန်းပင် လင်းလက်သွားသည်။
ယခင်က သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ တစ်ဖက်လူ၏ စွမ်းအားစက်ကွင်းကို ပိုင်းဖြတ်နိုင်သော်လည်း ယခုလောက် ကြောက်စရာ မကောင်းပေ။ သူ့လက်သီးချက်က စွမ်းအားစက်ကွင်း ချေဖျက်နိုင်သည့် လှိုင်းတွန့်လေးများပင် ဖန်တီးနေနိုင်ပြီ ဖြစ်၏။
“ ဘုန်း ” မိုဝူကျိနှင့် ဆယ်မီတာကျော်လောက် ကွာဝေးသည့်နေရာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားကာ ကျောက်တုံးများပင် ဗလာနတ္ထိအဖြစ် ပြောင်းလဲခံလိုက်ရ၏။
မိုဝူကျိက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ထိုအရာမှာ အားကောင်းလာခြင်း ရလဒ်သာ မကဘဲ အသိအမြင်အသစ်နှင့်အတူ လော့ကျမ်းစာရွက်ကို သန့်စင်ပြီးနောက် စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အပေါ် နားလည်နိုင်စွမ်းပါ တိုးမြင့်လာသောကြောင့် ဖြစ်မှန်း ကောင်းကောင်း သိပေသည်။ သူ့အသိစိတ်ပင်လယ် တိုးပွားလာမှုက လျို့ဝှက်ပညာရပ်များကို သန့်စင်ပြီး ချောမွေ့စေရာ၌ အထောက်အကူ ဖြစ်စေသည်။
အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်မှာလည်း အတော်လေး ကောင်းပေရာ မိုဝူကျိပင် အံ့အားသင့်မိ၏။ သူက သူ့လျို့ဝှက်တိုက်ကွက်များကို စမ်းမကြည့်တော့ပေ။ ဤတိုက်ကွက်များမှာ အချိန်တစ်ခုအထိ လုံလောက်သွားပြီ ဖြစ်၏။
မိုဝူကျိက ကြယ်တာရာပင်လယ် ပညာရပ်ကို စတင်လေ့ကျင့်လိုက်ပြီး သူ့စိတ်ဝိညာဉ် ခွဲခြမ်းခြင်း ပညာရပ်ကို ပြန်လည် သုံးသပ်လိုက်သည်။ စိတ်ဝိညာဉ် ခွဲခြမ်းခြင်း ပညာရပ်မှာ မိုဝူကျိက ဆေးဖော်စပ်ခြင်းအတွက် ဖန်တီးထားခြင်း ဖြစ်သော်လည်း ဤသို့မျိုး ပညာရပ်မျိုးမှာ တိုက်ခိုက်ရေး၌ အသုံးပြုနိုင်ပါက ပို၍ တိကျပြတ်သားလာပေလိမ့်မည်။
သူ့တွင် အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအား တိုးတက်လာစေဖို့ရာ ကြယ်တာရာပင်လယ် ပညာရပ်ကို ကျင့်ကြံစေနိုင်မည့် သဘာဝကျီဆေးလုံးများ ရှိနေသည်။
ယခင် မိုဝူကျိက ကြယ်တာရာပင်လယ်ကို သေချာလေ့လာဖို့ရာ အချိန်မရှိခဲ့ပေ။ ယခု အချိန်ယူလေ့လာပြီးနောက် မိုဝူကျိက ဤပညာရပ်ကို အဆင့် ငါးဆင့် ခွဲခြားနိုင်ကြောင်း သတိပြုမိခဲ့သည်။ ပထမအဆင့်မှာ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထုထည်ဖြစ်လာစေဖို့ ဖြစ်ပြီး ကမ္ဘာဦး စိတ်ဝိညာဉ်အား အသုံးပြု၍ စိတ်စွမ်းအားကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ထိုအရာမှာ အမှန်တကယ် ကြောက်ဖို့ ကောင်းသော်လည်း မိုဝူကျိတွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည့်အတွက် ကမ္ဘာဦး စိတ်ဝိညာဉ်ကို မဖွဲ့စည်းနိုင်ပေ။ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ကျင့်ကြံသူ၏ တာအိုခန္ဓာကိုယ် တည်ရှိမှု ဖြစ်မှန်း သိရာ စိတ်စွမ်းအားမှ ဖြစ်တည်လာခြင်း ဖြစ်၏။ သို့သော်လည်း ကြယ်တာရာပင်လယ် ကျင့်စဉ်တွင် ရှင်းထားသည့်အတိုင်း ကမ္ဘာဦး စိတ်ဝိညာဉ်က စိတ်စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နိုင်ခြင်းလောက် ကြောက်စရာ မကောင်းသေးပေ။
ကျင့်ကြံသူအများစုမှာ သေဆုံးသည်နှင့် သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အားအနည်းဆုံး ဖြစ်သွားလေ၏။ ပြောရမည်ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်တွင် သူတို့ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ထွက်ပြေးနိုင်မည့် နည်းလမ်း မရှိလျှင် သူတို့က ခန္ဓာကိုယ် ဒဏ်ရာအပြင်းအထန် ဒဏ်ရာရသည်နှင့် သေခြင်းတရားကို ထိုင်စောင့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။
လူတစ်ယောက်က ကြယ်တာရာပင်လယ် ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် ပထမအဆင့်မှာ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထုထည်ဖြစ်တည်ခြင်း ဖြစ်ကာ ပျက်စီးနေသော ခန္ဓာကိုယ်နှင့်ပင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည်။
ဒုတိယအဆင့်မှာ စိတ်စွမ်းအားကို ဓားသွားအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ ထိုအရာမှာ စိတ်စွမ်းအား အသုံးပြုမှု၏ ကာကွယ်ရေး အသုံးပြုမှုတစ်ခု ဖြစ်ပေသည်။ ဓားသွားများအဖြစ် ပြောင်းလဲလိုက်ခြင်းသည် ဖော်ပြဖို့ရာ ရိုးရှင်းလွန်းပြီး လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်လာသည့်အခါ ပို၍ ကြီးကျယ်လာပေလိမ့်မည်။
တတိယအဆင့်မှာ ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်ကို ခွဲထုတ်ခြင်း ဖြစ်ပေသည်။ ဤအဆင့်မှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းပြီး လူတစ်ယောက်က စိတ်ဝိညာဉ်ကို ခွဲထုတ်နိုင်သည်နှင့် ခန္ဓာကိုယ် ခွဲထုတ်နိုင်သလို ဖြစ်လာလိမ့်မည်။
…………….
မိုဝူကျိက ထိုအရာကို ကိုးကားချက်အဖြစ် အသုံးမပြုနိုင်မှန်း သိထားသည်။ အကြောင်းမှာ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်မရှိပေ။ သူ့ကျင့်စဉ်မှာ ကမ္ဘာဦး စိတ်ဝိညာဉ် ကျင့်စဉ်နှင့် လုံးဝ ကွဲထွက်နေပြီး ပြောင်းပြန် ဖြစ်နေသည်။
သူ့တွင် အသိစိတ်ပင်လယ် ရှိနေသည့်အတွက် ကံကောင်းသွားတော့သည်။ သူက ပထမအဆင့်ကို အသုံးပြု၍ အသိစိတ်ပင်လယ်ကို ဖွဲ့စည်းထား၏။ ဆက်လက် မကျင့်ကြံလျှင်ပင် မိုဝူကျိက ပထမအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိနေလေပြီ။
အကယ်၍ သူက အသိစိတ်ပင်လယ် ကြီးကျယ်ခမ်းနားမှုချင်း နှိုင်းယှဉ်ကြည့်လျှင် မဟာဧကရာဇ်များပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူ့တွင် အသိစိတ်ပင်လယ် ရှိရုံသာမက ခရမ်းရေကန်လည်း ရှိနေသေး၏။
ဒုတိယအဆင့်မှာ စိတ်စွမ်းအားကို အသုံးပြုရမည် ဖြစ်ကာ သူ့စိတ်စွမ်းအားသာ အားကောင်းနေသရွေ့ ပြဿနာ မဟုတ်ပေ။
မိုဝူကျိက လျို့ဝှက်တိုက်ကွက်များကို ဆက်လက် သုံးသပ်နေစဉ် ရွိုူက်ကောက မိုးကြိုးစမ်းသပ်ချက် ခံယူပြီးသွားပြီ ဖြစ်၏။ သူက ပျက်စီးစွမ်းအားများကို ဆက်တိုက် ဝါးမျိုနေရင်း အစိမ်းရောင်ကျောက်များကို သုံး၍ ဆက်လက် ကျင့်ကြံနေသည်။ သူ့သခင်ကြီးက သူ့ကျင့်ကြံရေး ပြီးဆုံးသွားသည်နှင့် ထွက်သွားတောမ့ည် ဖြစ်ကြောင်း ခံစားချက် ရနေသည်။ အကြောင်းမှာ သူက ထာဝရ ကမ္ဘာငယ်လေး၌ ဆက်လက်၍ မနေလိုတော့ပေ။ မိုဝူကျိအား သူ့ကို အပြင်ထုတ်ပေးရန် တောင်းဆိုဖို့ ကြံရွယ်ထားလေ၏။ သူက မိုဝူကျိကို ကူညီပေးနိုင်သည့်အထိ အားကောင်းလာအောင် ကြိုးစားရမည်။
……………
စကြဝဠာအစွန်း၏ လူအရှုပ်ဆုံးနေရာမှာ ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် ဖြစ်၏။
သာမာန်အခြေအနေအောက်၌ ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်မှာ အငြင်းအခုံများ ဖြေရှင်းဖို့ရာ သို့မဟုတ် ပွဲအကြီးကြီးများ ကျင်းပရာ၌ အသုံးပြုပေသည်။ ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် အဝင်ဝ၌ တာအိုဆွေးနွေးခြင်း စင်မြင့် ရှိပေသည်။
စကြဝဠာအစွန်း၌ တစ်ယောက်ယောက်နှင့် မကျေနပ်ချက်၊ ရန်ကြွေး ရှိလျှင် လမ်းမပေါ်၌ မတိုက်ခိုက်ကြဘဲ ရွေးချယ်နိင်သည့် နေရာနှစ်ခု ရှိပေသည်။ ပထမတစ်ခုမှာ ဟဲရှီးအဖွဲ့ ဖြစ်ပြီး နောက်တစ်နေရာမှာ တာအိုဆွေးနွေးခြင်း စင်မြင့် ဖြစ်ပေသည်။
ဟဲရှီးအဖွဲ့မှာ အငြင်းအခံများ ဖြေရှင်းဖို့ရာ နေရာကောင်းတစ်ခု ဖြစ်သော်လည်း အနိုင်ရရှိသူက ကျရှုံးသူ၏ ပစ္စည်းတစ်ဝက်ကို ဟဲရှီးအဖွဲ့ဆီ ပေးအပ်ဖို့ လိုအပ်ပေသည်။ သူတို့က မည်သို့ ခွဲဝေရမည်ကို ဆုံးဖြတ်ပေးဦးမည် ဖြစ်၏။ ထို့အပြင် အနိုင်ရရှိသူက သူတို့နာမည်ကို ဟဲရှီးအဖွဲ့ဆီမှာ ချိတ်ဆွဲထားရသည်။ လူများစွာက သူတို့နာမည်ကို ချိတ်ဆွဲဖို့ရာ မစောင့်ဆိုင်းနိုင်ကြပေ။ ပြောရမည်ဆိုလျှင် အကျိုးမြတ်များမှာ ဝင်လာနိုင်ပေသည်။ သို့သော်လည်း လူအများစုမှာ အငြင်းအခုံကို ဖြေရှင်းဖို့ရာ တာအိုဆွေးနွေးခြင်း စင်မြင့်ကိုသာ ရွေးချယ်ကြသည်။
တာအို ဆွေးနွေးခြင်း စင်မြင့်မှာ လူနှစ်ယောက် စကားပြောကြသည့် စင်မြင့် မဟုတ်ဘဲ လူတစ်ယောက်သာ အသက်ရှင်လျက် ထွက်သွားနိုင်သည့် နေရာမျိုး ဖြစ်ပေသည်။ တာအိုအဆင့်မြင့်သူက ဆက်လက် အသက်ရှင်မည် ဖြစ်ပြီး ကျရှုံးသူ၏ ပစ္စည်းအားလုံးကို အပိုင်သိမ်းနိုင်လိမ့်မည်။ တာအို ဆွေးနွေးခြင်း စင်မြင့်၌ တိုက်ခိုက်ခြင်းက အကျိုးကျေးဇူးလည်း ရှိပေသည်။ နာမည်ကျော်ကြားလာနိုင်ပေ၏။
စကြဝဠာအစွန်းလို နေရာမျိုး၌ ဂုဏ်သတင်းကျော်ကြားလေလေ ကိုယ့်အတွက် ပိုကောင်းလေလေ ဖြစ်၏။
လက်ရှိ တာအိုဆွေးနွေးခြင်း စင်မြင့်ဝန်းကျင်၌ အင်မော်တယ်များမှာ စုရုံးနေကြသည်။ အကြောင်းမှာ လူနှစ်ယောက်က တာအိုအချင်းချင်း ယှဉ်ပြိုင်နေကြ၍ ဖြစ်သည်။
သာမာန် လူနှစ်ယောက် တိုက်ခိုက်ကြမည်ဆိုလျှင် ဤမျှရုတ်ရုတ်သည်းသည်း ဖြစ်လာမည် မဟုတ်ပေ။ ယနေ့ တိုက်ခိုက်သူ တစ်ယောက်မှာ သာမာန်လူ မဟုတ်ပေ။ သူက စကြဝဠာအစွန်း၏ မဟာအင်မော်တယ်ဘုရင် သုံးယောက်ကြားမှ တစ်ယောက် ဖြစ်သည့် ဝူလီ ဖြစ်ပေသည်။ သူက နတ်ဘုရားမျိုးနွယ် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်သော်လည်း အင်မော်တယ် အုပ်စိုးသူ ထိပ်ဆုံးအဆင့် တည်ရှိမှုများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသူ ဖြစ်၏။
အင်မော်တယ်ဘုရင် ဝူလီနှင့် ရင်ဆိုင်ပြီး ကိုယ့်သေတွင်းကို တူးနေသူမှာ လူသားမျိုးနွယ်စုမှ အမျိုးသမီး တစ်ဦး ဖြစ်ပေသည်။
***