← Chapters

အခန်း(၅၃၈) ကျွေးမွေးရကျိုး မနပ်ဘူး

Vol. 39 Ch. 538

အခန်း(၅၃၈) ကျွေးမွေးရကျိုး မနပ်ဘူး

Vol. 39 Ch. 538

အခန်း(၅၃၈) ကျွေးမွေးရကျိုး မနပ်ဘူး

အဖေလင်း ထိုစကားပြောသောာအခါ တတိယမောင်လေးလင်း၏ မျက်နှာပြောင်းလဲသွားရ၏။ "အဖေ ဘာတွေပြောနေတာလဲ။”

"ငါပြောတာ မရှင်းဘူးလား။ ငါမြို့တော်ကို သွားမယ်လို့ပြောနေတာလေ။” အဖေလင်းက ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကိုကြည့်ကာ ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့ယောက္ခမကြီးကို ကြည့်ကာ ပြောလိုက်ပါသည်။ "ဒီမှာ အဖေ့ကို ဂရုစိုက်မယ့်လူတွေ ရှိနေတာပဲ။”

"ဘယ်က လူတွေလဲ။ အဲ့လိုရှိရင် ငါဒီလိုပုံစံမျိုးနဲ့ နေရပါ့မလား။ မင်းတို့ အမေကော အမိုးပိပြီး သေပါ့မလား။” အဖေလင်းက ပြန်ပြောလိုက်ပါသည်။

သူ သိသည်။ ကောင်းကောင်းမွန်မွန် နေရရေးအတွက် သူ့သမီးနဲ့အတူ မြို့တော်သို့ လိုက်သွားရမည်။ သူတို့ ဝတ်ထားတဲ့ ပုံစံတွေကို ကြည့်ပါဦး။ ဟိုးအရင်က အိမ်ရှင်ကြီးတွေနဲ့ မခြားနားဘူး။

မြို့တော်လို မြို့ကြီးပြကြီးကို သွားရလျှင် သေချာပေါက် နှစ်အနည်းငယ်လောက် ဘဝကို ကောင်းကောင်းမွန်မွန် နေရပါလိမ့်မည်။ ရွာထဲမှာ ဆက်မနေချင်တော့ပါ။

"အခု ကျွန်မတို့ ရှင့်ကိုတွေ့ပြီးပြီဆိုတော့ အိမ်ပြန်ဖို့ အချိန်တန်ပြီ။” လင်းချင်းဟယ်က အဘိုးကြီးကို စကားမပြောချင်တော့ပါ။ သူမကို ပိုက်ဆံတောင်းလိမ့်မည်ဟု စိတ်ပိုင်းဆိုင်ရာအရ ပြင်တောင် ပြင်ဆင်ထားခဲ့သည်။ လွန်လွန်ကြူးကြူး ပမာဏ မဟုတ်ပါက သူ့ကို ပိုက်ဆံ နည်းနည်း ပေးခဲ့မည် ဖြစ်သည်။ သို့သော် ထင်မထားစွာဖြင့် သူက သူတို့နဲ့အတူ မြို့တော်ကို လိုက်ခဲ့ချင်တယ်တဲ့လား။

ထိုအချိန်တွင် လင်းချင်းဟယ် ဘာတစ်ခွန်းမှ မပြောချင်တော့ဘဲ အပြင်သို့ တန်းထွက်လာခဲ့သည်။

"ကျေးဇူးမသိတတ်တဲ့ကောင်မ ကျွေးမွေးရကျိုးမနပ်ဘူး။ ဒီလောက်ထိ ကျေးဇူးမသိတတ်မှန်းသာ အစောကြီးကတည်းက သိခဲ့ရင် နင့်ကိုမွေးလာကတည်းက ရေနှစ်သတ်ပစ်လိုက်တယ်။” အဖေလင်း၏ ‌ဒေါသတကြီး အော်သံကြီး ထွက်ပေါ်လာခဲ့ပါသည်။

"ကျွန်မကကော လင်းမိသားစုရဲ့ သမီးဖြစ်ချင်တယ် ထင်လို့လား။ အရင်ဘဝတုန်းက ဘယ်လောက်တောင် ကံဆိုးခဲ့လို့ ဒီလို မိသားစုမျိုးမှာ လာမွေးဖွားခဲ့တာလဲ မသိပါဘူး။ အခု ကျွန်မ ရွံ့တောထဲက ထွက်ပြီး လင်းမိသားစုနဲ့ လားလားမှ မသက်ဆိုင်တော့ဘူး။ ပြီးတော့လည်း ကျွန်မကို ပျိုးထောင်ရတာကို ကြီးကြီးကျယ်ကျယ် လုပ်မနေနဲ့။ ကျွန်မကို နှစ်အနည်းငယ်လောက် ပြုစုပျိုးထောင်ပေးခဲ့ရတာက အဲ့တုန်းက လက်ဖွဲ့ငွေတွေနဲ့ မကာမိဘူးလား။” လင်းချင်းဟယ်က လင်းမိသားစုဝင်များစွာ၏ ရှေ့တွင် အဘိုးကြီးကို ပြန်ပြောလိုက်ပါသည်။

အဖေလင်းက ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပါ။

"ညီမလေး စိတ်မဆိုးပါနဲ့” အကြီးဆုံးယောင်းမလင်းက ပြေလည်အောင် လုပ်ဖို့ကြိုးစားသည်။

"ဘယ်သူက ရှင့်ညီမလဲ။ ရှင့်အမြင်မကောင်းတာလား ဘာလား” လင်းချင်းဟယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး တခြားသူများကို ကြည့်လိုက်သည်။ "မနက်ဖြန်ကျရင် အဘွားကြီးကို နောက်ဆုံးအနေနဲ့ အသုဘ လိုက်ပို့ပေးမယ်။ ဒီအဘိုးကြီး လက်မခံနိုင်စရာစကားပြောတာကို ကြားလို့ကတော့ ကျွန်မ အဘွားကြီးအတွက် ဘာအကူငွေမှ မပေးဘူး။ ပြီးတော့လည်း ဒီအဘိုးကြီး သေသွားလည်း ကျွန်မကို အသိပေးစရာမလိုဘူး။”

ထိုသို့ပြောဆိုပြီးနောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို စက်ဘီးပေါ်တက်ခိုင်းပြီး အိမ်ပြန်လာခဲ့သည်။

"တတိယဒေါ်လေးက ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ” လင်းအန်းက ဒေါသထွက်စွာ ပြောလိုက်ပါသည်။

ဒီတတိယဒေါ်လေးက မောက်မာလွန်းပြီး ရိုင်းစိုင်းလွန်းသည်။ သူတို့ကို မျက်လုံးထဲတောင် မရှိပါ။

"သူက အစကတည်းက အဲ့လိုပဲ။ အခု ပိုက်ဆံရှိပြီး မြို့သူဖြစ်လာပြီဆိုတော့ ပိုဆိုးလာပြီပေါ့။” ဒုတိယယောင်းမလင်းက သွေးအေးစွာ သရော်လိုက်ပါသည်။

"တော်တော်တရားကျဖို့ ကောင်းတာပဲ။ သူ့မှာပိုက်ဆံရှိတော့ ဆွေမျိုးတွေအကုန်လုံးကို လျစ်လျူရှုလို့ရတယ်ပေါ့” ဒုတိယအစ်ကိုလင်းလည်း ဒေါသထွက်နေ၏။

အကြီးဆုံးအစ်ကိုလင်းကတော့ ဘာမှမပြောတော့ပေ။

အကြီးဆုံးယောင်းမလင်းက သူမ၏ သားကို ဆူငေါက်လိုက်၏။ "နင်ဘာဖြစ်နေတာလဲ။ နင့်တတိယ ဒေါ်လေးကို ယဥ်ယဥ်ကျေးကျေးပြောလို့ ပြောထားတယ်လေ။ ဘာဖြစ်လို့ စကားကို အဲ့လိုပြောလိုက်ရတာလဲ။”

"အမေ ကျွန်တော့်ကို သူမြို့ခေါ်သွားဖို့ မျှော်လင့်မနေနဲ့တော့။ ကျွန်တော်မြင်သလောက်တော့ သူ့ရင်ထဲမှာ လင်းမိသားစုဆိုတာ မရှိလောက်တော့ဘူး။” လင်းအန်းက ပြောလိုက်ပါသည်။

အကြီးဆုံးယောင်းမလင်းလည်း ဒါကို မသိဘဲ နေပါ့မလား။ လင်းမိသားစုကိုသာ နှလုံးသားထဲ ရှိသေးရင် နှစ်ပေါင်းများစွာတိုင်အောင် အိမ်ပြန်မလာဘဲ နေပါ့မလား။ ဒုတိယအစ်ကိုလင်း ရဲစခန်း ရောက်ခဲ့တုန်းကတောင် ကျိုးချင်းပိုင်ကြောင့်သာ မဟုတ်လျှင် လူကြီးနှစ်ယောက်ကို ဒုက္ခများရအောင် ဒီတိုင်းလွှတ်ထားခဲ့မည်ဖြစ်ပါသည်။

တကယ့်ကို နှလုံးသား ကင်းမဲ့လွန်းပါသည်။

သို့သော်လည်း သူမတို့ မျှော်လင့်ချက်တော့ ထားရဦးမည်။ သူမသာ သူမတို့၏ စာကြိုးစားသော သားကို မြို့တော်ကိုပို့ပြီး စာသင်ခိုင်းနိုင်ပါက သေချာပေါက် ပညာတတ် ဖြစ်လာပါလိမ့်မည်။

သို့သော်လည်း အခုတော့ မျှော်လင့်ချက် တကယ်မရှိတော့သည့်ပုံပင်။

"အခုလေးတင် မြို့တော်ကိုသွားချင်တယ်လို့ အဖေ ပြောလိုက်တာလား” ဒုတိယအစ်ကိုလင်းက ပြောလိုက်၏။

"စိတ်ကူးယဥ်နေလိုက်ပေါ့။ မြို့တော်မှာ ကောင်းကောင်းမွန်မွန် သွားနေချင်နေတယ်။ သူ့ယောက္ခမတွေကိုပဲ ခေါ်ပြီး အဖေကျတော့ မခေါ်ဘူး” ဒုတိယယောင်းမလင်းက ကြိမ်းမောင်းလိုက်ပါသည်။

"အဖေ့မှာ သားတွေ ချွေးမတွေ မရှိဘူးလား။ အဲ့တာကို သူ့သမီးဆီမှာ သွားစားသောက်ချင်တယ်ပေါ့။ ခင်ဗျားတို့က မျက်နှာလိုချင်နေတာလား” တတိယမောင်လေးလင်းက သူ့ဒုတိယယောင်းမလင်းကို ကြည့်လိုက်ပါသည်။

"တတိယမတ်လေးက အခုပိုက်ဆံရှာနိုင်နေပြီဆိုတော့ ငါတို့ကို ဆုံးမလို့ ရပြီပေါ့လေ။” ဒုတိယယောင်းမလင်းက မျက်စောင်းထိုးလိုက်ပါသည်။

"ကျိုးမိသားစုရဲ့ လူကြီးနှစ်ယောက်ကျတော့ သူတို့ချွေးမရဲ့ စောင့်ရှောက်မှုနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီး ကျွန်တော်တို့ မိဘတွေကျတော့ ဘာလို့ အဲ့လိုမနေနိုင်တာလဲ” တတိယမောင်လေးလင်းက မေးခွန်းထုတ်လိုက်ပါသည်။

"ဟုတ်ပါတယ်။ ငါတို့မှာ နင့်အစ်မလိုမျိုး အစွမ်းအစမရှိပါဘူး။ ဟုတ်ပြီလား။ ငါတို့မှာ အစွမ်းအစမရှိဘူး။ အဲ့တာတော့ ဝန်ခံတယ်။ ဒါပေမယ့် နင်နဲ့ နင့်မိန်းမတို့မှာ အစွမ်းအစ ရှိတယ်လေ။ နင်တို့ကျတော့ မိဘတွေကို ဘာလို့ မြို့ခေါ်မသွားတာလဲ။ သူတို့က နင်တို့နဲ့ လိုက်ချင်တယ်လို့ ပြောတာကို နင်က ခွင့်မပြုဘူး" ဒုတိယယောင်းမလင်းက သွေးအေးစွာ ပြောလိုက်ပါသည်။

တတိယမောင်လေးလင်းက မကျေနပ်စွာဖြင့် သူမကို ကြည့်လိုက်သည်။ ထို့နောက် တခြားသူတွေကို လိုက်ကြည့်လိုက်၏။ သူတို့က ထုတ်မပြောသော်လည်း သူ့ကို ဝေဖန်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

သူ့မှာ ငွေရှာနိုင်တဲ့ အစွမ်းအစရှိတာ သိသာပြီး သူ့မိဘတွေကို သက်တောင့်သက်သာ ဘဝမျိုး ထားဖို့ ခေါ်မသွားချင်ဘူး။ အဲ့ဒီအစား ရွာထဲမှာပဲ နေခိုင်းတယ်။ အခု ဒီလိုဖြစ်လာတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲ။

တတိယမောင်လေးလင်းက ရှင်းပြမနေတော့ပါ။ သူ့ရင်ထဲတွင် ဒီအစ်ကိုများ မရီးများကို လုံးဝ စိတ်ကုန်နေပါပြီ။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ကျိုးကျားရွာကို ပြန်ရောက်လာခဲ့ကြသည်။

ကျိုးချင်းပိုင်က ချော့လိုက်ပါသည်။ "စိတ်မတိုပါနဲ့တော့။”

"စိတ်မတိုပါဘူး။ အဲ့ဒီမိသားစုက ကျွန်မအတွက် ဘာမှမဟုတ်ဘူး။ ဘာစိတ်တိုဖို့လိုလို့လဲ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ဒီကမ္ဘာကြီးထဲမှာ ဒီလောက်ထိ အရှက်မရှိတဲ့လူမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ သူ့သားအရင်းတွေ ရှိနေပါလျက်နဲ့ အိမ်ထောင်ရှိတဲ့ သူ့သမီးနောက်ကို လိုက်ခဲ့ချင်တယ်တဲ့လား။

သူ့သားတွေကို သေနေသလို သဘောထားတာလား။ ပထမမိသားစုနဲ့ ဒုတိယမိသားစုကို မရှိသလို သဘောထားလို့ရသည်။ သို့သော် သူမ၏ မောင်လေးက သူ့အပေါ် ဝတ္တရားကျေပွန်ပါသည်။ သူမ၏ မောင်လေးရဲ့ ဝတ္တရားကျေပွန်မှုကို ထည့်မတွက်ဘူးလား။

သူမနဲ့အတူ မြို့တော်မှာ လိုက်နေချင်နေသည်။ သူ့မှာ ဒီလိုဘဝကောင်းကောင်းမျိုး မရှိနိုင်ပါဘူး။

အချိန်ကျတော့မည်ဖြစ်သဖြင့် သူတို့ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ အိမ်တွင် နေ့လည်စာ စားဖို့ သွားခဲ့ပါသည်။

"အကြီးဆုံးမရီးက ဘဲဥဆားရည်စိမ် လုပ်တာ အရမ်းတော်တာပဲ” လင်းချင်းဟယ်က ရွှင်ပျစွာ ချီးကျူးလိုက်ပါသည်။

"ကြက်ဥတစ်ခြင်းလုပ်ပြီး ငါ့မိသားစုအရင်းအိမ်က အဘွားကြီးတစ်ယောက်နဲ့ ပညာဖလှယ်လိုက်တာပေါ့။ နင်သင်ချင်ရင် ငါသင်ပေးမယ်လေ” အကြီးဆုံးမရီးက ကမ်းလှမ်းလိုက်ပါသည်။

ဒီနှစ် သူမ ဘဲတွေ အများကြီးမွေးထားသည်။ ဒီဘဲဥဆားရည်စိမ်တွေကလည်း ရောင်းကောင်း၏။

"ကျွန်မမှာလည်း ဘဲဥဆားရည်စိမ် နည်းလမ်းတစ်ခုရှိတယ်။ ဆီအထွက်နှုန်းက အရမ်းမြင့်တယ်။ ဖလှယ်ကြရအောင်” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

အကြီးဆုံးမရီးက ပြုံးကာ ပြောလိုက်ပါသည်။ "ခုနက ဒုတိယမရီး လာသွားတယ်။”

"တစ်ခုခု ဖြစ်လို့လား” အကြီးဆုံးမရီး အထူးတလည်ထုတ်ပြောသဖြင့် လင်းချင်းဟယ် မေးလိုက်ပါသည်။

"သူ ခဏလောက် စကားလာထိုင်ပြောတာ။ အကြာကြီး သွယ်ဝိုက်ပြောပြီးတော့ ငါလိုရင်းကို သိလိုက်တယ်။ သူတို့က နောက်နှစ် အိမ်တစ်လုံးဆောက်ချင်ပြီး ပိုက်ဆံနည်းနည်းလိုနေလို့လေ။ သူတို့က စန်းနီကို ပိုက်ဆံနည်းနည်း ပြန်ပို့ပေးစေချင်နေတာ။ ဒီနေ့မနက်လည်း သူ တွန်းအားပေးလို့ ဒုတိယမောင်လေး ရောက်လာခဲ့တာဖြစ်မယ်။ ဒါပေမယ့် သူကတော့ ဘာမှ မပြောပါဘူး။” အကြီးဆုံးမရီးက ရှင်းပြလိုက်ပါသည်။

"သူတို့လိုချင်ရင် ရှားရှားဆီက တောင်းပါလား။ စန်းနီနဲ့ အိုက်ကော်တို့မှာ ပိုက်ဆံမရှိဘူး။ သူတို့နှစ်ယောက်စလုံး ဆိုင်ဖွင့်ဖို့ ပိုက်ဆံစုရမယ်။ သူတို့ပိုက်ဆံ မရှိတော့ ဘယ်လိုလုပ် ပို့နိုင်မှာလဲ။" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"ဆိုင်တစ်ဆိုင် ဝယ်မှာလား” အကြီးဆုံးမရီးက အံ့အားသင့်စွာ ပြောလိုက်ပါသည်။

"ဟုတ်တယ်။ သူတို့လင်မယားနှစ်ယောက်သား မြို့တော်ကို ရောက်ပြီးကတည်းက ရွာပြန်ဖို့ အစီအစဥ် မရှိဘူး။ သူတို့အခွင့်အရေးရရင် အိမ်ထောင်စုစာရင်းကိုတောင် ပြောင်းကြတော့မှာ။ အဲ့တာလည်း ပိုက်ဆံကုန်ဦးမယ်။ ရှောင်းမိန်နဲ့ တာ့လင်းတို့ အိမ်ထောင်စုစာရင်းပြောင်းတာ ယွမ် ၂,၀၀၀ လောက် ကုန်တယ်။ အဲ့တာတောင် ဌာနတွင်းမှာ အလုပ်လုပ်နေတဲ့ ကျွန်မမိတ်ဆွေရဲ့ သား ကျေးဇူးကြောင့် အဲ့လောက်ပဲ ကုန်တာ။ မဟုတ်ရင် ယွမ် ၃,၀၀၀ ကနေ ယွမ် ၄,၀၀၀ လောက် အသာလေး ကုန်လိမ့်မယ်။” လင်းချင်းဟယ်က ပြောလိုက်၏။

"အဲ့လောက်တောင် စျေးကြီးတာလား” အကြီးဆုံးမရီး ထိတ်လန့်သွားရသည်။ အိမ်ထောင်စုစာရင်း ပြောင်းတဲ့ငွေနဲ့ ရွာထဲမှာ အိမ်ကြီးကြီးတစ်လုံးပင် ဆောက်လို့ရလောက်သည်။

"အင်း အဲ့တာကြောင့် လောလောဆယ် သူတို့နှစ်ယောက်မှာ ငွေပိုငွေလျှံ မရှိသေးဘူး။ အကြီးဆုံးမရီး အချိန်ရရင် ကျေးဇူးပြုပြီး ဒုတိယအစ်ကိုကို ရှင်းပြလိုက်ပါ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

All Chapters