← Chapters

အခန်း(၅၃၉) ဘယ်လိုအိပ်မက်မျိုး မက်နေတာလဲ

Vol. 39 Ch. 539

အခန်း(၅၃၉) ဘယ်လိုအိပ်မက်မျိုး မက်နေတာလဲ

Vol. 39 Ch. 539

အခန်း(၅၃၉) ဘယ်လိုအိပ်မက်မျိုး မက်နေတာလဲ

"အိမ်ထောင်စုစာရင်းကို မြို့တော်ပြောင်းလိုက်ရင် အဲ့မှာ ဆိုင်တစ်ဆိုင်ဝယ်ဖို့လိုတာပေါ့။ အိမ်တစ်လုံးရော လိုအပ်တယ်။” အကြီးဆုံးမရီးက ပြောလိုက်ပါသည်။

အိမ်ထောင်စုစာရင်းကို ပြောင်းလိုက်တာနဲ့ မြို့သူမြိုသားများဖြစ်သွားကြလိမ့်မည်။ ရွာထဲက မြေကို လွှဲပြောင်းပေးရမည်။ ဘိုးဘေးပိုင် မဟုတ်ပါက မြေကို ရွာအား ပြန်အပ်ရမည်ဖြစ်ပါသည်။

နောက်ပြန်လှည့်လို့မရတော့ပါ။ သူတို့ မြို့မှာပဲ နေထိုင်ကြရတော့မည်ဖြစ်သည်။

"တစ်ဆင့်ချင်းစီပေါ့။ အဲ့က ဆိုင်နဲ့ အိမ်စျေးတွေက အရမ်းစျေးကြီးတာ။ ရှောင်းမိန်နဲ့ တာ့လင်းတို့လည်း အိမ်တစ်လုံး ဝယ်ပြီးပြီ။ သူတို့ စုထားတဲ့ငွေတွေ အကုန်ကုန်သွားတာတောင် မလုံလောက်သေးဘူး။ ကျွန်မတို့ဘက်က နည်းနည်း ချေးလိုက်မှ အောင်အောင်မြင်မြင်နဲ့ ဝယ်နိုင်သွားတာလေ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"အပြင်ဘက်က ဘဝတွေက မလွယ်ကူဘူးပဲ။ ကုန်ကျစရိတ်တွေက များလိုက်တာ” အကြီးဆုံးအစ်ကိုက ဝင်ပြောပါသည်။

လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "အခွင့်အလမ်းတွေလည်း အများကြီး ရှိပါတယ်။ အခု တတိယအစ်ကိုနဲ့ တတိယမရီးတို့လည်း အဆင်ပြေနေပြီမဟုတ်လား။ ချင်းပိုင်နဲ့ ကျွန်မတို့ အိမ်ကို သွားကြည့်ပြီးပြီ။ ဒီက အိမ်နဲ့ အတူတူပဲ။ အရမ်း ခမ်းနားတယ်။”

တတိယအစ်ကိုနှင့် တတိယမရီးတို့က မြို့တော်မှာ အိမ်တစ်လုံး ဝယ်ပြီးပါပြီ။ ထိုအချိန်တုန်းက တိုက်ခန်းမှာ သူတို့နေခဲ့သည်။ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ နေရာတွင် အမြဲတမ်း နေလို့မရသဖြင့် အိမ်တစ်လုံး ဝယ်လိုက်တာ ပိုကောင်းပါသည်။

အရမ်းကြီးကြီးတော့ မဝယ်ခဲ့ပါ။ မိသားစုများ စုပြုံနေနိုင်သည်။ ရွာထဲတွင်လည်း အုတ်နီအိမ်တစ်လုံး ဆောက်ထား၏။ အသစ်စက်စက်တစ်လုံးဖြစ်ပြီး ကျယ်ဝန်းလွန်းလှပါသည်။

ထိုအချိန်တွင် သူတို့က တတိယမောင်လေးလင်းလောက် ဆုံးဖြတ်ချက် မပြတ်သားကြဘူးဟု လင်းချင်းဟယ် ခံစားမိပါသည်။

တတိယမောင်လေးလင်း၏ မြို့တွင် ဒီလိုအိမ်မျိုးပဲဖြစ်သည်။ အလွန်မဟောင်းနွမ်းသော်လည်း အလွန်သေးငယ်ပါသည်။ သူက စိတ်ထဲမထားခဲ့ပါ။ ကောင်တီမြို့တွင် ခြံကျယ်ကြီးတစ်ခု ဝယ်ယူခဲ့ပြီး သူတို့မိသားစုက အိမ်ကျယ်ကြီးတစ်လုံးတွင် နေထိုင်နေပါပြီ။

သို့သော်လည်း ဒါတွေက ဘာမှမဟုတ်ပါ။ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်တွင်သာ မူတည်ပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ဖြင့် စကားခဏပြောပြီးနောက် အိမ်ပြန်သွားခဲ့ကြသည်။ ကျိုးတုန်းက ချိန်းဆိုဖို့ ရောက်လာ၏။ ဒီနေ့ည သူတို့ အိမ်တွင် ညစာလာစားဖို့ ဖြစ်ပါသည်။ လင်းချင်းဟယ်က သဘောတူလိုက်၏။

"ကိုယ်တို့အိမ်လည်း အိုနေပြီနော်” ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။ ၁၉၆၀ ခုနှစ်တုန်းက ဆောက်လုပ်ထားတာဖြစ်သဖြင့် အခု နှစ် ၂၀ သက်တမ်း ရှိနေပါပြီ။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ သူမ ပထမဆုံး ပြန်ဝင်စားစဥ်က အိမ်ဆောက်ပြီးတာ နှစ်အနည်းငယ်သာ ကြာသေးသည်။ တခြားအိမ်တွေနဲ့ယှဥ်ရင် အလွန်သစ်လွင်နေခဲ့သည်။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးအိမ် တစ်ခုတို့ပါသည်။ တော်တော်လေး ကျယ်ဝန်းပါသည်။

ကျိုးချင်းပိုင်က သူ့မိန်းမကို ပြုံးကာ ကြည့်လိုက်သည်။ ဇဝေဇဝါဖြစ်စွာဖြင့် လင်းချင်းဟယ်က သူ့ကိုပြန်ကြည့်လိုက်၏။ "ဘာလို့ပြုံးနေတာလဲ။”

"အဲ့ဒီတုန်းက ဘာလို့ ကိုယ့်ကို လက်ခံခဲ့တာလဲ။” ကျိုးချင်းပိုင်က ရွှင်လန်းနေသော မျက်လုံးများဖြင့် မေးလိုက်၏။

ထိုအချိန်တုန်းက သူမရဲ့မျက်လုံးထဲမှာ သူက ငတုံးတစ်ယောက်သာဖြစ်ခဲ့မည်ဆိုတာ သူသိပါသည်။ သူပြန်လာတော့ သူ့အပေါ် မအေးစက်သော်လည်း ခပ်ခွာခွာနေခဲ့သည့်အချိန်ကို ပြန်သတိရဆဲဖြစ်သည်။ အချိန်အကြာကြီး ကြိုးစားအားထုတ်ပြီးမှ နောက်ဆုံးတော့ အခန်းထဲပြန်ရောက်ခဲ့ပြီး သူ့မိန်းမနဲ့ ဖက်အိပ်နိုင်ခဲ့ပါသည်။

လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်သည်။

အဲ့ဒီတုန်းက သူ့ကို ဘာကြောင့် လက်ခံခဲ့တာလဲတဲ့။ သူ့ရုပ်ရည်ကြောင့်ပဲ မဟုတ်ပါလား။

သူက နဂိုကတည်းက ချောမောသူဖြစ်သည်။ အရပ်ရှည်ပြီး လက်တွေ့ဆန်သူဖြစ်၏။ သူက အလွန် အမိန့်နာခံတတ်သူဖြစ်သော်လည်း စကားနည်းသည်။ စကားအများကြီး သိပ်မပြောဘဲ မိသားစုတာဝန်ကို ထမ်းဆောင်သည့် လူမျိုးကို သူမက သဘောကျပါသည်။

ထို့အပြင် မိသားစုပြဿနာများထဲတွင် သူမ၏ စကားတစ်ခွန်းတည်းသာ လိုအပ်သည်။ သူ ဝင်ရှုပ်ပြီး ဒုတိယ အထင်အမြင်မျိုး ဝင်ပြောမှာ မဟုတ်ပေ။ အဆင်ပြေသွားသောအခါ သူမ စိတ်အေးခဲ့ရပါသည်။

ထို့ကြောင့် သူ့ကို အခန်းထဲပြန်ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျန်တစ်ဘဝလုံး ဒီလိုပဲနေခဲ့ခြင်းဖြစ်ပါသည်။

အခုပြန်စဥ်းစားကြည့်လျှင် တကယ် ရယ်စရာကောင်းပါသည်။ လင်းချင်းဟယ် မျက်နှာ ပြုံးရွှင်လျက်ရှိ၏။

"အထဲဝင်ပြီး နားကြတော့မလား” ကျိုးချင်းပိုင်က သူမ၏ ခါးကိုဖက်လိုက်ပါသည်။

"ခဏလောက် နားကြတာပေါ့” လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။

လင်မယားနှစ်ယောက်သား ဘာမှမလုပ်ခဲ့ကြပါဘူး။ မနက်ဖြန်က အမေလင်း၏ အသုဘဖြစ်သဖြင့် ချစ်ကြိုက်ဖို့ စိတ်မပါကြပေ။

အနားယူပြီးနောက် ကျိုးတုန်းနှင့် ချိုင်ပါ့မိန်တို့ အိမ်ကို ညစာသွားစားခဲ့ကြပါသည်။ အမျိုးသမီးချိုင်လည်း ရှိနေ၏။

ထို့ကြောင့် စကားပြောစရာတွေ အများကြီး ရှိပါသည်။ ညစာစားပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အလောတကြီး မပြန်ကြပါ။ သူတို့ ကျိုးတုန်းနှင့် စကားပြောခဲ့ကြ၏။ အချိန်ကျခါမှ အိမ်ပြန်ခဲ့ကြပါသည်။

"အခုချိန်ကစပြီး ကျိုးတုန်းကတော့ အောင်မြင်လာတော့မှာပဲ” အိမ်ပြန်ရောက်သောအခါ ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

"ဟုတ်တယ်” လင်းချင်းဟယ်လည်း ဒီလိုပဲ ထင်ပါသည်။

ကျိုးတုန်းက ဉာဏ်ကောင်းပြီး လက်တွေ့ဆန်သူဖြစ်၏။ အခက်အခဲများကို ဖြတ်ကျောပြီး အရွယ်ရောက်လာခဲ့သော်လည်း အလုပ်ကို အလွန်ကြိုးစားသည်။ သူဘာလုပ်နေသလဲ သူကိုယ်တိုင် သိသည်။

ဥပမာအားဖြင့် ဒီနှစ်ထဲ ချိုင်ပါ့မိန်၏ တတိယအစ်ကိုက သူနဲ့အတူ လုပ်ငန်းတွဲလုပ်ချင်၏။ သို့သော် ကျိုးတုန်းက လက်မခံခဲ့ပါ။

ချိုင်ပါ့မိန်၏ တတိယအစ်ကိုကို တစ်ယောက်တည်း အလုပ်စလုပ်ဖို့ အကြံပေးလိုက်၏။ သူ အကူအညီလိုရင် သူကူညီပေးမည်။ ပိုက်ဆံလိုအပ်တယ်ဆိုရင်တောင် ချေးပေးနိုင်ပါသည်။

သို့သော်လည်း ကြက်ခြံကိုတော့ ပူးပေါင်းခွင့် မပေးနိုင်ပါ။

အမျိုးသမီးချိုင်တောင် ဘာမှမပြောပေ။ ကိုယ့်သားသမီးများကို မစည်းလုံးစေချင်သည့် မိဘမရှိပါ။ သို့သော် အဆင်ပြေနိုင်သည့် သူက အလွန်နည်းပါးလွန်း၏။

အဘယ့်ကြောင့်ဆိုသော် မိသားစုတစ်ခုကို တည်ထောင်လိုက်ပြီဆိုတာနဲ့ ဘယ်သူက ကိုယ့်မိသားစုအတွက်ကိုယ် မစဥ်းစားရဘဲ နေမလဲ။ အတွေးများလည်း ခြားနားနိုင်သည်။

ထို့ကြောင့် တခြားသူများ၏ ခံစားချက်အတွက် မပူးပေါင်းတာ အကောင်းဆုံးပဲ ဖြစ်ပါသည်။ လင်းချင်းဟယ်က ကျိုးတုန်းကို အရင်တုန်းက ဒီလိုအကြံပေးဖူး၏။ သူမ၏ စကားကို ကျိုးတုန်း နားထောင်တာ သိသာပါသည်။

အခုလက်ရှိတွင် တတိယအစ်ကိုနဲ့ တတိယမရီးတို့ကလွဲပြီး ရွာထဲက တခြားသူတွေ ကျိုးတုန်းတို့ကို လိုက်မမှီကြတော့ပါ။ ကျိုးရှီ၏ ယောက်ျားဖြစ်သူ သူ့ယောက်ဖကို ငှားရမ်းပြီး သူ့ကြက်ခြံတွင် ကူညီခိုင်းခဲ့ပါသည်။ မောင်နှမနှစ်ယောက်၏ ဘဝက အခုဆို တော်တော်လေး အဆင်ပြေနေကြပါပြီ။

ကျိုးချင်းပိုင်က ရေနွေးအိုး သွားတည်သည်။ ထို့နောက် ယူလာခဲ့ပြီး သူ့မိန်းမနဲ့အတူ မျက်နှာသစ် ခြေလက်ဆေးသည်။ ထို့နောက် ခြေထောက်များကို သန့်စင်ပြီး အိပ်ယာဝင်ခဲ့ကြပါသည်။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် အလုပ်များကြမည် မဟုတ်ပါလား။

ဒီနှစ် ဆောင်းရာသီက တကယ်ပဲ ချမ်းအေးသည်။ ခိုက်ခိုက်တုန်လောက်အောင်ကို အေးသည်။ တစ်ညလုံး နှင်းကျ၏။ နောက်တစ်နေ့မနက် နှင်းတွေ အထူကြီး ကျန်ခဲ့ပါသည်။

လင်းချင်းဟယ် ကျိုးချင်းပိုင်နှင့် အတူတူ အသုဘသို့ သွားခဲ့ပါသည်။

သူတို့ရောက်သွားတော့ အားလုံး ရှိနေကြပါသည်။ လင်းချင်းဟယ်၏ ညီအစ်မနှစ်ယောက်နှင့် ခဲအိုများလည်း ရှိနေကြသည်။

မကြာမီ အသုဘကို စတင်သည်။ လုပ်ရိုးလုပ်နည်းအတိုင်း လုပ်ခဲ့ကြပြီး ကိစ္စပြီးသောအခါ လင်းချင်းဟယ်က အိမ်ပြန်ဖို့ စီစဥ်ထား၏။

အကြီးဆုံးအစ်မလင်းက သူမကို တားလိုက်ပါသည်။ "ချင်းဟယ် ခဏနေဦး။”

ဒုတိယအစ်မလင်းလည်း သူ့နောက်ကို လိုက်လာသည်။ သူမတို့၏ တတိယညီမကို ကြည့်ရင်း သူတို့ရဲ့ အကြည့်တွေက ရှုပ်ထွေးနေပါသည်။

လွန်ခဲ့သော နှစ်အစောပိုင်းများက ဒီတတိယညီမက အဆင်ပြေနေခဲ့သည်။ သူတို့ကို မနာလို ဖြစ်စေခဲ့သည်။ ကျိုးချင်းပိုင်ကို လက်ထပ်ခြင်းက အရာရှိတစ်ယောက်၏ မိန်းမဖြစ်ဖို့ အိပ်မက် တကယ်ဖြစ်လာခြင်းဟု ဆိုနိုင်သည်။ နောက်ပိုင်း ကျိုးချင်းပိုင်က အိမ်ပြန်လာ၏။ သူတို့သိပြီးကြသောအခါ ခိုးမကြည့်ခဲ့ကြပါဟု မပြောနိုင်ပါဘူး။

သူမ၏ စိတ်ဓာတ်မျိုးနဲ့ အကြီးအကျယ် ပြဿနာ တက်လိမ့်မည်ဟု ခန့်မှန်းခဲ့ရသည်။ နောက်ပိုင်းတွင် အေးအေးချမ်းချမ်းနေရတဲ့ နေ့ဆိုတာ ရှိမှာ မဟုတ်တော့ပေ။

သို့သော် ထင်မထားစွာဖြင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့် ရန်မဖြစ်ခဲ့ပါ။ ထို့အစား သူမ၏ မိသားစုအရင်းအိမ်သို့ ပြန်လာခဲ့ပြီး သူမ၏ မိသားစုအရင်းနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ပါသည်။ နောက်တော့ အခြေအနေ ပြန်ကောင်းလာခဲ့သည်။

နှစ်ပေါင်းများစွာ ကြာသောအခါ သူမတို့၏ တတိယညီမက အသက် ၃၀၊ ၄၀ နား ကပ်နေပြီဆိုပေမယ့် သူမကိုကြည့်လိုက်လျှင် အသက် ၂၀ ဝန်းကျင် ကောင်မလေးတစ်ဦးနဲ့ပင် နှိုင်းယှဥ်နိုင်သည်။

သူမ၏ ဘဝ ဘယ်လောက်တောင် အဆင်ပြေချောမွေ့နေလဲ မြင်နိုင်ပါသည်။

"ဘာကိစ္စရှိလို့လဲ” လင်းချင်းဟယ်က သူတို့ကို ဂရုမစိုက်ပါ။ သို့သော်လည်း ဒီတိုင်းတော့ လှည့်ထွက်မသွားပေ။ သူမ ရပ်လိုက်ပြီး သူတို့ဘာပြောမလဲ နားထောင်ခဲ့၏။

"အဖေက နင်နဲ့ အတူ မြို့တော်ကို လိုက်ချင်တယ်လို့ ပြောတယ်ဆို။ နင်က ဘာလို့ လက်မခံတာလဲ။ နင်က အခု အရမ်းချမ်းသာနေပြီလေ။ အဖေ့ကို ဂရုစိုက်မှပေါ့။”

"ချင်းပိုင် သွားမယ်” အကြီးဆုံးအစ်မလင်း စကားပြောလို့ မဆုံးခင်မှာပဲ လင်းချင်းဟယ်က ဖြတ်ပြောကာ ကျိုးချင်းပိုင်ကို ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က စက်ဘီးကိုသွားယူရင်း လင်မယားနှစ်ယောက် ချက်ချင်း ပြန်သွားကြပါသည်။

အကြီးဆုံးအစ်မလင်း ချက်ချင်း ဒေါသထွက်သွားခဲ့ရ၏။ "ကြည့်ပါဦး ကြည့်ပါဦး ဒီလောက် နှစ်တွေ အများကြီး ကြာတာတောင် ငါတို့ကို လုံးဝ မျက်နှာသာ မပေးဘူး။"

ဒုတိယအစ်မလင်းက နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်သည်။ "အကြီးဆုံးအစ်မ နင်က ရိုးလိုက်တာ”

ဆက်ဆံရေးက ဒီလောက် ယိုယွင်းနေတာတောင် အဘိုးကြီးကို မြို့ခေါ်သွားစေချင်နေသေးတာလား။ ဘယ်လို အိပ်မက်မျိုး မက်နေတာလဲ။

All Chapters