← Chapters

အခန်း(၅၄၀) စုံတွဲ ပြဿနာ

Vol. 39 Ch. 540

အခန်း(၅၄၀) စုံတွဲ ပြဿနာ

Vol. 39 Ch. 540

အခန်း(၅၄၀) စုံတွဲ ပြဿနာ

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ လင်းမိသားစု၏ စကားများကို ဆက်ပြီး နားထောင်မနေတော့ပါ။ ဒီတစ်ခေါက် ပေးသင့်သည့် ငွေကိုလည်း မလျော့မပေါ့ ပေးခဲ့ပြီးပါပြီ။ ကျန်တာကိုတော့ လင်းချင်းဟယ် အပိုအလို ပေးမည် မဟုတ်ပါ။

ရေးကြီးခွင်ကျယ်လုပ်ချင်သူတွေလည်း လုပ်ကြပါစေ။

ကျိုးကျားရွာသို့ သူတို့ပြန်ရောက်လာသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ကောင်တီမြို့သို့ ပြန်သွားရန် အစီအစဥ်ဆွဲခဲ့ပါသည်။ သူတို့ မြို့တော်သို့ ပြန်ကြတော့မည်ဟုလည်း သဘောရပါသည်။

ဒီလို နှောင့်နှေးခဲ့မှုကြောင့် သူတို့ မြို့တော်သို့ ပြန်ရောက်သောအခါ နှစ်သစ်ကူးပင် ဖြစ်နေလောက်ပါပြီ။

အကြီးဆုံးမရီးက ကြက်ဥဆားရည်စိမ် နှစ်ထုပ်ကို သူတို့အတွက် ထုပ်ပိုးပြင်ဆင်ထားပါသည်။ ကျိုးချင်ပိုင်အတွက်လည်း သယ်ရပြုရတာ မလေးသဖြင့် လင်းချင်းဟယ်က လက်ခံခဲ့ပါသည်။

"အကြီးဆုံးမရီး၊ အာ့နီနဲ့ စစ်နီတို့အတွက် စိတ်မပူနဲ့နော်။။ သူတို့က အဆင်ပြေကြပါတယ်။ စဥ်းစားကြည့်မှ ဒီနှစ် ယန်ယန် ပြန်မလာသေးပါလား။” လင်းချင်းဟယ်က မေးလိုက်၏။

"ယန်ယန်က ဟိုမှာပဲ နေမှာလေ။ အလုပ်တစ်ခု ရလို့ ဒီနှစ်ထဲ ပြန်မလာတော့ဘူးလို့ ငါ့ကိုဖုန်းဆက်တယ်။” အကြီးဆုံးမရီးက ရှင်းပြလိုက်ပါသည်။

လင်းချင်းဟယ် ဘာမှမပြောခဲ့ပါ။ သူမနဲ့ ကျိုးချင်းပိုင်တို့ ကောင်တီမြို့သို့ ခပ်မြန်မြန် ပြန်လာခဲ့ကြပါသည်။

တတိယအစ်ကိုနှင့် တတိယမရီးတို့ဆီသို့ သွားခဲ့ကြ၏။

သူတို့ရောက်လာတာကိုမြင်သောအခါ အသုဘ ကိစ္စ ပြီးသွားပြီဖြစ်ကြောင်း သိလိုက်ကြပါသည်။

"စတုတ္ထဒေါ်လေး။ သမီး ကောင်တီမြို့မှာ စာပြန်လာသင်ဖို့ စီစဥ်ထားတယ်။” ကျိုးဝူနီက စားပွဲပေါ်သို့ လက်ဘက်ရည် ယူလာပေးပြီး သူမ၏ စတုတ္ထဒေါ်လေးဘေးတွင် ထိုင်လိုက်ပါသည်။

"ကောင်တီမြို့က မဆိုးပါဘူး။ ဒါပေမယ့် မြို့တော်မှာ သင်ဖို့ကော မစဥ်းစားဖူးဘူးလား။” လင်းချင်းဟယ်က မေးလိုက်သည်။ ဒီတူမကို သူမ တော်တော်လေး မျှော်လင့်ထားပါသည်။ သူမ၏ စရိုက်က သူမ၏ အဖေနဲ့ အမေလိုပဲ အလွန်ကျိုးနွံတတ်သည်။

"အဲ့ဒီထိ သွားဖို့တော့ ယုံကြည်ချက်မရှိပါဘူး။ နွေရာသီအားလပ်ရက်ရောက်မှ အဲ့ဒီကို အားလပ်ရက် ခရီးအဖြစ် လာခဲ့မယ်လေ။” ကျိုးဝူနီက ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်တာပေါ့” လင်းချင်းဟယ်က ဖိအား မပေးပါ။ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါသည်။ သူမ မြို့တော်မှာ စာလာသင်ချင်သည်ဆိုလျှင် စီစဥ်ပေးမည်။ ကောင်တီမြို့မှာ သင်ဖို့ကလည်း မဆိုးလှပါဘူး။

ဘာပဲဖြစ်ဖြစ် သူမ မိဘတွေလည်း ဒီမှာပဲ ရှိနေကြတာမဟုတ်လား။

"ငါက သူ့ကို မြို့တော်သွားစေချင်တာ။ မြို့တော်မှာ လက်တွဲဖော်ရှာနိုင်ရင် ကောင်းမှာပဲ။” တတိယမရီးက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"လက်တွဲဖော်က ဒေသနဲ့ မဆိုင်ပါဘူး။ သူ့ကို တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ကသာ အရေးအကြီးဆုံးပဲ” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

ကျိုးဝူနီက ပြောလိုက်၏။ "သမီး စတုတ္ထဒေါ်လေးရဲ့ အယူအဆကို သဘောကျတယ်။ တကယ်ပါပဲ သမီးအမေကတော့ ပထမဒေါ်လေးရဲ့ မှိုင်းတိုက်မှုကြောင့် သမီးကိုလည်း မြို့တော်မှာ လက်တွဲဖော် သွားရှာစေချင်နေတာလေ။”

သူမမှာတော့ ဒီလိုအတွေးမျိုးမရှိပေ။ ကောင်တီမြို့ကလည်း အတော်လေး ကောင်းမွန်သည်ဟု သူမ ခံစားမိပါသည်။ ဒီမှာလည်း အစစ အရာရာ ရှိနေသဖြင့် ဘာကြောင့် မြို့တော်ကို သွားရဦးမည်နည်း။ ထိုအထိ သွားပြီး လက်တွဲဖော်ရှာဖို့က နည်းနည်း ပိုလွန်းပါသည်။

"ယန်ယန်လည်း ပြည်နယ်မြို့မှာ ရည်းစားရသွားပြီ။” ကျိုးဝူနီက အံ့အားသင့်စရာ သတင်းကို ထုတ်ပြောလိုက်ပါသည်။

"ဟင်” လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သိပ်မအံ့သြသော်လည်း တတိယမရီးကတော့ အံ့အားသင့်သွားခဲ့ပါသည်။ "ဘယ်တုန်းက ရသွားတာလဲ။ နင်ပြောတာလည်း မကြားမိပါလား။”

"သမီးနှစ်ခေါက်လောက် မြင်ခဲ့တာ။ သူတို့နှစ်ယောက် စာကြည့်တိုက်ကို အတူတူ သွားကြတယ်။ ပြီးတော့ နောက်တစ်ခေါက်က အပြင်မှာ အတူတူ ရှော့ပင်ထွက်နေကြတာကို မြင်တယ်။ သူတို့ တွဲနေတာဖြစ်မယ်လို့ သမီးခန့်မှန်းမိတယ်။ ဒီနှစ်လည်း အိမ်ပြန်မလာဘူးဆိုတော့ ဒီလိုပဲဖြစ်မှာပါ” ကျိုးဝူနီက ပြုံးလိုက်ပါသည်။

"နောက်ပိုင်းကျရင် ယန်ယန်က ကောင်တီမြို့တော်ကို ပြန်လာပြီး စာသင်မယ်လို့ ပြောထားတာကို” တတိယမရီးက ပြောလိုက်ပါသည်။

"ဒါဆိုလည်း ကောင်မလေးကို ဒီခေါ်လာခဲ့ပေါ့။ သမီးတို့ ကောင်တီမြို့လေးကလည်း မဆိုးလှပါဘူး။ စည်ကားပါတယ်။” ကျိုးဝူနီက ပြောလိုက်ပါသည်။

"ကောင်မလေးကလည်း လာချင်ဦးမှကိုး။” တတိယမရီးက ပြန်ပြောလိုက်သည်။

"ယန်ယန်က ဆိုးမှမဆိုးတာ။ သူမလာချင်လည်း မတတ်နိုင်ဘူးပေါ့။ ယန်ယန်က သူ့ကို တကယ် ဂရုစိုက်တယ် ထင်တယ်။ ဒီနှစ် နှစ်သစ်ကူးတောင် ပြန်မလာဘူး။” ကျိုးဝူနီက ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ပြုံးလိုက်၏။ "အကြီးဆုံးမရီးက မသိသေးဘူးမလား။”

"အကြီးဆုံးဒေါ်လေး မသိသေးဘူး။” ကျိုးဝူနီက ခေါင်းငြိမ့်လိုက်သည်။

"ရှားရှားက သူ့ဆရာရဲ့ သမီးနဲ့ တွဲနေတယ်လို့ ကြားတယ်နော်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

တတိယမရီးက အပြစ်ဆိုလိုကသည်။ "ရှားရှားရဲ့ ကောင်မလေးက အရမ်း စိတ်ဓာတ် မကောင်းဘူး။ အရင်တစ်ခေါက် ဒီကို လာကြတုန်းက သူထိုင်ဖို့ ငါတို့ ခုံပုလေး ပေးတာကို မထိုင်ချင်ဘူး။”

ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်သွားခဲ့ပါသည်။ လင်းချင်းဟယ်က သူ့ဘက်ကိုလှည့်ကာ ပြောလိုက်သည်။ "ကျွန်မ တတိယမရီးနဲ့ စကားပြောလိုက်ဦးမယ်။ ရှင် ပရိဘောဂစက်ရုံကို သွားလိုက်လေ။”

ကျိုးချင်းပိုင်က စက်ဘီးစီးကာ ပရိဘောဂစက်ရုံသို့ ထွက်လာခဲ့ပါသည်။

အစောင့်က အထဲဝင်သွားပြီး ကျိုးရှားကို ခေါ်လိုက်၏။ မကြာမီ သူထွက်လာကာ အနောက်မှာလည်း ကောင်မလေးတစ်ယောက် ပါလာ၏။

"စတုတ္ထဦးလေး” ကျိုးရှား အပျော်လွန်သွားပါသည်။

ကျိုးချင်းပိုင်က သူ့တူကို မြင်သောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ ထို့နောက် သူ့နောက်က ကောင်မလေးထံသို့ အကြည့်ရောက်သွားလေ၏။

"စတုတ္ထ ဦးလေး။ ဒါက ကျွန်တော့် ကောင်မလေး မိန်မိန်လေ” ကျိုးရှားက မိတ်ဆက်ပေးလိုက်ပါသည်။ ထို့နောက် သူ့စတုတ္ထဦးလေးကို မာမိန်မိန်အား မိတ်ဆက်ပေးလိုက်ပါသည်။

သို့သော် မာမိန်မိန်က နှုတ်မဆက်ဘဲ အကြည့်လွှဲလိုက်သည်။

ကျိုးရှား၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု ပေါ်လာသည်။။ ကျိုးချင်းပိုင်က ဘာမှမပြောပါ။ စိတ်ထဲမှာသာ ခေါင်းခါလိုက်မိပါသည်။

"ပြန်နှင့်တော့လေ။ ကိုယ့်စတုတ္ထဦးလေးနဲ့ စကားပြောလိုက်ဦးမယ်။” ကျိုးရှားက ပြောလိုက်ပါသည်။

မာမိန်မိန်က လှည့်ထွက်သွားပါသည်။

"စတုတ္ထဦးလေး မာမိန်မိန်က အဲ့လိုပါပဲ။ သူ့ကို စိတ်မဆိုးပါနဲ့။” ကျိုးရှားက တောင်းပန်လိုက်ပါသည်။

ကျိုးချင်းပိုင်က ဒီကိစ္စကို ဘာမှမပြောပါဘူး။ "ကြိုးစားပါ။ တတ်နိုင်သမျှ အမြန်ဆုံး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားချေ။”

"ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့က မလွယ်ပါဘူးဗျာ။” ကျိုးရှားက သက်ပြင်းချလိုက်ပါသည်။

ကိုယ်ပိုင်သစ်သားပရိဘောဂအလုပ်ရုံတစ်ခု ဖွင့်နိုင်ဖို့က ပိုက်ဆံအများကြီး လိုပါသည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အစွမ်းအစရှိပြီ ဖြစ်သော်လည်း ပိုက်ဆံတော့ မရှိသေးပါ။ သူ့မိသားစု အိမ်သစ်တစ်လုံးဆောက်ဖို့ ပိုက်ဆံလည်း လိုနေပါသေးသည်။

"မလွယ်ပေမယ့် အစီအစဥ်တော့ ချထားရမယ်လေ။ ဒီမှာပဲ တစ်သက်လုံး အလုပ်လုပ်နေလို့မှ မရတာ။” ကျိုးချင်းပိုင်က ပြောလိုက်၏။

"ကျွန်တော် သိပါတယ်။ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။” ကျိုးရှားက ခေါင်းငြိမ့်လိုက်ပါသည်။

ကျိုးချင်းပိုင်က သူနဲ့ စကားခဏပြောပြီး ပြန်လာခဲ့ပါသည်။ သူပြန်လာတာကို မြင်သောအခါ လင်းချင်းဟယ်က ပြောလိုက်၏။ "ဘာလို့ အစောကြီး ပြန်လာခဲ့တာလဲ။ ရှင်တို့ စကားတွေ အများကြီး ပြောစရာလိုမယ်ထင်ထားတာ။”

"သူက အရွယ်ရောက်နေပြီလေ။ သူ့အတွက် စိုးရိမ်ပေးစရာ မလိုတော့ပါဘူး။” ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပါသည်။

"သူ့ကောင်မလေးကိုကော တွေ့ခဲ့သေးလား။" လင်းချင်းဟယ် မေးလိုက်၏။

"အင်း” ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။

လင်းချင်းဟယ် နားလည်သွား၏။ သေချာပေါက် သူမြင်ခဲ့တာကို သဘောမကျခဲ့လောက်ပါ။ လင်းချင်းဟယ်ကတော့ ဘာမှ မခံစားရပေ။ ကျိုးရှားနှင့် ထိုကောင်မလေးတို့၏ ကိစ္စသာဖြစ်ပြီး တခြားသူတွေနဲ့ ဘာမှ မဆိုင်ပါ။ ထို့ကြောင့် ဘာမှလည်း ဆွေးနွေးဖို့ မလိုပေ။

မကျေနပ်စရာရှိပါက ကျိုးရှားက သူမကို တွဲမည်မဟုတ်ပါ။ သူမကလည်း ကျိုးရှားကို တွဲမည် မဟုတ်ပေ။ ကောင်မလေးက ကျိုးရှားကို ကျေနပ်နိုင်လောက်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျိုးရှားက ဒုတိယအစ်ကိုလိုပဲ အေးဆေး တည်ငြိမ်သော စိတ်ထား ရှိသည်။ ကောင်မလေးများက လက်တွဲဖော်ရှာရာတွင် ဒီလိုစိတ်ထားမျိုးရှိသူကိုသာ ရှာတတ်ကြ၏။

ကောင်မလေးက ကျိုးမိသားစုကို အားမရခြင်းသာ ဖြစ်နိုင်သည်ဟု လင်းချင်းဟယ်ခံစားမိပါသည်။

"ရှင့်ကို ဆင်းရဲတဲ့ ဆွေမျိုးလို့ထင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူလိုက်တာလား။” လင်းချင်းဟယ်က မေးလိုက်၏။

"မဟုတ်ပါဘူး။” ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပါသည်။

လင်းချင်းဟယ်ကတော့ သူမ ဒီလို ပြုမူခဲ့မှန်း သိပါသည်။ သူမသာ ရှိနေလျှင် ပြန်တုန့်ပြန်လောက်၏။ သူမ ထိုနေရာမှာ မရှိခဲ့သဖြင့် ဒီတိုင်းသာ ရှိပါစေတော့။ နောက်ပိုင်းတွေ့ဖို့လည်း အခွင့်အရေး နည်းပါးလွန်းပါလိမ့်မည်။

"ကျွန်မ တတိယမောင်လေးလင်းတို့ အိမ်ကို သွားကြရအောင်။ အိမ်ပြန်ဖို့ ပြင်သင့်ပြီ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။ လင်မယားနှစ်ယောက်သား တတိယမောင်လေးလင်းတို့ အိမ်ဘက်သို့ ရောက်လာခဲ့ကြသည်။ တတိယမောင်လေးလင်းကလည်း တတိယယောင်းမလင်းနှင့် အခြားသူများကို အိမ်ပြန်ခေါ်လာခဲ့ပြီးပြီ ဖြစ်ပါသည်။

"အစ်မနဲ့ ခဲအိုတို့ ဒီမှာ ညစာစား၊ ညအိပ်ပြီးမှ မနက်ဖြန်သွားကြ။ အခုအရမ်းနောက်ကျနေပြီ” တတိယယောင်းမလင်းက ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ခေါင်းငြမ့်လိုက်၏။ "ဒါဆို ကျွန်မတို့ မနက်ဖြန်ကျမှ သွားကြတာပေါ့။”

"အစ်မ။ ရှင်ပြန်သွားကတည်းက အဖေက ဆက်တိုက် ပွစိပွစိပြောနေတာ။”

"ဘာလို့ အစ်မကို အဲ့တာတွေ သွားပြောနေတာလဲ” တတိယမောင်လေးလင်းက သူမစကားကို ဖြတ်ပြောလိုက်ပါသည်။

"မပြောလို့မှ မရတာ။ သူက သူ့အမျိုးတွေကို ကျွန်မတို့ မဟုတ်တာလုပ်ထားသလို လိုက်ပြောနေတာ။ ကျွန်မတို့က ပိုက်ဆံတွေလည်း အများကြီး ပို့ပေးတယ်။ အထောက်အပံ့တွေလည်း အတူတူပဲ။ ဒါတောင် မကျေနပ်နိုင်သေးဘူး။ ကျွန်မ ဒါကိုတော့ လျစ်လျူရှုပေးလိုက်မယ်။ ဒါပေမယ့် အဖေ့ကို ဒီမှာလာနေခွင့် မပေးနိုင်ဘူး။” တတိယယောင်းမလင်းက ပြောလိုက်ပါသည်။

All Chapters