← Chapters

တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာခြင်း

Vol. 56 Ch. 777

တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာခြင်း

Vol. 56 Ch. 777

အရပ်ရှည်ရှည် ကြည့်ကောင်းသည့် လူငယ်လေး တစ်ဦးက တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ရောက်ရှိနေပြီး  မျက်စိပသာဓ ဖြစ်စေသည့်အချက်မှာ သူ့နဖူးထက်၌ ထင်ရှားနေသည့်  ကြယ်ပုံသဏ္ဍာန် အမာရွတ် ဖြစ်ပေသည်။

လူငယ်လေးက တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ခြေချလိုက်ရုံမျှ ဖြစ်သော်လည်း သူ့၏ ခမ်းနားကြီးကျယ် တောက်ပြောင်လှသော အရှိန်အဝါတို့က ထွက်ပေါ်လာသည်။

လာရောက်ကြည့်ရှုသူများကြား ဆွေးနွေးသံများ ပွက်လောရိုက်နေကြသည်။

“ သူက  မဟာအင်မော်တယ်ဘုရင် သုံးယောက်ထဲက ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ အဲလိုအရှိန်အဝါနဲ့ ရင်ဆိုင်ရရင် ငါလည်း သေချာပေါက် ရှုံးမှာပဲ ”

“ အာ … မင်းတော့  ဒီလိုအရှိန်အဝါမျိုးနဲ့ စင်မြင့်ပေါ် ခြေအတူတူ ချနိုင်ဖို့ ပြဿနာရှာမှာတောင် စိုးရိမ်မိသား ”

“ ဝူလီက နတ်ဘုရားမျိုးနွယ်စုမှာလည်း အဆင့်အတန်းအတော်မြင့်မားတယ်တဲ့ …. အင်မော်တယ် ဧကရာဇ်တွေတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်။ လူသားမျိုးနွယ်က ဟိုအမျိုးသမီးနာမည်က ဘာပါ့လိမ့် ….. ရှောင်ရှောင်ယုမလား။ ဒီလို လူမျိုးနဲ့မှ သွားရင်ဆိုင်ချင်နေတာ ကိုယ့်သေတွင်းကို တူးနေတာနဲ့ အတူတူပဲကို ”

“ ဘာမှမသိဘဲ မပြောစမ်းပါနဲ့။ ဝူလီက သူမကို အရင်ဦးဆုံး စိမ်ခေါ်တာတဲ့။ ငါ ကြားတာတော့ သူမက သူ့ကို ရန်စမိလို့ဆိုလားပဲ ”

………..…

လူအုပ်ကြားမှာ ဆွေးနွေးသံအမျိုးမျိုး ပျံ့လွှင့်နေပြီး ဖြူဖျော့ဖျော့ မိန်းကလေး တစ်ဦးက တာအို ဆွေးနွေးခြင်း စင်မြင့်ဆီ ရောက်ရှိလာသည်။ သူမကလည်း ထိုခြေလှမ်းမှာ နောက်ဆုံးခြေလှမ်း ဖြစ်သွားနိုင်ကြောင်း သိနေဟန် ပေါ်၏။

စင်အောက်တွင် မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းမလှလေး နောက်တစ်ဦးက ငိုတော့မတတ် ဖြစ်နေသော်လည်း သူမ၏ အစ်မရှောင်ယု သေဆုံးဖို့ သွားနေသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။ သူမ၏ အစ်မရှောင်ယုမှာ အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်မျှသာ ရှိသေးကြောင်း ထည့်ပြောနေစရာ မလိုပေ။ အကယ်၍ သူမက အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်လျှင်ပင် နတ်ဘုရားမျိုးနွယ်၏ ဝူလီနှင့် ရင်ဆိုင်ခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်ပေသည်။

အကယ်၍ မိုဝူကျိသာ ရှိနေလျှင် မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းမလှလေးကို တန်းမှတ်မိပေလိမ့်မည်။ ယခင် သူ့ကိုယ်သူ တာ့ဟွမ်ဟု နာမည်ပေးခဲ့စဉ်က ယန်ယွဲ့ရုန်တို့နှင့် ရင်းနှီးခဲ့သည်။ စင်မြင့်ပေါ်၌ တိုက်ခိုက်နေသူမှာ ရှောင်ရှောင်ယု ဖြစ်ပေသည်။ ရှောင်ရှောင်ယု ပင် ဖြစ်ဖြစ် ယန်ယွဲ့ရုန်ပင် ဖြစ်ဖြစ် မိုဝူကျိက သူတို့အပေါ် အမြင်ကောင်းကောင်း ရှိလေသည်။

အထက်ဘုံမှ ကန့်သတ်ချက်များကို လျော့ချလိုက်သောကြောင့် ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့ပင် ကောင်းကင်ဘုံအလွန် စကြဝဠာသို့ ရောက်ရှိလာကြခြင်း ဖြစ်၏။

သူမ အစ်မရှောင်ယု စင်မြင့်ပေါ် သွားနေသည့်မြင်ကွင်းကို ကြည့်ကာ ယန်ယွဲ့ရုန်က ဆက်လက် အောင့်အီးသည်းမခံနိုင်တော့ဘဲ ပြိုင်ပွဲကို ကြည့်နေသော လူငယ်လေးရှေ့ ဒူးထောက်ကာ

“ အစ်ကိုကြီးကုံးရှု …. အစ်မရှောင်ယုကို ကျေးဇူးပြုပြီး ကယ်ပါဦး။ အစ်မသာ စင်မြင့်ပေါ် တက်သွားရင် သေချာပေါက် သေရလိမ့်မယ် ”

အစပိုင်းတွင် စင်မြင့်ကို ထောင့်တစ်နေရာမှ ကြည့်နေသော အမျိုးသားကို မည်သူကမှ သတိမထားမိကြပေ။ သို့သော် ယန်ယွဲ့ရုန်က သူ့ဆီ ချည်းကပ်လာကာ အကူအညီတောင်းခံသောကြောင့် လူအားလုံး၏ အာရုံက သူ့အပေါ် ရောက်ရှိလာသည်။

လူငယ်လေးက အေးစက်စွာဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်သည် “ သူတို့က တာအိုအချင်းချင်း ယှဉ်ပြိုင်တာ ဘာမှမမှားဘူးလေ။ ငါ့ကို စကြဝဠာအစွန်းရဲ့ စည်းမျည်းဖောက်ဖျက်ပေးဖို့ မျှော်လင့်နေတာလား။ ထွက်သွားစမ်း ”

ယန်ယွဲ့ရုန်က ပို၍ ရှိုက်ကြီးတငင် ငိုကြွေးကာ

“ အစ်ကိုကြီးကုံးရှု … အစ်ကိုကြီးက အထက်ဘုံ တာအိုဧကရာဇ်ရဲ့ တပည့်ပဲလေ။ တစ်ခုခု ပြောပေးဖို့ အာဏာရှိတယ်ဆိုတာ ကျမ သိပါတယ်။ ပြီးတော့ အစ်မရှောင်ယုကို ဝူလီ တွေ့သွားတာကလည်း အစ်ကိုကြီးကြောင့်ပဲလေ ”

“ ထွက်သွားစမ်း ” ယန်ယွဲ့ရုန်၏ စကားများက နားထောင်ဖို့ အဆင်မပြေတော့သောကြောင့် လူငယ်လေးက မဟာယီရှန်းအဆင့်မျှ ရှိသေးသည့် ယန်ယွဲ့ရုန်အား ကန်လွှတ်လိုက်သည်။

အကယ်၍ စကြဝဠာအစွန်း၌ လူတစ်ယောက်ကို  သတ်ဖြတ်၍ မရသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ထိုအမျိုးသမီးကို သတ်ပြီးလောက်လေပြီ။ သူ ကုံးရှုက အထက်ဘုံ၏ တာအိုဧကရာဇ်နှင့် သွေးသားတော်စပ်သော တပည့်တစ်ယောက် ဖြစ်ပေရာ ယန်ယွဲ့ရုန်က သူ့အား အားလုံးရှေ့မှောက်၌ မည်သို့ အရှက်လာခွဲရသနည်း။ ရုတ်ရုတ်သည်းသည်း ဖြစ်သွားသောကြောင့် အားလုံးက သူ့ကြောင့် ရှောင်ရှောင်ယုမှာ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ရောက်ရှိသွားကြောင်း သိလိုက်ကြရသည်။

စကြဝဠာအစွန်းသို့ မျိုးနွယ်ကွဲ ကျင့်ကြံသူများစွာလည်း ရောက်နေကြပြီး ယန်ယွဲ့ရုန်က သူ့ကို အားလုံးရှေ့မှောက်၌ လာတောင်းဆိုလေရာ သူ့မျက်နှာကို ဘယ်နား ထားရမည်နည်း။

ယန်ယွဲ့ရုန်က ရုန်းကန်ရပ်ကာ ကုံးရှုရှန်းဆီ နောက်တစ်ခါ ပြေးဝင်သွားပြန်သည်။ သူမက ထိုသူမှာ အစ်မရှောင်ယု တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် မတက်စေဖို့ရာ တားဆီးနိင်မည့် တစ်ဦးတည်းသော သူ ဖြစ်ကြောင်း သိထားသည်။

ယန်ယွဲ့ရုန်က သူ့ဆီ နောက်တစ်ကြိမ် ပြေးဝင်လာသည်ကို မြင်ပြီး ကုံးရှုရှန်း၏ အမူအယာမှာ ပျက်ယွင်းသွားပြီး ယန်ယွဲ့ရုန်က ဘာမှမပြောနိုင်ခင် အရင်ဦးစွာ အေးစက်စက်ဖြင့် ပြောလိုက်သည်

“ ယန်ယွဲ့ရုန် … အခုကစပြီး မင်းက လူသားမျိုးနွယ်စုဝင် မဟုတ်တော့ဘူး။ မင်းနဲ့ ရှောင်ရှောင်ယုတို့က အအကြောင်းအရင်းမရှိဘဲ ငါတို့လူသားမျိုးနွယ်စုအတွက် ပြဿနာတွေ ဖန်တီးခဲ့တယ်။ ငါက အထက်ဘုံအစား မင်းတို့ကို လူသားမျိုးနွယ်ကနေ ပယ်ထုတ်လိုက်ပြီ ”

ယန်ယွဲ့ရုန်က တစ်ကိုယ်လုံး အေးခဲသွားကာ ကြောင်အမ်းသွားလေ၏။

လူသားမျိုးနွယ်မှ ထုတ်ပယ်ခံလိုက်ရခြင်းမှာ သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းအပြင် အင်မော်တယ် ကျွန်တစ်ဦး ဖြစ်လာမည် ဖြစ်၏။ ကိစ္စများက ပိုမိုဆိုးရွားလာလျှင် စကြဝဠာအစွန်းမှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သူမ ထွက်သွားသည်နှင့် တစ်ယောက်ယောက်မှ ဖမ်းဆီး၍ ပြန်လည် ရောင်းချခံရဦးမည်။

အင်မော်တယ်လောကတွင် ရှိစဉ်က သူမသည် ကျူပင်တောင်အိမ်တော်၏ ဂုဏ်သရေရှိ သခင်မလေး တစ်ဦး ဖြစ်ပေသည်။ သူမ၏ အဖိုးဖြစ်သူ ယန်ထန်းမှာလည်း  သူမတို၊ ရှောင်ရှောင်ယုတို့နှင့်အတူ အင်မော်တယ်လောက၌ လွတ်လွတ်လပ်လပ် သွားလာနေသည့် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။

ဤသို့မျိုး နေရာ၌ သူမကား ဘာမှမဟုတ်ချေ။

တာအိုဆွေးနွေးခြင်း စင်မြင့်၌ ဝူလီနှင့် ရှောင်ရှောင်ယုတို့က အစွန်းနှစ်ဖက်၌ ရပ်နေကြ၏။ ယန်ယွဲ့ရုန်၏ ရဲတင်းမှုကြောင့် အာရုံပြောင်းသွားသည့် လူအုပ်ကြီးမှာလည်း အကြည့်များက စင်မြင့်ပေါ် ပြန်ရောက်သွားကြသည်။

“ မင်းက ရှန်းထျန်းနတ်ဘုရားရဲ့ မီးဓာတ် သဘာဝ ဝိညာဉ်ကြောကို ယူဆောင်လာမှတော့ မင်းကို အရင်ဆုံး တိုက်ခွင့် ပေးရတာပေါ့ ” ဝူလီက မှော်ရတနာကိုပင် ဆွဲမထုတ်ဘဲ ရှောင်ရှောင်ယုကို ခပ်ယဲ့ယဲ့ ကြည့်ကာ ပြောလိုက်သည်။

ရှောင်ရှောင်ယုက ဝူလီအား စိုက်ကြည့်လိုက်ပြီး သူမ ဘေးပတ်လည်မှ စွမ်းအားများမှာ အရိုင်းဆန်စွာ ထွက်ပေါ်လာသည်။

“ တကယ်ကြီး ကိုယ့်ဘာသာ ဖောက်ခွဲနိုင်မယ် ထင်နေတာလား ” ဝူလီက စွမ်းအားစက်ကွင်းကို ထုတ်လွှင့်ပြီးနောက် ရှောင်ရှောင်ယုဆီ ဓားအလင်းတစ်ချက် ပစ်လွှတ်လိုက်သည်။

ကိုယ့်ဘာသာ ဖောက်ခွဲပစ်ဖို့ ကြံရွယ်နေသည့် ရှောင်ရှောင်ယုက ဝူလီထံ ပြေးဝင်သွားရင်း ကြိုးနီအလင်းတန်းများစွာ ပေါ်လာပြီး နေရာတစ်ခုလုံး၌ ပူကျစ်တောက်လာသည်။

ဝူလီက ပြုံးကာ  “ မဆိုးဘူးပဲ … အနည်းဆုံးတော့ မင်းမှာ ရည်ရွယ်ချက် ရှိသား … ဒါပေမဲ့ မင်းက ငါ့ကို မှီဖို အဝေးကြီး လိုနေသေးတယ် ”

“ ဗုန်း ” ရှောင်ရှောင်ယုက မြေပြင်ပေါ် ဗုန်းခနဲ လဲကျသွားကာ အသက်ဓာတ်မရှိတော့သည့် အလောင်းတစ်လောင်း ဖြစ်နေလေပြီ။

လူအုပ်ကြီးကြားမှ သက်ပြင်းချသံများကိုပင် ကြားလိုက်ရလေ၏။ ဝူလီနှင့် ရှောင်ရှောင်ယုတို့က စင်မြင့်ပေါ်၌ ရင်ဆိုင်ခဲ့သော်ငြား သူတို့နှစ်ယောက်မှာ အရည်အသွေး လုံးဝ ကွဲပြားနေလေ၏။ ယခု ဝူလီက ရှောင်ရှောင်ယုအား လှုပ်ရှားကွက် တစ်ကွက်တည်းဖြင့် ဇာတ်သိမ်းလိုက်လေရာ အားလုံးက လုံလုံလောက်လောက် မမြင်လိုက်ရသည့်အလား ခံစားနေရသည်။

အကြောင်းမှာ အားလုံးက ဝူလီ၏ ကောင်းကင်ဘုံ သွေဖယ်နေသော လျို့ဝှက်တိုက်ကွက်ကို မြင်တွေ့လို၍ ဖြစ်ပေသည်။ သူ့လျို့ဝှက်ပညာရပ်ကို မဆိုထားနှင့် သူ့တိုက်ခိုက်ရေး နည်းစနစ်များကို မပြသသည်က နှမြောဖို့ ကောင်းလှသည်။

ဝူလီ ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သော စွမ်းအားများ ထွက်ပေါ်လာကာ သူ့နဖူးအထက်မှ ကြယ်သဏ္ဍာန် အမာရွတ်လေးမှာလည်း အစိမ်းရောင်အလင်းလေး ဖြတ်ပြေးသွား၏။ နောက်အခိုက်အတန့်လေး၌ သူက တာအိုဆွေးနွေးခြင်း စင်မြင့်မှ ဆင်းလာလိုက်သည်။ သူ့စွမ်းရည်မှာ ဝိညာဉ်ကြောများကို ဝါးမျိုရန် အဆင့်တက်ခြင်း ဖြစ်၏။ ယနေ့ သူက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းနိုင်လိမ့်မည်။

တိုက်ပွဲလေးမှာ ခဏလေးမျှဖြင့် ပြီးဆုံးသွား၍ အားလုံးက ထွက်သွားကြသည်။ ယန်ယွဲ့ရုန် တစ်ယောက်တည်းသာ တုန်လှုပ်တကြီးဖြင့် ကျန်ရစ်ခဲ့လေ၏။

ထိုစဉ် လူသားမျိုးနွယ်စုမှ အင်မော်တယ်တချို့က သူမကို မှတ်မိကြသော်လည်း သူမအတွက် ပြောမပေးရဲကြပေ။ အားလုံးက သူမ၏ လက်ရှိအနေအထားကို ကောင်းကောင်း သိကြသည်။ သူမအနေနှင့် အဆုံးသတ်သွားလေပြီ။

သေခြင်းတရားကို ထိုင်စောင့်နေရုံအပြင် စကြဝဠာအစွန်းလို နေရာမျိုး၌ လူသားမျိုးနွယ်စုမှ မောင်းထုတ်ပြီးနောက် ဘာများ လုပ်နိုင်မည်နည်း။

သူမအနေနှင့် သေဆုံးသွားရလျှင် ကံကောင်းသွားဦးမည် ဖြစ်ပြီး ကံဆိုးပါက အင်မော်တယ် ကျွန်တစ်ယောက် ဖြစ်သွားနိုင်သည်။ ထိုအရာမှာ သေခြင်းတရားထက်ပင် ဆိုးရွားသေး၏။

ယန်ယွဲ့ရုန်က တာအိုဆွေးနွေးခြင်း စင်မြင်ကို သန့်ရှင်းရေး လုပ်နေသော အင်မော်တယ်တစ်ယောက်ဆီ လျှောက်လှမ်းသွားလိုက်သည်။

ယန်ယွဲ့ရုန်၏ ရည်ရွယ်ချက်ကို သိသည့်အလား သက်ပြင်းချကာ  “ မင်း မိတ်ဆွေရဲ့ အလောင်းကို မြန်မြန် သယ်သွားလိုက် ”

………....

ဘုန်း …..

စကြဝဠာဘုံနယ်နမိတ်အလွန် ကျတ်တီး‌မြေ၌  ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ မိုဝူကျိက မြေအောက်ထဲမှ ထွက်လာလေ၏။

တံခါးပိတ်ကျင့်ကြံနေသည့် နှစ် ၂၀အတွင်း သူက လျို့ဝှက်တိုက်ကွက်များကို ပြီးပြည့်စုံအောင် လုပ်ခဲ့နိုင်သည်သာမက စိတ်စွမ်းအင်မြှား သုံးစင်းကိုလည်း ဖန်တီးနိုင်ခဲ့သည်။

နှစ် ၂၀ အတွင်း မိုဝူကျိက အံ့အားအသင့်ဆုံးနှင့် ဂုဏ်ယူဆုံးအရာမှာ အစိမ်းရောင်ကျောက် ၂ သန်းနှင့် အင်မော်တယ်ဆေးလုံးများစွာကို သုံး၍ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် တက်လှမ်းနိုင်ခဲ့ခြင်း မဟုတ်သလို သူ့လျို့ဝှက်တိုက်ကွက်အားလုံးကို ပြီးပြည့်စုံခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအရာမှာ သူ့စိတ်စွမ်းအင်မြှားသုံးစင်းသာ ဖြစ်၏။

ထိုမြှာသုံးစင်းမှာ  မိုဝူကျိက ကြယ်တာရာပင်လယ် ကျင့်စဉ်ကို ကိုယ်ပိုင်အဖြစ် ပြန်လည် ပြောင်းလဲထားသည့် ဒုတိယအဆင့်သို့ ရောက်ရှိပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

မြှားအားလုံးမှာ သူစိတ်စွမ်းအားမှ ဖြစ်တည်လာပြီး မြှာတစင်းချင်းစီမှာ ပတ်ဝန်းကျင်မှ သတ်ဖြတ်ငွေ့များနှင့်အတူ တစ်ဖက်လူအား အရိပ်အယောင်မပြဘဲ ပိတ်လှောင်ထားနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ စိတ်စွမ်းအား အမြောက်အများလိုအပ်ပြီး အသိစိတ်ပင်လယ်လည်း အတူတူ လိုအပ်ပေသည်။

ဤသို့ လျို့ဝှက်တိုက်ကွက်မျိုး ပိုင်ဆိုင်ထားသည့် သာမာန်ကျင့်ကြံသူအနေနှင့် ကိုယ့်အသိစိတ်ပင်လယ်ကို ဒုက္ခဖြစ်စေနိုင်သည်။ အကြောင်းမှာ အသိစိတ်ပင်လယ်မှာ ဤကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များနှင့် ဖိအားကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

“သခင်ကြီး ကျတော်တို့ ထွက်သွားကြတော့မှာလား ” ရွိုက်ကောက ဟိတ်ဟန်ကြီးနှင့် အပြေးအလွှား ရောက်လာသည်။ သူက နောက်ထပ် နှစ် ၂၀ ကို ထပ်မကုန်ဆုံးစေချင်တော့ပေ။ လက်ရှိ သူက အဆင့် ၆ အင်မော်တယ် သားရဲ ဖြစ်နေပြီ ဖြစ်ကာ အဆင့် ၇ သို့ တက်လှမ်းရန် တလှမ်းမျှသာ လိုအပ်တော့၏။

ရွိုက်ကောအတွက် ပျက်စီးစွမ်းအားများက ကျင့်ကြံရေး မြန်ဆန်ဖို့ရာ အထောက်အကူ ပြုသော်လည်း ရွိုက်ကောက ဆက်လက်၍ မကျင့်ကြံချင်တော့ပေ။ စွမ်းအားများက မည်မျှကောင်းနေစေကာမူ သူက တူညီသည့် အရာကို နှစ် ၂၀ ကျော် ဝါးမျိုရသည့်အတွက် ငြီးငွေ့လာလေပြီ။

“ သွားသွား  မင်းရဲ့ တိုက်ကွက်တွေကို သွားပြီးတော့ ပြန်သုံးသပ်ကြည့်နေဦး။ ငါ နည်းနည်း ထပ်လိုသေးတယ် …” မိုဝူကျိက သူ့စကားအဆုံးတွင် အစိမ်းရောင်ကျောက်များနှင့် အဆင့်နိမ့် အင်မော်တယ် သွေးကြောကို ပစ်ပေးလိုက်သည်။

ထိုစဉ် သာမာန် အင်မော်တယ်ကျောက်များမှာ သူသာ များများစားစား မသုံးစွဲသရွေ့ သူကျင့်ကြံရေးအပေါ် သိသိသာသာ သက်ရောက်မှု မရှိချေ။ သူ့အတွက် အကျိူးထူးသည့် တစ်ခုတည်းသော အရာမှာ အစိမ်းရောင်ကျောက်များနှင့် အင်မော်တယ်သွေးကြောသာ ဖြစ်၏။

မိုဝူကျိ၏ လက်ရှိအင်အားဖြင့် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်ကိုပင် ဖယ်ရှားရန် ယုံကြည်ချက် ရှိနေပြီ ဖြစ်၏။ ဤသို့ဆိုလျှင်ပင် မိုဝူကျိက အနည်းငယ် ပိုအားကောင်းဖို့ လိုအပ်ကြောင်း ခံစားနေရသည်။ သူက အင်မော်တယ် အုပ်စိုးသူ ထိပ်ဆုံးအဆင့် ရောက်သည်နှင့် ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားဖို့ရာ ရည်ရွယ်ထားပေသည်။

ယခု၌ မိုဝူကျိက မြေအောက်၌ ကျင့်ကြံနေရသည်ကို စိတ်ထဲ မထားပေ။ အကြောင်းမှာ သူ ကျင့်ကြံနေတုန်း မည်သူကမှ မတိုက်ခိုက်ရဲပေ။ သူက ကျတ်တီးနယ်မြေ၌ ကျင့်ကြံနေသည် မဟုတ်ပါလော။

မိုဝူကျိက မြေအောက်၌ ကျင့်ကြံနေစဉ် ရွိုက်ကောက သတိမပြုမိခဲ့သော်လည်း ယခုအခါမှ မိုဝူကျိ ကျင့်ကြံနေပုံကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ပြီး သူ့သခင်ကြီးနှင့်စာလျှင် အစိမ်းရောင်ကျောက် စုပ်ယူနှုန်းမှာ အတော်လေး နောက်ကောက်ကျနေကြောင်း သတိထားမိသွားသည်။

အစိမ်းရောင်ကျောက် တစ်သန်းကျော်နှင့် အင်မော်တယ် သွေးကြောတို့ကြောင့် သူ့ကျင့်ကြံရေး ရေကန်လို ဖြစ်ပေါ်နေသည်။ မိုဝူကျိ၏ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုအောက်၌ ထိုအရာမှာ ဧရာမ ဝဲကတော့ကြီး ဖြစ်ပေါ်လာသည်။ ထိုအင်မော်တယ် စွမ်းအားများက မိုဝူကျိ၏ ချီသွေးကြောများထံ အရှိန်ပြင်းပြင်းဖြင့် စီးဝင်သွားလေ၏။

လက်ရှိ မိုဝူကျိက သူ့လျို့ဝှက်တိုက်ကွက်များကို ထပ်မံဖြည့်စွက်ဖို့ရာ မလိုအပ်တော့သောကြောင့် ကျင့်ကြံရေး၌သာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ ဘေးနားမှ ကြည့်နေသည့် ရွိုက်ကောပင်  မိုဝူကျိ၏ စွမ်းအားများမှာ ဆက်တိုက် တိုးမြင့်လာကြောင်း မြင်တွေ့နေသည်။

နှစ်ဝက်အတွင်း အစိမ်းရောင်ကျောက်များနှင့် အင်မော်တယ် သွေးကြောတို့မှာ ဗလာနတ္တိအဖြစ် ကုန်ခမ်းသွားပြီး မိုဝူကျိက အားရပါးရ ဟစ်ကြွေးလိုက်သည်။ သူက အင်မော်တယ် အုပ်စိုးသူ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

“ ရွိုက်ကော …. ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားကြစို့” မိုဝူကျိက ရယ်မောကာ ပြောလိုက်သည်။ သူက ပျံသန်းရေး ရတနာ ထုတ်ဖို့ရာပင် စိတ်မပါဘဲ ပုဆိန်လှံရှည်ကိုသာ ကိုင်ဆွဲလိုက်သည်။

ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားမည့် သူ့ခရီးစဉ် ရည်ရွယ်ချက်မှာ သူ့အင်အားကို ထုတ်ပြဖို့ ဖြစ်ပြီး ပြောရမည်ဆိုလျှင် ပြဿနာ ရှာဖို့ ဖြစ်သည်။ ယခင် မီဖေးကုန်သွယ်ရေး အဖွဲ့က သူ့အား ကျတ်တီးနယ်မြေထဲ ထွက်ပြေးဖို့ရာ ဖိအားပေးခဲ့သည်။ လူသားဆေးလုံးအိမ်တော်ထဲ၌ သူ့ကိုယ်သူ ဖောက်ခွဲပစ်ဖို့ရာ ဖိအားပေးခဲ့ပြီး ကျတ်တီးနယ်မြေ၌ပင် သူ့အရိပ်အယောင် လာရောက်ရှာဖွေသေး၏။

လက်စားချေခြင်းနှင့် ဒေါသတရားတို့ကို သူ ကောင်းကင်ဘုံအလွန် စကြဝဠာကို ရောက်သည့်အခါမှ ဖြည်းဖြည်းချင်း ရှင်းရမည်။ ထိုကြောင့် သူ့မောက်မာမှုကို ပြသရန် လခြမ်းကွေး ပုဆိန်လှံရှည်နှင့် ပျံသန်းသွားဖို့ရာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ သခင်ကြီး …. ကျတော်တို့တွေ ကောင်းကင်ဘုံအလွန်မြို့လေးကို အရင်သွားသင့်တယ်လို့ ထင်တယ် ” ရွိုက်ကောက လခြမ်းကွေး ပုဆိန်လှံရှည်ပေါ်၌ ရပ်နားကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ အကြောင်းမှာ သူက ဟိတ်ကြီးဟန်ကြီးနှင့် ပြဿနာ ရှာရသည်ကို နှစ်သက်၍ ဖြစ်ပေသည်။ ဤနှစ်များ၌ ဘာကိုမှ မလုပ်နိုင်ဘဲ ထာဝရ ကမ္ဘာလေးထဲ၌သာ တောက်လျောက်နေနေခဲ့ရသည်။

ရွိုက်ကောက အစိမ်းရောင်ကျောက်များ၏ အကျိုးအမြတ်ကို ကောင်းကောင်းကြီး သိပေသည်။ မိုဝူကျိ ထောက်ပံ့ပေးသော အစိမ်းရောင်ကျောက်များကြောင့်သာ မဟုတ်လျှင် အင်မော်တယ်ဆေးလုံးများနှင့် ပျက်စီးစွမ်းအားများကို စုပ်ယူရုံမျှဖြင့် နှစ် ၂၀ အတွင်း အဆင့် ၆  အင်မော်တယ် သားရဲအဖြစ် ရောက်ရှိနိုင်မည် မဟုတ်ပေ။

***

All Chapters