← Chapters

အခန်း(၅၄၆) အကြီးဆုံး မြေးချွေးမ

Vol. 39 Ch. 546

အခန်း(၅၄၆) အကြီးဆုံး မြေးချွေးမ

Vol. 39 Ch. 546

အခန်း(၅၄၆) အကြီးဆုံး မြေးချွေးမ

ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့က သူတို့ အစ်ကိုကြီးကို ဒီနေ့ည တိုးတက်မှုရှိသလား အတင်းအကျပ် မေးနေလေသည်။ သို့သော်လည်း သူတို့အစ်ကိုကြီးကို အနိုင်မယူနိုင်သဖြင့် ဘာအဖြေမှ မရခဲ့ပါ။

လင်းချင်းဟယ်က ရေနွေးတစ်ခွက်လာထည့်ပြီး ကျိုးချင်းပိုင် မျက်နှာသစ်ဖို့အတွက် ယူသွားပေးလိုက်ပါသည်။

"မိန်းမ ကိုတို့တွေ ဆိုင်တွေနဲ့ စက်ရုံတွေ ထပ်ဝယ်ပြီး သိမ်းထားရင် မကောင်းဘူးလား။"

သူ့မိန်းမက လာပြုစုသောအခါ ကျိုးချင်းပိုင်က မျက်လုံးကို ဖွင့်ကြည့်လိုက်ပါသည်။

"စက်ရုံတွေကောလား။ စက်ရုံတွေက စျေးမနည်းဘူးနော်။” လင်းချင်းဟယ်က ကြက်သေသေသွားပြီး ရွှင်လန်းစွာ ပြန်ဖြေလိုက်ပါသည်။

"ယွမ် သိန်းကျော်ကျော်လောက်ဆို ရပါတယ်။" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"ယုံကြည်ချက်တွေ ပြည့်ဝနေတဲ့ လေသံနဲ့ပါလား။" လင်းချင်းဟယ်က ရွှင်ပျစွာ ငေါက်လိုက်ပါသည်။

ကျိုးချင်းပိုင်က ပြုံးရယ်လိုက်၏။ သူ့မိန်းမ ရေသွားသွန်ပြီး ပြန်ဝင်လာသောအခါ သူ့မိန်းမကို ဖက်ရင်း အိပ်ယာဝင်ခဲ့တော့သည်။

လင်းချင်းဟယ်က သူ့ကိုနားပူအောင် မလုပ်တော့ပါ။ ဒီတစ်ခေါက် သူထပ်ဝယ်နိုင်ရင် သေချာပေါက် သူမ တားဆီးမည်မဟုတ်ပေ။ ပိုပြီးပိုင်ဆိုင်ထားလေလေ ပိုကောင်းလေလေ ဖြစ်သည်။

နှစ်သစ်ကူးညတွင် လင်မယားနှစ်ယောက် အိပ်ယာ စောစော ဝင်ခဲ့ပါသည်။

နောက်တစ်နေ့မနက် နှစ်သစ်နေ့ရက်သို့ ရောက်သွားပြီ ဖြစ်ပြီး စီးပွားရေး ပြန်လည် ပြုပြင်ပြောင်းလဲခြင်းကာလ ၁၉၈၅ ခုနှစ် ရောက်ပြီဖြစ်သည်။

နှစ်သစ် ပုံစံသစ်နှင့်။

မိသားစုလိုက် မနက်စာ စားခဲ့ကြပြီး တီဗီကြည့်ခဲ့ကြသည်။ နှစ်သစ် ဂါဝရပြုဖို့အတွက် ရောက်လာကြမည့် ဧည့်သည်များကို စောင့်နေကြပါသည်။

ဟိုဘက်အိမ်က မာချန်းမင်က ဟွမ်ရှောင်းလျို့နှင့် မာရှောင်းထန်တို့ကို ခေါ်လာခဲ့သည်။ လင်းချင်းဟယ်ကလည်း ဒေါ်လေးမာကို သွားဖိတ်ကြားခဲ့၏။

ဒေါ်လေးမာအတွက် မြေပဲများ၊ သကြားလုံးများကို ယူပေးလိုက်ပြီး ပြောလိုက်သည်။ "နှစ်သစ်ရောက်ပြီလေ။ ဒေါ်လေး အိမ်အလည်လာပြီး စကားလေးဘာလေးပြောဦးမှပေါ့။"

"နင်လာမဖိတ်ရင်တောင် ငါလာမှာပါအေ။" ဒေါ်လေးမာက ပြုံးရယ်လိုက်ပါသည်။ ခုလေးတင် သူမ ဒယ်အိုးများ ဆေးနေခဲ့သည်။

"ဒီနှစ် ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်က စီးပွားရေး ကောင်းတယ်။ ကျွန်မမြင်သလောက်တော့ ရှင် ကိတ်မုန့်ခြင်း အပိုတစ်ခြင်းလောက် လုပ်ပြီး နောက်နှစ်ကျရင် ပို့ပေးပေါ့။ ဘယ်လို သဘောရလဲ။" လင်းချင်းဟယ်က ဟွမ်ရှောင်းလျို့ကို ရွှင်ပျစွာ ပြောလိုက်ပါသည်။

ဟွမ်ရှောင်းလျို့၏ သားက မငယ်တော့သော်လည်း သူမက ရှက်နေဆဲဖြစ်ပါသည်။ "ကောင်းပါပြီ။ နောက်နှစ်ကျရင် တစ်ခြင်းအပို လုပ်ပေးမယ်နော်။"

"စျေးကိုလည်း တင်ရမယ်။ တန်ဖိုးအတိအကျကိုတော့ ဆိုင်ဖွင့်တဲ့အချိန်အထိ စောင့်ပြီး သတ်မှတ်ကြတာပေါ့။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

အလုပ်လုပ်စရာ တစ်ခုခု ရှိထားသဖြင့် ဟွမ်ရှောင်းလျို့က ပို၍ တက်ကြွနေခဲ့ပါသည်။ သူမ စကားနည်းနေဆဲဖြစ်သော်လည်း အရင်လို ထိုင်းမှိုင်းမနေတော့ပေ။

ဟွမ်ရှောင်းလျို့က ပြုံးကာ ခေါင်းငြိမ့်လိုက်ပါသည်။

"ဒီနှစ် ရှင်အိမ်ပြန်ချင်လား။ ပြန်ချင်ရင် ချန်းမင်ကို ပိတ်ရက် တိုးပေးမယ်။” လင်းချင်းဟယ်က မာချန်းမင်ကို ပြောလိုက်ပါသည်။

ဟွမ်ရှောင်းလျို့၏ မျက်လုံးများ ဝိုင်းစက်သွား၏။ တကယ်တော့ မာချန်းမင်က မပြန်ချင်ပါ။ ကျေးရွာဘက်က အခြေအနေများက တကယ် အကန့်အသတ်ရှိလွန်းပါသည်။ ဘာမှ လုပ်စရာကို မရှိပါ။ သို့သော် သူ့မိန်းမ၏ သိသာထင်ရှားသော ပြန်ချင်စိတ်ကို မြင်သောအခါ သူခေါင်းငြိမ့်လိုက်ပါသည်။ တစ်နှစ်မှ တစ်ခါတည်းဟု သဘောထားလိုက်ပါသည်။ "ဒါဆို ကျွန်တော် ၃ ရက်လောက် ခွင့်ပိုယူမယ်နော်။"

"ဟုတ်ပါပြီ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

"ကျေးဇူးတင်ပါတယ် ဆရာမလင်း" ဟွမ်ရှောင်းလျို့ ပျော်ရွှင်သွားပါသည်။

"ဘာကျေးဇူးတင်စရာလိုလို့လဲ။ ဒီမှာ မာချန်းမင်က အားလုံးစောင့်ကြည့်ပေးထားတော့ ကျွန်မ စိတ်အေးရတယ်။ သြော် ဟုတ်သားပဲ ဒီနှစ်ထဲ အားလုံး လစာတိုးမယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"အခုလည်း မနည်းပါဘူး။" ဒေါ်လေးမာက တွန့်ဆုတ်နေ၏။

"ဒီနှစ်ထဲ ကုန်စျေးနှုန်းတွေကော အားလုံး အများကြီး တက်တော့မှာ။ လစာတွေကိုလည်း သေချာပေါက် တိုးပေးရမှာပေါ့။ အားလုံးကို ဆိုးဆိုးရွားရွား ဆက်ဆံလို့ မဖြစ်ဘူးလေ။ အားလုံးကို ယွမ် ၇၀ အထိ တိုးပေးမယ်။” လင်းချင်းဟယ်က ပြောလိုက်၏။

"အဲ့လောက်တောင်လား။" ဒေါ်လေးမာ အံ့သြသွားသည်။ "ဒါဆို ဝန်ထုပ်ဝန်ပိုးက မသေးဘူးပဲ။"

ကုန်စျေးနှုန်းများ မြင့်တက်လာတာ မှန်သော်လည်း ယွမ် ၇၀ ကတော့ များလွန်းပါသည်။

"ကျွန်မ မဆုံးဖြတ်ခင် သေသေချာချာ စဥ်းစားပြီးပါပြီ" လင်ချင််းဟယ်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။ ထို့နောက် မာချန်းမင်ကို ပြောလိုက်၏။ "ချန်းမင် ရှင်က မန်နေဂျာ ဆိုတော့ သူတို့ထက် ၁၀ ယွမ် မြင့်တယ်။ အဲ့တော့ ယွမ် ၈၀ ပေါ့။ ရှင် ရက်တော်တော်များများ ပင်ပန်းခဲ့ရတာပဲ။"

"ကျွန်တော့် တာဝန်ပဲလေဗျာ။" မာချန်းမင်က အတည်ပေါက် ပြောလိုက်ပါသည်။

"အဖေ လစာတိုးသွားပြီဆိုတော့ သားကို ဘောလုံးတစ်လုံး ဝယ်ပေးရမယ်နော်။" မာရှောင်းထန်က တောင်းဆိုလိုက်ပါသည်။

"အမေ ဝယ်ပေးမှာပေါ့။" ဟွမ်ရှောင်းလျို့က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။ သူမလည်း သူမပိုက်ဆံသူမ ရှာနိုင်သည်။

"ဟုတ်ကဲ့" မာရှောင်းထန်က ဘောလုံးရရင် ကျေနပ်ပါပြီ။

မကြာမီ ဦးလေးမာလည်း ရောက်လာ၏။ ကျိုးချင်းပိုင်က သူ့ကို လက်ဖက်ရည်ငှဲ့ပေးကာ ပြောလိုက်သည်။ "ဦးလေး လက်ဖက်ရည် သောက်ပါဦး။"

ဦးလေးမာကို ယူလာပေးလိုက်သည်။ ဦးလေးမာက ပြုံးကာ ပြောလိုက်၏။ "လက်ဖက်ရည်က အရသာရှိလိုက်တာ။"

"ကျွန်မ အရင်တစ်ခေါက်က အများကြီး ဝယ်ခဲ့တာလေ။ ပြီးရင် တစ်ကျင်းလောက် ပြန်ယူသွားဦး။ အသက်ကြီးလာရင် လက်ဖက်ရည် သောက်တာ ကောင်းတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။ "ကျွန်မရဲ့ ဦးလေးဝမ်နဲ့ ယောက္ခမတို့က အရမ်းကြိုက်ကြတယ်။"

ဦးလေးမာက ပြုံးလိုက်ပါသည်။ "အရင်တစ်ခေါက်က ယူသွားတာတွေတောင် ကျန်သေးတယ်။"

"လက်ဖက်ခြောက်တွေက သက်တမ်းကြာကြာ ခံပါတယ်။ နောက်သောက်ဖို့ သိမ်းထားပေါ့။" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

မာမိသားစု အကြာကြီး စကားပြောခဲ့ကြသည်။ ခဏကြာသောအခါ တခြားဧည့်သည်များလည်း ရောက်လာခဲ့ကြ၏။ တခြားဧည့်သည်များထိုင်ရန်အတွက် မာချန်းမင်တို့ ပြန်သွားကြပါသည်။

အဘွားရှုနှင့် လီယုဖန်တို့ အတူတူလာခဲ့ကြသည်။ သူတိုနဲ့အတူ လီယုဖန်၏ ယောက်ျားလည်း ပါလာ၏။ ချန်းရှန်ရှန်၏ အဖေ ဖြစ်ပါသည်။

သူတို့က ဆွေမျိုးများ ဖြစ်လာကြတော့မည် ဖြစ်သဖြင့် သူတို့ လာလည်ကြခြင်း ဖြစ်ပါသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကလည်း ဧည့်ခံလိုက်သည်။

ကျိုးခိုင်က အကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူလည်း ဧည့်ခံရ၏။ ဘာပဲဖြစ်ဖြစ် သူပြန်လာရဖို့က ရှားပါးသည်။ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ မာမိသားစု ထွက်သွားတာနဲ့ အပြင်ခိုးထွက်သွားကြပါသည်။

တစ်ယောက်ပြီးတစ်ယောက် ဧည့်သည်များစွာ ရောက်လာခဲ့ကြသည်။

ကျိုးခိုင် ဧည့်သည်များကို လိုက်ပို့စဥ် ရှုရှန့်ချမ်းနှင့် ကျန်းမေ့လျန်တို့ကို မြင်လိုက်ရပါသည်။ သူ့အကြောင့်က မတွေ့ရတာကြာပြီဖြစသ်ော ရှုရှန့်ချမ်းဆီသို့ ရောက်သွား၏။

ရှုရှန့်ချမ်း အနည်းငယ် သိမ်ငယ်သလို ခံစားရပါသည်။ ဒီဝမ်းကွဲအစ်ကိုကြီး၏ အရှိန်အဝါက အားကောင်းလွန်း၏။

သူတို့ နှုတ်ဆက်ဖို့ ပြင်လိုက်စဥ်မှာပဲ ကျိုးခိုင်က အထဲပြန်လှည့်ဝင်သွားခဲ့ပါသည်။

"အထဲဝင်လေ" ကျန်းမေ့လျန်က သူ့ကို ဆွဲခေါ်လာခဲ့သည်။

ခုတလော သူတို့အထည်ဆိုင် ဝင်ငွေကောင်းနေပါသည်။ ဒီနှစ် ပထမနှစ်ဝက်မှာတင် ယွမ် ၂,၀၀၀ နီးပါး ဝင်ခဲ့သည်။ ဘယ်လောက်တောင် များလိုက်သလဲ။

ကျိုးမိသားစု၏ မျက်နှာကို ပြန်လှည့်ကြည့်ဖို့ပင် မလိုတော့ပါ။

ရှုရှန့်ချမ်းက ကျန်းမိသားစုအိမ်သို့ လာလည်သည့်အကြောင်းသာ သိသွားလျှင် သူမိဘတွေ ဒေါသဖြစ်မည်ကို ကျိုးခိုင် သိပါသည်။ ထို့ကြောင့် ဘာမှ မပြောခဲ့ပါ။

အိမ်တွင် ဧည့်သည်များကို ဧည့်ခံရင်း မွန့်တည့်ချိန် ရောက်လာခဲ့ပါသည်။ လာလည်သည့် လူအများစုလည်း ပြန်သွားကြလောက်ပါပြီ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နေ့လည်စာစားပြီး အနားယူလိုက်ကြပါသည်။

မတတ်နိုင်ပါ။ သူတို့အသက်က ပိုပိုပြီး ကြီးလာခဲ့ပြီဖြစ်ပြီး ဒီနေ့မနက်လည်း အစောကြီး အိပ်ရာထရသေးသည်။ ဧည့်သည်များကို တစ်မနက်လုံး ဧည့်ခံပြီးသွားသောအခါ နေ့လည်ခင်းမှာ အနားယူတာ ပုံမှန်ပဲမဟုတ်လား။

ကျိုးခိုင်ကတော့ တံခါးပိတ်ပြီး နှစ်သစ်ကူး ဂါဝရပြုဖို့ သူ့အဘိုးအဘွားများ၏ အိမ်သို့ သွားခဲ့ပါသည်။

"ဒီနေ့ည ဒီမှာ စားရမယ်နော်။ နင့်မိဘတွေကိုလည်း ခေါ်လိုက်ပါလား။" အမေကျိုးက တိုက်တွန်းသည်။

အဘိုးဝမ်လည်း ရှိနေ၏။ အဖေကျိုးနဲ့ စစ်တုရင် ကစားနေပါသည်။

ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ။ ညနေကျရင် ဒီမှာလာစားဖို့ အဖေနဲ့ အမေ့ကို ပြောလိုက်ပါ့မယ်။"

"မနေ့က မိသားစုညစာစားပွဲအတွက် နင့်ယောက္ခမလောင်းတို့ မိသားစု လာတယ်လို့ လောင်အာ့ ပြောတာ ကြားတယ်နော်။" ကျိုးရှောင်မိန်က စလိုက်ပါသည်။

အမေကျိုးက ချက်ချင်း ပြောလိုက်၏။ "အဲ့ကောင်မလေးရဲ့ အခြေအနေက တော်တော်လေး ကောင်းတယ်လို့ လောင်အာ့က ပြောတယ်။ သူက ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူနာပြုတစ်ယောက်လည်း ဟုတ်တယ်။ သူ့မိဘတွေနဲ့ အစ်ကိုတွေလည်း အကုန်လုံး အလုပ်နဲ့အကိုင်နဲ့ဆို။ သူ့မိဘနဲ့ နင့်မိဘတွေ အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေတွေဆို ဟုတ်လား။"

သူမ၏ မြေးချွေးမအကြောင်း ပြောသောအခါ အမေကျိုးက အားအင်များ တက်ကြွနေပါသည်။ ခုနကတော့ အိပ်ထားသဖြင့် အနည်းငယ် ရီဝေနေခဲ့၏။

ကျိုးခိုင်က ရယ်ရခက် ငိုရခက်ဖြစ်သွားပါသည်။ သို့သော်လည်း သူ့ခေါင်းကိုင်အဘိုးနှင့် အဘိုးတို့ပါ လှမ်းကြည့်နေသည်ကို မြင်သဖြင့် သူချောင်းဆိုးလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "မေ့ကျားက တော်ပါတယ်။"

"ဒါဆို သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ သူက ဒီလောက်ထိ အခြေအနေ ကောင်းတော့ သူ့ကို လိုက်နေတဲ့လူတွေ အများကြီးရှိမှာပဲ။ သူနာပြုဆိုတာ ဘယ်လောက် ကောင်းလိုက်တဲ့ အလုပ်လဲ။ ထက်မြက်တဲ့ မိန်းကလေးတွေပဲ ဒီပညာကို လေ့လာနိုင်မှာ။ နတ်သမီးလေးပဲ။”

ထိုအကြောင်းကို ကြားသောအခါ အမေကျိုးက အမြန်ပြောလိုက်ပါသည်။

All Chapters