← Chapters

အခန်း(၅၄၇) အခြေနေကောင်းရင် စံနှုန်း မြင့်တယ်

Vol. 39 Ch. 547

အခန်း(၅၄၇) အခြေနေကောင်းရင် စံနှုန်း မြင့်တယ်

Vol. 39 Ch. 547

အခန်း(၅၄၇) အခြေနေကောင်းရင် စံနှုန်း မြင့်တယ်

"ဆေးဝန်ထမ်းတွေ အကုန်လုံးက နတ်သမီး မဟုတ်ပါဘူး။ အရင်တစ်ခေါက်က သမီး ယာယာ့ကို ခေါ်သွားတာ။ အဲ့မှာ အရမ်းစိတ်မရှည်တဲ့ သူနာပြုတစ်ယောက်ရှိတယ်။ သူက စကားလေး နည်းနည်းပြောလိုက်တာနဲ့ စိတ်က မရှည်တော့ဘူး။” ကျိုးရှောင်မိန်က ဝေဖန်လိုက်ပါသည်။

အမေကျိုးက ပြန်ပြောလိုက်၏။ "လောင်တ သဘောကျတဲ့ ကောင်မလေးကတော့ သေချာပေါက် ကောင်းမှာပါ။"

"ဟုတ်တယ်။ အဲ့လိုမဟုတ်ရင် စတုတ္ထယောက်မက သဘောတူမှာမဟုတ်ဘူး။ အခု အခြေအနေ ဘယ်လောက်ထိ တိုးတက်နေပြီလဲ။ နင့်အဘိုးအဘွားတွေကို တွေ့ပေးဖို့ ခေါ်မလာသေးဘူးလား။" ကျိုးရှောင်မိန်က အစပျိုးပေးလိုက်သည်။

"ပြီးတော့ နင့်ခေါင်းကိုင် အဘိုးကိုလည်း တွေ့ပေးလိုက်ဦး။" အမေကျိုးက ထပ်ပြောလိုက်၏။

"အဟွတ်အဟွတ် ကျွန်တော့်အမေက ၃ ရက်နေ့မှာ ဝက်ကလီစာနဲ့ ကြက်သားဟင်းချက်ပြီး သူ့ကို လာစားဖို့ ဖိတ်ထားတယ်။ အဲ့နေ့ကျရင် ကျွန်တော်သူ့ကို ခေါ်လာပေးပါ့မယ်။" သူ့အဘိုးအဘွားများနှင့် ခေါင်းကိုင်အဘိုးတို့ ဘယ်လောက်တောင် စိတ်ဝင်စားနေသလဲ မြင်ကာ ပြောလိုက်ပါသည်။

ယခု ဝိန်မေ့ကျားနဲ့ သူတို့က တိုးတိုးတိတ်တိတ် စေ့စပ်ထားပြီးသွားပြီ ဖြစ်သဖြင့် သူတို့နဲ့ တွေ့ပေးသင့်ပါသည်။ မေ့ကျားတို့ ဘက်က အမျိုးတွေနဲ့လည်း လိုက်တွေ့ဖို့ လိုသည်။ ဒီလိုမှ သူ့အမျိုးတွေက မေ့ကျားကို တခြားတစ်ယောက်ယောက်နဲ့ အောင်သွယ်မပေးနိုင်မှာ ဖြစ်သည်။

သူက ထိုကိစ္စများကို သိထားပါသည်။ ဝိန်ကော်လျန့်က သူ့ကိုပြောပြထား၏။ အမေဝိန်က အကုန်လုံးကို ငြင်းခဲ့သော်လည်း သူ့သဘောထားကိုတော့ ပြရလိမ့်မည်မဟုတ်လား။

ကျိုးရှောင်မိန်က ရွှင်ပျစွာ ပြောလိုက်ပါသည်။ "အဲ့ဒီ ဝက်ကလီစာနဲ့ ကြက်သားဟင်းက စတုတ္ထယောက်မရဲ့ အထူးဟင်းလျာတွေပဲ။ နင်များများစားမှဖြစ်မယ်။ စတုတ္ထယောက်မက နင်ပြန်လာမှ လုပ်ပေးတာနော်။"

"ကျွန်တော် ဟိုမှာ ငတ်နေတယ်ထင်ပြီး အာဟာရရှိအောင် ချက်ကျွေးဖို့ အမျိုးမျိုးကို စဥ်းစားနေတော့တာပဲ။" ကျိုးခိုင်က ပြုံးရယ်လိုက်ပါသည်။

သူတို့အားလုံး စကားပြောနေခဲ့ကြပြီး ခေတ္တ ကြာသောအခါ အပြင်ဘက်မှ အသံတစ်ခု ထွက်လာခဲ့ပါသည်။ ရှုရှန့်ချမ်း၏ အသံဖြစ်၏။

ခုနက ပျော်စရာကောင်းသော မြင်ကွင်း ပျောက်သွားရသည်။

အမေကျိုး၏ မျက်နှာ ချက်ချင်းပျက်သွားပြီး ပြောလိုက်သည်။ "သူ ဘာလို့ ဒီရောက်လာတာလဲ။ သူများ ပျော်နေတာကို လာဖျက်တာလား။"

"ကျွန်တော် သွားကြည့်လိုက်ပါ့မယ်" ကျိုးခိုင်က ပြောလိုက်သည်။

သူထွက်လာခဲ့၏။ ရှုရှန့်ချမ်းက ကျိုးခိုင်ရှေ့တွင် တော်တော်လေး သိမ်ငယ်သလို ခံစားရသည်။ သူ့ကိုတွေ့သောအခါ မဟုတ်တာတော့ မပြောပါ။ "အဘိုးနဲ့ အဘွားတို့က ကျွန်တော့်ကို မတွေ့ချင်ကြတာ ကျွန်တော်သိပါတယ်။ အဲ့တာကြောင့် မဝင်တော့ဘူး။ ဒါ သူတို့အတွက် ကျွန်တော်ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်တွေပါ။”

သူ တကယ် မလာချင်ပါဘူး။ တကယ်တော့ ကျန်းမိသားစုအိမ်သို့ ကျန်းမေ့လျန်နောက် လိုက်လာခဲ့ရခြင်းကလည်း ကျန်းမေ့လျန်က တွန်းအားပေးသောကြောင့် ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ဟိုဘက်အိမ်လေးတင်ဖြစ်သဖြင့် သူတို့ မဆုံဘဲ နေပါ့မလား။

ဒီကိုလည်း သူ မလာချင်ပါ။ သို့သော် သူ့အစ်မက အတင်းသွားခိုင်းခဲ့သည်။ သူ သွားမလည်လျှင် အထည်ထောက်ပံ့မှုတွေ ရပ်တန့်သွားရင် ဘယ်လိုလုပ်မလဲဟု ပြောခဲ့၏။

တကယ်တော့ ရှုရှန့်ချမ်းက တခြား အထည် စက်ရုံများကို သွားရှာကြည့်ပြီးပါပြီ။ သို့သော် ထိုစက်ရုံများမှ အထည်အရည်အသွေးက သာမန်သာဖြစ်ပြီး စတိုင်များကလည်း မကောင်းပါ။ ထို့ကြောင့် ဝမ်ယွမ်ထံမှသာ အထည်များကို ဆက်ယူနေနိုင်ပါသည်။

အထည်ဆိုင်က အတော်လေး ဝင်ငွေကောင်းပါသည်။ ဖွင့်ထားတာ ဘယ်လောက်ကြာနေပြီလဲ။ သူတို့ ယွမ် ၂,၀၀၀ ကျော်တောင် ရခဲ့ပြီးပါပြီ။ ယခင်စုထားသည့် ငွေများဖြင့် ပေါင်းလိုက်သောအခါ သူနဲ့ ကျန်းမေ့လျန်တို့မှာ ယွမ် ၃,၀၀၀ ကျော်ရှိနေပါပြီ။ တော်တော်လေး များပါသည်။

ထို့ကြောင့် သူ မသွားချင်ရင်တောင် လက်ဆောင်တော့ လာပို့ပေးခဲ့ရပါသည်။

ရှုရှန့်ချမ်းက ခေါင်းငြိမ့်ကာ ပြန်သွားပါသည်။ ကျိုးခိုင်က လက်ဆောင်များကို အထဲယူလာပြီး ပြောလိုက်၏။ "ရှန့်ချန်း ပေးတာ"

"သူ့ပေးတာကို ဘယ်သူက လိုချင်လို့လဲ။ ဒီလောက်ထိ ရွံစရာကောင်းတဲ့ဟာကို လက်ထပ်ထားတာ ဒီဘဝမှာ ဒီကောင် အေးအေးချမ်းချမ်းဘဝနဲ့ နေရမှာမဟုတ်တော့ဘူး။" အမေကျိုးက ငေါက်လိုက်ပါသည်။

"နှစ်သစ်ကြီးကို အမေရယ် သူပေးချင်လည်း ပေးပါစေပေါ့။ ဘာမှ သိပ်မပြောပါနဲ့။" ကျိုးရှောင်မိန်က ချော့လိုက်ပါသည်။

အမေကျိုးက ပြောလိုက်သည်။ "သူ့အကြောင်း ပြောမနေနဲ့တော့။ ပျော်စရာကို ထိခိုက်တယ်။ လောင်တ။ ကောင်မလေးကို ဒီခေါ်လာခဲ့။ ဒီမှာ ညစာ အတူတူစားကြမယ်။”

"သူက ဟင်းမချက်တတ်ဘူးနော်။ အဲ့တာကြောင့် သူ့ကို သဘောမကျဘဲ မနေနဲ့ဦး။" ကျိုးခိုင်က ပြောလိုက်ပါသည်။

"ဟင်းမချက်တတ်ရင် ချက်တတ်အောင် သင်ပေါ့။ မဟုတ်ရင် ဘယ်လိုလုပ်ကြမလဲ။" အမေကျိုးက ထိတ်လန့်သွားပြီး ပြောလိုက်ပါသည်။

"ပြဿနာ မရှိပါဘူး။ လောင်တ ချက်တတ်တာပဲ။ ပြီးတော့လည်း သူ့မှာ အလုပ်ရှိပြီး အလုပ်များနေမှာ။ လမ်းမှာ ဟင်းချက်စရာတွေဝယ်ပြီး ဘယ်လိုလုပ်ပြီး ဟင်းချက်ချိန် ရှိမှာလဲ။" ကျိုးရှောင်မိန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

သူမ ကောင်တီမြို့တွင် နေခဲ့စဥ်က သူမတွင် အလုပ်ရှိနေဆဲဖြစ်သည်။ သူမနဲ့ စုတာ့လင်းတို့အကြား ဟင်းချက်တာက စုတာ့လင်းသာ ဖြစ်သည်။ သူမ အလုပ်ကပြန်လာလျှင် အလွန် ပင်ပန်းသဖြင့် ဘာမှမလုပ်ချင်ဘဲ စားသာ စားချင်ပါသည်။

"ဒါပေမယ့် လောင်တကလည်း အလုပ်များမှာလေ။" အမေကျိုးက ပြောလိုက်ပါသည်။

"ကျွန်တော်တို့နားက စားသောက်ဆိုင်ရဲ့ အစားအစာတွေက ကောင်းပါတယ်။ ဟင်းလျာတွေကလည်း အပတ်တိုင်း ပြောင်းတယ်။ အချိန်ရရင်လည်း ကိုယ့်ဖာသာကိုယ် ချက်တာပေါ့။" ကျိုးခိုင်က ပြောလိုက်ပါသည်။

အမေကျိုးက ပြောလိုက်၏။ "စားသောက်ဆိုင်မှာ အမြဲစားနေလို့ ဘယ်ဖြစ်မလဲ။ ကိုယ့်မီးဖိုချောင်ထဲလည်း ကိုယ်ဝင်မှပေါ့။ ဒါမှ ကိုယ်စားချင်တာ စားရမှာလေ။"

"အချိန်မအားဘူးလို့ ပြောနေတယ်လေ အမေရဲ့။ သူတို့အလုပ်သွားရမယ်လေ။ အမေ သူ့ကို ဘာလုပ်စေချင်လို့လဲ။ လူပြောင်းစေချင်လို့လား။" ကျိုးရှောင်မိန်က စိတ်မရှည်တော့ပါ။

"ဘာကို ပြောင်းမှာလဲ။ သူ့အခြေအနေက ကောင်းနေတာပဲ။" အမေကျိုးက သူမကို ပြန်ကြည့်လိုက်၏။

"နင့်အဘွားပြောတာကို နားထောင်မနေနဲ့။ အသက်ကြီးလာတော့ ပွစိပွစိလုပ်နေပြီ။ နင့်ဘဝကိုနင် ကောင်းကောင်းမွန်မွန်နေဖို့ပဲ လိုတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

အမေကျိုးက သူမကို ခပ်စူးစူး ကြည့်လိုက်သော်လည်း ဘာမှ မပြောတော့ပါ။ ထို့အစား စစ်နီ၏ အကြောင်းဘက် လှည့်သွားသည်။

"စစ်နီက ရွာပြန်ပြီး သူနဲ့အခြေအနေတူတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ချင်နေတယ်။ သူ့အိမ်နဲ့ နီးတဲ့လူကိုပဲ လက်ထပ်ချင်တယ်တဲ့။ သူ့ကို ပြန်လွှတ်ဖို့ ငါတွန့်ဆုတ်နေတယ်။” အမေကျိုးက ပြောလိုက်ပါသည်။

"စစ်နီကို ပြန်လွှတ်ဖို့ တွန့်ဆုတ်နေတယ် ဟုတ်လား။ အဲ့တာ ဖြေရှင်းဖို့ မလွယ်ဘူးလား။ ဒီမှာ လက်ထပ်ဖို့ သင့်တော်တဲ့ လူကို ရှာလိုက်ပေါ့။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"သင့်တော်တဲ့လူက ရှာဖို့မှ မလွယ်တာ" အမေကျိုးက ပြောလိုက်သည်။ ပြောစရာမလိုအောင် ဟိုဘက်အိမ်က ကျူးမိသားစုကလူလိုမျိုးဆို မရှာတာ ပိုကောင်းပါလိမ့်မည်။ သူတို့ မြေးကို လက်ထပ်ရသဖြင့် သူတို့မြေးမလေးကပဲ ကံကောင်းသလိုလို လုပ်နေကြသည်။ တစ်ဖက်သက် ဆန်လွန်းပါသည်။

"ခုနက စစ်နီကို ပြန်လိုက်ပို့တဲလူက ဘယ်မိသားစုကလဲ။" အမေးကျိုးက ရုတ်တရက် မေးလိုက်ပါသည်။

"ဘယ်လူလဲ" ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။

အမေကျိုးက ဖြေလိုက်၏။ "မနေ့က ကောင်လေးတစ်ယောက် စက်ဘီးစီးပြီး စစ်နီကို လိုက်ပို့တယ်လေ။ ငါလည်း အပြင်ထွက်နေတဲ့ အချိန်မို့လို့ တွေ့လိုက်တယ်။"

ထိုကောင်လေးက ဘာမှပြောမသွားပါ။ သူမကို ခေါင်းငြိမ့်ပြ၍သာ ပြန်သွားပါသည်။

ကျိုးရှောင်မိန်က ကျိုးခိုင်ကို လှည့်ကြည့်လိုက်၏။ ကျိုးခိုင်က ပြောပြလိုက်သည်။ "အဲ့တာ မေ့ကျားရဲ့ အကြီးဆုံးအစ်ကိုလေ။ သူ့ကိုတော့ စိတ်မကူးနဲ့နော် အဘွား။ အခြေအနေကောင်းရင် လိုအပ်ချက်လည်း မြင့်တာပဲ။"

ဝိန်ကော်တုန်းက စံနှုန်း အလွန်မြင့်မြင့်ထားသဖြင့် အခုချိန်ထိ တစ်ကိုယ်တည်းသမား ဖြစ်နေသည်ဟု ကျိုးခိုင် အမြဲတမ်း ခံစားမိပါသည်။

"သြော် စတုတ္ထယောက်မက အိမ်ထောင်စု စာရင်း ပြောင်းလဲဖို့အတွက် သွားတွေ့တဲ့ ကောင်လေးလား။" ကျိုးရှောင်မိန် မှတ်မိသွားသည်။

"အစ်ကိုကြီးက အဲ့မှာ အလုပ်လုပ်တာလေ။" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်ပါသည်။

အမေကျိုး မျက်လုံးများ ဝိုင်းစက်သွား၏၊။ "ဝန်ထမ်းအလုပ်ပဲ ကောင်းလိုက်တာ။”

ထိုလူငယ်လေးက ဖြောင့်မတ်သည့်ပုံပေါ်ပြီး အရပ်လည်းရှည်သည်။ သူ့ကိုကြည့်လိုက်လျှင် လုံခြုံသွားသလို ခံစားရ၏။ မနေ့ညက သူမ အလကား ကြည့်လိုက်တာ မဟုတ်ပါ။ အများကြီး အကဲခတ်နိုင်ခဲ့ပါသည်။

ပထမဆုံးထင်မြင်ချက်ကတော့ အလွန်ကောင်းပါသည်။ ယခု ရုံးဝန်ထမ်းတစ်ယောက်အဖြစ်ပါ လုပ်ကိုင်နေသဖြင့် ဘာတွေ ရွေးနေစရာ လိုဦးမည်နည်း။ သူမ ကျေနပ်မှုများဖြင့် ပြည့်နှက်သွားပါသည်။

"အမေ လောင်တပြောလိုက်တာ မကြားဘူးလား။ သူက စံနှုန်းမြင့်မြင့်ထားတယ်တဲ့။” ကျိုးရှောင်မိန်က စိတ်ပျက်စွာ ပြောလိုက်ပါသည်။

"ဘာဖြစ်လဲ စစ်နီရဲ့ အခြေအနေကလည်း ဆိုးမှမဆိုးတာ။ ဟုတ်ပြီလား။ ဒီလောက်ထိ သွက်လက်ပြီး စနစ်ကျတဲ့ ကောင်မလေးကို။ နောက်နှစ်ကျရင် သူ့စတုတ္ထဒေါ်လေးနဲ့ အလုပ်လုပ်တော့မှာ။ လတိုင်း လစာလည်း ရမယ်။ ဘယ်နေရာက ဆိုးလို့လဲ။” အမေကျိုးက ပြန်ချေပ၏။

ဒီနေ့ စစ်နီမရှိပါ။ ကျိုးရွှမ်၊ကန်းကျစ်နှင့် ကျိုးကွေ့လိုင်တို့နဲ့အတူတူ အပြင်လမ်းထွက်လျှောက်သည်။ ကျိုးကွေ့လိုင်က ကင်မရာ ယူသွား၏။

"သူ့အသက်က ဘယ်လောက်လဲ။ လစာ ဘယ်လောက်ရလဲ။" အမေကျိုးက မေးလိုက်၏။

"အသက်က ၂၈ နှစ်ရှိပြီ။ လစာတော့ သေချာ မသိဘူး။ ဒါပေမယ့် ယွမ် ၁၀၀ ဝန်းကျင်ရှိမယ် ထင်တယ်။" ကျိုးခိုင်က ပြန်ဖြေလိုက်ပါသည်။

"ဘယ်ဆိုးလို့လဲ။ သူ့အသက်ကလည်း အရမ်းကြီး မကြီးပါဘူး။ အသက်ကြီးလေလေ ပိုကောင်းလေလေပဲလေ။ ဂရုစိုက်ပြီး ချစ်တတ်တာပေါ့။" အမေကျိုးက ပြန်ပြောလိုက်၏။

ကျိုးခိုင် သူ့နှဖူးသူ ကိုင်လိုက်မိပါသည်။ ကျိုးရှောင်မိန်ကလည်း ဘာမှ ထပ်မပြောချင်တော့ပါ။ သူမ အမေကို ဘယ်လိုမှ အသိတရားဝင်အောင် ပြောမရပေ။

ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ညနေပိုင်း စကားပြောဖို့ ရောက်လာကြသောအခါ လင်းချင်းဟယ် ဘာမှမပြောနိုင်ခင် အမေကျိုးက ထိုအကြောင်းကို မေးလိုက်ပါသည်။

လင်းချင်းဟယ်က မျက်ခုံးပင့်သွား၏။ "အမေ ကော်တုန်းကို ဘယ်လိုသိတာလဲ။"

"မနေ့က စစ်နီကို ပြန်လိုက်ပို့တဲ့သူ မဟုတ်ဘူးလား။ အဲ့အချိန် ငါလည်း အိမ်အပြင်ထွက်ရင်းနဲ့ တွေ့လိုက်တာပါအေ။" အမေကျိုးက ရှင်းပြသည်။

All Chapters