← Chapters

မီဖေးကုန်သည်အိမ်တော်အား ဓားပြတိုက်ခြင်း

Vol. 56 Ch. 778

မီဖေးကုန်သည်အိမ်တော်အား ဓားပြတိုက်ခြင်း

Vol. 56 Ch. 778

“ ဟားဟား …” မိုဝူကျိက ရွိုက်ကော နောက်ကျောကို ပုတ်ပေးလိုက်ပြီး  “ မင်း ပြောတာ မှန်တယ်။ ငါတို့တွေ ကောင်းကင်ဘုံအလွန်မြို့ကို ဖြတ်သွားရမှာပဲ ”

သူက တခြားဆိုင်များကိုတော့ ဘာမှမလုပ်နိုင်သော်လည်း မီဖေးကုန်သည်အိမ်တော်ဆီမှ လျော်ကြေးတချို့ သဲ့ယူလို့ ရလေသည်။ နှစ်၂၀ ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက အစိမ်းရောင်ကျောက် နှစ်သန်းမျှပင် မကျန်ရှိတော့ပေ။ သူက ကောင်းကင်ဘုံအလွန် စကြဝဠာ၌ တစ်ခုခု ကောင်းကောင်းမွန်မွန် ရှာတွေ့နိုင်စေရန် အစိမ်းရောင်ကျောက် ပမာဏများများ လိုအပ်ပေသည်။

“ ကျတော်ရဲ့ သခင်ကြီးက တကယ်ကို အမြော်အမြင်ရှိတယ် ….” ရွိုက်ကောက သူ့အကြံပြုချက်အား  ချက်ချင်း လက်ခံလိုက်သည်ကို မြင်၍ ကောင်းကင်ဘုံသို့ ရောက်နေသည့်အလား  မြှောက်ကြွကြွ ဖြစ်နေသည်။

သို့သော်လည်း မိုဝူကျိ၏ နောက်စကားတစ်ခွန်းက သူ့အား ငရဲသို့ ပြန်ဆွဲခေါ်သွားပြန်၏

“ ရွိုက်ကော …. ငါလည်း တွေးကြည့်ပြီးပြီ။ ဒီခရီးမှာ မင်းကို ထုတ်မပြတာ ကောင်းလိမ့်မယ်။ မင်းက ထာဝရ ကမ္ဘာထဲ နေနေလိုက် …. ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ရောက်မှ မင်းကို ထုတ်ပေးမယ် ”

“ အာ ..” ရွိုက်ကောက ချက်ချင်းဆိုသလို ကြောင်အမ်းသွားလေ၏။ သူ့အနေနှင့် ထိုသို့မျိုး အံ့ဩဖွယ်အကြံမျိုး တွေးမိသည့်အထိ သူ့ခမ်းနားကြီးကျယ်မှုကို ပြသချင်နေသော်လည်း သူ့သခင်ကြီးက သူ့အား ကစားခွင့် မပြုသည်ကို တွေးမိသွားသောအခါ

“ သခင်ကြီး … ကျတော်တို့ ကောင်းကင်ဘုံအလွန်မြို့ဆီ ရောက်ရင် ကျတော်တို့ကို လာနှောင့်ယှက်တဲ့သူအားလုံးကို သွေးစုပ်ပစ်လိုက်မယ်လေ။ သခင်ကြီးရဲ့ ပုဆိန်လှံရှည်သာ ပေါ်လာတာနဲ့ အဲဒီ အင်မော်တယ် ဧကရာဇ်တွေက ကြောက်ချီးပါကုန်ကြလိမ့်မယ်။ ကျတော်က သခင်ကြီးကို နောက်ကနေ အားပေးနေမယ်လေ ….  ”

“ လျှောက်ပြောမနေနဲ့တော့ …. မြန်မြန် အထဲဝင်တော့။ မဟုတ်ရင် မင်းကို ကောင်းကင်ဘုံအလွန် စကြဝဠာရောက်ရင်လည်း ထုတ်ပေးဖို့ ထပ်စဉ်းစားရလိမ့်မယ် ”

မိုဝူကျိက သူ့အား ကောင်းကင်ဘုံအလွန် စကြဝဠာ၌ ခေါ်ထုတ်ဖို့ ကိစ္စနှင့် အကျပ်ကိုင်လိုက်သောအခါ ရွိုက်ကောက မည်သို့များ ဆက်ပြောရဲတော့မည်နည်း။ သူ့မကျေနပ်ချက်များမှာ သမုဒ္ဒရာကြီး သုံးစင်းနှင့် ပင်လယ်ကြီး လေးစင်းအား ဖြည့်ဖို့ရာ လုံလောက်နေသော်လည်း သူ့သခင်ကြီးရှေ့မှောက်၌ မပြသရဲချေ။ သူက စိုးရိမ်တကြီးသာ ပြောလိုက်၏

“ သခင်ကြီး …. ကောင်းကင်ဘုံအလွန်မြို့က အဲလောက် ပျော်စရာမကောင်းလောက်ဘူးလို့ တွေးမိသွားပြီ။ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ရောက်မှပဲ ထွက်လာတော့မယ်လေ။ သခင်ကြီး  ကျတော်ကို ထာဝရ ကမ္ဘာထဲ ပြန်ပို့သင့်တယ်လို့ ထင်တယ်။ ကျတော်ရဲ့ ကျင့်ကြံဆင့်က အရမ်းကို အံ့ဩဖို့ ကောင်းပေမဲ့ ဆက်ပြီးတော့ ကြိုးစားဖို့ လိုတယ်လို့  ခံစားမိနေတယ်။ အဲဒါမှ နောက်ပိုင်းကျ အကူအညီ ဖြစ်လာမှာပေါ့ …. ”

မိုဝူကျိက ရွိုက်ကော စကားပြီးအောင်ပင် မစောင့်တော့ဘဲ ရွိုက်ကောအား ထာဝရ ကမ္ဘာထဲ ပို့ဆောင်လိုက်သည်။ ပုံမှန်အားဖြင့် သူက ရွိုက်ကော စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ပေသည်။ ထိုအရာမှာ သူ့အား ကောင်းကင်ဘုံအလွန် စကြဝဠာကို ရောက်သည်နှင့် မမေ့မလျော့ ထုတ်ပေးရန် ပြောနေခြင်း ဖြစ်၏။

မိုဝူကျိက ရွိုက်ကောကို ရမယ်ရှာမနေတော့ပေ။ သူ ကောင်းကင်ဘုံအလွန် စကြဝဠာသို့ သွားလျှင် သူ့အနေနှင့် မီဖေးကုန်သည်အိမ်တော်ကို သွားရောက်လုယူသည့်အခါ သူ့ဇာတ်ကြောင်းကို အမှန်အတိုင်း ဖော်ပြ၍ မရမှန်း သိနေ၏။

မီဖေးကုန်သွယ်ရေး အဖွဲ့က သူ့အား ဝိုင်းဝန်း၍ တိုက်ခိုက်ခဲ့သော်လည်း သူသာ ချမ်းသာလိုလျှင် သူ့အနေနှင့် တစ်ဖက်လူအား သူ့အကြောင်းများကို ပေးမသိခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ သူက ကောင်းကင်ဘုံအလွန် စကြဝဠာကို ရောက်သည်နှင့် မီဖေးကုန်သွယ်ရေးအဖွဲ့အား ထိပ်တိုက် ရင်ဆိုင်တွေ့ရမည်။ သို့သော်လည်း တခြားသူများကို ယခင်က  သူ့အနေနှင့် မီဖေးကုန်သည်အိမ်တော်အား  လုယက်ခဲ့သည့်အကြောင်း ပေးသိ၍ မဖြစ်ပေ။ အားလုံးက သူ မိုဝူကျိသည် မီဖေးကုန်သည်အိမ်တော်ကို လုယက်ခဲ့သူ ဖြစ်မှန်း သိသွားလျှင်ပင် သူ့အနေနှင့် အကျင့်သိက္ခာရှိသူ အဖြစ် ကျန်ရှိရမည်။

သူက မည်မျှပင် အံ့အားသင့်ဖို့ ကောင်းစေကာမူ တစ်ယောက်တည်းသာ ဖြစ်၏။ ကောင်းကင်ဘုံအလွန် စကြဝဠာ၌ မဟာဧကရာဇ်များစွာ ရှိနေပေလိမ့်မည်။ သူက တစ်ယောက်၊ နှစ်ယောက်ကို အနိုင်ယူနိုင်သော်လည်း အုပ်စုလိုက်ကြီးကို အနိင်ယူနိုင်ပါ့မလား။ မီဖေးကုန်သည်အိမ်တော်ကို လုယက်ခဲ့သူမှာ သူ ဖြစ်ကြောင်း မထုတ်ဖော်သရွေ့ တခြားအင်အားစုများက သူ့အပြုအမူများအား မသိချင်ယောင်ဆောင်ပေးကြလိမ့်မည်။

တချို့အရာများမှာ အားလုံးက သိကြသော်လည်း သူ့အနေနှင့်  အားလုံးကို သူတို့ မသိသည့်အလား ပြုမူစေဖို့ရာ အကြောင်းပြချက်တော့ ပေးရမည် ဖြစ်၏။

………….…

ကောင်းကင်ဘုံအလွန်မြို့ …..

မြို့ကို ပြန်လည် တည်ဆောက်ထားသောကြောင့်  ယခင် ဖြစ်ပျက်ခဲ့သည့်  တိုက်ပွဲကွင်းပြင်ကြီးမှာ ပျောက်ကွယ်သွားလေပြီ။

မိုဝူကျိက အသွင်ပြောင်းဆေးလုံးဖြင့် သူ့ကိုယ်သူ ပိန်ပါးပါး အမျိုးသားပုံစံ ပြောင်းကာ မြို့ထဲသို့ ဝင်လာလိုက်သည်။ မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ့လူသားဆေးလုံး အိမ်တော်ကိုလည်း ပြန်လည် တည်ဆောက်ထားကြောင်း တွေ့လိုက်ရ၏။ သူ့ကို နားမလည်ဖြစ်စေသည်က သူ့ဆိုင်မှာ မရောင်းရသေးပေ။

ကောင်းကင်ဘုံအလွန်မြို့၏ စည်းမျည်းများအရ မြို့တော်ခန်းမသည် သုံးနှစ်အတွင်း ဆိုင်ပိုင်ရှင် ပြန်မရောက်လာခဲ့လျှင် သိမ်းယူမည် ဖြစ်ပေသည်။ မိုဝူကျိက ပိုင်ရှင်အသစ်ထံ  သူ့ဆိုင် မရောင်းရသေးသည့် အကြောင်းအရင်းမှာ ထန့်ဖေးယန်ကြောင့် ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။ ထန့်ဖေးယန်သည် သူနှင့် မိတ်ဆွေဖွဲ့လို၍ မြို့တော်ခန်းမအနေနှင့် တစ်ဆိုင်လောက်ကို ဆိုင်ပိုင်ရှင်မရှိဘဲ ထားလိုက်သည်က ဆုံးရှုံးမှု ကြီးကြီးမားမား မဟုတ်ပေ။

သို့သော် မိုဝူကျိ ပြန်ရောက်လာခဲ့လျှင် သူတို့က ကိစ္စအကြီးကြီး လုပ်ပေးထားခြင်းသာ ဖြစ်၏။

မိုဝူကျိက ဆိုင်ကို ပြန်မသွားပေ။ ထို့အစား မီဖေးကုန်သည်အိမ်တော်ဆီသို့သာ ဦးတည်လိုက်လေ၏။ ယခု လူသားဆေးလုံး အိမ်တော်မှာ ထွက်သွားပြီ ဖြစ်၍ မီဖေးကုန်သည်အိမ်တော်၏ စီးပွားရေးမှာ မဆိုးလှပေ။ မိုဝူကျိ ဆိုင်ထဲကို ဝင်လာသည်နှင့် သတင်းအသစ်များကို နားစွင့်ထားလိုက်သည်။ လက်ရှိ စကြဝဠာနံရံကြီးမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က ပွင့်ပြီးသွားလေပြီ။

“ ကျုပ်ဆီမှာ အလဲအလှယ်လုပ်ဖို့ ထိပ်တန်းအဆင့် ရတနာ ပါတယ်။ အိမ်တော်သခင်များ ရှိလား ….” မိုဝူကျိက ဆိုင်အကူ တစ်ဦးကို ပြောလိုက်သည်။

“အရင်ဆုံး ကျုပ်ကို  ပြကြည့်ပါဦး ” အကူက အလျှင်မလိုဘဲ ပြောလိုက်၏။

ကောင်းကင်ဘုံအလွန်မြို့၌ ရတနာများမှာ ပုံမှန်သာ ဖြစ်၏။ အဆင့် ၉ အင်မော်တယ် ဆေးပင်များနှင့် အဆင့် ၉ ပန်းပဲသတ္တုများပင် မကြာခဏ တွေ့မြင်နေရလေသည်။ ထို့ကြောင့် သာမာန်မှ ကွဲထွက်နေသည့် ရတနာဟူ၍ သေချာပေါက် မရှိပေ။ မိုဝူကိက ထိပ်တန်းရတနာဟု ပြောလိုက်သော်လည်း ဆိုင်အကူက အဆင့် ၉ အင်မော်တယ် ပစ္စည်းမျှသာ ဖြစ်မည်မှန်း ယုံကြည်ထားသည်။

“ ဘန်း  ” မိုဝူကျိက ကောင်တာကို ဘန်းခနဲ ရိုက်ချလိုက်သည့်အခါ ကောင်တာမှာ အမှုန့်ဖြစ်သွားလေ၏  “ လူပါးဝချက် …. မင်းလိုမျိုး အကူလေးက ဒီအုပ်စိုးသူရဲ့ ရတနာကို ကြည့်ခွင့် ရှိတယ် ထင်နေလား ”

မီဖေးကုန်သည်အိမ်တော်မှာ လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တိုက်ပွဲကြောင့် အင်မော်တယ် ဧကရာဇ်များစွာ ဆုံးရှုံးသွားသော်လည်း အင်အားရှိနေဆဲ ဖြစ်၏။

တစ်ယောက်ယောက်က မီဖေးကုန်သည်အိမ်တော်၌ လာမောက်မာရဲသည်လား …..

မြို့တော်ခန်းမမှာ အရမ်းအားကောင်းသော်လည်း မီဖေးကုန်သည်အိမ်တော်အနေနှင့် မြို့တော်ကို ပြန်လည် တည်ဆောက်ဖို့ရာ ပစ္စည်များကို လျော်ကြေးပေးချေဖို့သာ လိုအပ်လေ၏။

ထို့ကြောင့် ဤဆိုင်အကူက မိုဝူကျိ၏ မောက်မာမှုကြောင့် ကြောင်အမ်းမိသွားသည်။ လူသားဆေးလုံး အိမ်တော်နှင့် မီဖေးကုန်သည်အိမ်တော်တို့ကြားမှ တိုက်ပွဲမှာ မီဖေးကုန်သည်အိမ်တော်မှ အစပျိုးခြင်း ဖြစ်သော်လည်း  ဤဆိုင်အကူအနေနှင့် တစ်ယောက်ယောက်က သူတို့အား ပွင့်လင်းမြင်သာ စိမ်ခေါ်ရဲသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

တချို့သော ဈေးဝယ်သူများကလည်း ထိုအဖြစ်အပျက်ကို မြင်သည့်အခါ ကြောင်သွားကြသည်။ သို့သော်လည်း သူတို့က အသိစိတ်ပြန်ကပ်လာသည်နှင့် ဆိုင်မှ မြန်မြန် ထွက်သွားကြတော့သည်။ သူတို့ကိုယ်သူတို့ ပြပွဲကောင်းကောင်း ကြည့်ဖို့ရာ ပြင်ဆင်လိုက်ကြ၏။

ကောင်းကင်ဘုံအလွန်မြို့၌ မည်သည့်အင်မော်တယ်ကများ သေခြင်းတရားကို မကြောက်ရွံ့ဘဲ နေမည်နည်း။ စကြဝဠာနံရံကြီးအောက်၌ အသက်ရှင်လာသည့် မည်သူကများ ဇွဲမကြီးဘဲ နေမည်နည်း။

သူတို့က မကြောက်ရွံ့ကြဘဲ ပြပွဲကောင်းကောင်းကိုသာ ကြည့်ရှုဖို့ စိတ်အားထက်သန်နေသည်မှာ ပုံမှန်သာ ဖြစ်၏။

“ သတ္တိတွေ စွတ်ကောင်းနေတာပဲ … ငါ့မီဖေးကုန်သည်အိမ်တော်မှာ လာပြီး ရုတ်ရုတ်သည်းသည်း လာလုပ်ရဲတယ်ပေါ့လေ။ ငါ ယူရှင်း မင်း အရိုးတွေ ဘယ်လောက်များ မာနေလဲ ကြည့်ရသေးတာပေါ့ ”

အေးစက်စက် လှောင်ပြောင်သံနှင့်အတူ ပညာရှင်ဆန်ဆန် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရုတ်ချည်း ပေါ်လာသည်။ ဤလူမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှသာ ရှိကြောင်း သတိထားလိုက်မိသည်။

မိုဝူကျိက ယခင်အိမ်တော်ခေါင်းဆောင်မှာ မင်ချန်းအမည်ရှိ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ဖြစ်ကြောင်း သိထား၏။ သို့သော်လည်း သူ့ရှေ့မှ လူမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်မျှသာ ရှိသေးကာ မိုဝူကျိအနေနှင့် အဖြစ်အပျက်ကို နားလည်ဖို့ အချိန်သိပ်မယူလိုက်ရပေ။ လွန်ခဲ့သည့်နှစ်များစွာက အဖြစ်အပျက်ကြောင့် မင်ချန်းသည် အပြစ်ပေးခံရလောက်၏။ နောက်ထပ် ဤသို့ဖြစ်ရပ်မျိုး ဖြစ်လာမည်ကို စိုးရိမ်၍ မီဖေးကုန်သွယ်ရေးအဖွဲ့က အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူအား အိမ်တော်သခင်အဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်ရမည်။ မီဖေးကုန်သွယ်ရေးအဖွဲ့က ယခင်အဖြစ်အပျက်မှ သင်ခန်းစာ ရသွားဟန် ပေါ်သည်။

“ ကျုပ်က အလဲအလှယ်လုပ်ဖို့ ရောက်နေတာ ….” မိုဝူကျိက စကားမဆုံးခင် အင်မော်တယ် ဧကရာဇ် အရှိန်အဝါတစ်ခု ဆင်းသက်လာကာ သူ့အား နောက်ထပ် မပြောနိုင်အောင် ဖိနှိပ်ထားသည်။

ယူရှင်းက နှာခေါင်းရှုံ့ကာ  “ မင်းက ဘယ်သူ ဖြစ်ဖြစ်၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဖြစ်ဖြစ် ငါတို့ မီဖေးကုန်သည်အိမ်တော်မှာ ပြဿနာ လာရှာရဲတဲ့သူတိုင်းအတွက် သေလမ်းပဲ ရှိတယ် ”

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို ပစ်ကာ အားတင်း၍ တစ်လုံးချင်းစီ ပြောလိုက်ရသည်  “ အပျက်အစီးအတွက် အလျော်ပေးပါ့မယ်။ အရင်ဆုံး အထဲကို ကြည့်ကြည့်ပါဦး ”

ယူရှင်း မျက်ဝန်း၌  အထင်သေးသည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း သူ့စိတ်စွမ်းအားက ကျောက်စိမ်းသေတ္တာထဲ ရောက်သွားသည်နှင့် သူ့နှလုံးခုန်နှုန်းပင် မြန်လာမိသည်။ သူက လက်ခါကာ ကျောက်စိမ်းသေတ္တာလေးအား သိမ်းဆည်းပစ်လိုက်သည်။

“ ခင်ဗျားက ကျုပ်ပစ္စည်းကို ခိုးရဲတယ်ပေါ့ ” မိုဝူကျိ၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

“ ဟားဟား …. ငါတို့ မီဖေးကုန်သည်အိမ်တော်က မင်းပစ္စည်းကို ခိုးတာလား။ မင်းလိုမျိုး ပါးမွှားလေးက ဒီကို ပြဿနာလာရှာရဲမှတော့  အပြစ်ပေးရမှာပဲ …” ယူရှင်း စိတ်ထဲမှ ဒေါသတရားမှာ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။ မိုဝူကျိက ရှေးဦးမူလမီးကျောက်ကို ထုတ်လာလိမ့်မည်ဟု မထင်ထားမိပေ။

ထို့နောက် ပြင်းထန်သော အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းက မိုဝူကျိအား လွှမ်းခြုံထားပြီး ဘေးပတ်လည် အာကာပြင်ကို ပိတ်လှောင်ထားလေ၏။

ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ အသက်ရှင်ကြသူများမှာ အရူးမဟုတ်ပေ။ မိုဝူကျိ၏ ကျောက်စိမ်းသေတ္တာထဲမှ ရတနာမှာ  ရိုးရိုးတမ်းတမ်း ပစ္စည်းနှင့် အလှမ်းကွာနေသည်ကို မည်သူက သတိမပြုမိဘဲ နေမည်နည်း။ အကယ်၍ သာမာန် ပစ္စည်းဖြစ်နေလျှင် ယူရှင်းက ကျောက်စိမ်းသေတ္တာအား ယူသွားရန် တွေးမည်ပင် မဟုတ်ပေ။

အားလုံးက အဖြစ်အပျက်ကို နားလည်ကြသော်လည်း မည်သူကမှ ဝင်မပြောရဲကြပေ။

မိုဝူကျိက နှာခေါင်းရှုံ့လိုက်သည်။ သူက မီဖေးကုန်သည်အိမ်တော်အား ပွင့်လင်းမြင်သာ လုယက်မည် ဖြစ်သော်လည်း အကြောင်းပြချက် ရှာခြင်းမှာ အကျင့်တစ်ခုလို ဖြစ်နေလေ၏။

သူ့အားကောင်းလှသော စွမ်းအားစက်ကွင်းမှာ ချက်ချင်း ပေါ်လာပြီး သူတို့ဘေးပတ်လည်မှာ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။ အလယ်တွင် ရပ်နေရင်း ယူရှင်း၏ မျက်နှာထားမှာ ပြောင်းလဲသွားလေ၏။ သူက အဖြစ်အပျက်ကို နားလည်လိုက်သည်။ သူ့အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းမှာ တစစီ တိုက်စားခံနေရကြောင်း နားလည်သွားလေသည်။ အဆုံးသတ်သွားတော့မည့် ခံစားချက်ကြီးက သူ့ဆီ ဝင်ရောက်လာသည်။

“ ရပ်စမ်း ….” ယူရှင်းက အဆုံးမဲ့ ဖိအား ဆင်းသက်မလာခင်  စကားတစ်လုံးစီကို အားယူပြောလိုက်ရသည်။ ထိုအချိန်၌ သူက မိုဝူကျိသည် ဝက်ယောင်ဆောင်ထားသည့် ကျားတစ်ကောင်လို ဖြစ်နေမည်မှန်း မသိသေးလျှင် သူကိုယ်တိုင် ဝက်ဖြစ်နေလို့သာ ဖြစ်ရမည်။

“ ဘန်း  ” ယူရှင်း၏ စွမ်းအားစက်ကွင်းမှာ တိုက်ရိုက် ကြေမွသွားလေ၏။ ပြင်းထန်လွန်းသည့် အင်မော်တယ် သဘာဝစွမ်းအားများက သူ့ဘေး၌ တိုက်ရိုက် ပေါက်ကွဲထွက်ကုန်သည်။

သွေးမြူများကြားမှ မိုဝူကျိက လက်စွပ်တစ်ကွင်းကို ယူလိုက်သည်။

“ ဘုန်း ဘုန်း ဘုန်း ” မီဖေးကုန်သည်အိမ်တော်အတွင်း အင်မော်တယ် သဘာဝစွမ်းအားများက စတင်ပေါက်ကွဲလာပြီး တာဝန်ခံများနှင့် အစောင့်များလည်း မိုဝူကျိ လက်ချက်ကြောင့် သေကြေကုန်ကြသည်။ သူတို့လက်စွပ်အားလုံးကို ယူသွားလိုက်လေ၏။

ကောင်းကင်ဘုံအလွန်မြို့၏ မြို့တော်ခန်းမ တာဝန်ခံ လန်ပိ ရောက်လာသည့်အချိန် မီဖေးကုန်သည်အိမ်တော်၌ အပျက်အစီးများသာ ကျန်ရှိပေတော့သည်။

အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ မိုဝူကျိသည် မီဖေးကုန်သည်အိမ်တော်ကို လုယက်ရန် ရောက်ရှိလာခြင်းသာ ဖြစ်၏။ မိုဝူကျိက ယူရှင်း၏ လောဘကို နှိုးဆွပေးရန် ရတနာ ထုတ်ပေးခဲ့သော်လည်း မိုဝူကျိက ဤနေရာကို ရည်ရွယ်ချက်ရှိရှိ လာရောက်လုယက်မှန်း ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။

မိုဝူကျိ ထွက်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ကြည့်ရှုသူများက သူတို့မျက်နှာများတွင် တအံ့တဩ ဖြစ်နေကြဆဲ ဖြစ်သည်။ အင်မော်တယ် ဧကရာဇ်ပင် တစ်ကွက်တည်းနှင့် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။

ဤလူက မဟာဧကရာဇ်များလား …. ဒါမှမဟုတ် တာအိုဧကရာဇ်လောက် အားကောင်းနေသည့် တည်ရှိမှုမျိုးလား ….

……………………

ထိုအချိန်၌ မိုဝူကျိက နဂိုသွင်ပြင်ကို ပြန်ပြောင်းထားပြီးလေပြီ။ ရွိုက်ကောက သူ့ပုဆိန်လှံရှည်ပေါ် နားလိုက်ပြီး သူတို့က ကောင်းကင်ဘုံအလွန် လူသားပိုင်နက်ဆီ ထွက်လာကြသည်။

မီဖေးကုန်သည်အိမ်တော်၌  သောင်းကြမ်းစဉ်အခါ  မိုဝူကျိက သူ့အား မထုတ်လိုက်ရသော်လည်း  ရွိုက်ကောက ယခု ထာဝရကမ္ဘာမှ ထွက်လာနိုင်သည့်အတွက် အရမ်းပျော်ရွင်နေလေ၏။

“ သခင်ကြီး …. အခု မီဖေးကုန်သည်အိမ်တော်ကို ဖျက်စီးပြီးပြီဆိုတော့ လူတွေက သခင်ကြီး ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားမယ်ဆိုတာ ခန့်မှန်းနိုင်ကြမယ်လို့ ထင်တယ် ” ရွိုက်ကောက လခြမ်းကွေး ပုဆိန်လှံရှည်အထက်တွင် နားခိုရင်း အရေးကြီးဟန်ဖြင့် ပြောလိုက်သည်။

“ အဲလူတွေက ငါ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားမဲ့ခရီးကို နှောင့်နှေးလိုက်ရင်လည်း မသိဘဲ နေမှာလား ” မိုဝူကျိက ပြန်ခံပြောလိုက်သည်။

သူက သူ့အပြုအမူမှာ ခေါင်းလောင်းခိုးသော  သူခိုးတစ်ယောက်က သူ့နားပိတ်ပြီး  ခိုးသည့်အလား ဖြစ်နေသော်လည်း သူက ကောင်းကင်ဘုံအလွန် စကြဝဠာကို ဘယ်အချိန် သွားစေကာမူ အားလုံးက သူ လုပ်မှန်း သိကြပေလိမ့်မည်။

မိုဝူကျိက မီဖေးကုန်သည်အိမ်တော်မှ အကျိုးမြတ်များကို ကြည့်၍ အလွန်ကျေနပ်နေမိသည်။ ယူရှင်း၏ သိုလှောင်လက်စွပ်တစ်ကွင်းတည်းဖြင့် သူက အစိမ်းရောင်ကျောက် သုံးသန်းလောက် ရရှိပေလိုက်သည်။ မိုဝူကျိက ထိုအရာမှာ မီဖေးကုန်သည်အိမ်တော်၏ ချမ်းသာမှု ဖြစ်ပြီး ယူရှင်း၏ ကိုယ်ပိုင် ချမ်းသာမှု မဟုတ်ကြောင်း ခန့်မှန်းမိသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက ယခုအခါ စုစုပေါင်း အစိမ်းရောင်ကျောက် ငါးသန်းနီးပါး ရှိနေပြီ ဖြစ်၏။

***

All Chapters