← Chapters

အပိုင်း(၄၇၈)

Vol. 32 Ch. 478

အပိုင်း(၄၇၈)

Vol. 32 Ch. 478

ကုန်သည်သင်္ဘောမှာ တစ်ညလုံး မုန်တိုင်း၏ ရိုက်ခတ်မှုဒဏ်အားခံစားခဲ့ရသည်။ နောက်တစ်နေ့တွင် အရာအားလုံးက အေးဆေးတည်ငြိမ်နေပြီး  ကုန်သည်ရွက်သင်္ဘောက  ပင်လယ်ပြင်ထက်၌ အရှိန်အဟုန်ဖြင့် ဆက်လက်ရွက်လွှင့်နေဆဲဖြစ်သည်။

ယနေ့တွင်လည်း ရှစ်ဖုန့်က သူ၏ အခန်းအတွင်းမှ မခွာခဲ့ပေ။  သူကျင့်ကြံရန်အတွက် တစ်နေ့လုံး အချိန်ကုန်ဆုံးစေခဲ့သည်။ သို့သော်  ရှစ်ဖုန့်မှာ  အတော်လေးကို တည်ငြိမ်နေသည်။ နတ်ဆိုးမထွက်ခွာသွားပြီးနောက်၌  သူမက ရှစ်ဖုန့်၏ အခန်းအတွင်းပေါ်မလာတော့ပေ။

ဤကဲ့သို့ အနေအထားမျိုးဖြင့် အချိန်သုံးရက်ကုန်ဆုံးခဲ့သည်။  လေးရက်မြောက်ညတွင်  လည်း  ရှစ်ဖုန့်က သူ၏ အခန်းအတွင်း၌ ဆက်လက်ကျင့်ကြံနေဆဲဖြစ်သည်။  ရုတ်တရက်ကျင့်ကြံနေသော ရှစ်ဖုန့်မှာ တပ်မက်ဖွယ်ကောင်းသော ရံနံ့မွှေးတစ်ခုကို အနံ့ရလိုက်သည်။

“ဟမ်”

ရှစ်ဖုန့်က သူ၏ အနည်းငယ်ပိတ်ထားသောမျက်လုံးတို့အားလျှင်မြန်စွာဖွင့်လိုက်သည်။ သူ၏ကုတင်ရှေ့တွင်  ချယ်ရီပန်းပွင့်ဖက်များက ဝဲပျံကခုန်နေသည်။  ထို့နောက်  ချိုသာသော အသံတစ်ခုက ချယ်ရီပန်းပွင့်ဖက်များထံမှထွက်ပေါ်လာ၏။

“မောင်လေး..တို့ဒီညမောင်လေးကို တွေ့ဖို့ပြန်လာခဲ့တာ.. ဟားဟားဟားဟား”

“ခွေးမ”

ရှစ်ဖုန့်ကချယ်ရီ ပန်းပွင့်ချပ်များထဲမှ အလင်းနောက်ခံပြု ပုံရိပ်မည်းတစ်ခုအား ခပ်ရေးရေးဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသောအခါတွင်   သူ၏မျက်လုံးတို့ကျဉ်းမြောင်းသွားသည်။ ဤမိန်းမက တကယ့်ကိုအပေါစားဆန်လွန်းသည်။

သူ၏ရှေ့မှောက်၌ ဘာအဝတ်အစားမှဝတ်စားထား

ခြင်းမရှိဘဲပေါ်လာ၏။

သွေးနီရောင်အလင်းတစ်ခုက   ရှစ်ဖုန့်၏ဘယ်လက်၌လင်းလက်လာသည်။ ဤခွေးမအားရင်ဆိုင်ရာ၌ သူ၏လပြည့်ဓားက သူမ၏လက်ချောင်းကြောင့် အဝေးသို့ လွင့်ထွက်သွားမည်ဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ သွေးကျောက်ပြားတစ်ခုတည်းကိုအသာအသက်သွင်းပြီး နောက်ဆုံးတိုက်ကွက်အား ဖော်ထုတ်မှသာလျှင်သူ့အနေဖြင့်  ဤခွေးမအားလုံးဝသတ်ပစ်နိုင်လိမ့်မည်ဖြစ်၏။

“ဟားဟား..ဟားဟား..မောင်လေး…

မောင်လေးက အရမ်း အကြင်နာမဲ့တာပဲကွယ် ..တို့မင်းနဲ့ထပ်ပြီးတော့မကစားတော့ပါဘူး.. တို့ကဒီညမှာ ဒီအံ့ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို မောင်လေးကို ပေးအပ်ချင်တာပါ”

ချယ်ရီပန်းပွင့်ချပ်များနှင့်မိန်းကလေးမှာ အန္တရာယ်အား အာရုံခံမိပုံပေါ်သည်။ ရုတ်တရက်  အခန်းအတွင်းရှိချယ်ရီပန်းပွင့်ချပ်များက ကျယ်ပြန့်စွာတလူလူလွင့်သွားသည်။ ချယ်ရီ ပွင့်ချပ်များအကြားခပ်ရေးရေးပေါ်နေသည့်  ကြော့ရှင်းသောခန္ဓာကိုယ်မှာ  ဝဲပျံလွင့်နေသောချယ်ရီ ပန်းပွင့်ချပ်များနှင့်အတူ  ရုတ်ခြည်းပျောက်ကွယ်သွားသည်။

အခန်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွား၏။  ကြမ်းပြင်ပေါ်၌ချယ်ရီ ပန်းပွင့်ချပ်များသာလျှင် ကျန်ရစ်ခဲ့သည်။

“သူထွက်ပြေးသွားတာလား”

ရှစ်ဖုန့်ကခေါင်းကိုအနည်းငယ်ငုံ့လိုက်ပြီး  ကြမ်းပြင်ပေါ်မှ ချယ်ရီပွင့်ချပ်များအားကြည့်၍  အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ ထိုအမျိုးသမီးက  သူက သေစေနိုင်လောက်သည့်  တိုက်ချက်အားဖောက်ထုတ်မည်ကိုသိပြီး ကြောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု  သူတကယ်ခံစားနေရသည်။

သို့သော် သူမအမှန်တကယ်သိခဲ့ခြင်းလော။သူမက မည်ကဲ့သို့သိသနည်း သွေးကျောက်ပြားအားအမှန်တကယ်ပင်အသက်မသွင်းရသေးပေ။  ၎င်းမှဘာစွမ်းအင်မှလည်းစီး

ဆင်းဖြစ်ပေါ်မနေပေ။

ဤအမျိုးသမီးက မည်သည့်နေရာကလာသနည်း။  ဆန်းကြယ်ပြီးထူးဆန်းသော ချယ်ရီပွင့်ချပ်များက   ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲဝင်ထွက်သွားလာနေခဲ့သည်။  သို့သော် သူမမှာသူ့အားနှောက်ယှက်နေပုံရ၏။  သူ့ထံမှာသူမအားမည်သည့်အရာက စွဲဆောင်နေပါသနည်း။ သူက ရုပ်ရည်ရူပကာချောမောသော

ကောင့်ဖြစ်မည်လော။

ရှစ်ဖုန့်အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီးစိတ်ထဲမှတွေးလိုက်သည်။  သို့သော် ခဏမျှတွေးတောပြီးနောက်  ရှစ်ဖုန့်က ခေါင်းခါလိုက်သည်။ သူအနေဖြင့်သဲလွန်စအားပုံမဖော်နိုင်သေးချေ။

နောက်တစ်ကြိမ် ဤအမျိုးသမီးထပ်မံပေါ်လာရဲလျှင် သူ ဤကဲ့သို့ အလျှင်လိုတော့မည်မဟုတ်ပေ။  နောက်မှသာ သွေးကျောက်ပြားအားအသက်သွင်း

လိမ့်မည်ဖြစ်သည်။

“ဝုန်း”

ရုတ်တရက်သူ့ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါသွားသလိုရှစ်ဖုန့်ခံစားလိုက်ရသည်။  သင်္ဘောက တစ်စုံတစ်ခုနှင့် ဝင်ဆောင့်မိသည်မှန်းရှစ်ဖုန့်ချက်ချင်း

သဘောပေါက်လိုက်၏။

ကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသော ရှစ်ဖုန့်မှာ ချက်ချင်းလှုပ်ရှားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တံခါးရှေ့သို့ရွှတ်ခနဲရောက်ရှိသွား၏။သူကတံခါးအားဖွင့်လိုက်သည်။ဤအချိန်တွင် စင်္ကြံလမ်း၌ ဖရိုဖရဲဖြစ်နေ၏။ လူတွေကအော်ဟစ်နေကြသည်။

“မကောင်းတော့ဘူး..သင်္ဘောတိုက်မိသွားပြီ…သွားပြီဟေ့”

“သင်္ဘောတိုက်မိတယ်ဟေ့ ..အားလုံးကုန်းပတ်ပေါ်ကိုသွားကြ”

ဖရိုဖရဲ ပရမ်းပတာဖြစ်နေသော အစောင့်များအားကြည့်ရင်း ရှစ်ဖုန့်၏ ပုံရိပ်က ထပ်မံလှုပ်ရှားလိုက်သည်။  သူက ခေါင်းများနှင့်လမ်းအပေါ်မှ တိတ်တဆိတ်ပျံသန်းသွားပြီး  ကုန်းပတ်ပေါ်သို့လျှင်မြန်စွာဦးတည်သွားလိုက်သည်။

ကုန်းပတ်ပေါ်သို့ရှစ်ဖုန့်ပျံသန်းရောက်ရှိလာချန်တွင် အစောင့်များနှင့်ပြည့်နေပြီဖြစ်သည်။  ဒါဇင်နှင့်ချီသော အင်ပါယာနယ်ပယ်ကျင့်ကြံသူ အစောင့်များနှင့် အင်ပါယာနယ်ပယ်ထက်သာလွန်သော ကျင့်ကြံသူအစောင့်များရှိနေသည်။ သူတို့က လေထဲတွင်ဝဲပျံ၍ ရှေ့သို့ကြည့်နေကြသည်။ ရှေ့တွင်ထူထပ်သောမြူတို့ရှိနေ၏။

ဤအချိန်တွင် ပင်လယ်ပြင်အား သိပ်သည်းထူထပ်သောမြူတို့က ဖုံးလွှမ်းထားသည်။ ပင်လယ်ပြင်၏ မြင်ကွင်းအား ၎င်းတို့က လုံးဝပိတ်ဆို့ထား၏။

ဟင်းလင်းပြင်ထဲ၌လွင့်မျောရပ်တည်နေသော ဒါဇင်နှင့်ချီသည့်ပုံရိပ်များအားကြည့်ရင်း  ၎င်းတို့ကြားထဲမှ ရှစ်ကျင်းရွှိုက်အားရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ သူ ကရှစ်ကျင်းရွှိုက်ဆီသို့လျှင်မြန်စွာသွားလိုက်ပြီးဘေးတွင်ရပ်လိုက်သည်။

“ညီလေးရှစ်”

လွန်စွာ ရင်ထိတ်သော အခြေအနေသို့ စိုက်ရောက်နေသည့် ရှစ်ကျင်းရွှိုက်မှာ  သူ့ဘေးသို့ တစ်စုံတစ်ယောက်က ရုတ်တရက်ရောက်လာသောအခါတွင်ထိတ်လန့်သွားသည်။ သို့သော် ယင်းရှစ်ဖုန့်ဖြစ်ကြောင်းမြင်

လိုက်ရသောအခါတွင် စိတ်အေးသွားပြီး ရှစ်ဖုန့်အားခေါ်လိုက်သည်။

“ဘာဖြစ်တာလဲ”

သူ့ရှေ့ရှိပင်လယ်ပြင်အားကြည့်ရင်း   ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်ပြီး  ရှစ်ကျင်းရွှိုက်အားမေးလိုက်၏။

သူလည်းအားလုံးအားရှင်းရှင်းလင်းစွာ မမြင်တွေ့နိုင်ပေ။

ရှစ်ကျင်းရွှိုက်က သိက္ခာရှိသောဟန်ဖြင့်ကြည့်ပြီးပြောလိုက်သည်။

“ငါလည်းမသိဘူး.. အစကတော့ ရှင်းရှင်းလင်းလင်းမြင်ရသေးတယ်. ဒါပေမဲ့ ပင်လယ်မြူတွေကရုတ်တရက်ကြီးပေါ်လာတာ.. အဲ့တာထက်ပိုတာက ငါ့ရဲ့လက်အောက်ငယ်သားတွေဆီက အဲ့အချိန်က  သူတို့ရှေ့ကပင်လယ်ပြင်မှာ ဘာမှရှိမနေတာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်လို့ကြားခဲ့ရတယ်.ဒါပေမဲ့ ခုဏကတော့ သင်္ဘောက ကြီးမားတဲ့တစ်ခုခုနဲ့တိုက်မိတဲ့ပုံပဲ. ..တိုက်မိတဲ့အရာက ဘာလဲဆိုတာကိုကြည့်ဖို့ ငါ့ရဲ့ကျွမ်းကျင်သူအချို့ကိုအောက်ကို လွှတ်ထားပြီးပြီ”

ယင်းမှာ တကယ်ကိုထူးဆန်းလှသည်။

များစွာသောလူများက သူတို့၏ရှေ့မှောက်၌ဘာမှမမြင်တွေ့ခဲ့ရသော်လည်း  သူတို့အနေဖြင့် တစ်စုံတစ်ခုနှင့်တိုက်ဆောင့်သွားခဲ့သည်။ ထိုထက်ပိုသည်မှာ မြူခိုးများက အရမ်းထူးဆန်းနေခြင်းပင်ဖြစ်သည်။

“ဒီလိုပုံမှန်မဟုတ်တာဖြစ်တဲ့အခါ တစ်ခုခုတော့လွဲနေပြီဖြစ်မယ်”

“တစ္ဆေသင်္ဘောပဲ..ဟုတ်တယ်..ဒါက တစ္ဆေသင်္ဘောပါဲ. အရင်တုံးက   ငါတို့တွေ တစ္ဆေသင်္ဘောနဲ့ မမျှော်လင့်ဘဲကြုံကြိုက်ချိန်တုံးကလည်း  ဒီလိုတူညီတဲ့ အခြေအနေမျိုးပဲ.. ဘုရား.တစ္ဆေသင်္ဘောကို ငါထပ်ပြီး ကြုံကြိုက်ရတယ်ဆိုတာကို မယုံကြည်နိုင်စရာပဲ”

ဤအချိန်တွင်   ကုန်းပတ်ပေါ်မှာ အဘိုးအို ၏  ထိတ်လန့်ဖွယ်အော်ဟစ်သံထွက်ပေါ်လာသည်။  ရှစ်ဖုန့်အောက်ကို ငုံ့ကြည့်လိုက်ပြီး  ယင်းမှာ လွန်ခဲ့ရက်အချို့က သူနှင့်တွေ့ဆုံးခဲ့သည့် အဘိုးအိုဖြစ်သည်ကို တွေ့လိုက်ရသည်။  ရှစ်ကျင်းရွှိုက်က  ၎င်းအားဦးလေးဟောက်ဟု ခေါ်သည်ဖြစ်သည်။

ဦးလေးဟောက်က ရှစ်ဖုန့်နှင့်မြူခိုးတို့အားပါးစပ်

အဟောင်းသားဖြင့်မျက်တောင်မခတ်စိုက်ကြည့်နေသည်။  သူအနေဖြင့် အနည်းငယ်စိတ်လွတ်နေပုံရသော်လည်း  သူ၏ပြူးကျယ်နေသောမျက်လုံးတို့က သူ၏ ထိတ်လန့်နေသောနှလုံးသားကို ဖော်ပြနေ၏။

“ဘာ..တစ္ဆေသင်္ဘော”

“တစ္ဆေသင်္ဘော”

“ဦးလေးဟောက်က တစ္ဆေသင်္ဘောနဲ့ ဝင်ဆောင့်ခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူလို့ငါကြားဖူးတယ်.. ဦးလေးဟောက်သူ တစ္ဆေသင်္ဘာနဲ့ ဝင်တိုက်မိဖူးတယ်လို့ပြောခဲ့ဖူးတယ်.. ဒီတော့ ဒါက မမှားနိုင်ဘူး”

အောက်ဘက်တွင်အံ့အားသင့်စွာဖြင့် အော်ပြောသံများပေါက်ကွဲထွက်ပေါ်လာသည်။  ဤလူများမှာ ပင်လယ်ပြင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူများဖြစ်ကြပြီး   တစ္ဆေသင်္ဘော၏ ဒဏ္ဍာရီအားပင်ကိုယ်အားဖြင့်ကြား

ဖူးခဲ့ကြသည်ဖြစ်သည်။

သို့သော် ဤရတနာတစ်ထောင်စံအိမ်၏ အစောင့်များမှာ သေချာလေ့ကျင့်ထားသောသူများဖြစ်ကြသည်။သူတို့ပစ်လိုက်သောမြှားများကလေ

များလှိုင်းများကိုသာ ဖြတ်ကျော်သွားသော်လည်း  ပရမ်းပတာအခြေအနေသို့မကျရောက်

မခြင်းတစ်ယောက်မျှထွက်ပြေး

ကြလိမ့်မည်မဟုတ်ပေ။

ဤအချိန်တွင်  ရှစ်ကျင်းရွှိုက်က သူ၏ခေါင်းအားလှည့်လိုက်ပြီး  ရှစ်ဖုန့်အား ရှုံ့မဲ့သောအပြုံးဖြင့်ပြောလိုက်သည်။

“ညီလေးရှစ်.. ဒီတစ်ကြိမ်တော့ညီလေးရဲ့ဆန္ဒက အမှန်တကယ်ဖြစ်လာတဲ့ပုံပဲ..ပြောရရင် ငါတို့ရဲ့ ကုန်သည်သင်္ဘောက တစ္ဆေသင်္ဘောနဲ့ဝင်တိုက်မိတာဖြစ်မယ်ဆိုတာကို  ထူးဆန်းတဲ့အခြေအနေအားလုံး ကို ခြုံငုံပေါင်းစပ်ပြီးတဲ့နောက်မှာ

ငါခန့်မှန်းမိပြီးသားပါ”

“အား.အား.အား..အား..အား”

ရှစ်ကျင်းရွှိုက်အသံတိမ်သွားသွားခြင်း အကန့်သတ်မဲ့ပင်လယ်မြူအတွင်းမှ  နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော ငိုကြွေးအော်ဟစ်သံများရုတ်တရက်

ထွက်ပေါ်လာသည်။  ဤအသံများမှတစ်ဆင့်  အော်ဟစ်နေသောသူမှာ လူတစ်ယောက်၏ ဆံပင်အား အဆုံးထိထောင်မတ်သွားစေနိုင်သော လွန်စွာထိတ်လန့်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုနှင့် ကြုံကြိုက်မိသောကြောင့်ဖြစ်

မည်ဟုပြောနိုင်သည်ဖြစ်သည်။

ထို့နောက် စူးစူးဝါးဝါးအော်ဟစ်သောအသံတို့က ရုတ်ခြည်းရပ်တန့်သွားပြီး

ကုန်သည်ရွက်သင်္ဘောတစ်ခုလုံး   အချိန်ခဏမျှ နှိုင်းယှဉ်ဖော်ပြ၍ မရသော ဆိတ်ငြိမ်ကျခြင်းအဖြစ်သို့ကျရောက်သွားသည်။ထို့နောက် ကုန်းပတ်ပေါ်မှစူးစူးဝါးဝါးအော်ဟစ်သံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

“ခုဏက ခုဏကအော်သံတွေက သင်္ဘောထိပ်ပိုင်းအကွေးထဲဝင်သွားကြတဲ့ ညီအကိုတွေဆီကနေလာတာပဲ..

တစ္ဆေသင်္ဘောပေါ်မှာသူတို့ဘာ..ဘာတွေဖြစ်ခဲ့တာလဲ. အသံတွေကိုနားထောင်ရသလောက်သူတို့တွေ တော်တော်ထိတ်လန့်ဖို့ကောင်းတဲ့ တစ်စုံတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ပုံပဲ”

“တစ္ဆေသင်္ဘောပေါ်မှာသူတို့တွေ တစ္ဆေတစ်ကောင်နဲ့တွေ့ခဲ့တာပဲဖြစ်ရမယ်”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters