chapter(101)
Vol. 8 Ch. 101
အသန့်စင်ဆုံးစနစ် စာစဥ် (8) အခန်း(101)
ကဲမင်သည် "ရှီဖုန်း......အဲ့ကောင်လေးကို ငါတို့သွားမပက်မိတာပိုကောင်းမယ် " ဟု ပြောကာ ငွေဘုရင်နဲ့ရွှေဘုရင်ရဲ့ ဟိုးအရင်က အကြောင်းတချို့ကို ယဲ့ရှီဖုန်းအား ပြန်ပြောပြလိုက်သည်။ယဲ့ရှီဖုန်းသည် ထိုအခါမှသာ ကြောက်လန့်ပြီး ဘာမှ ဆက်မပြောရဲတော့ပေ။
ရှယုသည် ချောင်ဖုန်းစားနေသောစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး "သခင်လေး......နင်က ရှယုထင်တဲ့အတိုင်းပဲ ၊ ဓားဘုရင်းဂိုဏ်းရဲ့ ပြိုင်ပွဲကို ရောက်ရှိလာတာပဲ " ဟု တွေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးရှယု......ငါဒီမှာ ရှိနေတာကို မင်းဘယ်လို သိနေတာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ရှယုသည် ပြုံးလိုက်ပြီး သူရဲ့ ခန္ဓာကိုယ်အတွင်းရှိ ယင်ယန်စွမ်းအင်ကို အသက်သွင်းလိုက်တဲ့အခါ ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှာ ယင်ယန်စွမ်းအင် အပိုင်းအစတစ်ခု ရောက်ရှိနေမှန်း ခံစားလိုက်ရသည်။
ထိုအခါမှသာ ချောင်ဖုန်းသည် သူကို ဘယ်လိုရှာတွေ့လဲ သိရှိသွားခဲ့သည်။ချောင်ဖုန်းသည် ထိုစွမ်းအင်ကို စစ်ဆေးဖို့ တွေးလိုက်ပြီး ရှယုအား " မိန်းကလေးရှယု......မင်းငါ့ကို ရှာတာ အကြောင်းရှိလို့လား " ဟု မေးလိုက်သည်။
ထိုအခါ ရှယုသည် ကျင့်စဥ် စာလိပ်တစ်ခုအား ထုတ်ပေးလိုက်၍ ချောင်ဖုန်းခန္ဓာကိုယ်အတွင်းရောက်ရှိနေသော ယင်ယန်းအပိုင်းအစသည် သာမာန်စွမ်းအင်အပိုင်းအစ တစ်ခုမဟုတ်ဘဲ ယင်းယန်စွမ်းအင်ပိုင်ဆိုင်သူတွေသာ လေ့ကျင့်နိုင်သည့် ထိပ်တန်းကျင့်စဥ်ကို ကျင့်စဥ်နိုင်သည့် စွမ်းအင်အပိုင်းအစမျိုး ဖြစ်ကြောင်း ပြောပြလိုက်သည်။
ရှယုသည် ထို့နောက် ချောင်ဖုန်းအား တခြားကိစ္စများကို စိတ်မပူဖို့အတွက်ပြောလိုက်ပြီး ချောင်ဖုန်းကို နှုတ်ဆက်ကာ ပြန်သွားပါတော့သည်။ချောင်ဖုန်းလဲ ကျင့်စဥ်ကို သိုလှောင်ကွင်းထဲသို့ ထည့်လိုက်ပြီး စားသောက်ဆိုင်ထဲက ထွက်မယ့်အချိန်မှာ နောက်ကနေ ချောင်မြောင်း တိုက်ခိုက်လိုက်တဲ့အခါ လျင်မြန်စွာ ရှောင်လိုက်သည်။
ထိုအခါ မြှားတစ်ချောင်းသည် ချောင်းဖုန်း၏ ဘေးနားကို စိုက်သွားပြီးနောက် အဖွဲ့တစ်ဖွဲ့သည် ချောင်ဖုန်းသွားမယ့် လမ်းများကို ပိတ်ထားလိုက်သည်။ထိုလူကတော့ တခြားလူမဟုတ်ဘဲ အသူရာနတ်ဆိုးဂိုဏ်းမှ ဟို့ကန်းပင်ဖြစ်လေသည်။
အသူရာနတ်ဆိုးဂိုဏ်းသည် ပါးရှန်းဂိုဏ်းနဲ့ ရန်ငြိုးတချိူ့ ရှိနေတဲ့အတွက် သူတို့နဲ့ပက်သက်နေသော ချောင်ဖုန်းအား သတ်ဖြတ်ဖို့ ဆောင်ရွက်လိုက်သည်။
ချောင်ဖုန်းသည် အကြောင်းမဲ့သက်သက် တိုက်ခိုက်လာခြင်းကြောင့် ဟို့ကန်းတို့အား သတ်ဖြတ်မယ့်ချိန်မှာ ယဲ့ရှီဖုန်းသည် "သခင်လေးဟို့ကန်း......ရှီဖုန်းမျက်နှာထောက်ပြီး ဒီသခင်လေးကို ခွင့်လွှတ်ပေးလို့ရမလား " ဟု မေးလိုက်သည်။
ထိုအချိန်မှာ အနက်ရောင်အပေါ်ထပ်ဝတ်ရုံဖြင့် အုပ်စုတစ်စုသည် လျင်မြန်စွာ စားသောက်ဆိုင်အတွင်းသို့ ရောက်ရှိလာပြီး အသူရာနတ်ဆိုးဂိုဏ်းမှ လူအားလုံးကို သတ်ဖြတ်ပစ်လိုက်လေသည်။ထိုလူတွေကတော့ ရှဲ့ချမ်းတို့အဖွဲ့ပင်ဖြစ်သည်။
ထိုအခါ ကဲမင်နဲ့ယဲ့ရှီဖုန်းသည် ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်သွားကြလေသည်။အသူရာနတ်ဆိုးဂိုဏ်းအကြီးအကဲပိုင်ရွှင်းသည် နတ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားအဖြစ် ရောက်ရှိနေတာတောင် ထိုအဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံရလိုက်ခြင်းကြောင်း ဖြစ်သည်။
ရှဲ့ချမ်းသည် ပိုင်ရွှင်း၏ စုန့်ဝိညဥ်စွမ်းအင်အား ထွက်ပြေးမရအောင် ချိတ်ပိတ်ပစ်လိုက်ပြီး သိုလှောင်ကွင်းများကို ချောင်ဖုန်းကို ပေးလိုက်သည်။ထို့နောက် ရှဲ့ချမ်းသည် "ဂိုဏ်းချုပ်.....အဲ့ကိစ္စကျွန်တော်ကိုယ်တိုင်ဆောက်ရွက်လိုက်ရမလား" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး"ငါမင်းရဲ့အရည်အချင်းကို.....အသိအမှတ်ပြုပါတယ် ၊ ဒါပေမယ့် တချို့ကိစ္စတွေက ငါကိုယ်တိုင်ပါဝင်မှ ရမယ် " လို့ ပြန်ဖြေလိုက်သည်။ယဲ့ဖုန်းရှီနဲ့ကဲမင်သည် "သခင်လေး.....ကျွန်မတို့ကို သွားခွင့်ပြုပါအုံး " ဟု ချောင်ဖုန်းအား ပြောကာ သူ့လူတွေနဲ့ အတူ အမြန်ထွက်ခွာသွားလေသည်။
ကဲမင်သည် အပြင်သို့ ရောက်တဲ့အခါ မဟာအင်ပါယာတိုင်းပြည်အတွင်းမှာ အင်အားကြီးဂိုဏ်းတစ်ခု ပေါ်ထွက်လာကြောင်းကို တော်ဝင်နန်းတော်သို့ သတင်းပါးလိုက်သည်။ချောင်ဖုန်းသည် ထို့နောက် ရှဲ့ချမ်းတို့အဖွဲ့ကို ရှေ့ကနေ အရင်သွားခိုင်းလိုက်သည်။
ဓားဘုရင်ဂိုဏ်း၏ အေးဆေးသာယာသော ပန်းမျိုးစုံ ပွင့်ပြီး ကန်အလယ်တွင် လှပသော သာမန်စံအိမ်လေးတစ်ခုတည်ဆောက်ထားလေသည်။ ထိုစံအိမ်အတွင်းမှာ အသက်ငယ်ငယ်မိန်းကလေး တစ်ယောက်သည် အသီးအနှံ စားကာ ထိုင်စောင့်နေလေသည်။
ထို့နောက်ဓားဘုရင်ဂိုဏ်းတံဆိပ်ဝတ်ဆင်ထားသော လူတစ်ယောက်သည် အပေါ်ထပ်အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ချောင်ဖုန်းတို့ကို ကန်အလယ်ရှိ စံအိမ်လေး အတွင်းသို့ခေါ်လာလေသည်။
ထိုဓားဘုရင်ဂိုဏ်းမှ သည် အသီးစားနေသော မိန်းကလေးအား "အကြီးအကဲယွင်ကျွင်း......နောက်ထပ် လူရောက်ရှိလာပါပြီ " ဟု တံခါးအပြင်မှ ပြောလိုက်သည်။ထိုအခါ ဖန်ယွင်ကျွင်းဟု ခေါ်သောမိန်းကလေးသည် "ရပြီ.....နင်ထွက်သွားတော့..." ဟု ပြောလိုက်သည်။
ထိုအခါ ဖန်ယွင်ကျွင်းသည် အပြင်မှာ ရှိနေသော ချောင်ဖုန်းကို စံအိမ်အတွင်းသို့ ဝင်လာဖို့ပြောလိုက်သည်။ချောင်ဖုန်းတို့သည် အထဲကို ဝင်ပြီးနောက်မှာ မက်မွန်သီး စားနေသော ဖန်ယွင်ကျင်းကို တွေ့လိုက်ရသည်။
ဖန်ယွင်ကျွင်းသည် ထိုင်ခိုင်းလိုက်ပြီး အသီးထည့်ထားသော ပန်ကန်ပြားလေးကို ချောင်ဖုန်းတို ရှေ့တိုးပေးလိုက်ပြီး အားမနာပဲစားဖို့ ပြောလိုက်သည်။ဖန်ယွင်ကျွင်းသည် သူနာမည်ပါရှိသည့် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တံဆိပ်ကို ရင်လတ်တွင် ထိုးထားလေသည်။
ချောင်ဖုန်းသည် ရိုရိုသေသေပင်"အကြီးအကဲယွင်ကျွင်း......ကျွန်တော်တို့ ရုပ်သေးရုပ်နဲ့သက်ဆိုင်တာလေးတွေကို ဆွေးနွေးချင်လို့ပါ " ဟု ပြောလိုက်သည်။ထိုအခါ ဖန်ယွင်ကျွင်းသည် ချွဲသော အသံဖြင့် "သခင်လေး......ရှင်ရှေ့က လူတွေအားလုံးကတော့ စိတ်ညစ်ညစ်နဲ့ ပြန်သွားကြပြီ ၊ ရှင်ရော ကျွန်မတို့ တောင်းဆိုတာတွေ တက်နိုင်မလားဆိုတာ သိချင်တယ် " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲယွင်ကျွင်း.....တစ်ချက်လောက်ပြောကြည့်ပါ" လို့ ပြောလိုက်သည်။ဖန်ယွင်ကျွင်းသည် " ကောင်းပြီလေ......သခင်လေးက မစောင့်နိုင်တော့မှ ပြောပြရမှာပေါ့ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဖန်ယွင်ကျွင်းသည်
"ဓားဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရဲ့ တောင်းဆိုမှုအရ နံပါတ်တစ်အနေနဲ့ သခင်လေးက လက်နက်အစီအရင်ပါမောက္ခတစ်ယောက်ကို ရှာပေးရမယ် နောက်ပြီး အဲ့လက်နက်အစီအရင်ပါမောက္ခက ရတနာလက်နက်ထဲကို ဝိညဥ်စွမ်းအင်နှစ်ခုကို ထည့်သွင်းပေးနိုင်ရမယ် " ဟု ပြောလိုက်သည်။
ထိုအခါ ရှဲ့ချမ်းသည် ချောင်ဖုန်းအား "သခင်လေး.......မဟာအင်ပါယာ တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ လက်နက်အစီအရင်ပါမောက္ခတွေထဲမှာ အဲ့လို့ ဝိညဥ်စွမ်းအင်နှစ်ခုကို ထည့်သွင်းတက်တဲ့သူ တစ်ယောက်ပဲ ရှိပေမယ့် အဲ့ဘိုးတော်က တော်ရုံလူတွေ့ခွင့်မပေးဘူး " ဟု စိတ်ပျက်စွာဖြင့် ချောင်ဖုန်းအားပြောပြလိုက်သည်။
ချောင်ဖုန်းသည် ရှဲ့ချမ်းအား ခေါင်းငြိမ့်ပြလိုက်ပြီး "အကြီးအကဲယွင်ကျွင်း.....နောက်တစ်ချက်ကရော " ဟု မေးလိုက်သည်။ဖန်ယွင်ကျင်းသည် ချောင်ဖုန်းက လက်နက်အစီအရင်ပါမောက္ခနဲ့ တွေ့ဆုံဖို့ လွယ်ကူနေတဲ့ အတွက် နောက်တစ်ချက်ကို မေးလိုက်တာလားဟု ထင်လိုက်မိသည်။
ရှဲ့ချမ်းကတော့ ချောင်ဖုန်းသည် လက်နက်အစီအရင်ကိုပါ ဖန်တီးနိုင်တာလား ဟု တွေးနေခဲ့သည်။ချောင်ဖုန်းတို့ ရှေ့မှ မဟာအင်ပါယာတိုင်းပြည်အတွင်းရှိ အင်အားကြီးမားတဲ့ဂိုဏ်းများတောင် ထိုပထမအချက်ကို အဆင်ပြေမှ ပြန်လည် လာဆွေးနွေးမယ်ပြောတာ ထွက်ခွာသွားကြသည်။
ဖန်ယွင်ကျွင်းသည် "သခင်လေး.......ဒုတိယအဆင့်ကတော့ ပိုပြီးခက်လိမ့်မယ်နော် ဘာလို့လဲဆိုတော့ အဲ့တာက အဆင့်ခြောက်ဆေးလုံးတစ်လုံးကို သခင်လေးက ပေးရမယ်ဖြစ်လို့ပဲ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲယွင်ကျွင်း.......နောက်တစ်ဆင့် ကျန်သေးလား " ဟု ပြောလိုက်သည်။ထိုအခါ ဖန်ယွင်ကျွင်းသည် ချောင်ဖုန်းက သူ့အား စနောက်နေသလား ဟု ထင်သွားလေသည်။
မဟာအင်ပါယာတိုင်းပြည်ထဲတွင် အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်သာ ချီအဂ္ဂိရတ်ပညာရှင်ဂိုဏ်းမှ ဆရာကြီးကျန်းယန်နဲ့ သူ၏ ဆရာသာ ရှိပြီး ထိုနှစ်ယောက်ကလည်း အဆင့်ခြောက်ဆေးလုံးဖော်စပ်အောင်မြင်ဖူးသော်လည်း နောက်တစ်ခါ ဖော်စပ်ဖို့အတွက် အောင်မြင်နိုင်မည်ဟု တပ်အပ်မပြောနိုင်ပေ။
ဖန်ယွင်ကျင်းသည် နောက်ဆုံးတစ်ချက်အနေနဲ့ အဆင့်ခြောက် မှော်သားရဲရဲ့ မှော်အမြူတေကို လိုအပ်တဲ့အကြောင်း ချောင်ဖုန်းတို့ကို ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲယွင်ကျွင်း......ဖော်စပ်ရမယ့် ဆေးလုံးနဲ့ ထည့်သွင်းရမယ့်ဝိညဥ်စွမ်းအင်နဲ့ လက်နက်ကိုငါ့ကို တစ်ချက်လောက်ပြနိုင်မလား " ဟု
ပြောလိုက်သည်။
ဖန်ယွင်ကျွင်းသည် သူ့ကို တမင် လာကစားဖို့ ဆရာကြီးပုံစံဆိုဒ်ဖမ်းနေတာလား ဟု တွေးလိုက်ပြီး ဒီတိုင်းလှည့်ပြန်သွားရင် ပညာပေးဖို့ ဆုံးဖြတ်လိုက်သည်။ထို့နောက် ဖန်ယွင်ကျွင်းသည် ဆေးလုံးဖော်စပ်ရမယ့် စာလိပ်ကို သူ့သိုလှောင်ကွင်းထဲမှ အရင်ထုတ်ပေးလိုက်သည်။
ချောင်ဖုန်းသည် ဖတ်ကြည့်လိုက်တဲ့အခါ နတ်ဘုရားရှစ်ပါး ဟု ခေါ်သော အဆင့်ခြောက်ဆေးလုံးကို တွေ့လိုက်သည်။ထိုချိန်မှာ ဖန်ယွင်ကျွင်းသည် ဝိညဥ်စွမ်းအင်နှစ်ခုနဲ့ အသွားတစ်ဖက်သာပါသည့် အနက်ရောင်ဓားကောက်တစ်ချောင်းကို ပေးလိုက်သည်။