← Chapters

chapter(102)

Vol. 8 Ch. 102

chapter(102)

Vol. 8 Ch. 102

အသန့်စင်ဆုံးစနစ် အခန်း(102)

ချောင်ဖုန်းသည် ဓားကောက်ကို ယူကြည့်လိုက်တဲ့အခါ ရှားပါ

သော သတ္တုကျောက်အမျိုးအစားတွေနဲ့ ပေါင်းစပ်ကာ ထုထွင်းထားကြောင့် သိလိုက်သည်။ဝိညဥ်စွမ်းအင်နှစ်မျိူးက ကင်းခြေမြားနဲ့ကြွက် ဝိညဥ်စွမ်းအင်ဖြစ်နေတဲ့ ရှဲ့ချမ်းသည် ဓားဘုရင်ဂိုဏ်းမှ လူများကို စိတ်ထဲမှ လှောင်လိုက်သည်။

ချောင်ဖုန်းကတော့ ထိုဝိညဥ်စွမ်းအင် နှစ်ခုသည် သာမာန်ဝိညဥ်စွမ်းအင်များမဖြစ်နိုင်တာကို ခန့်မှန်းထားသည်။ချောင်ဖုန်းသည် "အကြီးအကဲယွင်ကျွင်း......ဆေးဖော်စပ်ဖို့အတွက် ဆေးအမယ်တွေက ကိုယ်တိုင်ရှာဖွေရမှာလား " ဟု မေးလိုက်သည်။

ဖန်ယွင်းကျွင်း၏ စိတ်ထဲတွင် " မဟုတ်မှ လွဲရော သူ့မှာ တကယ်ပဲ အဆင့်ခြောက်ဆေးဆရာတစ်ယောက်ရှိနေတာလား " ဟု တွေးလိုက်သည်။

ထို့နောက် ဖန်ယွင်ကျွင်းသည် "သခင်လေး.....အဆင့်ခြောက်ဆေးလုံးဖော်စပ်ဖို့အတွက် ပါဝင်တဲ့ ဆေးအမယ်တွေကလဲ

ရှားပါးတဲ့အတွက် မတော်တဆ ဆေးဖော်ရာမှာ ကျရှုံးသွားခဲ့ရင် တန်ရာတန်ကြေးတော့ သခင်လေးလျော်ပေးရမယ်နော် " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ ဖန်ယွင်ကျွင်းသည် လက်ခုတ်နှစ်ချက်တီးလိုက်တဲ့အခါအပြင်မှ လူတစ်ယောက်သည် "မင်္ဂလာပါ အကြီးအကဲယွင်ကျွင်း........ကျွန်တော်ကို ဘာခိုင်းစရာရှိလို့လဲ " ဟု မေးလိုက်သည်။

ထိုအခါ ဖန်ယွင်ကျွင်းသည် ဆေးခန်းမဆောင်ရဲ့သိုလှောင်ခန်းအတွင်းမှာရှိတဲ့ ဂိုဏ်းက သီးသန့်ထားထား ဆေးအမယ်သုံးစုံထဲက တစ်စုံစာကို ယူလာခိုင်းလိုက်သည်။ထိုအခါ လွင်အန်း ဟု ခေါ်သည့် လူသည် ဓားဘုရင်ဂိုဏ်း၏ ဆေးခန်းမ အဆောင်ကို သွားခဲ့သည်။

ဆေးခန်းမဆောင်တွင် မိန်းမတစ်ယောက်သည် ဆေးအမယ်များကို လိုက်လံ ကြည့်ရှုနေလေသည်။လွင်အန်းသည် ထိုမိန်းမကို ရိုရိုသေသေဖြင့် "အကြီးအကဲလိုင်ကျွီ........ကျွန်တော်ကို အကြီးအကဲယွင်ကျွင်းက အဆင့်ခြောက်ဆေးအမယ်တွေ ထည့်ထားတဲ့ ဆေးသေတ္တာဘူးကို လာယူဆောင်ခိုင်းလို့ပါ " ဟု ပြောလိုက်သည်။

ထိုအခါ လိုင်ကျွီသည် "အဆင့်ခြောက်ဆေးအမယ်ဟုတ်လား.....

ဘယ်သူက ဖော်စပ်နိုင်မှာမို့လို့ သူက တောင်းခိုင်းလိုက်တာလဲ ၊ ဒါသက်သက် ဆေးအမယ်တွေ ဖြုန်းတီးဖို့ပဲ ​ဖြစ်ရမယ်" ဟု ပြောကာ ဆေးအမယ်တစ်စုံထည့်ထားသော သေတ္တာဘူးကို သူကိုယ်တိုင်ယူလိုက်ပြီး ကန်အလယ်ရှိ စံအိမ်လေးတစ်ခုကို ထွက်ခွာလာခဲ့သည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ လိုင်ကျွီသည် ချောင်ဖုန်းတို့ ရှိနေသော အခန်းကို ရောက်ရှိလာပြီး မကျေနပ်သော လေသံဖြင့် "ယွင်ကျွင်း......ဘယ်သူက အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်မှာမို့လို့ နင်က ယူခိုင်း လိုက်တာလဲ " ဟု ဆူဟောက်လိုက်သည်။

ထိုအခါ ယွင်ကျွင်းသည် "ဆရာတူအမလိုင်ကျွီ...... နင်ကဂိုဏ်းကပေးထားတဲ့ တာဝန်ကို မလုပ်ချင်လို့လား " ဟု မေးလိုက်သည်။

ထိုအခါ လိုင်ကျွီသည် ဆေးအမယ်သေတ္တာဘူးကို ထုတ်ပေးလိုက်ပြီး "ဆရာတူညီမလေး.......နင်ကို ငါနောက်မှ ဆုံးမအုံးမယ်ပြောကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။

အမှန်တော့ လိုက်ကျွီနဲ့ယွင်ကျွင်းသည် ချောင်ဖုန်းတို့လို့ အသက်နှစ်ဆယ်ကျော်မဟုတ်ဘဲ နှစ်ယောက်လုံးသည် သုံးဆယ်ကျော်လေးတွေဖြစ်သည်။သို့သော်နှစ်ယောက်လုံးသည် ငယ်ရွယ်နှပျိုစေသော ဆေးလုံးများကို သောက်သုံးနေတာကြောင့် နှစ်ဆယ်ကျော်မိန်းကလေးတစ်ယောက်နဲ့ တူနေခြင်းဖြစ်သည်။

ဖန်ယွင်ကျွင်းသည် ဆေးအမယ် သေတ္တာဘူးကို ချောင်ဖုန်းကို ​ပေးပြီးနောက် " သခင်လေး .......နင် ဒီပစ္စည်းတွေယူပြီး ဒီမြို့ကတော့ မထွက်ပြေးလောက်ဘူးမလား " ဟု ချောင်ဖုန်းကို စနောက်လိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲယွင်ကျွင်း......ကျွန်တော်ကို အခန်းတစ်ခန်းလောက် စီစဥ်ပေးနိုင်မလား..... " ဟု မေးလိုက်သည်။

ချောင်ဖုန်းစကားကြောင့် ယွင်ကျွင်းသည် ခဏတာ ဆွံအသွားပြီးနောက် "သခင်လေး.....နင်က လက်နက်အစီအရင်ဆရာတစ်ယောက်ဖြစ်တဲ့အပြင် အဆင့်ခြောက် အဂ္ဂိရတ်ပညာရှင် တစ်ယောက်လဲ ဖြစ်တယ်လို့တော့ မပြောနဲ့နော် " ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲယွင်ကျွင်းက ကျွန်တော်ကို အထင်ကြီးနေတာပဲ......အကြီးအကဲထင်နေသလိုမဟုတ်ရပါဘူး" ဟု ပြောလိုက်သည်။

ထိုအခါမှသာ ဖန်ယွင်းကျွင်းသည် "ကောင်းပါပြီ အဲ့တာဆိုလဲ ငါအခန်း မင်းကို ခနဌားလိုက်မယ် " ဟု ပြောလိုက်ပြီး သူစားနေသော စပျစ်သီးအစေ့လေးဖြင့် နံရံကို ပစ်လိုက်တဲ့အခါ ရေအောက်ထဲတွင် ဖန်တီးထားသော အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။

ထို့နောက် ဖန်ယွင်ကျွင်းသည် "သခင်လေး.......နင်အချိန်အကြာကြီးတော့ မနေနဲ့နော် " ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ရှဲ့ချမ်းကို ပြန်စေလွှတ်လိုက်ပြီး အခြေအနေများကို စောင့်ကြည့်ခိုင်းလိုက်သည်။

ချောင်ဖုန်းသည် ရေအောက်အခန်းထဲရှိ သို့ ရောက်တဲ့အခါ အစီအရင်တစ်ခုကို အရင်အသက်သွင်းလိုက်သည်။ထိုအစီအရင်ကတော့ အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်ရင် လူအများသတိမထားမိနိုင်အောင် ဖျောက်ကွယ်ပေးနိုင်မည့် အစီအရင်ဖြစ်သည်။

ချောင်ဖုန်းသည် အစီအရင် တည်ဆောက်ပြီးတာနဲ့ ဆေးမီးဖိုကို ထုတ်ကာ ဆေးအမယ်များကို တခါထဲ ရောကာ သန့်စင်ပစ်လိုက်သည်။ယခု တစ်ခေါက်မှာတော့ ချောင်ဖုန်းသည် နာရီပိုင်းအနည်းငယ်နဲ့ အဆင့်ခြောက်ဆေးလုံးတစ်လုံးကို လွယ်ကူစွာ ဖော်စပ်နိုင်ခဲ့သည်။

ချောင်ဖုန်းသည် ထို့နောက် ဓားကောက်နဲ့ဝိညဥ်စွမ်းအင်နှစ်ခုကို ထုတ်လိုက်ပြီး တောက်ပနေသောအဖြူရောင်အစီအရင်ပုံစံတစ်ခုကို ရေးဆွဲလိုက်ပြီး ဓားကောက်အတွင်းထဲသို့ ထည့်လိုက်ပြီး ဝိညဥ်စွမ်းအင်နှစ်ခုကို ဓားကောက်အတွင်းသို့ ထည့်သွင်းပေါင်းစပ်လိုက်လေသည်။

ချောင်ဖုန်းအခန်းထဲမှ ပြန်ထွက်လာတဲ့အခါ ဖန်ယွင်ကျွင်းသည်

"သခင်လေး......နောက်ဆုံးတော့ နင်ပြန်ထွက်လာပြီးပဲ " ဟု ပြောလိုက်သည်။ထိုအခါချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းမှ တောင်းဆိုတာတွေ လုပ်ပေးပြီးတာနဲ့ရုပ်သေးရုပ်အကြောင်း သိရှိနိုင်ပြီလားဟု မေးလိုက်သည်။

ထိုအခါ ဖန်ယွင်ကျွင်းသည် ချောင်ဖုန်းရဲ့ နားအနားကို ကပ်လိုက်ပြီး "သခင်လေး......ရှင်သာ ဂိုဏ်းရဲ့တောင်းဆိုတာတွေ ဆောင်ရွက်ပြီးတာနဲ့ ရုပ်သေးရုပ်ဖန်တီးဖို့ ရေးသားထားတဲ့ စာလိပ်ကို ထုတ်ပေးဖို့ အဆင်သင့်ပဲ " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် စားပွဲခုံပေါ်သို့ ပစ္စည်းတစ်ချို့ တင်လိုက်ပြီး "အကြီးအကဲယွင်ကျွင်း.......ဒီပစ္စည်းတွေကို တစ်ချက်စစ်ကြည့်ပေးပါအုံး " ဟု ပြောလိုက်သည်။ဖန်ယွင်ကျွင်းသည် ကျောက်စိမ်းသေတ္တာဘူး နှစ်ခုနှင့် အဝတ်အစားပတ်ထားသော လက်နက်တစ်ခုကို တွေ့လိုက်ရသည်။

ထိုအခါ ဖန်ယွင်ကျွင်းသည် ထိုအဝတ်စကို ဖယ်ထုတ်လိုက်တဲ့အခါ အဝါရောင်နဲ့အပြာရောင်ဖြစ်သော အလင်းရောင်နှစ်ခုသည် အခန်းအတွင်းမှာ တောက်ပသွားလေသည်။ဖန်ယွင်ကျွင်းသည် မယုံကြည်နိုင်စွာ အံ့အားသင့်သွားပြီး ဓားကောက်ကို ကိုင်လိုက်ပြီး " ဒါ..... ဒါက.......ဝိညဥ်စွမ်းအင်နှစ်မျိုးပါတဲ့ ရတနာလက်နက်ဖြစ်သွားပြီလား " ဟု ပြောလိုက်လေသည်။

ထို့နောက် ယွင်ကျင်းသည် အစီအရင်စာရွက်တစ်ခုကို အသက်သွင်းလိုက်လေသည်။ထိုအခါ ဆေးခန်းမတွင်ရှိသော လိုင်ကျွီသည် "ဘယ်သူက......ဓားဘုရင်ဂိုဏ်းကို လာနှောက်ယှက်ရဲတာလဲ " ​ေ ရရွတ်လိုက်ပြီး ဖန်ယွင်ကျင်းရှိသို့ ​လျင်မြန်စွာသွားလိုက်သည်။

လိုင်ကျွီသည် ဟိုရောက်တဲ့အခါ တံခါးကို ဖွင့်လိုက်ပြီး "ဘယ်သူက ဓားဘုရင်ဂိုဏ်းကို နှောက်ယှက်ရဲတာလဲ "ဟု ပြောလိုက်သည်။လိုင်ကျွီသည် အခန်းထဲတွင် အေးဆေးစွာထိုင်နေသော ဖန်ယွင်ကျွင်းနဲ့ချောင်ဖုန်းကို တွေ့လိုက်ရသည်။

ဖန်ယွင်ကျွင်းသည် လိုင်ကျွီရဲ့စကားကြောင့် "ဆရာတူအမ........နင်ဘာတွေလျှောက်ပြောနေတာလဲ " ဟု ပြောလိုက်သည်။ထိုအခါ လိုင်ကျွီသည် "ဆရာတူညီမ.....နင့်ကို တစ်ယောက်ယောက်နှောက်ယှက်နေတာမဟုတ်ဘူးလား " ဟု ပြောလိုက်သည်။

ဖန်ယွင်ကျွင်းသည် ခေါင်းခါ ပြလိုက်ပြီး အလင်းရောင်နှစ်မျိုးဖြာထွက်နေသော ဓားကောက်ကို လိုင်ကျွီကို ပြလိုက်သည်။ထိုအခါမှသာ လိုင်ကျွီသည် သေချာကြည့်လိုက်ပြီး "ဝိညဥ်စွမ်းအင်နှစ်မျိုးပါတဲ့ လက်နက်လား " ဟု ပြောပြီး အံ့အားသင့်သွားလေသည်။

ထိုနောက် ချောင်ဖုန်းသည် "အကြီးအကဲတို့..... ဒီကျောက်စိမ်းသေတ္တာဘူး တွေကို စစ်ဆေးကြည့်ပါအုံး " ဟု ပြောလိုက်သည်။

ထိုအခါ ယွင်ကျွင်းသည် သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး "မဖြစ်နိုင်တာ...... ဒါကတကယ်ပဲ အဆင့်ခြောက်ဆေးလုံးဖြစ်တဲ့ နတ်ဘုရားရှစ်ပါးဆေးလုံးမလား " ဟု နှုတ်က အလိုလိုပင် ထွက်သွားသည်။

ထို့နောက် လိုင်ကျွီကလဲ "ဒါက အဆင့်ခြောက်နတ်ဆိုးသားရဲရဲ့ မှော်အမြူတေပဲ " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲယွင်ကျွင်း......ကျွန်တော်ကို စာလိပ်ပေးလို့ ရပြီလား " ဟု မေးလိုက်သည်။

ထိုအခါ ဖန်ယွင်းကျွင်းသည် လိုင်ကျွီကို ကြည့်လိုက်ပြီး သိုလှောင်ကွင်းထဲမှ စာလိပ်အသေးလေးတစ်ခုကို ထုတ်ပေးလိုက်ပြီး "သခင်လေး.....နင်ရဲ့မျက်နှာအစစ်အမှန်ကို ပြမှ ငါတို့ ဒီစာလိပ်ကို ပေးနိုင်မယ် " လို့ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းလဲ သူ့ရဲ့ အနက်ရောင်အပေါ်ထပ် ဝတ်စုံအား ချွတ်လိုက်ပြီး "အကြီးအကဲယွင်ကျွင်း..... ခု ပေးလို့ရပြီလား " ဟု ပြောလိုက်သည်။အမှန်တကယ်တော့ ချောင်ဖုန်းသည် ခန္ဓာကိုယ်အသွင်ပြောင်းဆေးလုံးကို သောက်သုံးထားခြင်းဖြစ်သည်။

All Chapters