chapter(103)
Vol. 8 Ch. 103
အသန့်စင်ဆုံးစနစ် အခန်း(103)
ထိုအခါ ဖန်ယွင်ကျွင်းသည် စာလိပ်ကို ပေးလိုက်ပြီး " သခင်လေး...... ဒီစာလိပ်က တနေရာရာမှာ ပေါက်ကြားလာခဲ့ရင် ဓားဘုရင်ဂိုဏ်းက သခင်လေးကို ရေမြေအဆုံး လိုက်သတ်ဖို့ အဆင်သင့်ပဲနော်" ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ပြုံးလိုက်၍ စာလိပ်ကို ယူလိုက်ပြီး သူသိုလှောင်ကွင်းထဲမှ ဆေးပုလင်း နှစ်ခုကို ဖန်ယွင်ကျွင်းကို ထုတ်ပေးလိုက်သည်။ထိုအခါ ဖန်ယွင်ကျွင်းသည် ဆေးပုလင်းကို ကြည့်လိုက်ပြီး "သခင်လေး...... ဒါက" လို့ ချောင်ဖုန်းအား မေးလိုက်သည်။
ချောင်ဖုန်းသည် တစ်ပုလင်းက ဆယ်စုနှစ်တစ်ခုလောက် ငယ်ရွယ်နုပျိုစေသော ဆေးပုလင်း ဖြစ်ပြီး နောက်တစ်ပုလင်းကတော့ ဆယ်စုနှစ်မပြည့်ခင်မှာ နဂိုမျက်နှာပြန်ဖြစ်အောင် လုပ်ပေးထားသော ဆေးလုံးဖြစ်ကြောင်း ပြောပြလိုက်သည်။
ထိုအခါ ဖန်ယွင်ကျွင်းနဲ့ လိုင်ကျွီသည် ဆေးလုံးကို ထုတ်ကြည့်လိုက်တဲ့ အဆင့်ငါးဆေးလုံးဖြစ်သော ဖန်ရိူငယ်ရွယ်နုပျိုဆေးလုံး ဖြစ်ကြောင်းသိလိုက်ရသည်။ဖန်ယွင်ကျွင်းတို့သည် ထိုဆေးလုံးကို ဖော်စပ်ဖူးသော်လည်း မအောင်မြင်သောကြောင့် လအနည်းငယ်သာ ငယ်ရွယ်နုပျိုစေသော ဆေးလုံး သောက်သုံးနေကြခြင်းဖြစ်သည်။
ချောင်ဖုန်းသည် ရုပ်သေးရုပ်ဖန်တီးပြုလုပ်ဖို့ ရေးသားသော စာရွက်ကို ခဏတာ စစ်ဆေးဖတ်ရှု့ကြည့်လိုက်ပြီး သူ့သို့လှောင်ကွင်းထဲသို့ ထည့်သိမ်းလိုက်သည်။ထို့နောက် ဖန်ယွင်ကျွင်းတို့ကို "အကြီးအကဲတို့......ကျွန်တော်ဒီကနေ သွားလို့ရပြီလား " ဟု မေးလိုက်သည်။
ထိုအခါ လိုင်ကျွီသည် နေအုံးလို့ ပြောလိုက်ပြီး ဓားဘုရင်ဂိုဏ်းရဲ့ အရေးကြီးဧည့်သည်တွေသာ ပေးလေ့ရှိသော ဓားမကြီးပုံစံပါရှိသော ရွှေရောင်အမိန့်ပြားတံဆိပ် ကို ထုတ်ပေးလိုက်သည်။
ချောင်ဖုန်းလဲ ထိုအမိန့်ပြားကိုလဲ ထည့်သိမ်းလိုက်ပြီး သူ့ရဲ့အပေါ်ထပ်အနက်ရောင်ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး ဓားဘုရင်ဂိုဏ်းမှ အလွန်လျင်မြန်သော အရှိန်နှုန်းနဲ့ထွက်ခွာလာပါတော့သည်။ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းမှ ပြန်ထွက်လာပြီးနောက် တွင် လူအုပ်စုတစ်ဖွဲ့သည် ချောင်ဖုန်းနောက်ကို လိုက်လာလေသည်။
ချောင်ဖုန်းသည် နတ်နယ်ပယ်အစောပိုင်းအဆင့်ငါးယောက်နဲ့အတူ ဧကရာဇ်နယ်ပယ်အဆင့်ရှိတိုက်ခိုက်ရေးသမားများသည် သူ့နောက်ကို လိုက်လာတာကို သိရှိလိုက်တဲ့အခါ ရီချုံသည် "အကိုကြီး......ရီချုံဗိုက်ဆာလာပြီ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် "ရီချုံ......မင်းက လူသားတွေစားလို့လား " ဟု မေးလိုက်သည် ။ထိုအခါ ရီချုံသည် "အကိုကြီး......မင်းတို့လူသားတွေရဲ့အသားက စားလို့ကောင်းလို့လား"ဟု ပြန်ပြောလိုက်သည်။
ချောင်ဖုန်းသည် နောက်မှ စဥ်းစားမိပြီး " အတော်ပဲ..... " ဟု ပြောကာ ခြေလှမ်းများကို ရပ်တန့်လိုက်တာနဲ့ ချောင်ဖုန်း၏ ပတ်ပတ်လည်တွင် လူအုပ်စုလိုက်ကြီးသည် လေပေါ်တွင် ပေါ်လာကြလေသည်။
ထိုလူတွေထဲမှ ခေါင်းဆောင်ဖြစ်သည့် ကျင်းကျန့်ယွီဆိုသော လူသည် သူရဲ့ဓားမြှောင်တို ကို လက်ချောင်းများကြားမှာ ဆော့ကစားလိုက်ပြီး ချောင်ဖုန်းအား "အသက်ရှင်ချင်သေးရင် မင်းရဲ့သိုလှောင်ကွင်းကိုပေးပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားတော့ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် "စီနီယာ.......ကျွန်တော်မှာ ဘာအပြစ်ရှိလို့လဲ" ဟု လက်နှစ်ဖက်ဆုပ်ကာ မေးကြည့်လိုက်သည်။ထိုအခါ လွင်အန်းသည် ကျင်းကျန့်ယွီရဲ့ နောက်မှ ထွက်လာပြီးတော့ "ကောင်စုတ်လေး......မင်းရဲ့အကြောင်းတွေ အားလုံး ငါစောင့်ကြည့်ပြီးပြီ ၊ နောက်ပြီး မင်းလက်ထဲမှာ အဲ့စာလိပ်လဲ ရှိနေတာရောပဲ " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ထိုလူတွေက ဓားဘုရင်ဂိုဏ်းမှ ဖြစ်နိုင်တာကို သိရှိသွားလေသည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "ရီချုံ.......မင်းနဲ့ငါ ပြိုင်ဖို့ အချိန်တန်ပြီ ထင်တယ် " ဟု ပြောလိုက်သည်။
ရီချုံသည် ရယ်လိုက်ပြီး "ဟီးဟီး......အကိုကြီး မင်းပဲအမြဲနိုင်နေတာဆိုတော့ ဒီတစ်ခေါက်တော့ ရီချုံအနိုင်ယူလိုက်တော့မယ် " ဟု ပြောလိုက်ပြီး ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ ဧရာမကောင်းကင်နတ်ဆိုးဌက်အသွင်သို့ ပြောင်းလဲသွားပြီး ချောင်ဖုန်းအထက်ရှိ လေပေါ်တွင် အော်ဟစ်ကာ ပျံဝဲလိုက်သည်။
ထိုအခါ ကျင်းကျန့်ယွီတို့သည် မဲနက်၍ ခေါင်းထိပ်တွင်ဂျိုတစ်ချောင်းပါရှိသည့် အလွန်ကြီးမားသောနတ်ဆိုးဌက်ကြီးရှိမှ စွမ်းအားအငွေ့အသက်သည် သူ့တို့အား အနည်းငယ်ဖိအားပေးနေတာကို ခံစားနေရသည်။
ကျင်းကျန့်ယွီသည် သူ့၏ မျက်လုံးမှိတ်၍ ပြန်ဖွင့်လိုက်တဲ့အခါတွင် အနက်ရောင်မျက်လုံးများအဖြစ်ပြောင်းလဲသွားပြီး ချောင်ဖုန်းအားကြည့်ကာ "မင်းတစ်ယောက်ထဲ စီးနင်းဖော်သားရဲကောင်ရှိနေတယ် ထင်နေတာလား " ဟု ပြောကာ သူ့ရဲ့ စီးနင်ဖော် သားရဲကို ထုတ်လိုက်သည်။
ကျင်းကျန့်ယွီ၏ စီးနင်းဖော်သားရဲသည် အဆင့်ခြောက်သားရဲကောင်ဖြစ်သော လင်းယုန်ဌက်တစ်ကောင်ပင်ဖြစ်လေသည်။
ချောင်ဖုန်းသည် ရီချုံ ဘာကြောင့်တိုက်ခိုက်ချင်တာလဲဆိုတာသိရှိသွားပြီဖြစ်သည်။
လင်းယုန်ငှက်နဲ့ရီချုံသည် ကောင်းကင်ယံတွင် နှစ်ကောင်သား အပြင်းအထန်တိုက်ခိုက်နေတဲ့အခါ ကျင်းကျန့်ယွီသည် "ဟားဟား.....မင်းက စီးနင်းဖော်သားရဲ အားကိုးနဲ့ မင်းကိုမင်း ဟုတ်လှပြီထင်နေတာပဲ "ဟု လှောင်ပြောင်ပြီး ချောင်ဖုန်းအားပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "ဟုတ်လား...... " ဟု ပြောလိုက်ပြီး နတ်ဆိုးတစ္ဆေအငွေ့အသက်အရှိန်အဝါကို ထုတ်လွှင့် လိုက်တဲ့အခါ မှာတော့ ကျင်းကျန့်ယွီတို့ နောက်ရှိ ဧကရာဇ်နယ်ပယ်အဆင့်ရှိ တိုက်ခိုက်ရေးသမားများသည် လေပေါ်မှ မြေပြင်ပေါ်သို့ ချက်ချင်း ထိုးကျသွားကျလေသည်။
လွင်အန်းသည် ချောင်ဖုန်း၏ ဖိအားအောက်တွင် စကားတောင် မပြောနိုင်တော့ဘဲ သူ့အားကယ်ဖို့ ကျင်းကျန့်ယွီတို့အား သူကို ကယ်ဖို့ တောင်းတနေရလေသည်။
ချောင်ဖုန်းသည် ချက်ချင်းပင် သုံးကိုယ်အထိ ပွားလိုက်ပြီး လက်ညိုး တစ်ချက်နဲ့တိုက်ခိုက်လိုက်တဲ့အခါ ကြောက်စရာကောင်းသည့် အဖြူအနက်ရစ်နွယ်ထားသည် ချီးစွမ်းအင်လှိုင်းကြီးသည် ဧကရာဇ်နယ်ပယ်အဆင့်ရှိသော လူအားလုံးပေါ် ကျရောက်သွားပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွားကာ သိုလှောင်ကွင်းလေးတွေသာ မြေပြင်ပေါ်သို့ ကျကျန်ခဲ့လေသည်။
နတ်နယ်ပယ်အဆင့်မှာ ရှိသော ကျင်းကျန့်ယွီတို့တောင်မှ ချောင်ဖုန်း၏ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်စွမ်းအားကို မြင်တဲ့အခါ တုန်ယင်သွားကြလေသည်။
ကျင်းကျန့်ယွီနဲ့အတူ ကျန်သော နတ်နတ်ပယ်အဆင့်မှ လူများသည် သူတို့ ဓားများကိုထုတ်လိုက်ပြီး ကျင်းကျန့်ယွီသည် "ကောင်စုတ်လေး......မင်းက တကယ်ကြောက်စရာကောင်းတာပဲ ၊ မင်းကိုသာ လွှတ်ပေးလိုက်ရင် နောက်ဆို ဓားဘုရင်ဂိုဏ်းအတွက် အန္တရာယ်ရှိလာနိုင်တယ် " လို့ ပြောလိုက်ပြီး ငါးယောက်တစ်ဖွဲ့ ကျင့်စဥ်ဖြစ်သည် နတ်ဆိုးခေါင်းပူဇော်သတ်ဖြတ်ခြင်းကျင့်စဥ်ကို
အသုံးပြုလိုက်သည်။
ကျင်းကျန့်ယွီတို့သည် သူတို့ ဓားများကို လေပေါ်သို့ ပျံဝေစေလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ သူတို့၏ ဓားများသည် စုစည်းသွားပြီး အနီရောက်စွမ်းအင်များဖြာထွက်နေသော ဧရာမဓားကြီးတစ်ချောင်းအဖြစ်သို့ ပြောင်းသွားလေသည်။
ထို့နောက် ကျင်းကျန့်ယွီသည် သူတို့၏ လက်ချောင်းများဖြင့် ချောင်ဖုန်းကို ညွှန်လိုက်တဲ့အခါ အနီရောင်စွမ်းအင်များဖြာထွက်နေသည့် ဧရာမ ဓားကြီးသည် ချောင်ဖုန်းရှိသို့ တဖြည်းဖြည်း ရွေ့သွားလေသည်။
ထိုအခါ ချောင်ဖုန်းသည် သူ့ရဲ့ ကိုယ်ပွားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အသွင်ကိုးမျိုးမရဏငရဲဓားကို ထုတ်လိုက်သည်။ထိုနောက် သူ့ကိုယ်ပိုင်စွမ်းအင်ကို ဓားနဲ့ပေါင်းစည်းလိုက်ပြီး သူ့အနားကို ရောက်လာတော့မည် အနီရောင်စွမ်းအင်များ တောက်လောင်နေသော ဓားကို ပိုင်းခုတ်လိုက်သည်။
ထိုအခါ အနက်ရောင်ဓားချီစွမ်းအင်သည် တစ်ချက်ထဲနဲ့ပင် ကျင်းကျန့်ယွီတို့၏ ဓားကို ဖျက်ဆီးပစ်လိုက်သည်။ထိုအခါ ကျင်းကျန့်ယွီတို့သည် သူ့တို့နဲ့ ဧရာမဓားကြီးမှာ ချိတ်ဆက်ထားတာကြောင့် ပါးစပ်မှ သွေးများပင် အန်ထွက်လိုက်ရလေသည်။
ထိုအခါ နတ်နယ်ပယ်အဆင့်ရှိသော ငါးယောက်လုံးသည် အခြေအနေတစ်ခုကို သိရှိသွားပြီး ထိုနေရာမှာ ချက်ချင်းပျောက်ကွယ်ကာ တန်းထွက်ပြေးပါတော့သည်။ကျင်းကျန့်ယွီသည် ချောင်ဖုန်းရဲ့ အစွမ်းအစသည် အလွန်ကြောက်စရာကောင်းနေသည့်အတွက် သူ၏ ဆရာဦးလေးကို ပြောပြဖို့ တွေးနေခဲ့သည်။
ထိုအချိန်မှာ ကောင်းကင်နတ်ဆိုးသားရဲဖြစ်သည့် ရီချုံသည် လင်းယုန်ဌက်အား သတ်ဖြတ် စားသောက်ပြီးနောက် အဆင့်ခြောက်သားရဲ၏ ဝိညဥ်စွမ်းအင်အမြူတေကို ချောင်ဖုန်းကို ပေးလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ဘယ်သူမှ မလွတ်မြောက်နိုင်အောင် အမြန်သတ်ဖြတ်ဖို့ ရီချုံကို ပြောလိုက်သည်။ထိုအချိန်မှာပဲ ရီချုံသည် သူရဲ့ဂျိုမှ စွမ်းအင်တစ်မျိုးကို ထူးဆန်းစွာ ခံစားနေရပြီး ဂျိူထဲမှာ မှောင်စွမ်းအင်လှိုင်းတစ်မျိုးသည် ရုတ်တရက်ပေါက်ထွက်သွားကာ မိုင်တစ်ရာအတွင်းရှိ အရာများသည် နှေးကွေးသွားလေသည်။
ရေများသည် တဝေါဝေါစီးနေရာမှာ အလွန်နှေးကွေးစွာစီးဆင်းသွားပြီး သစ်ရွက်များကလဲ မြေပေါ်သို့ တန်း မကြွေကျပဲ လေပေါ်မှ ဖြည်းညှင်းစွာ ကျဆင်းနေလေသည်။ကျင်းကျန့်ယွီတို့သည် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ခြေလှမ်းများသည် ရုတ်တရက်အလွန်လေးလံသွားတာကို ခံစားလိုက်ရလေသည်။
ကျင်းကျန့်ယွီရဲ့ ဘေးမှ တစ်ယောက်သည် စကားကို တခွန်းချင်းစီဖြင့် "မဟုတ်မှ လွဲရော ဒါက နတ်ဆိုးနဂါးမင်းရဲ့ စွမ်းအင်မလား...... " ဟု ပြောလိုက်သည်။ထိုအခါ ကျင်းကျန့်ယွီသည်လည် စကားကို လေးလံစွာဖြင့် "လောကျားယီ......မင်းမဟုတ်တာတွေ
မပြောနဲ့ ၊ နတ်ဆိုးနဂါးမင်းက ဒီနေရာကို ဘယ်လိုလုပ်ရောက်နေမှာလဲ " ဟု ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။