← Chapters

chapter(104)

Vol. 8 Ch. 104

chapter(104)

Vol. 8 Ch. 104

အသန့်စင်ဆုံးစနစ် အခန်း(104)

နတ်ဆိုးနဂါးမင်းသည် ဒဏ္ဍာရီထဲတွင် တည်ရှိခဲ့သည့် နတ်ဆိုးတစ်ကောင်ပင်ဖြစ်ပြီး သူရဲ့အ​ကြောင်းသည် တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပင်မယ့် ရှေ့ဟောင်းဂိုဏ်းများတွင် ပုံပြင်တစ်ပုဒ်ကဲ့သို့ လက်ဆင့်ကမ်းပြောဆိုလာခဲ့ကြသည်။

ထို ဒဏ္ဍာရီပုံပြင်ထဲတွင် နတ်ဆိုးနဂါးမင်း၏ စွမ်းအင်သည် အရာရာတိုင်းကို နှေးကွေးအောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့ ကြားဖူးတဲ့အတွက် လောကျားယီသည် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ထိုအခွင့်အရေးကို အဆုံးရှုံးမခံဘဲ လျှပ်တစ်ပြက်အတွင်းမှာ ကျင်းကျန့်ယီတို့ အနားကို ရောက်ရှိသွားပြီး စက္ကန့်ပိုင်းအတွင်းမှာ ထိုလူတွေအားလုံးကို သူရဲ့ဓားဖြင့် လည်လှီးကာ သတ်ပစ်လိုက်သည်။ထိုအခါ အသက်မရှိသော ခန္ဓာကိုယ်ကြီးများသည် လေထဲမှ မြေ​ပေါ်သို့ ပြုတ်ကျသွားကြလေသည်။

ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ်.......စနစ်ရှင်သည် သန့်စင်ခွင့်အကြိမ်နှစ်ဆယ်ကျော်ကို ရရှိသွားပါပြီ" ဆိုသည့် အသံသည် ချောင်ဖုန်းရဲ့ အကြားအာရုံထဲတွင် ထွက်ပေါ်လာလေသည်။

ကျင်းကျန့်ယွီတို့သည် စုန့်ဝိညဥ်စွမ်းအင်များဖြစ်နေတာတောင် ရီချုံ၏ စွမ်းအင်အောက်မှာ လှုပ်ရှားလို့ မရဖြစ်နေခဲ့သည်။ချောင်ဖုန်းသည် စုန့်ဝိညဥ်စွမ်းအင်များကိုလဲ ချိတ်ပိတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာထဲကို ထည့်သိမ်းလိုက်သည်။

ထို့နောက် အလောင်းခန္ဓာကိုယ်များနှင့် သိုလှောင်ကွင်းများကိုလဲ သူရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ရီချုံရှိကို ပြန်သွားလိုက်သည်။ရီချုံသည် သူရဲ့စွမ်းအားအသစ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေခဲ့သည်။

ခဏအကြာမှာတော့ ရီချုံရဲ့ စွမ်းအင်များကို ထိန်းချုပ်နိုင်ခဲ့ပြီးပြန်လည်​ ရုတ်သိမ်းနိုင်တဲ့အခါမှ ရီချုံသည် ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်လိုက်ပြီး ထိုနေရာမှ နှစ်ယောက်သား အရှိန်အမြန်ဆုံးဖြင့် ထွက်ခွာလာပါတော့သည်။

ရီချုံသည် သူရဲ့စွမ်းအား ပြန်လည်ပျောက်ကွယ်သွားတာနဲ့ အရာရာတိုင်းသည် ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီး ထိုနေရာကို နတ်နယ်ပယ်အဆင့်ရှိကျင့်ကြံသူအများအပြား ရောက်ရှိလာကြလေသည်။ထိုလူတွေသည် အလွန်စွမ်းအားပြင်းထန်သော အငွေ့အသက်ကို ခံစားလိုက်ရတဲ့ ထိုနေရာကို ရောက်ရှိလာကြခြင်းဖြစ်သည်။

ထိုထဲမှ နတ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီး ကျင်းကျန့်ယွီ၏ ဆရာဦလေးဖြစ်သော ဓားဘုရင်ဂိုဏ်း၏ အကြီးအကဲကျားဇီမင်သည် "ငါပဲအထင်မှားတာလား......ခုနလေးတင် အတော်ကြောက်စရာကောင်းတဲ့စွမ်းအင်ကို ခံစားလိုက်ရပြီး ခုကြ ဘာလို့ ချက်ချင်းမခံစားရတော့တာလဲ...... "ဟု တစ်ယောက်ထဲ ရေရွတ်ပြီးနောက် ဓားဘုရင်ဂိုဏ်းသို့ ပြန်လည် ပျံသန်းသွားလေသည်။

ချောင်ဖုန်းသည် ယခုအခါ ဓားဘုရင်ဂိုဏ်းမှ ပြန်လည် ထွက်ခွာလာပြီးနောက် နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်များသာ ကျင့်ကြံခွင့်ရသည့် အခန်းတစ်ခန်းထဲတွင် ရောက်ရှိနေခဲ့သည်။ချောင်ဖုန်းသည် အစိမ်းရောင်စွမ်းအင်များဖြာထွက်နေသော ကောဇောလေးတစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။

ထို့နောက် သိုလှောင်ကွင်းထဲမှ ဓားဘုရင်ဂိုဏ်းမှ ရရှိခဲ့သည့် ရုပ်သေးရုပ် ဖန်တီးဖို့နည်းလမ်းစာလိပ်ကို သေသေချာချာ ဖတ်ကြည့်လိုက်သည်။

ရုပ်သေးရုပ်တွေကို ပြောင်းလဲမှုအဆင့်ဆိုပြီးသုံးမျိုးခွဲခြားထားသည်။ကျွန်ရုပ်သေးရုပ်​ ၊ သခင်ရုပ်သေးရုပ် ၊ နတ်ဘုရားရုပ်သေးရုပ်ပြောင်းလဲမှုအဆင့် ဆိုပြီး သုံးမျိုးရှိသည်။ရုပ်သေးရုပ်တစ်ရုပ်ဖော်စပ်ရန် နတ်နယ်ပယ်အဆင့်ကျင့်ကြံသူ ခန္ဓာကိုယ် ၊ အဆင့်ခြောက်သားရဲမှော်အမြူတေ ၊ စုန့်ဝိညဥ်စွမ်းအင် ၊ ပုံစံသွင်းအစီအရင် စသည့် အရာများကို လိုအပ်သည်။

ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းတွင် အဆင့်ခြောက် ဆေးလုံးဖြစ်သည့် နတ်ဘုရားရှစ်ပါးဆေးလုံးကို ဖော်စပ်ခဲ့သည့်အချိန်က ဆေးအမယ်အနည်းငယ်သာ အသုံးပြုခဲ့တဲ့အတွက် နောက်ထပ်ဖော်စပ်ဖို့ ဆေးအမယ် မလုံလောက်မှာကို စိတ်ပူစရာမလိုတော့ပေ။

ချောင်ဖုန်းသည် အဆင့်ခြောက်ဆေးလုံးဖြစ်သော နတ်ဘုရားရှစ်ပါးဆေးလုံးဖော်စပ်ရန် အစီအရင်တစ်ခုကို အရင်ဖန်တီးလိုက်သည်။ထို့နောက် နတ်ဘုရားရှစ်ပါးဆေးလုံးကို စတင် ဖော်စပ်ပါတော့သည်။

ချောင်ဖုန်းသည် နတ်ဘုရားရှစ်ပါးဆေးလုံးဆယ်လုံးခန့်ကို သုံးနာရီအတွင်းမှာ ဖော်စပ်အောင်မြင်ခဲ့သည်။ထို့နောက်ချောင်ဖုန်းသည် အဝါရောင် ဆေးလုံးမျက်နှာပြင်တွင် အလွန်သေးငယ်သည့် နတ်ဘုရားရှစ်ယောက်ပုံပါသော ဆေးလုံးလေးကို သေချာကြည့်လိုက်ပြီး ကျောက်စိမ်းသေတ္တာလေးထဲကို ဂရုတစိုက် ထည့်လိုက်သည်။

ချောင်ဖုန်းသည် ရုပ်သေးရုပ်ဖန်းတီးဖို့ ရေးသားထားသည် ပထမအဆင့်အတိုင်း နတ်နယ်ပယ်အဆင့်ရှိသော ခန္ဓာကိုယ်အား စတင်သန့်စင်လိုက်လေသည်။ချောင်ဖုန်းသည် အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးတဲ့နောက် အလောင်းခန္ဓာကိုယ်ကြီးသည် ပြီးပြည့်စုံသော သန့်စင်မှုတစ်ခုရောက်ရှိသွားသည်။

ထိုအခါ ချောင်ဖုန်းသည် "ဒီခန္ဓာကိုယ်ကို...... သန့်စင်မယ် " ဟု ပြောလိုက်သည်။စက္ကန့်ပိုင်းအတွင်းမှာပဲ အလောင်းခန္ဓာကိုယ်ကြီးသည် ပြီးပြည့်စုံသော သန့်စင်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ချောင်ဖုန်းသည် ထို့နောက် စုန့်ဝိညဥ်စွမ်းအင်များကို သန့်စင်ပစ်လိုက်လေသည်။စုန့်ဝိညဥ်စွမ်းအင်များသည် ကျင်းကျန့်ယွီတို့၏ စွမ်းအားအသိဉာဏ်များစုစည်းပေးသော အရာတစ်ခုဖြစ်ပြီး ချောင်ဖုန်းသန့်စင်ပြီးတဲ့နောက်မှာတော့ အသိဉာဏ်မဲ့သော စုန့်ဝိညဥ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ချောင်ဖုန်းသည် အားလုံးကို သန့်စင်ပြီးတဲ့နောက် ပုံစံသွင်းအစီအရင်ဖြစ်သည့် သွေးအနီရောင်အစီအရင်စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်လေသည်။ချောင်ဖုန်းသည် သွေးအနီရောင်အစီအရင်စက်ဝိုင်းကို အလောင်းခန္ဓာကိုယ်များ၏ နဖူးတည့်တည့်သို့ ထည့်သွင်းလိုက်သည်။

ထို့နောက် သူလက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါမှတော့

ခန္ဓာကိုယ်နဲ့ ပုံစံသွင်းအစီအရင်သည် ပေါင်းစပ်သွားလေသည်။အစီအရင်ပေါင်းစပ်သွားတဲ့အခါ ချောင်ဖုန်းသည် သူ့မှာရှိသော သားရဲမှော်အမြူတေ ၊ စုန့်ဝိညဥ်စွမ်းအင်၊ နတ်ဘုရားရှစ်ပါးဆေးလုံးတို့ကို နဖူးတည့်တည့်ရှိ သွေးအနီရောင် အစီအရင်စက်ဝိုင်းထဲထည့်လိုက်သည်။

ထိုအရာများသည် အစီအရင်ရဲ့ စွမ်းအားနဲ့ ခန္ဓာကိုယ်၏ နေရာတစ်ချို့မှာ အလိုအလျောက် နေရာယူသွားလေသည်။နောက်ဆုံးတစ်ဆင့် အနေနဲ့ ချောင်ဖုန်းသည် သူလက်ညိုးထိပ်မှ သွေးနှင့် အစီအရင်ကို အဆုံးသတ်ပေါင်းစည်းလိုက်တဲ့အခါမှာတော့ အလောင်းခန္ဓာကိုယ်ကြီးများသည် တစ်ကိုယ်လုံးမှာ အနီရောင်စွမ်းအင်များဖြာထွက်လာလေသည်။

ချောင်ဖုန်းသည် သူစိတ်ကူးထဲမှာ တွေးလိုက်တာနဲ့ အလောင်းကောင်ကြီးများသည် စတင်မျက်လုံးများပွင့်လာလေသည်။ထိုရုပ်သေးရုပ်များသည် အဆင့်ခုနှစ်မှော်အမြူတေတစ်ခုကို အသုံးပြုလိုက်သော ရုပ်သေးရုပ်သည် သခင်အဆင့်ရုပ်သေးရုပ်အဖြစ်ရောက်ရှိပြီး ကျန်တာတွေကတော့ ကျွန်ရုပ်သေးရုပ်အဆင့်သာ ရှိကြသေးသည်။

ချောင်ဖုန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နောက်ထပ်အဆင့်ခြောက်အထက်မှော်အမြူတေနဲ့ ဆေးအမယ်များကို ရှာဖွေဖို့ တွေးနေခဲ့သည်။ထို့နောက်ချောင်ဖုန်းသည် ရုပ်သေးရုပ်များကို သူ့သိုလှောင်ကွင်းထဲသို့ ပြန်သိမ်းလိုက်ပြီး ကျင့်ကြံခန်းထဲမှ ပြန်ထွက်လာလေသည်။

ချောင်ဖုန်းသည် သူမထွက်သွားခင် နဂါးစစ်သည်တော်အမိန့်ပြားအား ကုရှောင်ကို လွဲပြောင်းပေးဖို့ မော့ပုဖေးနဲ့ ကုရှောင်ကို ပြောလိုက်သည်။ကုရှောင်ရဲ့ လက်ရှိစွမ်းအားနဲ့ ချောင်ဖုန်းရဲ့ လက်အောက်ခံဂိုဏ်းများ၏ အကူအညီနဲ့ဆို အင်အားကြီးသော ဂိုဏ်းများနဲ့ အင်အားချင်းမှာ အတူတူပင် ဖြစ်သည်။

ချောင်ဖုန်းသည် ကုရှောင်အား နတ်သမီးသုံးဖော်ဆေးလုံနဲ့ နဂါးစစ်သည်တော် အမိန့်ပြားအား လွဲပြောင်းပေးခဲ့သည်။ကုရှောင်သည် နဂါးစစ်သည်တော်အမိန့်ပြားအား ငြင်းဆိုခဲ့ပေမယ့် ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ပြောကာ လွဲပြောင်းပေးခဲ့ပြီး ဂိုဏ်းမှ ထွက်ခွာလာပါတော့သည်။

မဟာအင်ပါယာတိုင်းပြည်ရှိ ခန်းမတစ်ခန်းထဲတွင် သုံးဆယ်နီးပါးခန့်သည် အမိန့်နာခံဖို့ ထိုင်စောင့်နေလေသည်။ထိုလူတွေကတော့ ချောင်ဖုန်းလက်အောက်ကို ဝင်လာသည့် နောက်ခံအင်အားမရှိသော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များဖြစ်သည်။

ခဏအကြာမှာတော့ အနက်ရောင်အပေါ်ထပ်ဝတ်ရုံဝတ်ဆင်ထားသော ချောင်ဖုန်းနဲ့ ရှဲ့ချမ်းတို့ အဖွဲ့သည် အခန်းအတွင်းသို့ ဝင်လာပြီး ချောင်ဖုန်းသည် ခေါင်းဆောင် နေရာဖြစ်သည့် ထိုင်ခုံမှာ ထိုင်လိုက်သည်။

ထိုထဲမှ မိုပီယာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ကျီဟောက်သည်

ထိုင်ခုံမှ ထလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ချောင်ဖုန်းအား "ဂိုဏ်းချုပ်......ကျွန်တော်တို့အားလုံးကို ခေါ်တာ အမိန့်ပေးစရာ တစ်ခုခုရှိလို့လား " ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သူ့ရဲ့အပေါ်ထပ်အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်သည်။ ထိုအခါ အားလုံးသည် ချောင်ဖုန်းသည် အသက်အတော်ငယ်မည်ဟု မထင်ထားသောကြောင့် အံ့အားသင့်သွားကြသည်။

ချောင်ဖုန်းသည် "အားလုံးပဲ......ကျွန်တော်နာမည်က ချောင်ဖုန်းပါ ၊ အကြီးအကဲတို့ကို လွယ်ကူတဲ့ တာဝန်တစ်ခုစီပေးမယ် အဲ့တာဝန်နဲ့ ပက်သက်ပြီး ပိုစွမ်းဆောင်နိုင်တဲ့ဂိုဏ်းကို ဝိညဥ်စွမ်းအင်ရတနာတွေနဲ့ အဆင့်လေး၊ အဆင့်ငါးဆေးလုံးတွေကို တခြားဂိုဏ်းတွေထက် ပိုရရှိမယ် " လို့ ပြောလိုက်သည်။

အားလုံးသည် ဝိညဥ်စွမ်းအင်ရတနာလက်နက်များအပြင် အဆင့်လေး အဆင့်ငါးဆေးလုံးတွေကို ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ချောင်ဖုန်းရဲ့ တာဝန်ကို အသည်းအသန် သိချင်သွားကြသည်။

All Chapters