← Chapters

အင်မော်တယ်ကျွန်

Vol. 56 Ch. 780

အင်မော်တယ်ကျွန်

Vol. 56 Ch. 780

မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။ ထိုဈေးနှုန်းမှာ အမှန်ပင် ဈေးကြီးလွန်းလှသည်။ သူက အစိမ်းရောင်ကျောက် တစ်တုံးစီကို ရတနာကဲ့သို့ မှတ်ယူခဲ့ရသည်ကို သတိရသွားမိ၏။ ယခုအခါ ဝင်ခွင့်လက်မှတ်တစ်ခုက အစိမ်းရောင်ကျောက် ငါးရာ ကုန်ကျနေပေသည်။ သူ့အစိမ်းရောင်ကျောက် သန်းချီနေသော ပမာဏကိုသာ မကြည့်သင့်ပေ။ သူ့က ဤပမာဏ ရရှိလာဖို့ရာ ဆေးလုံးဧကရာဇ် အဖြစ် ရှာဖွေထားရခြင်း ဖြစ်၏။ ထို့အပြင် သူက မီဖေးကုန်သည်အိမ်တော်ကို လုယက်လာရသေး၏။ စကြဝဠာအစွန်း၌ သာမာန်အင်မော်တယ် တစ်ယောက်အတွက် အစိမ်းရောင်ကျောက် ငါးရာ မှာ အမှန်တကယ် များပြားပေသည်။

“ အခန်းကောင်းကောင်းအတွက် ဘယ်လောက်ကျလဲ ” မိုဝူကျိက အကူလေး၏ စကားကို ဖြတ်ပြောလိုက်သည်။

“ တစ်ညကို အစိမ်းရောင်ကျောက် နှစ်ဆယ်ပါဗျ။ အင်မော်တယ် ဝိညာဉ်စွမ်းအားလည်း ပေါကြွယ်ဝပါတယ်။ အခန်းထဲမှာ ကျင့်ကြံရေးအခန်း နှစ်ခန်းနဲ့ အရန်အခန်း တစ်ခန်းပါပါတယ်။ ဈေးချိုတာတွေလည်း ရှိပါတယ်။ နမူနာအနေနဲ့ဆိုရင် တစ်ညကို အစိမ်းရောင်ကျောက်  ငါးတုံးကနေ ဆယ်တုံးကြား ကျသင့်တဲ့အခန်းတွေလည်း ရှိပါတယ် … ” အကူလေးက မိုဝူကျိသည် စိတ်မြန်လက်မြန်သမားဟု ခံစားမိနေသည့်အတွက် တစ်ခါတည်းဖြင့် အကုန်ရှင်းပြလိုက်သည်။

သာမာန်လူတစ်ယောက်က ဤနေရာ၌ နေဖို့ရာ မတတ်နိုင်ကြသည်မှာ အမှန်ဖြစ်၏။ ကောင်းကင်ဘုံအလွန်မြို့၌ လူများက စရံငွေအဖြစ် အစိမ်းရောင်ကျောက် ဆယ်တုံး ပေးဖို့ရာ လိုအပ်ပေသည်။

သို့သော်လည်း မိုဝူကျိက စိတ်ထဲ မထားပေ။ ဤအစိမ်းရောင်ထောင်ချီနေသော ပမာဏမှာ သူ့ကျင့်ကြံရေးအတွက် မရှိမဖြစ် လိုအပ်နေသည့်အရာ မဟုတ်ပေ။ ထိုအကူလေး စကားပြောပြီးနောက် အစိမ်းရောင်ကျောက် ၁၁၅၀ ကို ထုတ်ကာ

“ ကျုပ်က လေလံပွဲကို ရှေ့နားက လက်မှတ်ကို လိုချင်တယ်။ ပြီးတော့ တစ်ညကို အစိမ်းရောင်ကျောက် ၂၀ ကျတဲ့အခန်းမှာ တစ်လနေမယ်။ ကျန်တဲ့ အစိမ်းရောင်ကျောက် ၅၀ က မင်းရဲ့ မုန့်ဖိုး ယူထားလိုက် ”

“ အာ” အကူလေးက ပျော်ရွင်သွားလေသည်။ သို့သော်လည်း သူက အစိမ်းရောင်ကျောက်များကို မြန်မြန်ဆန်ဆန် သိမ်းကာ လေးလေးစားစား ပြောလိုက်သည်  “ စီနီယာ စိတ်ချနေပါ။ ကျုပ် စီနီယာအတွက် အားလုံးကို သေချာစီမံပေးပါ့မယ် ”

အစိမ်းရောင်ကျောက် ၅၀ ….

ထိုအရာမှာ သူ ရဖူးသမျှ မုန့်ဖိုးများ၌ အများဆုံး ဖြစ်၏။

………………

ထိုအကူလေးက လိမ်ညာနေခြင်း မဟုတ်ပေ။ သူက မိုဝူကျိကို တာအိုသောတအိမ်တော်၌ အခန်းကောင်းကောင်းကို ရှာပေးရုံသာမက မိုဝူကျိအား လေလံပွဲ၌ ရှေ့ဆုံးတန်း ၃၀ ထဲ ဝင်အောင် ဝယ်ပေးခဲ့သည်။

မိုဝူကျိက အခန်းထဲကို ဝင်လိုက်သည်နှင့် အခန်းပတ်လည်မှ ကာကွယ်ရေး အစီအရင်များကို ထပ်မံ ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ရွိုက်ကောနှင့်အတူ လေလံပွဲသို့ ထွက်လာလိုက်သည်။ လေလံပွဲ စတင်ဖို့ရာ နှစ်နာရီမှ လေးနာရီကြား လိုအပ်နေသော်လည်း စိုးရိမ်နေမိသည်။

အကယ်၍ သူ၏ မလုံလောက်သော စွမ်းရည်များကြောင့်သာ မဟုတ်လျှင် သူက လေလံပွဲသို့ သွားကာ တန်း၍ မေးပစ်လောက်သည်။ အကယ်၍ အင်မော်တယ်ကျွန်က ချိန်စုယင်သာ ဖြစ်နေလျှင် သူက ချက်ချင်း တိုက်ခိုက်ပစ်မည်။

လေလံပွဲနေရာမှာ ကတော့ပုံသဏ္ဍာန်ကြီး ဖြစ်ပြီး အလယ်၌ ကျောက်စိမ်းစင်မြင့်ကြီး ရှိနေသည်။ ကျောက်စိမ်းစင်မြင့်၌ ပြသထားသော ပစ္စည်းများကို မည်သည့်နေရာမှ ကြည့်စေကာမူ ကောင်းစွာ မြင်တွေ့နိုင်ပေသည်။

လေလံပွဲမှာ မစတင်သေးပေ။ ထို့ကြောင့် မိုဝူကျိက စကြဝဠာအစွန်း မိတ်ဆက်အကြောင်းအရာကိုသာ ဖိတ်၍ အချိန်ဖြုန်းနေလိုက်သည်။ အမွေးတိုင်တစ်တိုင်စာအတွင်း မိုဝူကျိက စကြဝဠာအစွန်းအကြောင်း အကြမ်းဖျင်း နားလည်သွားလေပြီ။

စကြဝဠာအစွန်း၌ မျိုးနွယ်စုပေါင်း ရာကျော် ရှိနေပြီး အဆင့်မြင့် ကမ္ဘာတစ်ခု၏ ဝင်ပေါက်ဖြစ်ကြောင်း ကောလဟာလများ ထွက်ဖူး၏။ အကယ်၍ အင်မော်တယ် ဧကရာဇ် တစ်ယောက်က သူ့ကျင့်ကြံဆင့် ဆက်လက် မြင့်တက်လိုလျှင် ဤနေရာမှ ထွက်သွားရမည် ဖြစ်သည်။ မဟုတ်လျှင် ဤကမ္ဘာ၏ နိမ့်ကျသော စည်းမျည်းများကြောင့်  ပါရမီအရှိဆုံး ကျင့်ကြံသူများပင် ပို၍ မြင့်မားသော အဆင့်ထိ မတက်ရောက်နိုင်ကြပေ။

စကြဝဠာအစွန်း၌ အားကောင်းသော မျိုးနွယ်စုများစွာ ရှိပေသည်။ မိစ္ဆာမျိုးနွယ်၊ နတ်ဘုရား မျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ လူရိုင်းမျိုးနွယ်၊ သွေးစုပ်မျိုးနွယ်၊ ပင်လယ် မျိုးနွယ်၊ ဝိညာဉ် မျိုးနွယ်တို့ ဖြစ်ကြ၏။ လူသားမျိုးနွယ်မှာလည်း အားအကောင်းဆုံးထဲမှ တစ်ခု ဖြစ်ခဲ့ဖူးလေသည်။ သို့သော်လည်း ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ဆက်တိုက် ရှုူံးနိမ့်မှုကြောင့် ပိုင်နက်များစွာ ဆုံးရှုံးထားရသည်။ ယခုတွင် စကြဝဠာအစွန်းတွင် ယာယီစခန်းပင် မရှိတော့ချေ။ အထက်ဘုံ စကြဝဠာမြို့သာ ရှိပေတော့သည်။ တခြားမျိုးနွယ်စုများနှင့် ယှဉ်လျှင် အဆင့်အတော်လေး ကျသွားလေ၏။

ထို့အပြင် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိနိုင်သည်ဟု  သိထားကြသော  စကြဝဠာနံရံကြီးမှာ ဤနေရာ ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ရှိနေပေသည်။

နောက်ထပ် နေရာနှစ်ခုနှင့် နှိုင်းယှဉ်ကြည့်လျှင် စကြဝဠာနံရံကြီးမှာ သာမာန်အကျဆုံး ဖြစ်ပေ၏။ ဆိုလိုသည်မှာ စကြဝဠာနံရံကြီးမှ ရရှိလာသော ပစ္စည်းများမှာ အဆင့်နိမ့်ခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့အစား ဤနေရာ၌ သာလွန်နေသည့် ပစ္စည်းဟူ၍ မရှိသောကြောင့် စကြဝဠာနံရံကြီးမှ ပစ္စည်းများမှာ သာမာန်အကျဆုံး ဖြစ်သွားရသည်။

တစ်ဖက်တွင် အကောင်းဆုံး ရတနာရရှိနိုင်သည့် နေရာမှာ ကြေကွဲမြို့ဟောင်း ဖြစ်၏။ ကောလဟာလများအရ ရှန်းထျန်း ရတနာပင် ပေါ်လာဖူးကြောင်း ပြောထားကြသည်။

စကြဝဠာအစွန်း၌ အသက်ရှင်နိုင်ဖို့ အင်အားစုများကို  စော်ကား၍ မဖြစ်ပေ။ ထိုအားကောင်းသော မျိုးနွယ်စုမားအပြင် ကုန်သွယ်ရေးအဖွဲ့များ၊ မြို့များနှင့် အဖွဲ့အစည်းများ အစရှိသဖြင့် ရှိကြသေး၏။

ယခုလက်ရှိ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းမှာ  “ ရန်စ၍ မဖြစ်သော အင်အားစု” ထဲမှ တစ်ခုအပါအဝင် ဖြစ်ပေသည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့ကို မကြောက်ပေ။ သူက အင်မော်တယ် အုပ်စိုးသူ အထွတ်အထိပ်အဆင့် ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်  ရောက်ရှိဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်ပေတော့သည်။ မဟာဧကရာဇ်ကိုပင် သူက မကြောက်ပေ။ သို့သော်လည်း မိုဝူကျိက ဤနေရာ၌ ထိပ်တန်းအဆင့်မြင့် ပညာရှင် ဖြစ်လာဖို့ရာ လမ်းအရှည်ကြီး ကျန်သေးကြောင်း ခံစားမိ၏။

သူက ဤနေရာသို့ မလာခင် အင်မော်တယ် ဧကရာဇ်အဖြစ် မတက်လှမ်းလို၍ မဟုတ်ပေ။ အကြောင်းမှာ သူက ကိုယ်ပိုင် တာအိုအကြောင်း ကောင်းကောင်း သိပေ၏။ ဆယ်စုနှစ်အတွင်း အင်မော်တယ် အုပ်စိုးသူ အထွတ်အထိပ်အဆင့်အဖြစ် တက်လှမ်းနိုင်ခြင်းမှာ အရမ်းကို မြန်ဆန်လွန်းနေသည်။ သူ့တွင် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရှိနေပြီး သူက ပို၍ အရည်အချင်း ပြည့်ဝနေလျှင်ပင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ကို ချက်ချင်း တက်လှမ်းနိုင်မည် မဟုတ်ပေ။

မူလက သူ မကြောက်ပေ။ သူ့ကိုယ်သူ တစ်ယောက်တည်း ရှိပြီး သူ လုပ်ချင်တာ လုပ်နိုင်ပေသည်။ သူက အာကာပြင်ထဲ ဝင်ရမည်ကိုပင် မကြောက်ပေ။ သို့သော် ယခုတွင် သူက အင်မော်တယ်ကျွန်မှာ ချိန်စုယင် ဖြစ်နေမည်ကို အရမ်းစိုးရိမ်မိနေသည်။ အကယ်၍ ချိန်စုယင်သာ ဖြစ်နေလျှင် သူ့အနေနှင့် ယခင်အစီအစဉ်အတိုင်း မီဖေးကုန်သွယ်ရေးအဖွဲ့ဆီ ပွင့်လင်းမြင်သာ သွားတိုက်နိုင်မည် မဟုတ်တော့ချေ။

ထို့အပြင် ကျောက်စိမ်းပေလွှာကို ဖတ်ရှုပြီးနောက် မိုဝူကျိက စကြဝဠာအစွန်း၌ ချင့်ချိန်စဉ်းစားရမည် ဖြစ်ကြောင်း သေချာတွေးမိသွားသည်။ တစ်ယောက်ယောက်က သူ့အား အရင်ဦးစွာ ရန်လာစမှသာ ပြန်လုပ်နိုင်ပေလိမ့်မည်။

အချိန်တစ်ချို့ကြာပြီးနောက် မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူ့အင်အားမှာ မလုံလောက်သေးပေ။ သူ့ကျင့်ကြံနှုန်းမှာ ကောင်းကင်ဘုံ သွေဖယ်နေသော်လည်း ယခုအချိန်မျိုး၌  သူ့ချို့တဲ့မှုများကို မတွေးမိဘဲ မနေနိင်တော့ချေ။

အချိန်ကြာလာသည်နှင့် လူများစွာက လေလံပွဲအတွင်း ဝင်ရောက်လာကြသည်။ မကြာခင် မိုဝူကျိဘေးပတ်လည်မှ ထိုင်ခုံများမှာ အရှိန်အဝါ အမျိုးမျိုး ထုတ်လွှင့်နေသော ကျင့်ကြံသူများနှင့် ပြည့်နှက်သွားလေ၏။

အမွေးတိုင်တစ်တိုင်စာ ကြာပြီးနောက် လေလံပွဲအလယ် ကျောက်စိမ်းစင်မြင့်ကြီးက လင်းလက်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့် မိန်းမလှလေး တစ်ဦးက စင်မြင့်ထက်သို့ လျှောက်လှမ်းလာသည်။ မိုဝူကျိက စိတ်စွမ်းအားကို အသုံးမပြုဘဲဖြင့် ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်မှာ မဟာလော့ရှန်းအဆင့်မျှသာ ရှိသေးကြောင်း သိလိုက်သည်။

“ ကောင်းကင်ဘုံအလွန် စကြဝဠာ နေရာအသီးသီးမှ ကောင်းကင်ကမ္ဘာ လေလံပွဲကို တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ အင်မော်တယ်အားလုံးကို ကြိုဆိုပါတယ်။ ကျမက လေလံပွဲကို ဦးစီးပေးမဲ့ ယီလော့အာပါ။ ဒီနေ့က ကျမတို့ ကောင်းကင်ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့အတွက် အကြီးမားဆုံး လေလံပွဲကြီး ဖြစ်ပါတယ်ရှင့် …. ကောင်းကင်ဘုံအလွန်ရဲ့ လျို့ဝှက်နယ်မြေက ပိတ်ထားတာ မကြာသေးဘူးဆိုတော့ အားလုံးကို အံ့အားသင့်စေမဲ့ အရာတွေ အများကြီးကို တွေ့ရပါလိမ့်မယ် ….” ယီလော့အာက ပြောလိုက်ပြီးနောက် ဦးညွှတ်လိုက်သည်။

လေလံပွဲမှာ တိတ်ဆိတ်သွားလေ၏။ ယီလော့အာက မပြောလျှင်ပင် အားလုံးက ဤလေလံပွဲ၌ ပစ္စည်းကောင်းများစွာ ရှိမည် ဖြစ်ကြောင်း သိကြပေသည်။ သူတို့က နေရာတကာမှာ ကပ်ထားသည့် ကြော်ငြာများကို ကြည့်ကာ သိနိုင်ပေသည်။

မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူက ရတနာများအတွက် ရောက်ရှိလာခြင်း မဟုတ်ပေ။

“ ဒီလေလံပွဲမှာ အစိမ်းရောင်ကျောက်နဲ့ အဆင့်မြင့် အင်မော်တယ်သွေးကြောကိုပဲ လက်ခံပါ့မယ်ရှင် … အင်မော်တယ်ကျောက်တွေကို လက်မခံပါဘူး။ အခု ကျမတို့ရဲ့ ပထမဆုံး ပစ္စည်းကို ကြည့်လိုက်ကြရအောင်။ ဒါက နှစ်လွှာလှိုင်းလို့ အမည်ရတဲ့ လျို့ဝှက်ပညာရပ်တစ်ခုပါ ….” ယီလော့အာ ကြေညာလိုက်သည်နှင့် မိုဝူကျိက လူအုပ်ကြားမှ ဆွေးနွေးသံများကို ကြားလိုက်ရသည်။

သူက တစ်ခါမှ မကြားဖူးသော်လည်း ထိုလျို့ဝှက်ပညာရပ်၏ နာမည်နှင့်ပင် ရိုးရှင်းမည် မဟုတ်ကြောင်း ခန့်မှန်းမိပေသည်။

ယီလော့အာ၏ နောက်စကားများက မိုဝူကျိ၏ သံသယများကို ဖြေဖျောက်ပေးလိုက်၏

“ အားလုံးလည်း ဒီလျို့ဝှက်ပညာရပ် ပိုင်ဆိုင်တဲ့သူ ဘယ်သူမှန်း သိကြမှာပါ။ ဟုတ်ပါတယ် …. အဲဒါကတော့  ပင်လယ်မျိုးနွယ်ရဲ့ နံပါတ်တစ် အဆင့်မြင့် ကျင့်ကြံသူ မဟာဧကရာဇ် ကျန်းဖန် ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ဒီ လျို့ဝှက်တိုက်ကွက်နဲ့ဆိုရင် ပင်လယ်ပြင်ကိုတောင် သွန်မှောက်နိုင်တဲ့အထိ ခမ်းခမ်းနားနား အင်အားပြသနိင်မှာပါ …. ကြမ်းခင်းဈေးနှုန်းက အစိမ်းရောင်ကျောက် တစ်သောင်းပါ။ တစ်ခါတိုးတိုင်း တစ်ထောင် အနည်းဆုံးပါရှင် ….. ”

“ တစ်သောင်း တစ်ထောင် ”

“ တစ်သောင်း နှစ်ထောင်”

မိုဝူကျိက သူ့လျို့ဝှက်ပညာရပ်ကိုပင် ထုတ်ရောင်းနေသည့် မဟာဧကရာဇ် ကျန်းဖန်တစ်ယောက် ဘယ်လိုဖြစ်သွားကြောင်း တွေးနေစဉ် ဈေးနှုန်းမှာ အစိမ်းရောင်ကျောက် သုံးသောင်း ကျော်သွားလေပြီ။

သူ့တွင် အစိမ်းရောင်ကျောက် ငါးသန်း ရှိသော်လည်း ထိုလူများ၏ လေလံဆွဲနှုန်းကို ကြားသည့်အခါ သူက ချမ်းသာနေခြင်း မဟုတ်သေးကြောင်း သိလိုက်ရသည်။

ဤလျို့ဝှက်ပညာရပ်မှာ ဖြည်းဖြည်းချင်းဖြင့် သုံးသောင်း ခုနှစ်ထောင်ဖြင့် ရောင်းထွက်သွားလေ၏။

ယီလော့အာရှေ့မှောက် နောက်ထပ် ကျောက်စိမ်းသေတ္တာလေး တစ်ခု ပေါ်လာကာ ယီလော့အာက အသံကို မြင့်ကာ ကြေညာလိုက်သည်

“ ဒုတိယပစ္စည်းက အတော်လေးကို ရှားပါးပါတယ်။ အားလုံးလည်း ဒီရတနာအတွက် ရောက်ရှိလာကြတာလို့ ထင်ပါတယ်။ ဒီရတနာက ကောင်းကင်ဘုံအလွန် လျို့ဝှက်နယ်မြေက ရလာတဲ့ အာကာပြင် အရိပ်တောင်ပံ တစ်စုံ ဖြစ်ပါတယ်ရှင့် ….. ”

ထိုနာမည်ကို ကြေညာလိုက်သည်နှင့် လေထုမှာ ပို၍ တက်ကြွလာလေသည်။ မိုဝူကျိလည်း အထိတ်တလန့် ဖြစ်သွားကာ သူလည်း ထိုရတနာကို သိနေပေသည်။

အာကာပြင် အရိပ်တောင်ပံမှာ ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်း ဖြစ်၏။ ပန်းပဲဆရာ မလိုအပ်ဘဲ ကိုယ်ပိုင် တောင်ပံအဖြစ် ဖန်တီး၍ သုံးနိုင်ပေသည်။ အသုံးမပြုထားလျှင် ထိုတောင်ပံမှာ ပျောက်နေမည် ဖြစ်သည်။ အသုံးပြုလိုက်သည့်အခါ အတွေးတစ်ချက်ဖြင့် ပေါ်လာမည် ဖြစ်သည်။ အင်မတန် အသုံးဝင်သော ရတနာလေး ဖြစ်၏။

ပို၍ အရေးကြီးသည်က အာကာပြင် အရိပ်တောင်ပံကို အဆင့်မြင့်တင်၍ ရပေသည်။ ရတနာကောင်းကောင်း ရရှိလာသရွေ့ အာကာပြင် အရိပ်တောင်ပံကို အဆင့်မြင့်နိုင်၏။

မည်သို့လူကများ ဤရတနာကို လေလံပွဲဆီ ရောင်းချရသနည်း။ သူက အစိမ်းရောင် မည်မျှ လိုအပ်နေမည်နည်း။

“ အာကာပြင် အရိပ်တောင်ပံရဲ့ ကြမ်းခင်းဈေးက အစိမ်းရောင်ကျောက် တစ်သိန်းပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်း တိုးရပါမယ်ရှင် ” ယီလော့အာ စကားအဆုံးတွင် ပိတ်ကားချပ်ပေါ်၌ ဈေးနှုန်းများက အမျိုးမျိုး ပြောင်းလဲသွားလေ၏။

အချိန်တိုလေးအတွင်း ဈေးနှုန်းမှာ တစ်သိန်းမှာ သုံးသိန်းအထိ ဖြစ်သွားကာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။

မိုဝူကျိက သက်ပြင်းသာ ချလိုက်သည်။ သူလည်း ထိုရတနာကို လိုချင်မိ၏။ သူလည်း အစိမ်းရောင်ကျောက် သိန်းဂဏန်းလောက်ကို တတ်နိုင်ပေသည်။ သို့သော်လည်း အင်မော်တယ်ကျွန်ကို မမြင်ရမချင်း အစိမ်းရောင်တစ်တုံးကိုမျှ ဖြုန်းတီးမပစ်နိုင်ပေ။ မိုဝူကျိက အင်မော်တယ် ကျွန်တစ်ယောက်၏ ဈေးနှုန်းမှာ တစ်သောင်း မကျော်မှန်း ခန့်မှန်းမိသော်လည်း  အမှား မလုပ်ရဲချေ။

အာကာပြင် အရိပ်တောင်ပံမှာ အစိမ်းရောင်ကျောက် သုံးသိန်း ခုနှစ်သောင်းနှင့်အတူ အင်မော်တယ်သွေးကြော ခြောက်ခုနှင့် ရောင်းထွက်သွားလေ၏။

တတိယပစ္စည်းမှာ ထိပ်တန်းအဆင့် ပျံသန်းရေး ရတနာတစ်ခု ဖြစ်ပြီး ကြမ်းခင်းဈေးမှာ အစိမ်းရောင်ကျောက် ငါးထောင် ဖြစ်၏။ နောက်ဆုံး၌ အစိမ်းရောင်ကျောက် တစ်သောင်း လေးထောင်ဖြင့် ရောင်းထွက်သွားသည်။

လေးခုနှင့် ခြောက်ခုမြောက်အထိ ပစ္စည်းများမှာလည်း အလွန်ရှားပါးသော အင်မော်တယ်ပစ္စည်းများ သို့မဟုတ် အင်မော်တယ်ပစ္စည်းအဆင့်ကို ကျော်လွန်နေသည့် နတ်ဘုရား ပစ္စည်းမျိုး  ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိက စိတ်မဝင်စားပေ။ ထိုနတ်ဘုရား ပစ္စည်းကို စကြဝဠာနံရံမှ ရရှိလာခြင်း ဖြစ်၏။ နတ်ဘုရား အဆင့် ဟု ယူဆ၍ ရသော်လည်း ကျိုးပဲ့နေပေသည်။ ထို့ကြောင့် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းနှင့်ပင် ယှဉ်၍ မရချေ။

ထိုအရာကို မိုဝူကျိ တစ်ယောက်တည်း  နားလည်ခြင်း မဟုတ်ပေ။ အဆင့်နိမ့် နတ်ဘုရားအဆင့် ဟန်ဆောင်ထားသော ပစ္စည်းမှာ ဈေးကောင်းကောင်း ရဖို့ရာ မလွယ်ပေ။

“ အခု ကျမတို့တွေ အင်မော်တယ်ကျွန်လေးကို လေလံပစ်ပါ့မယ်ရှင် ”

ယီလော့အာက ကြေညာလိုက်သည်နှင့် မိုဝူကိက စင်မြင့်ပေါ်သို့သာ သေချာ စိုက်ကြည့်လိုက်တော့သည်။

တကယ်တော့ လူတချို့သာ အင်မော်တယ်ကျွန်ကို စိတ်ဝင်စားကြသည်။ လေလံပွဲ၌   အင်မော်တယ်ကျွန်တစ်ယောက် ခေါ်ဆောင်လာခြင်းမှာ အချိန်ဖြုန်းတီးနေခြင်းသာ ဖြစ်၏။ အကယ်၍ ကျွန်တစ်ယောက် လိုလျှင် စကြဝဠာအစွန်း၏ အင်မော်တယ်ကျွန်ဈေးကွက်ဆီသာ သွားကြမည် ဖြစ်ပေသည်။ ဘာကြောင့်များ လေလံပွဲကို လာနေရဦးမည်နည်း။

ယီလော့အာက အားလုံး၏ အတွေးကို သိသည့်အလား ပြုံးကာ ပြောလိုက်၏

“ ဒီအင်မော်တယ်ကျွန်လေးက သာမာန် အင်မော်တယ်ကျွန် မဟုတ်ပါဘူးနော် … သူမက အရမ်းလှပရုံတင် မကဘူး။ သူမမှာ သန့်စင်ယင် ခန္ဓာကိုယ် တည်ဆောက်ပုံလည်း ရှိပါတယ်။ ပြီးတော့ အဲဒါက အရေးမကြီးသေးပါဘူး။ အရေးကြီးဆုံးအချက်က ဒီအင်မော်တယ် ကျွန်ဆီမှာ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော ပါပါတယ်ရှင် ”

ထိုစကားလေးလုံးကို ကြားပြီးနောက် မူလက စိတ်မဝင်စားကြသော လူအုပ်ကြီးမှာ ဆူဆူညံညံ ဖြစ်လာသည်။

***

All Chapters