← Chapters

မှော်သားရဲခံတပ်

Vol. 4 Ch. 61

မှော်သားရဲခံတပ်

Vol. 4 Ch. 61

မှော်သားရဲခံတပ်သည် ရာယာအင်ပါယာ၏ တောင်ဘက်တွင်တည်ရှိ သည်။ ထိုခံတပ်သည် ရာယာအင်ပါယာရှိ အကြီးဆုံးနှင့် အရေးအကြီးဆုံး ရဲတိုက်ဖြစ်သည်။

မှော်သားရဲခံတပ်သည် ကျယ်ပြန့်ကာ ပင်မတိုက်ကြီးတစ်ခုလုံး၏ လေးပုံ သုံးပုံနီးပါးကို နေရာယူထားသည်။ အရှေ့မှအနောက်ထိ တိုက်ကြီးတစ်ခုလုံးကို နှစ်ပိုင်းပိုင်းထားသည်။ တောင်နှင့်မြောက်ကို သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ချောက်ကြီးမှ အလယ်မှပိုင်းထားပြီး ဖြတ်ကျော်ရန်လည်းခက်ခဲသည်။ အထဲတွင် မှော်သားရဲများ၏ သုခဘုံရှိသည်။ ထိုနေရာတွင် အန္တရာယ်များဖြင့် ပြည့်နက်နေကာ တိုက်ကြီးတစ်ခုစာမျှကြီးမားသည်။ ထိုခံတပ်သည် ခံတပ်ဟု ဆိုသော်ငြား မိုင်ပေါင်းသောင်းချီကျယ်သည့် ရှေးသစ်တောကြီးသာဖြစ်သည်။ ဝိညာဉ်သခင်ကြီးများနှင့် ဓားသခင်ကြီးများပင် မတော်တဆခြေလှမ်းမလှမ်းရဲ ကြပေ။

မှော်သားရဲခံတပ်၏မြောက်ပိုင်းတွင် မြင့်မားသောတောင်ချိုင့်ဝှမ်းရှိ၏။ ရာသီဥတုမှာ မအေးလွန်းသလို အရင်းအမြစ်များပေါ်ကြွယ်ဝသည်။ အင်ပါယာ လေးခုကို ဤနေရာတွင် တွေ့နိုင်သည်။ ရာယာအင်ပါယာ၊ ဥရောပနှင့် အာဖရိကအင်ပါယာ၊ ငွေလလွတ်မြောက်ခြင်းအင်ပါယာနှင့် ထယ်ရော့အင်ပါ ယာများသည် ကြွယ်ဝပြီး အားကြီးသည်။ တောင်ပိုင်းသည် အေးစိမ့်ပြီး ခေါင်သည့် နယ်မြေဖြစ်သည်။ လူဦးနေကျဲကာ ဝိညာဉ်စွမ်းအင်လည်း နည်းပါး ပုံပေါ်သည်။ မထင်မရှားလူမျိုးစုများသာ နေထိုင်ကြသည်။

ဤကျယ်ပြန့်သောနယ်မြေတွင် ရာယာအင်ပါယာသည် အစိတ်အပိုင်း လေးတစ်ခုသာဖြစ်သည်။

မှော်သားရဲခံတပ်၏နောက်တွင် မှော်သားရဲတောရှိကာ ကျယ်ပြန့်သော ဧရိယာနှင့် နေရာယူထားသည်။ ထိုနေရာသည် မှော်သားရဲတော၏ အစွန်အဖျားရှိ အကြီးဆုံးမြို့နှင့်ခံတပ်သာဖြစ်သည်။ ထိုနေရာမှာ ဥပရောပနှင့် အာဖရိကအင်ပါယာမဟာမိတ်မြို့ထက် ၁၀ ဆပင်ကြီးမားသည်။ အရင်းအမြစ် ပေါများသည့် မှော်သားရဲတော၏ အကူအညီဖြင့် ထိုနေရာသည် ကုန်သည်များ၊ ကြေးစားများ၊ စွန်စားသူများနှင့် လေ့ကျင့်ရေးအဖွဲ့များ၏ အာရုံစိုက်စရာနေရာ ဖြစ်နေသည်။ လူများဝင်ထွက်သွားလာနေသည်မှာ အဆက်မပြတ်ပင်။

မနက်ပိုင်းတွင် နေဝင်လာသည်။ နေရောင်အစက်အပျောက်များသည် သစ်ရွက်များအကြားမှတစ်ဆင့် တောကိုအလင်းပေးနေသည်။

“ကြည့်လိုက် ဟိုမှာ ကြောင်လေးတစ်ကောင်တွေ့တယ် ချစ်စရာလေး ဖမ်းလိုက်”

ပေထင်းဟွမ်သည် မျက်လုံးပွင့်လာသည်နှင့် မြေပြင်ကိုကြည့်လိုက်သည်။ အနီရောင်ဝတ်ထားသော မိန်းကလေးတစ်ဦးသည် သူမ၏အပေါင်းအဖော်များ ကို ခေါ်ပြီး ရွှေရောင်အစက်များဖောက်ထားသည့် အနက်ရောင်ကြောင်လေး နောက်သို့လိုက်လေသည်။ ကြောင်လေးသည် သူမနှင့်အဝေးသို့ပြေးလေသည်။ ၎င်းသည် ခေါင်းလှည့်ပြီး အထင်သေးသောအကြည့်ဖြင့် ကြည့်လေသည်။ ၎င်း ၏ လူသားနှင့်တူသောမျက်လုံးများသည် တစ်စုံတစ်ရာပြောနေသလိုပင် “ကောင်မလေး မင်းက တုံးလှချည်လား ငါ့ရဲ့မွန်မြတ်တဲ့သားရဲကို ဖမ်းချင်နေ တာလား”

အနီရောင်ဝတ်ထားသော မိန်းကလေး၏နောက်တွင် ဘရိုကိတ် အပြာ ရောင်ဝတ်ထားသောလူငယ်နှင့် အစိမ်းရောင်ဝတ်ထားသောလူငယ်၊ အဝါ ရောင်ဝတ်ထားသောမိန်းကလေးတို့ပါလာသည်။ အဝါရောင်ဝတ်ထားသော မိန်းကလေးသည် ထိုကြောင်လေးကို စိုက်ကြည့်ပြီး အနည်းငယ်စိတ်မသန့် သလိုဖြစ်လာသည်။ သူမသည် အပြာရောင်ဝတ်လူငယ်ကိုဆွဲပြီးပြောလေသည် “အစ်ကိုဖို မကောင်းဘူးထင်တယ်.. အဲဒီကြောင်လေးကိုကြည့်လိုက် ဉာဏ် ကောင်းတယ်လို့မထင်ဘူးလား”

ဝိညာဉ်ပေါများသည့် မှော်သားရဲများသည် အဆင့်မြင့်မှော်သားရဲများဖြစ် ကြသည်။ ထင်ထားသည့်အတိုင်းပင် ရှန်းယန်ဖိုသည် ကြောင်လေးကို သေချာ စိုက်ကြည့်ရာ လူသားနှင့်တူသည့်အကြည့်နှင့် သွားဆုံလေသည်။ ထိုအကြည့် မှာ ဤတောဘုရင်သကဲ့သို့ အထင်သေးသည့်အကြည့်ပင်။ ချက်ချင်းဆိုသလို ပင် သူခြေလှမ်းရပ်ပြီး အနီနှင့်မိန်းကလေးကို ခေါ်မည်အပြုတွင် သူမသည် လက်ထဲမှဓားရှည်ကိုကိုင်မြှောက်ပြီး ကြောင်လေးဆီသို့ ပစ်ပေါက်လိုက်သည်။

ကြောင်လေးသည် ရှေ့လက်ကိုမြှောက်ပြီး လွှဲရိုက်မည်ပြုပြီးမှ ခေတ္တမျှ ရပ်သွားကာ အသာရိုက်ချလိုက်သည်။ အရှေ့မှဖိအားကြီးဖြစ်ပေါ်လာသည်။ အနီနှင့်မိန်းကလေးသည် လွှင့်သွားပြီး မြေပေါ်သို့ကျလေသည်။ သူမ၏ ပါးစပ် ထဲမှ မြေကြီးများထွက်ကျလာကာ ကျိန်ဆဲလေသည် “ဘယ်သူလဲ ငါ့နောက် ကွယ်မှာ ဘယ်သူလှည့်ကွက်လာလုပ်တာလဲ သွားစမ်း”

ပေထင်းဟွမ်သည် မျက်လုံးဖွင့်လိုက်သည်။ သစ်ပင်များမှာ မြင့်မားပြီး သစ်ရွက်များမှာထူထဲလှသည်။ သူမ၏ပတ်ပတ်လည်ကို မနက်ခင်းမြူခိုးများက ပိတ်စည်းထားသည်။ လူလေးယောက်သည် မိုးကြိုးကို အတန်ကြာသည်အထိ ဝိုင်းထားကြသော်လည်း သူမကို မည်သူမှသတိမထားမိကြပေ။

ဟုတ်သည် ထိုကြောင်မည်းလေးသည် မိုးကြိုးသွား၏ကိုယ်ပွားဖြစ်သည်။ ၎င်းသည် မနက်အစောကတည်းကပင် သူမ အိပ်နေသည့်နေရာနားတွင် ပတ် နေသည်။ သူ့ကို သူတို့လေးယောက်တွေ့သွားလိမ့်မည်ဟုထင်မထားပေ။ တစ်စုံတစ်ယောက်ကို အပြစ်တင်ရမည်ဆိုလျှင် မိုးကြိုးသွား၏ကိုယ်ပွားမှာ ဆွဲဆောင်မှုရှိနေသည်ကိုပင် အပြစ်တင်ရမည်။ ၎င်းသည် သေးပြီး နူးညံ့သည်။ လူနှင့်တူသောမျက်လုံးများသည် ရှုပ်ထွေးသည့် အမူအရာများထုတ်ပြနေသည်။ ၎င်းသည် အလွန်ချစ်စရာကောင်းနေသည်။ အခြေခံအားဖြင့် သူ့ကို မကြိုက် သည့် မိန်းကလေးရှိမည်မထင်ပေ။

ထပ်ပေါင်းပြောရလျှင် အင်ပါယာမြို့တော်မှ မျိုးရိုးမြင့် မိန်းကလေးနှင့် မိန်းမငယ်လေးများသည် မှော်အိမ်မွေးတိရစ္ဆာန်လေးများကို မွေးမြူချင်သည်။ သူတို့သည် ရန်လိုခြင်းမရှိသည့် ဝိညာဉ်စွမ်းအင်ရှိသော မှော်သားရဲများကို အပျင်းပြေစေရန်အတွက် သုံးကြသည်။ ထိုအနီနှင့်မိန်းကလေးသည် မိုးကြိုးသွားကဲ့သို့ မှော်သားရဲကို မှော်တိရစ္ဆာန်အဖြစ် သဘောထားနေသည်။

***

All Chapters