Chapter(105)
Vol. 8 Ch. 105
အသန့်စင်ဆုံးစနစ် အခန်း (105)
ထိုအခါ သင်ဖျင်းဂိုဏ်းချုပ်ဖြစ်သော စွန်းချာသည် ထလိုက်ပြီး "ဂိုဏ်းချုပ်.....ကျွန်တော်တို့အားလုံးက ဂိုဏ်းချုပ်ကြောင့် ကြယ်တာယာနန်းတော်ဂိုဏ်းရဲ့ အန္တရာယ်မှ လွယ်မြောက်ပြီးပါပြီ ၊ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်ကြိုက်တဲ့ တာဝန်ကိုပေးပါ ကျွန်တော်တို့ ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ " ဟု ပြောလိုက်သည်။
ထိုအခါ ကျန်သောသူအားလုံးသည် စွန်းချာရဲ့ စကားကို ထောက်ခံလိုက်ပြီး သူတို့အား ကြိုက်တဲ့တာဝန်ကို ပေးဖို့ ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ထိုတာဝန်ကိစ္စတွေကို ရှဲ့ချမ်းက ရှင်းပြပေးလိမ့်မည်ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် သူနတ်ဘုရားခေါင်းလောင်းဂိုဏ်း ပြန်ရမည့် ရက်ရောက်ရှိလာပြီဖြစ်၍ ကိစ္စအားလုံးကို ရှဲ့ချမ်းကို တာဝန်ပေးခဲ့သည်။ရှဲ့ချမ်းသည် "ဂိုဏ်းချုပ်.....လမ်းခရီးက ကြမ်းနိုင်တဲ့အတွက် ဂိုဏ်းချုပ်စိတ်ကြိုက်ဖြစ်မယ့် ကိုယ်ရံတော်တစ်ဖွဲ့ကို ရွေးချယ်သွားပါလား " ဟု ချောင်ဖုန်းအား အကြံပေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး သူအတွက်စိတ်မပူပါနဲ့လို့ ပြောကာ ကုရှောင်တို့ အကူအညီလိုရင် ကူညီဖို့နဲ့ လက်အောက်ခံဂိုဏ်းတွေကို တိုးတက်အောင် ဆောင်ရွက်သင့်တယ်လို့ မှာကြားပြီး
အကြီးအကဲကျင်းမင်လီ၏ စံအိမ်တော်သို့ ထွက်ခွာသွားလေသည်။
ကျင်းမင်လီ စံအိမ်၏ လို့ဝှက်ခန်းထဲတွင် အနက်ရောင်တံဆိပ်ပြားတာဝန်ကို ထမ်းဆောင်သောသူများသည် ရောက်ရှိနေကြပြီဖြစ်သည်။ကျင်းမင်လီသည် ဒေါသထွက်နေသော ပုံစံဖြင့် အားလုံးရဲ့ရှေ့တွင် ရှိနေလေသည်။
ကျင်းမင်လီသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ချောင်ဖုန်းတို့အား သတင်းဆိုးတစ်ခု ပြောပြလိုက်သည်။ထိုသတင်းဆိုးကတော့ ဝတ်ရုံနီဂိုဏ်းသည် ကျန်ရှိသည့် မဟာမိတ်တိုင်းပြည် လေးခုထဲမှ တိုင်းပြည်တစ်ခုကို တိုက်ခိုက်ဖို့ ကြံရွယ်လာပြန်ပြီဖြစ်သည်။
သို့သော် လအနည်းငယ် အချိန်ရှိသေးတဲ့အတွက် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။ချောင်ဖုန်းသည် သူ့မိသားစုအား ကာကွယ်ဖို့ ချက်ချင်းပင် ဝူတိုင်းပြည်သို့ ပြန်သွားချင်နေပြီဖြစ်သည်။
ထိုချိန်မှာ လို့ဝှက်ခန်းထဲသို့ လူတစ်ယောက်ရောက်ရှိလာပြီး ကျင်းမင်လီရဲ့ နား အနားသို့ကပ်ကာ သတင်းတစ်ခုပြောလိုက်သည်။ထိုသတင်းကတော့ ကျင်းမင်လီကို ဒေါသအလွန်ပင် ထွက်သွားစေလေသည်။
ထိုအရာကတော့ သူနေသည့် စံအိမ်အား ပါးရှန်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်မှ အကြောင်းမဲ့ သက်သက် သိမ်းယူလိုက်ပြီး ဖြစ်ကြောင်းနဲ့ နာရီပိုင်းအတွင်းမှာ စံအိမ်မှ ဖယ်ရှားမပေးရင် သက်ညှာမှု မရှိဘူးလို့ ကြေညာလိုက်ခြင်းကြောင့် ဖြစ်သည်။
ကျင်းမင်လီသည် ချောင်ဖုန်းတို့ကို အရင်ပို့ဆောင်ပေးဖို့အတွက် သိုလှောင်ကွင်းလက်စွပ်ထဲမှ စာအုပ်ပုံစံ ရတနာ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ပုံစံအကြီးကြီးဖြစ်အောင် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် အသက်သွင်းလိုက်သည်။
ထိုရတနာပစ္စည်းကို ကျင်းမင်လီသည် သူငယ်ရွယ်စဥ်အခါ အသက်နဲ့လွဲ၍ ရရှိထားသော ရတနာပစ္စည်းတစ်ခုပင်ဖြစ်သည်။ကျင်းမင်လီသည် ထိုရတနာစာအုပ်အား အသက်သွင်းလိုက်တဲ့အခါ နေရာကူး
ပြောင်းရေးစက်ဝန်းကြီးသည် ထိုစာအုပ်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာလေသည်။
ထိုနောက် ကျင်းမင်လီသည် အားလုံးကို အမြန်အထဲဝင်ခိုင်းလိုက်သည်။ထိုအခါ ချောင်ဖုန်းတို့အားလုံးအဖြူရောင်အလင်းတန်းကြီးထဲသို့ ခုန်ဝင်လိုက်ကြလေသည်။ချောင်ဖုန်းတို့ အားလုံး ဝင်သွားပင်မယ့် ကျင်းမင်လီသည် အချိန်တခုထိ ရတနာစာအုပ်ရဲ့စွမ်းအားကို ဆက်လက်ထိန်းသိမ်းနေရအုံးမယ် ဖြစ်သည်။
ထို့ချိန်မှာ အပြင်ဘက်မှ တိုက်ခိုက်သံကြားလိုက်ရတဲ့အတွက် ကျင်းမင်လီသည် သူ့နားမှ လူအား ခဏတာ အချိန်ဆွဲထားဖို့ စေခိုင်းလိုက်သည်။ကျင်းမင်လီသည် နောက်ထပ်တိုက်ခိုက်သံကြားလိုက်ကြရတာကြောင့် ရတနာစာအုပ်အား ရပ်တန့်လိုက်ပြီး ဖြေရှင်းဖို့ လို့ဝှက်ခန်းထဲမှ ထွက်သွားရပါတော့သည်။
ထိုအခါ ရတနာစာအုပ်ရဲ့ စွမ်းအားသည် ရုတ်တရက် ရပ်တန့်သွားတာကြောင့် ချောင်ဖုန်းတို့သည် အမည်မသိသောနေရာများကို တစ်ယောက်တစ်နေရာစီ ရောက်ရှိသွားလေသည်။အားလုံးသည်
ဘယ်နေရာကို ရောက်ရှိနေကြမှန်းမသိတော့တဲ့အတွက် အနည်းငယ်စိတ်ပျက်သွားကြသည်။
ချောင်ဖုန်းသည် စိတ်ပျက်စွာနဲ့ ခေါင်းခါ လိုက်ပြီး "ရီချုံရေ မင်းကိုပဲ အားကိုးရတော့မယ် " ဟု ပြောလိုက်သည်။ထိုအခါ ရီချုံသည် ဧရာမနတ်ဆိုးဌက်ကြီးအသွင်သို့ ပြောင်းသွားပြီး ချောင်ဖုန်းရဲ့ရှေ့သို့ ရောက်ရှိလာလေသည်။
ချောင်ဖုန်းသည် ရီချုံပေါ်သို့ တက်လိုက်တဲ့ အလွန်လျင်မြန်သော အရှိန်ဖြင့် နှစ်ယောက်သား မြစ်ပြင်တစ်လျှောက် ပျံသန်းလာလေသည်။ချောင်ဖုန်းသည် မြစ်ပြင်ကို ကျော်ဖြတ်လာပြီး ကုန်းတွင်းပိုင်းကို ရောက်ရှိလာတဲ့အခါ "ရီချုံ......ရှေ့မှာ ဘုရင်နယ်ပယ်အဆင့်ကျင့်ကြံသူအငွေ့အသက်တွေ ရှိနေတယ် ငါတို့ ဒီနေရာမှာပဲ ဆင်းသက်လိုက်ရအောင်" လို့ ပြောလိုက်သည်။
ထိုအခါ ရီချုံသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ချောင်ဖုန်း ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်လိုက်သည်။ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် လျင်မြန်စွာ သွားပြီးနောက် မြို့ဂိတ်ဝတစ်ခုသို့ ရောက်တဲ့အခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ဂိတ်ဝတွင် စစ်သည်တော်နှစ်ယောက်သည် လူတိုင်းရဲ့မျက်နှာကိူ စစ်ဆေးပြီးမှသာ မြို့အတွင်းသို့ ဝင်ခွင့်ပြုလေသည်။ထိုမြို့ကတော့ ဟောက်ရဲ့ တိုင်းပြည်တိုင်း၏ အဓိကမြို့တော်တစ်ခုဖြစ်သော ဖန်ရှစ်မြို့တော်ပင် ဖြစ်သည်။
ချောင်ဖုန်းကို တွေ့တဲ့အခါ စစ်သည်တော်တစ်ယောက်သည် ရောက်ရှိလာပြီး "မင်းကြည့်ရတာ ဒီတိုင်းပြည်က မဟုတ်ဘူးထင်တယ် " လို့ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် သူက ဝူတိုင်းပြည်ကနေ ကိစ္စရှိလို့ ရောက်ရှိလာကြောင်း ပြောလိုက်သည်။
ထိုအခါ ဟောင်ဟဲဟု ခေါ်သော စစ်သည်တော်သည် "မင်းကကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ဝူတိုင်းပြည်ကနေ ဒီကို ရောက်အောင်လာနိုင်ခဲ့တာပဲ ၊ ဒါပေမယ့် ဟောက်ရဲ့တိုင်းပြည်က နဂိုလို မဟုတ်တော့တဲ့အတွက် မင်းဒီကနေ ပြန်လှည့်ထွက်ခွာသင့်တယ် " လို့ပြောကာ အကြံပေးလိုက်လေသည်။
ထိုအခါ ချောင်ဖုန်းသည် ဟောင်ဟဲအား ကျေးဇူးတင်လိုက်ပြီး သူ့အသက်ထက်အရေးကြီးတဲ့အရာတွေ လုပ်ဆောင်ဖို့ လာခဲ့ကြောင်းပြောလိုက်သည်။ထိုအခါ ဟောင်ဟဲသည် "ကောင်းပြီလေ......ငါသတိပေးပြီးပြီဆိုတော့ ကျန်တာမင်းသဘောပဲ " ဟု ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ဟောင်ဟဲကို နှုတ်ဆက်ပြီး ဖန်ရှစ်မြို့အတွင်းသို့ စတင်ဝင်ရောက်လာလေသည်။ဖန်ရှစ်မြို့သည် ကျင့်ကြံသူ အများအပြားစုဝေးသော နေရာတစ်ခုဖြစ်လာခဲ့ပြီး မြို့အတွင်းမှာရှိသည့် အိမ်တော်များသည် စီးပွားရေးအပြိုင်အဆိုင်များ ဖြစ်ကြပြီး အိမ်တော်တစ်ခုနဲ့ တစ်ခု မတည့်ပေ။
ချောင်ဖုန်းသည် ဖန်ရှစ်မြို့အတွင်းသို့ ဝင်ဝင်ချင်းမှာပင် လှည်းများပေါ်တွင် သေတ္တာပုံးကြီးများတင်ကာ သွားနေသောအဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။
ထိုလှည်းများ၏ နောက်ဆုံးလှည်းတစ်လှည်းမှာတော့ ဒဏ်ရာများစွာရနေသော ဖုန်းယွီကို သံလှောင်အိမ်တစ်ခုထဲသို့ ချုပ်နှောင်ထားတာကို ချောင်ဖုန်းသည် တွေ့ရှိလိုက်ရသည်။ဖုန်းယွီသည် သူ့ရဲ့ကျေးဇူးရှင်တစ်ဦးဖြစ်တာကြောင့် ချောင်ဖုန်းသည် သူရှိနေသော နေရာမှ ပျောက်ကွယ်သွားပြီး လှည်းများ၏ ရှေ့ကို လျှပ်တစ်ပြတ်အတွင်းရောက်ရှိသွားလေသည်။
ထိုအခါ လှည်းတွန်းနေသော တစ်ယောက်သည် "ကောင်စုတ်လေး.....မင်းက သေချင်နေတာလား" ဟု မေးလိုက်သည်။ထိုချိန်မှာ ဖုန်းယွီသည် ချောင်ဖုန်းကို မြင်တဲ့အခါ "သခင်လေး........ဖုန်းယွီကို ထားခဲ့ပြီး ဟောက်ရဲ့တိုင်းပြည်ထဲက အမြန်ဆုံး ထွက်ခွာသွားပါ " လို့ ငိုရင်း ပြောလိုက်သည်။
ထိုအခါ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သော ကျန်းဟူဆိုသောသူသည် "အဲ့ကောင်လေးကို အလွတ်မပေးနဲ့ ကြည့်ရတာ သူတို့က တစ်ဖွဲ့ထဲပဲထင်တယ် " ပြောကာ အမိန့်ပေးလိုက်သည်။ထိုအခါ လှည်းများတွန်းနေသော လူများသည် ဓားများကို ကိုယ်စီထုတ်လိုက်ပြီး " ဟုတ်.......ခေါင်းဆောင်" လို့ ပြောလိုက်ပြီး ချောင်ဖုန်းကို ဝိုင်းထားလိုက်သည်။
ချောင်ဖုန်းသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ထိုလူအုပ်ကြားထဲမှ ပျောက်ကွယ်သွားပြီး ကျန်းဟူအနားကို လျှပ်တစ်ပြက်ပင် ရောက်ရှိသွားကာ လက်တစ်ဖက်ထဲဖြင့် ကျန်းဟူကို လေပေါ်သို့မြှောက်ကာ လည်ပင်း ညှစ်ထားလိုက်သည်။
အားလုံးသည် ရုတ်တရက်ကြောက်လန့်သွားကြလေသည်။ချောင်ဖုန်းရဲ့ အရှိန်သည် အလွန်လျင်မြန်လှပြီး ဘုရင်နယ်ပယ်အထွဋ်အထိပ်ကို ရောက်နေသော သူတို့ခေါင်းဆောင်ဖြစ်သော ကျန်းဟူသည် လှုပ်ရှားခွင့်တောင်မရရှိသွားသောကြောင့်ဖြစ်သည်။
ဖုန်းယွီတောင်ပင် ချောင်ဖုန်းရဲ့ အစွမ်းအစကို ကြောက်လန့်၍ သွားပြီး "မတွေ့ရတဲ့ ရက်အတောအတွင်းမှာ သူက အဲ့လောက်တောင်စွမ်းအားကြီးသွားတာလား " ဟု ရေရွတ်လိုက်မိသည်။
ချောင်ဖုန်းသည် ကျန်းဟူအား "မင်းတို့ရဲ့ နောက်ကွယ်က ဘယ်သူမို့လို့ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသားတွေတောင်ဖမ်းရဲတဲ့ သတ္တိရှိနေတာလဲ " လို့ အေးစက်သော အသံဖြင့် မေးလိုက်သည်။သို့သော် ကျန်းဟူသည် "ငါ့ကိုလွှတ်.......မဟုတ်ရင်မင်းသေတာထက်ပိုနောင်တရသွားစေရမယ် " လို့ ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ကျန်းဟူအား တစ်ချက်ထဲနဲ့ပင် သတ်ပစ်လိုက်လေသည်။ထိုအခါ အားလုံးသည် ကြောက်လန့်ပြီး "သူတကယ်ပဲ ခေါင်းဆောင်ကို သတ်ပစ်လိုက်တာလား "ဟု ထွက်ပြေးသွားကြလေသည်။
ထို့နောက် ချောင်ဖုန်းသည် ဖုန်းယွီကို ကယ်လိုက်ပြီး ရတနာသေတ္တာများကို ကြည့်လိုက်တဲ့အခါ ရွှေဒင်္ဂါး ၊ ဆေးအမယ်များ ၊ ဆေးလုံးများ ၊ ရတနာပစ္စည်းများနဲ့ သိုင်းစာလိပ်များကို တွေ့တဲ့အခါ သဘောကျသွားပြီး သူ့သိုလှောင်ကွင်း လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။