← Chapters

ဒီကြောင်ကိုဖမ်းပေး

Vol. 4 Ch. 62

ဒီကြောင်ကိုဖမ်းပေး

Vol. 4 Ch. 62

အစိမ်းနှင့်လူငယ်သည် သက်ပြင်းချပြီး သူမကိုကူညီရန်ရှေ့တက်သွား လေသည် “ညီမချန်ရှီး ထားလိုက်ပါတော့ ဒီကြောင်မှာ ပိုင်ရှင်ရှိလောက်တယ်.. ငါတို့တွေ လိုက်ဖမ်းတာ မသင့်တော်ဘူး”

“ဟင်း အဲတော့ဘာဖြစ်လဲ နန်ကုန်းမိသားစုကသခင်မလေးက ဒီဝိညာဉ် သားရဲကို မျက်စိကျတာ ကောင်းချီးပေးတာပဲ” နန်ကုန်းချန်ရှီးသည် သူမ၏ဘဝ တွင် ဤကဲ့သို့ ဆုံးရှုံးမှုကြီးကို မခံစားဖူးပေ။ ဒီဒေါသကို ဘယ်လိုများ လွယ်လွယ်နဲ့ မျိုသိပ်နိုင်မှာလဲ။ ဤစာချုပ်သားရဲ၏ပိုင်ရှင်မှာ မည်သူမည်ဝါဆို သည်ကိုသိပါက စာချုပ်ဖျက်ပြီး သူမကိုပေးခိုင်းမည်။

“နန်ကုန်းမိသားစုကဆိုလည်း ဘာဖြစ်လဲ… ဝိညဉ်သခင်မိသားစုကြီး ၄ ခုထဲက တစ်ခုမှမဟုတ်တာ” အဝါရောင်နှင့်မိန်းကလေးသည် နန်ကုန်းချန်ရှီးကို သိပ်သဘောကျပုံမရပေ။ သူမ၏ စကားများကိုကြားပြီးနောက် အလွန် မပျော် မရွှင်ဖြစ်သွားသည်။ သူမသည် ကြောင်လေးကို ဂရုတစိုက်ကြည့်ကာ နန်ကုန်း ချန်ရှီးဆီသို့ လျှောက်သွားလေသည် “ငါတို့ကလေ့ကျင့်ဖို့လာတာပဲ.. ပြဿနာ မရှာတာကောင်းမယ်”

“ပြဿနာရှာလည်း ဘာအရေးလဲ ချင်ရှဲလင်.. မင်းက အင်ပါယာရုံးတော် အကြီးအကဲရဲ့မြေးဆိုတာနဲ့ အလွန်ကြီးမြတ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်မနေနဲ့… ငါပြဿနာရှာလည်း နင်နဲ့ဘာမှမဆိုင်ဘူး.. ငါက မင်းရဲ့လေ့ကျင့် ရေးရလဒ်ကို ထိခိုက်စေမှာကို ကြောက်နေတာမလား.. ဒါဆိုလည်းထွက်သွား လိုက်လေ” နန်ကုန်းချန်ရှီးသည် ရှန်းယန်ဖိုကို ခိုးကြည့်နေသည်။ သူ၏ ချောမောလှသည့် မျက်ခုံးများကြုတ်သွားသည်ကို မြင်သည်နှင့် ခေါင်းငုံ့သွား ကာ ခေတ္တမျှနှုတ်ဆိတ်သွားသည်။

“ဒါကတော့ ရှဲလင်စကားနားထောင်တာ ပိုကောင်းလိမ့်မယ် ဒီကြောင်က နည်းနည်းထူးဆန်းနေတယ်” အစိမ်းနှင့်လူငယ်သည် သက်ပြင်းကြီးချလိုက်၏။ သူသည် မိန်းကလေးနှစ်ယောက်ကြားမှ ရန်စကားများကို အနည်းငယ် စိတ်မရှည်ပုံပင်။ သူသည် ရှန်းယန်ဖိုကိုကြည့်ပြီး စကားပြောရန် အချက်ပြ လိုက်သည်။

“ထူးဆန်းတယ်ဟုတ်လား ဘာထူးဆန်းနေလို့လဲ.. ဒီကြောင်က မွန်မြတ် တဲ့သားရဲဖြစ်နေလို့လား.. ဒါက ဒီအတိုင်းမှော်တိရစ္ဆာန်သာသာပဲ” နန်ကုန်းချန်ရှီးသည် ကြောင်မည်းလေးကိုကြည့်ပြီး မောက်မာစွာပြောလေ သည်။

ပေထင်းဟွမ်သည် ရယ်ချင်သွားသဖြင့် မိုးကြိုးသွားကို စိတ်ထဲမှပြောမိ သည် “မင်းကိုကြည့်ဦး.. အဲဒါကို မွန်မြတ်တဲ့သားရဲလို့ပြောလို့ရသေးလို့လား.. မွန်မြတ်တဲ့သားရဲရဲ့ဂုဏ် ဘယ်မှာရှိတော့လို့လဲ.. လူတွေက မင်းကိုအထင်သေး ကုန်ပြီ”

မိုးကြိုးသွားသည် စိတ်ဓာတ်ကျသွားသည် “သခင် ဒီငတုံးကို ခုနက တိုက်ခိုက်ချင်သွားတာ.. ဒါပေမဲ့ သခင်က ဘယ်သူ့ကိုမှမသတ်ရဘူးလို့ ပြောခဲ့ တာလေ”

မဟုတ်လျှင် နန်ကုန်းချန်ရှီး လှိမ့်ပြီး မြေပေါ်ကျသည်လောက်နှင့် ပြီးသွား မည်မဟုတ်ပေ။ သူမတစ်ကိုယ်လုံးကို သေချာပေါက်ဝါးမျိုလိုက်နိုင်သည်။

“ဟူး.. ငါ မှော်သားရဲတောထဲမှာ လည်နေတာ ၁ လကျော်နေပြီ.. လူတစ်ယောက်မှတောင် မ‌တွေ့ခဲ့ရဘူး.. လူတစ်ယောက်တွေ့ဖို့ကို လွယ်တာ မဟုတ်ဘူး.. မင်းသာ တစ်လုတ်တည်း မျိုလိုက်ရင် ငါ ဘယ်သူနဲ့သွားစကား ပြောရမှာလဲ” ပေထင်းဟွမ်သည် ကူကယ်ရာမဲ့စွာပြောလိုက်သည်။

မိုးကြိုးသွးသည် သူမအား မျက်လုံးလှိမ့်ပြလေသည်။ ထိုစကားကို အရိုက် ခံရပြီးသေသွားလျှင်တောင် ယုံမည်မဟုတ်ပေ။ တစ်ဖက်လူက နန်ကုန်းမိသားစုကဆိုတာကို သေချာကြားရဲ့သားနဲ့ ဒီငတုံးမကို အရှင်ထားချင် တယ်ဆိုတာကို ဘယ်သူယုံမှာလဲ။ သူမကိုယ်သူမကျ လူကောင်းလိုဖြစ်အောင် ဘယ်လိုများလုပ်နိုင်တာလဲ။

သို့သော် မှော်သားရဲများသည် မရိုးသားသောသခင်နှင့်တွေ့ပါက စကား လျှော့ပြောပြီး အလုပ်ပိုလုပ်သည်ကပိုကောင်းသည်။

“ရန့်ရှောင်ကျယ်နဲ့ငါက ဒီမှော်သားရဲလိုချင်တယ်.. အစ်ကိုကြီးဖိုနဲ့ ချင်ရှဲလင် ငါ့ကိုကူဖမ်းပေး.. ဒီတစ်ခုပြီးရင် နင်တို့တစ်ယောက်စီအတွက် မွန်မြတ်တဲ့သားရဲကို ထိန်းကျောင်းဖို့ နန်ကုန်းအကြီးအကဲကို ပြောပေးမယ် ဘယ်လိုလဲ” နန်ကုန်းချန်ရှီးသည် မောက်မောက်မာမာ်ပြောလေသည်။ သူမ၏ အကြည့်များသည် ရန့်ရှောင်ကျယ်၏ စိတ်မဝင်စားသောအမူအရာကိုမြင်သည် နှင့် အလျင်အမြန်ပြောလေသည် “ရန့်ရှောင်ကျယ်အတွက် ငါ့သိုလှောင် လက်စွပ်ထဲမှာ ဓားရှည်တစ်ချောင်းရှိတယ်.. အဲဒါက ဝိညာဉ်ရှေးပစ္စည်းပဲ နင့် အတွက် ဆုအဖြစ်ပေးမယ်”

သူမ လက်ကောက်ဝတ်လှည့်လိုက်သည်နှင့် အေးစက်သည့် အလင်းတန်း ထွက်နေသော အနက်ရောင်ဓားရှည်တစ်လက် သူမလက်ပေါ်သို့ရောက်လာ သည်။ အေးစက်သောအရောင်လက်သွားပြီး ဓားကိုယ်ထည်မှာ ချည်ကဲ့သို့ပင် ပါးသည်။ ထိုဓားရှည်ကို ရှားပါးသည့်သံမဏိအေးဖြင့် ပြုလုပ်ထားပြီး ဝိညာဉ် အဆင့်ထိရောက်သည့် လက်နက်ဖြစ်သည်။ ရှားပါးပြီး ပစ္စည်းကောင်းဖြစ်သည် မှာသေချာသည်။

ပေထင်းဟွမ် နှလုံးခုန်မြန်လာသည်။ မိုးကြိုးသွားသည် ပေထင်းဟွမ်အား ကြည့်ပြီး နန်ကုန်းချန်ရှီးဆီသို့ ကြော့မော့စွာလျှောက်သွားလေသည်။

***

All Chapters