Chapter(106)
Vol. 8 Ch. 106
အသန့်စင်ဆုံးစနစ် အခန်း(106)
ချောင်ဖုန်းသည် ဖုန်းယွီအား ထိုင်လို့ရသည့် နေရာတစ်ခုသို့ ခေါ်သွားပေးခဲ့ပြီး ဆေးတစ်လုံးကို တိုက်လိုက်တဲ့အခါ ဖုန်းယွီရဲ့ ခန္ဓာကိုယ်ပေါမှ ဒဏ်ရာများသည် ချက်ချင်းပျောက်ကွယ်သွားလေသည်။
ထိုအခါ ဖုန်းယွီသည် " သခင်လေးချောင်ဖုန်း......နင်လဲ အဖြူရောင်တံဆိပ်ကိုတာဝန်ကို ထမ်းဆောင်နေတာလား" လို့ မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး လောလောဆယ် ဖြစ်ပျက်နေသော အကြောင်းအရာများကို ပြောပြဖို့ ပြောလိုက်သည်။
ထိုအခါ ဖုန်းယွီသည် ဟောက်ရဲ့တိုင်းပြည်အတွင်းဖြစ်ပျက်နေသော အကြောင်းအရာများကို ပြောပြလိုက်သည်။
အဖြူရောင်တံဆိပ်ရဲ့ တာဝန်ကို ထမ်းဆောင်သော ဖုန်းယွီတို့သည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းလက်အောက်တွင် ဂိုဏ်းများကို ဝတ်ရုံနီဂိုဏ်းနဲ့ပက်သက်သောအကြောင်းကို လာရောက်ပြောကြားဖို့ ကြိုးစားခဲ့ပေမယ့် ဟောက်ရဲ့တိုင်းပြည်အတွင်းရှိ ဂိုဏ်းအများစုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထိုအခါ ချောင်ဖုန်းသည် ဟောက်ရဲ့တိုင်းပြည်အတွင်းရှိ ဂိုဏ်းများသည် အကြောင်းမဲ့သက်သက်လိုက်လံဖမ်းဆီးခြင်းမဖြစ်နိုင်တာကို ခန့်မှန်းလိုက်သည်။ထို့အပြင် ဖုန်းယွီသည် သူတို့အဖွဲ့ထဲတွင် သစ္စာဖောက်တစ်ယောက်ရှိနိုင်ကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းအား တွေ့မိလိုက်လို့လားဟု မေးလိုက်သည်။ထိုအခါ ဖုန်းယွီသည် ရွယ်ချင်းသည် ဝူတိုင်းပြည်တွင် တာဝန်ထမ်းဆောင်ရကြောင်း ပြောပြလိုက်သည်။
ဖုန်းယွီသည် "သခင်လေး......ငါတို့ ဒီတိုင်းပြည်ကနေ အမြန်ဆုံးထွက်ခွာပြီး နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို သတင်းပေးပြီး ကျန်ရှိတဲ့ အဖွဲ့ဝင်တွေကို ကယ်ထုတ်ရမယ် " လို့ပြောလိုက်သည်။ချောင်ဖုန်းသည် "စီနီယာအမ......ဂိုဏ်းရဲ့အကူအညီကို စောင့်နေမယ်ဆို အားလုံးရဲ့အသက်က ဆုံးရှုံးသွားနိုင်တယ် ၊ စီနီယာအမတစ်ယောက်ထဲပဲ ဂိုဏ်းကို ပြန်ပြီး အကြောင်းကြားသင့်တယ် " လို့ပြောလိုက်သည်။
ထိုအခါ ဖုန်းယွီသည် ချောင်ဖုန်းရဲ့ အစွမ်းအစကို သိရှိနေတာကြောင့် မငြင်းဆိုတော့ဘဲ "သခင်လေးချောင်ဖုန်း.....နင်ဂရုစိုက်ပါ ၊ ငါအမြန်ဆုံး ဂိုဏ်းကို အကြောင်းကြားပြီး အားလုံးကို ကယ်ဖို့ ပြန်လာခဲ့မယ်" လို့ ပြော၍ ချောင်ဖုန်းအား နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာသွားပါတော့သည်။
ဖုန်းယွီထွက်ခွာပြီးနောက် ခဏအကြာမှာပဲ ဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူ သုံးယောက်နဲ့အတူ ထွက်ပြေးသွားသော လူများသည် ပြန်လည်ရောက်ရှိလာလေသည်။ထိုအဖွဲ့ထဲမှ လူတစ်ယောက်သည် ချောင်ဖုန်းအား လက်ညိုးထိုးလိုက်ပြီး "အကြီးအကဲချိုက်မုန့်......သခင်လေးကျန်းဟူကို သတ်လိုက်တာ အဲ့ကောင်လေးပဲ " ဟု ပြောလိုက်သည်။
ထိုအခါ ချိုက်မုန့်တို့သည် ချောင်ဖုန်းရှေ့ကို ရောက်ရှိလာကြပြီး ချိုက်မုန့်သည် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လိုက်ပြီး " မင်းက ယဲ့အိမ်တော်ရဲ့သခင်လေးကို သတ်ဖြတ်ရဲတဲ့အတွက် မင်းကို ဖမ်းခေါ်ပြီး မြေအောက်အကျဥ်းထောင်ထဲမှာ တစ်သက်လုံး ချုပ်နှောင်ထားပြီး အပြစ်ပေးဖို့ ငါ့မှာ တာဝန်ရှိတယ် " လို့ပြောလိုက်သည်။
ထိုအခါ ယဲ့အိမ်တော်ရဲ့ အဖွဲ့ဝင်များသည် " အကြီးအကဲချိူက်မုန့်ရဲ့ စွမ်းအားက ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်သွားပြီပဲ ၊ ဟားဟား.....အဲ့ကောင်လေးကတော့ အကြီးအကဲသုံးယောက်လက်ထဲကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး " ဟု ရယ်မောကာ ပြောလိုက်ကြသည်။
ထိုချိန်မှာ သူတို့အားလုံးသည် ရုတ်တရက်ပြောင်းလဲမှုကို ခံစားလိုကရလေသည်။ထိုအရာကတော့ အလွန်ကြောက်စရာ လူသတ်ဖြတ်တော့မယ့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ထိုအခါ ချောင်ဖုန်း ရှေ့မှာရှိနေသော ဧကရာဇ်နယ်ပယ်အဆင့်ရှိသော ချိုက်မုန့်တို့ သုံးယောက်သည် မြေပေါ်သို့ ချက်ချင်း ဒူးထောက်ကာ ကျသွားလေသည် ။ ချိုက်မုန့်သည် အလွန်ပြင်းထားသော ဖိအားမျိူးက သူခန္ဓာကိုယ်ပေါ်ကို ဘယ်ကနေ ရောက်ရှိလာတာလဲ တွေးကာ ကြောက်ရွံနေလေသည်။
ထို့နောက် ချောင်ဖုန်း ခြေထောက်ကိုသာ ကြည့်နိုင်ပြီး "မဟုတ်မှလွဲရော......နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါက ဒီကောင်လေးရှိကနေ ရောက်လာတာလား " ဟု တွေးလိုက်ပြီး ရင်ထဲကပင် ကြောက်ကြောက်လန့်လန့် ဖြစ်သွားလေသည်။
ချောင်ဖုန်းသည် ချိုက်မုန့်ပေါ်သို့ ကျရောက်နေသော နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအားအား လျော့ချလိုက်ပြီး "မင်းတို့ယဲ့အိမ်တော်က ဘာလို့ လူတွေကို ဖမ်းဆီးနေတာလဲ " ဟု ပြောလိုက်သည်။
ထိုအခါ ချိုက်မုန့် ဘေးမှ အကြီးအကဲသည် အရှိန်အဝါဖိအားအောက်မှာ စကားမပြောနိုင်တာကြောင့် ချောင်ဖုန်းမေးတာကို မဖြေဖို့ ချိုက်မုန့်အား ခေါင်းခါ ပြနေလေသည်။ထိုအခါ ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အဆင့်ရောက်ရှိနေသော ခေါင်းခါပြနေတဲ့ လူအား သတ်ပစ်လိုက်လေသည်။
ထိုအခါ ယဲ့အိမ်တော်များ လူအားလုံးသည် သူ့တို့ရဲ့အသက်ဆုံးရှုံးရတော့မှာကို ကြောက်ကာ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်နေ၍ စကားပြောဖို့တောင်ဆွံအသွားကြပြီး မြေကြီး ခေါင်းနဲ့ ရိုက်ကာ သူတို့အား ချမ်းသာခွင့်ပေးဖို့ ချောင်ဖုန်းအား တောင်းပန်နေကြလေသည်။
ချောင်ဖုန်းသည် လက်သီးဆုပ်လိုက်ပြီး "ကြည့်ရတာ ငါမေးတဲ့မေးခွန်းကို မင်းလဲ မဖြေနိုင်ဘူးထင်တယ် " ဟု ပြောပြီး သတ်ပစ်တော့မည်အချိန်တွင် ချိုက်မုန့်သည် "သခင်လေး.....ကျွန်တော်အားလုံးပြောပြပါ့မယ်" ဟု ကြောက်လန့်နေသောကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေသည်။
ယဲ့အိမ်တော်သည် ဟောက်ရဲ့တိုင်းပြည်အတွင်းရှိ အင်အားကြီးမားသော လောဟွေ့လင်းဂိုဏ်းရဲ့ ခိုင်းစေချက်အရ ဟောက်ရဲ့တိုင်းပြည်အတွင်းဝင်လာသော သူများကို လိုက်လံဖမ်းစီးပြီး လောဟွေ့လင်းဂိုဏ်းကို ပို့ဆောင်ပေးရကြောင်း ရှင်းပြလိုက်သည်။
ချောင်ဖုန်းသည် လောဟွေ့လင်းဂိုဏ်း၏ ဂိုဏ်းချုပ်ရဲ့ကျင့်ကြံမှုကို မေးကြည့်တဲ့အခါ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့် ကို ရောက်ရှိနေကြောင်းသိလိုက်ရသည်။ထိုအခါ ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး ချိုက်မုန့်အား လောဟွေ့လင်း ဂိုဏ်းအား လမ်းပြဖို့ ပြောလိုက်သည်။
ကျန်ရှိသော သူများကိုလဲ နောက်ထပ်တစ်ကြိမ် အမှားထပ်လုပ်ရင်သေဆုံးသွားသော ဧကရာဇ်နယ်ပယ်အဆင့်အကြီးအကဲနောက်ကို လိုက်ရမယ်လို ခြိမ်းခြောက်လိုက်သည်။ထို့နောက် ချိုက်မုန့်နဲ့ချောင်ဖုန်းသည် လေပေါ်သို့ ခုန်တက်ပြီး လောဟွေ့လင်းဂိုဏ်းတည်နေရာကို ပျံသန်းသွားကြလေသည်။
ကျန်ရှိသော ယဲ့အိမ်တော်မှ လူများသည် ကြောက်ကြောက်ရွံရွံဖြင့် ယဲ့အိမ်တော်ကို ပြန်ကာ အကြောင်းကြားပါတော့သည်။လောဟွေ့လင်းဂိုဏ်း၏ ဝင်ပေါက်ဝတွင် လူများထည့်ထားသော လှောင်အိမ်များသည် တစ်လှည်းပြီးတစ်လှည်း ဂိုဏ်းထဲသို့ ဝင်သွားကြလေသည်။
ခဏအကြာမှာတော့ ချောင်ဖုန်းနဲ့ချိူက်မုန့်ရောက်ရှိလာတဲ့ စောင့်ကြပ်နေသော အစောင့်တစ်ယောက်သည် "အကြီးအကဲချိူက်မုန့်......ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲ အရင်လာနှင့်တာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ချိုက်မုန့်သည် အရေးကြီးကိစ္စရှိ၍ ဂိုဏ်းချုပ်နဲ့ဆွေးနွေးစရာရှိလို့ ဟု ပြန်ဖြေကြားလိုက်သည်။ထိုအခါ စောင့်ကြပ်နေသော သူလည်း အချိန်နှောင့်နှေးလို့ ပြသာနာဖြစ်ရင် သူ့အပြစ်ဖြစ်လာမည် ကြောင့်၍ အမေးအမြန်းမထူတော့ဘဲ ဝင်ခွင့်ပေးလိုက်သည်။
ချိုက်မုန့်သည် ဝင်ဝင်လာခြင်းအားလုံးကို နှုတ်ဆက်လိုက်ပြီး ဂိုဏ်းချုပ်နဲ့တွေ့ဖို့အတွက် လောဟွေ့လင်းဂိုဏ်း၏ ဘယ်လယ်ရုံးဖြစ်သော ရန်ပေါကျင့်အား အကူအညီတောင်းလိုက်သည်။ရန်ပေါကျင့်သည် "ချိုက်မုန့်.......မင်းက ဘာအရေးကြီးကိစ္စရှိလို့ ဂိုဏ်းချုပ်နဲ့တွေ့ဖို့ လိုအပ်နေတာလဲ ၊ နောက်ပြီး မင်းနောက်က လူက ဘယ်သူလဲ " လို့ မယုံသင်္ကာအကြည့်ဖြင့် မေးလိုက်သည်။
ထိုအခါ ချိုက်မုန့်သည် ချောင်ဖုန်းရဲ့ ခိုင်းစေချက်အတိုင်း "အကြီးအကဲပေါကျင့်...... သူက ကျွန်တော်ရဲ့တပည့်တစ်ယောက်ဖြစ်ပြီး သူကနတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အရေးကြီးသတင်းတစ်ချို့ကို ရရှိထားတဲ့အတွက် ဂိုဏ်းချုပ်ကို တင်ပြချင်လို့ပါ " ဟု ပြောလိုက်သည်။
ထိုအခါ ရန်ပေါကျင့်သည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းနဲ့ ပက်သက်သည့် ကိစ္စဖြစ်၍ သူကိုယ်တိုင် မဆွေးနွေးရဲတဲ့အတွက် ချောင်ဖုန်းတို့ကို သူနောက်လိုက်ခဲ့ဖို့ ခေါ်သွားလေသည်။အခန်းအတွင်းသို့ ရောက်တဲ့အခါ လောဟွေ့လင်းဂိုဏ်းချုပ်ဖြစ်သူ ရီယွမ်လင်းနဲ့ ညာလက်ရုံးဖြစ်သူ ထျန်းချန်းသည် စကားထိုင်ပြောနေတာကို တွေ့လိုက်ရသည်။
ထျန်းချန်းသည် လေသံခပ်မာမာဖြင့် "ပေါကျင့်.....ဒီနေရာက ဂိုဏ်းချုပ်အခန်းဆိုတာ မင်းမေ့နေတာလား ၊ ဘယ်လိုဖြစ်လို့ တခြားလူတွေကို ခေါ်လာဖို့ အတင့်ရဲနေတာလဲ " လို့ ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
ထိုအခါ ဂိုဏ်းချုပ်ဖြစ်သည် ရီယွမ်လင်းသည် ထျန်းချန်းအား ဘာမှ ဆက်မပြောဖို့ လက်ဝါးထောင်ပြလိုက်ပြီး "ပေါကျင့်......အရေးကြီးကိစ္စတစ်ခုခု ရှိနေတာလား " လို့ မေးလိုက်သည်။
ထိုချိန်မှာ ရုတ်တရက် ချိုက်မုန့်သည် လျင်မြန်သော အရှိန်ဖြင့် ရီယွမ်လင်းရဲ့ နောက်ကို ပြေးသွားကာ ဒူးထောက်လိုက်လေသည်။
ထို့နောက် ချိုက်မုန့်သည် "ဂိုဏ်းချုပ်......သူက နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ထင်တယ် " ဟု ပြောလိုက်သည်။
ရီယွမ်လင်းနဲ့ထျန်းချန်း ချိုက်မုန့်စကားကြောင့် ထရယ်ပါတော့သည်။ဘာကြောင့်လဲဆိုတော့ ချောင်ဖုန်းသည် ငယ်ရွယ်တဲ့အပြင် စွမ်းအင်အငွေ့အရှိန်အဝါကို မခံစားရသောကြောင့်ပင်ဖြစ်သည်။
ရန်ပေါကျင့်သည် ဒေါသထွက်နေသော မျက်နှာထားဖြင့် "ချိုက်မုန့်.......မင်းပြောတော့ သူက မင်းတပည့်ဆို ၊ မင်းငါ့တို့အားလုံးကို စနောက်ဖို့ ခေါ်လာတာလား " လို့ မေးလိုက်သည်။