ပရိယာယ်များသည့် မွန်မြတ်သောသားရဲ
Vol. 4 Ch. 63
သူသည် နန်ကုန်းချန်ရှီး၏လက်ထဲမှ ဓားရှည်ကိုစိုက်ကြည့်နေမိသည်။ သို့သော် လေးယောက်သားကို မှင်တက်သွားစေသည်။ ချင်ရှဲလင်နှင့် နန်ကုန်း ချန်ရှီးတို့သည် တွဲဖက်မညီပေ။ ထိုအခိုက်အတန့်တွင် သူမသည် ရှည်လျားပြီး ပျော့ပြောင်းသည့် ဓားရှည်ကို ငေးကြည့်မိသည် “နန်ကုန်းချန်ရှီး ဒါက.. ဒီ ဓားရှည်ပျော့က တကယ်ကိုကောင်းတဲ့ပစ္စည်းပဲ.. ဒီကြောင်လေးလည်း ကြိုက်မှာပဲ”
ရန့်ရှောင်ကျယ်သည် ထိတ်လန့်သွားသဖြင့် နောက်သို့ခြေလှမ်းအနည်း ငယ် ဆုတ်လိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည် “ညီမချန်ရှီး.. မင်းရဲ့ဓားရှည်ပျော့ကို ငါမယူနိုင်ဘူး.. ဒီမှော်သားရဲအကြောင်းကို မင်းသိတာလည်းမဟုတ်ဘူး”
သူတို့လေးယောက်သည် အင်ပါယာမြို့တော်မှ ဂုဏ်ယူစရာသားသမီး များ ဖြစ်ကြသော်လည်း အခွင့်အရေးရောက်မလာသေး၍လားမသိပေ၊ မွတ်မြတ်သောသားရဲကို မည်သူမှ မတွေ့ရသေးပေ။ ရှန်းယန်ဖိုသည် ဝိညာဉ် အတွင်းထဲမှပင် ခိုက်ခိုက်တုန်မှုကိုခံစားလိုက်ရသည်။ သူ၏မှော်သားရဲစာချုပ် နေရာမှ ကြယ် ၉ ပွင့်ဝိညာဉ်သားရဲသည် စိတ်ထဲမှကြောက်ရွံ့မှုကြီးကြောင့် တုန်ယင်နေသည်ကို ခံစားမိလေသည်။ မှော်သားရဲလေးတစ်ကောင်က သူ့ ဝိညာဉ်သားရဲကို ဘာလို့ဒီလောက် ကြောက်သွားစေတာလဲ။
“ရှောင်ကျယ်ပြောတာ အဓိပ္ပာယ်ရှိတယ်.. ဒီမှော်သားရဲကို ဖမ်းနိုင်မှာ မဟုတ်ဘူး” ရှန်းယန်ဖို ပြောလေသည်။
သူမ၏ဓားရှည်ပျော့ကို မိုးကြိုးသွား စိတ်ဝင်စားနေသည်ကိုမြင်သည်နှင့် နန်ကုန်းချန်ရှီးသည် မိုးကြိုးသွားနောက်ကို လိုက်ရန် လက်လျော့ရန် စိတ်ကူး မရှိပေ။ ဒီမှော်သားရဲက ရိုးရှင်းနေရင် သူမ စိတ်ဝင်စားနေပါဦးမလား။ သူမတွင် လည်း ကြယ် ၇ ပွင့်ဝိညာဉ်သားရဲရှိသည်။ နန်ကုန်းမိသားစုအတွင်းတွင် မိသားစု ၏ ထိပ်တန်းပါရမီရှင်နန်ကုန်းဖေးယွိကလွဲပြီး သူမ၏မှော်သားရဲသည် အကောင်းဆုံးဖြစ်သည်။
နန်ကုန်းဖေးယွိသည် ငယ်စဉ်က နတ်သားရဲပေါက်နှင့် စာချုပ် တည်ထောင်နိုင်သဖြင့် ထိပ်တန်းပါရမီရှင်ဖြစ်လာသည်။
“မဟုတ်ဘူး ငါ ရမှဖြစ်မယ်.. ဒါလေးက နတ်သားရဲပေါက်ဖြစ်နိုင်တယ်.. အဲလိုသာဆိုရင် ငါ နန်ကုန်းဖေးယွိကိုနိုင်မှာပဲ” နန်ကုန်းချန်ရှီး စဉ်းစားလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရလေလေဖြစ်သည် “အဲဒါလေးက ငါ့ဓားရှည်ပျော့ ကို စိတ်ဝင်စားနေတဲ့ပုံပဲ.. ဒီဓားနဲ့မျှားပြီး ငါနဲ့စာချုပ်တည်ထောင်ဖို့ ချော့ပြောရ မယ်”
ပေထင်းဟွမ်သည် မိုးကြိုးသွားအားကြည့်လိုက်ရာ သူသည် နန်ကုန်းချန်ရှီး၏ စကားများကို နားလည်သည့်အလား သူမအား ခေါင်းညိတ်ပြ လေသည်။ သူမသည် ခေါင်းမခါဘဲမနေနိုင်တော့ပေ။ သူမက အရှက်မဲ့ပြီး စက်ဆုပ်ဖို့ကောင်းနေပြီလား။ မဟုတ်ရင် ဖြူစင်တဲ့ မိုးကြိုးသွားလိုသားရဲက သူမနောက် ရက်နည်းနည်းလောက် လိုက်တာနဲ့ ရိုးသားသလိုဟန်ဆောင်တတ် ပြီး ပရိယာယ်တွေ များလာပါ့မလား။
နန်ကုန်းချန်ရှီးသည် အပျော်ွန်နေသည်။ သူမသည် ဓားရှည်ပျော့ကို မြှောက်ပြလိုက်သည် “တကယ်ကြီးလား.. မင်း တကယ်ပဲ ငါနဲ့စာချုပ် တည်ထောင်ချင်လား”
မိုးကြိုးသွားသည် မြေပေါ်တွင်ထိုင်ပြီး တုံးအသောအကြည့်ဖြင့် ကြည့်လေ သည်။ ၎င်းသည် ရှေ့လက်ကိုမြှောက်ပြီး နန်ကုန်းချန်ရှီး၏လက်ထဲမှ ဓားရှည်ပျော့ကို သနားစဖွယ်အကြည့်ဖြင့် ကြည့်နေသည်။ ရှန်းယန်ဖိုနှင့်တခြား သူများပင် မှင်တက်သွားသည်။ ဒီကြောင်လေးက အရမ်းကို နာခံတတ်တာပဲ။ မွန်မြတ်သောသားရဲလား နတ်သားရဲလား။ ဘာလို့ ဒီလောက်နာခံတတ်ရတာ လဲ။
ကံမကောင်းစွာပင် အထွတ်အမြတ်သားရဲများသာ သူတို့၏သခင်နှင့် အသိစိတ်ပင်လယ်ထဲတွင် ဆက်သွယ်နိုင်ကြသည်။ အထွတ်အမြတ်သားရဲ ထက်နိမ့်သော စာချုပ်မှော်သားရဲများသည် သူတို့၏သခင်များနှင့် စကားဖြင့် မဆက်သွယ်နိုင်ပေ။ တစ်ဖက်တွင် အထွတ်အတ်သားရဲများသည် လူသား စကားပြောနိုင်ပြီး အရွယ်ရောက်သောအထွတ်အမြတ်သားရဲသည် လူသား အသွင်ပြောင်းနိုင်လေသည်။
မဟုတ်လျှင် ရှန်းယန်ဖို၏ စာချုပ်သားရဲနှင့်တခြားသူများသည် ဤ မွန်မြတ်သောသားရဲလိမ်နေသည်ဟု သူတို့၏သခင်များကို သေချာပေါက် ပြော မည်ဖြစ်သည်။ ၎င်းသည် လူသား၏အချစ်ကိုရရန် အတုအယောင်များကို အသုံး ချနေသည်။
“မိုးနတ်မင်းရေ ငါတော့ တကယ်ရတနာကောက်ရပြီပဲ ဟားဟား ငါ မင်းနဲ့ စာချုပ်တည်ထောင်ချင်တယ်” နန်ကုန်းချန်ရှီးသည် ဓားရှည်ပျော့ကို လက်နှစ်ဖက်ဖြင့်ပေးပြီး မိုးကြိုးသွားအားချော့လေသည် “မင်းက မွန်မြတ်တဲ့ သားရဲဆိုရင်တောင် ပြဿနာမရှိဘူး ငါ မင်းနဲ့ သန္ဓေစာချုပ်တည်ထောင်ချင် တယ်”
သူတို့ကဲ့သို့ အဆင့်အတန်းရှိသည် စာချုပ်မှော်သားရဲရှိလျှင်တောင် သန္ဓေ စာချုပ်တည်ထောင်ရန် မဖြစ်နိုင်ပေ။ ဖြူစင်သောသွေးသားရှိသော မှော်သားရဲ သည် ပို၍မောက်မာသည်။ လူသားတစ်ယောက်နှင့် စာချုပ်တည်ထောင်ပြီး သခင်အဖြစ် ခစားရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သန္ဓေစာချုပ်သည် မှော်သားရဲများအတွက် အကောင်းဆုံးခစားမှုသာဖြစ်သည်။
ပေထင်းဟွမ်သည် ကူကယ်ရာမဲ့နေကာ ခါးသီးစွာပြောလိုက်သည် “မင်းနဲ့ သန္ဓေစာချုပ် တည်ထောင်ချင်တဲ့ အလှလေးရှိနေတာပဲ.. မင်း စဉ်းစားကြည့်ပါ လား”
***