Chapter(107)
Vol. 8 Ch. 107
အသန့်စင်ဆုံးစနစ် အခန်း(107)
ထိုချိန်မှာ ချောင်ဖုန်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုသဖွယ် ချိုက်မုန့်နောက်ကို ရောက်ရှိလာပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် ထိုးချလိုက်တဲ့အခါ ချိုက်မုန့်သည် တစ်ချက်ထဲနဲ့ပင် သေဆုံးသွားလေသည်။
ထိုအခါ ရီယွမ်လင်းသည် သူ့ရဲ့ လခြမ်းပုံစံဓားကောက်နှစ်ချောင်းကို ထုတ်ကိုင်လိုက်ပြီး "မင်းက တကယ်ပဲ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ၊ နောက်ပြီး ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ကမလား..... " ဟု တိုက်ခိုက်ဖို့ ဟန်ပြင်ကာ ပြောလိုက်သည်။
ထိုအခါထျန်းချန်းနဲ့ ရန်ပေါကျင့်သည် ချောင်ဖုန်းရဲ့ စွမ်းအားကို သိတဲ့အခါ မယုံကြည်နိုင်ဖြစ်သွားလေသည်။သူတို့ထက်အလွန်ကွာသည့် လူငယ်လေးကဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတာကြောင့် အံ့အားသင့်သွားလေသည်။
ချောင်ဖုန်းသည် ရီယွမ်လင်းတို့အား ဂရုမစိုက်သည့်ဟန်ဖြင့် ရီယွမ်လင်းအခန်းထဲမှာ ရှိနေသော ရတနာပစ္စည်းတစ်ခုကို ကိုင်ကြည့်လိုက်ပြီး ရီယွမ်လင်းတို့အား တချက်လှည့်ကြည့်လိုက်ပြီး"မင်းတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးမယ် ၊ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေကို ဖမ်းဖို့ နောက်ကွယ်ကလူအကြောင်းပြောပြမလား ဒါမှမဟုတ် အသေခံမလား...... " ဟု ပြတ်သားစွာမေးလိုက်သည်။
ရီယွမ်သည် ရယ်လိုက်ပြီး"ဟားဟား......မင်းမှာအဲ့လောက်အစွမ်းအစရှိမရှိ ကြည့်ရသေးတာပေါ့ " ဟု ပြောလိုက်ပြီး လခြမ်းဓားကောက်နှစ်ချောင်းအား အလင်းဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ကာ "လသခင်၏တန်ခိုး ကျင့်စဥ် " ဟု ရေရွတ်လိုက်ပြီး ချောင်ဖုန်းအား တိုက်ခိုက်လိုက်သည်။
ထိုအခါ လခြမ်းဓားကောက်သည် လိမ္မော်ရောင်အလင်းတန်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး အရမ်းမြန်ဆန်သည့် အရှိန်နှုန်းနဲ့ ချောင်ဖုန်းနားကို ရောက်ရှိသွားသည်။
သို့သော် ထိုလိမ္မော်ရောင်စွမ်းအင်ရှိသည့် လခြမ်းဓားကောက်သည် ချောင်ဖုန်းမျက်နှာ၏ တစ်လက်မ အကွာတွင်ရပ်တန့်သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားတဲ့အခါ ရီယွမ်လင်းသည် " ခွေးကောင်စုတ်......ငါရဲ့လခြမ်းဓားကောက်ကို မင်းဘာလုပ်လိုက်တာလဲ" ဟု ကြိမ်ဆဲ၍ ပြောလိုက်သည်။
ချောင်ဖုန်းသည် လူသတ်တော့မယ့် အပြုံးဖြင့် လျှပ်တစ်ပြက်အတွင်းမှာပဲ နတ်ဘုရားခြေလှမ်းကျင့်စဥ်ဖြင့် ရီယွမ်လင်းရဲ့ နောက်ကို ချက်ချင်းရောက်ရှိသွားပြီး ဒူးအား ကန်ချလိုက်တဲ့အခါ ရီယွမ်လင်းသည် ဒူးထောက်သလိုပင် ဖြစ်သွားလေသည်။
ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်ရှိသော ရီယွမ်လင်း၏ တိုက်ခိုက်မှုကိုတောင် ဘာမှမလုပ်ပဲ ကာကွယ်နိုင်တဲ့အပြင် ရီယွမ်လင်းအား အလွယ်တကူပင် သတ်ပစ်နိုင်သည့်စွမ်းအားရှိနေတဲ့ အတွက် ဘေးမှာ ရှိနေသော ထျန်းချန်းနဲ့ပေါကျင့်မှာ ကြောက်လန့်နေခဲ့ပြီး လှုပ်တောင်မလှုပ်ရဲတော့ပေ။
ထိုချိန်မှာ ရီယွမ်လင်းသည် " စီနီယာအကိုတို့........ ငါ့ကို ကယ်ပါအုံး " ဟု အသံစွမ်းအင်လှိုင်းတစ်ခုဖြင့် အော်ဟစ်လိုက်လေသည်။ထိုအခါ လူနှစ်ယောက်သည် ချောင်ဖုန်းတို့ ရှိနေသော အခန်းထဲကို
တရှိန်ထိုး ပြေးဝင်လာလေသည်။
ထိုနှစ်ယောက်သည် နတ်နယ်ပယ်အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ မျက်နှာကို ဖုံးကွယ်ထားလေသည်။ထိုအခါ ရီယွမ်လင်းသည် ချောင်ဖုန်းအား သတ်ဖြတ်ဖို့ ဝင်လာသော နှစ်ယောက်ကို အကူအညီတောင်းလိုက်သည်။
ချောင်ဖုန်းသည် ထိုလူနှစ်ယောက်ကို တွေ့တဲ့အခါ နတ်ဆိုးတစ္ဆေအငွေ့အသက်အရှိန်အဝါအား ထုတ်လွှင့်လိုက်လေသည်။ထို့နောက် ရီယွမ်လင်းအား သတ်ဖြတ်တော့မည့် မျက်ဝန်းဖြင့် ကြည့်လိုက်ပြီး "ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်နေမှာတော့ မင်းတို့အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး " ဟု ပြောကာ နတ်ဆိုးတစ္ဆေအရှိန်အဝါ စွမ်းအားဖြင့် ရီယွမ်လင်းတို့ သုံးယောက်အား သတ်ပစ်လိုက်လေသည်။
ထိုအခါ နောက်တွင် ရှိနေသော ဝတ်ရုံနီဂိုဏ်းမှ နှစ်ယောက်သည်
ချောင်ဖုန်းရဲ့ အရှိန်အဝါသည် သူ့တို့ထက်သာလွန်နေတဲ့အတွက် ချက်ချင်းပင် သူတို့၏ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "အသူရာနတ်ဘုရားကျင့်စဥ် "ဟု အော်ဟစ်လိုက်တဲ့အခါ ခန္ဓာကိုယ်အတွင်းမှ အနီရောင်စွမ်းအင်များထွက်ပေါ်လာပြီး ခဏအကြာမှာတော့ အနီရောင်စွမ်းအင်များမှ ဧရာမအသူရာနတ်ဘုရားဝိညဥ်စွမ်းအင်တစ်ခုကဲ့သို့ အသွင်ပြောင်းသွားလေသည်။
ဧရာမအသူရာနတ်ဘုရားဝိညဥ်ကြီးသည် တစ်ကိုယ်လုံး အနီရောင်စွမ်းအင်များဖြင့် တည်ရှိနေပြီး အဝါရောင်ခရင်းခွလက်နက်ကို ကိုင်ဆောင်ထားလေသည်။ထိုအခါ ချောင်ဖုန်းလည်း သခင်အဆင့် ရုပ်သေးရုပ်ကို ထုတ်လိုက်ပြီး အသက်သွင်းလိုက်ကာ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။
ဝတ်ရုံနီဂိုဏ်းမှ လူနှစ်ယောက်သည် ချောင်ဖုန်းရဲ့ ရှေ့မှာ လူပုံစံ အရာတစ်ခု ပေါ်ထွက်လာခဲ့သည့် အတွက် အံ့အားသင့်နေခဲ့သည်။ထိုနှစ်ယောက်သည် သူတို့လက်ချောင်းများဖြင့် ချောင်ဖုန်းကို ညွှန်လိုက်တဲ့အခါ ဧရာမအသူရာနတ်ဘုရားဝိညဥ်ကြီးသည် ခရင်းခွကြီးဖြင့် ချောင်ဖုန်းအား အပေါ်မှ ရိုက်ချလိုက်လေသည်။
ထိုအခါ ချောင်ဖုန်းရှေ့မှ ရုပ်သေးရုပ်သည် လေပေါ်သို့ အသာအယာခုန်တက်လိုက်ပြီး အဝါရောင် ခရင်းခွကြီးအား ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တန်ပြန်တိုက်ခိုက်လိုက်လေသည်။ထိုအခါ ခရင်းခွကြီးသည် နောက်သို့ ပြန်ဆုတ်သွားလေသည်။
ဝတ်ရုံနီဂိုဏ်းမှ လူနှစ်ယောက်သည် သူတို့ရဲ့ လက်ချောင်းများကို တစ်ပုံစံထဲပဲ ထပ်မံလှုပ်ရှားလိုက်တဲ့အခါ ဧရာမအသူရာနတ်ဘုရားဝိညဥ်ကြီးသည် ခရင်းခွကြီးဖြင့် ရုပ်သေးရုပ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ထိုအခါ ရုပ်သေးရုပ်သည် သူရှိရောက်လာသော ခရင်းခွအား လက်နှစ်ဖက်နဲ့ အသာအယာဖမ်းလိုက်ပြီး သူ့၏ ဝိညဥ်စွမ်းအားဖြင့် ခရင်းခွအား ဖျက်စီး ပစ်လိုက်လေသည်။ထိုချိန်မှာ ချောင်ဖုန်းသည် အလစ်မှာပဲ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ဖြင့် ဝတ်ရုံနီဂိုဏ်းမှ လူနှစ်ယောက်အား တိုက်ခိုက်လိုက်လေသည်။
ဝတ်ရုံနီဂိုဏ်းမှ နှစ်ယောက်သည် အဖြူရောင်ချီစွမ်းအင်အလင်းတန်းကို တွေ့တာနဲ့ သူတို့စွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။ထို့နောက် နှစ်ယောက်လုံးသည် အသံမထွက်ဘဲ အချင်းချင်းမျက်လုံးဖြင့် စကားပြောလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်ကာ ထွက်ပြေးလိုက်လေသည်။
သို့သော် သခင်အဆင့် ရုပ်သေးရုပ်သည် သူ့တို့ရှောင်ပြေးသည့် နောက်မှ လျှပ်တစ်ပြက် ပေါ်လာကာ ကိုယ်ပိုင်လက်သီးစွမ်းအားဖြစ်သော အနက်ရောင်စွမ်းအင်လှိုင်းဖြင့် လေဟာနယ်ကိုထိုးချလိုက်လေသည်။
ထိုအခါ ဝတ်ရုံနီဂိုဏ်းမှ နှစ်ယောက်လုံးသည် ရုပ်သေးရုပ်၏ တိုက်ခိုက်မှုကို ခံလိုက်ရတာကြောင့် လေထဲမှပြန်ပေါ်လာခဲ့တဲ့အချိန်မှာပဲ အနောက်မှ ချောင်ဖုန်းတိုက်ခိုက်လိုက်သော အဖြူရောင်ချီစွမ်းအင်အလင်းတန်းသည် သူတို့ ခန္ဓာကိုယ်အား ထိုးဖောက်သွားတဲ့အခါ အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားလေသည်။
ချောင်ဖုန်းသည် ရုပ်သေးရုပ်ကို ပြန်သိမ်းလိုက်ပြီး လောဟွေ့လင်းဂိုဏ်း၏ အချုပ်ခန်းများကို သွားကာ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ လူအားလုံးကို ကယ်ထုတ်လိုက်သည်။ထိုအခါ အားလုံးသည် သူတို့ကို ကယ်ထုတ်ခဲ့သည့်အတွက် ချောင်ဖုန်းအားကျေးဇူးတင်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားကြကုန်သည်။
တိုင်းပြည်တိုင်းရဲ့ ဂိုဏ်းအများစုသည် ဝတ်ရုံနီဂိုဏ်းရဲ့ လက်အောက်မှာ တည်ရှိနေတဲ့အတွက် ချောင်ဖုန်းသည် ထိုကိစ္စကို ဖြေရှင်းဖို့အတွက် ဝတ်ရုံနီဂိုဏ်းရဲ့ အဓိက ရည်ရွယ်ချက်ကို သိချင်နေခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် ဟောက်ရဲ့တိုင်းပြည်အတွင်းရှိ ဝတ်ရုံနီ ဂိုဏ်းနဲ့ ပက်သက်သော ဂိုဏ်းများကို တစ်ယောက်ထဲ လိုက်လံဖျက်စီးပါတော့သည်။ဟောက်ရဲ့တိုင်းပြည်အတွင်းရှိ ဂိုဏ်းအများအပြား ပျက်စီးသွားမှုမှာ တခြားသော တိုင်းပြည်တွေထိ သတင်းသည် ပျံနှံသွားလေသည်။
သွေးအငွေ့အသက်အရှိန်အဝါများ ဖုံးလွမ်းနေသော အခန်းထဲတွင် လူတစ်ယောက်သည် တစ်ကိုယ်လုံးမှာ သတ်ဖြတ်ခြင်းအရှိန်အဝါများ ထုတ်လွှင့်ထားပြီး ဒေါသအလွန်ပင် ထွက်နေလေသည်။
ထိုလူသည် သူရှေ့က စားပွဲခုံအား လက်ဝါးစောင်းဖြင့် ရိုက်ချိုးပစ်လိုက်ပြီး "အဲ့ကောင်စုတ်နဲ့ပက်သက်တဲ့ သတင်းမှန်သမျှ မင်းတို့တစ်ခုလေးတောင်မကျန်ခဲ့စေနဲ့ ၊သတင်းတစ်ခုကျန်ခဲ့ရင်တော့ မင်းတို့အားလုံးကို ငါကိုယ်တိုင်သတ်ပစ်မယ် " လို့ ဒေါသထွက်စွာဖြင့် အနီရောင်မျက်လုံးကြီးများနဲ့ သူ့ရှေ့မှာ ရှိနေသော လူငါးယောက်ကို ပြောလိုက်သည်။
ထိုအခါ ငါးယောက်လုံးသည် သူတို့ခေါင်းဆောင်အား အရိုအသေပြုကာ အခန်းထဲမှ ပြန်၍ ထွက်ခွာသွားပြီး စုံစမ်းဖို့ စတင်ပါတော့သည်။
တခြားတစ်ဖက်တွင် ချောင်ဖုန်းသည် ဟောက်ရဲ့တိုင်းပြည်အတွင်း ဝတ်ရုံနီဂိုဏ်းနဲ့ပက်သက်သော ဂိုဏ်းအများစုကို ဖြေရှင်းပြီးနောက် ဝူတိုင်းပြည်ကို ရီချုံနဲအတူ အလွန်လျင်မြန်သောနှုန်းဖြင့် ပျံသန်းလာနေပြီ ဖြစ်သည်။
ချောင်ဖုန်းသည် ဝူတိုင်းပြည်ရဲ့ မြို့တစ်မြို့ အနားကို ရောက်ရှိလာတဲ့အခါ ရီချုံအား နားစေလိုက်ပြီး ဝိညဥ်လှေဖြင့် ပျံသန်းလာလေသည်။ချောင်ဖုန်းသည် သူဝိညဥ်လှေနောက်အား လူတချို့ လိုက်လာသည့်အတွက် ရပ်တန့်လိုက်လေသည်။
ထိုလူတွေက တခြားလူများမဟုတ်ဘဲ ယန်အစီအရင်ဂိုဏ်းမှ ချောင်ဖုန်းကို အားကျသော လူများပင်ဖြစ်လေသည်။ထိုထဲမှ စုလျှိူဟု ခေါ်သည့် မိန်းမငယ်လေးသည် "ရှင်က ယန်အစီအရင်ဂိုဏ်းရဲ့စီနီယာအကိုချောင်ဖုန်းမလား" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ထိုမိန်းမငယ်လေးအား "မင်းက ငါ့ကို သိလို့လား....." ဟု မေးလိုက်သည်။ထိုချိန်မှာ လူတစ်ယောက်သည် ချောင်ဖုန်းသို့ အနားကို ပျံသန်းကာ ရောက်ရှိလာလေသည်။ထိုလူကတော့ ယန်အစီအရင်ဂိုဏ်း၏ အကြီးအကဲတန်ချီပင် ဖြစ်လေသည်။