← Chapters

ဇနီးတစ်ယောက်ဆုံးရှုံးခြင်းနှင့် တပ်သားတစ်ယောက် ဆုံးရှုံးခြင်း

Vol. 4 Ch. 64

ဇနီးတစ်ယောက်ဆုံးရှုံးခြင်းနှင့် တပ်သားတစ်ယောက် ဆုံးရှုံးခြင်း

Vol. 4 Ch. 64

မိုးကြိုးသွားသည် အထင်သေးသောအသံဖြင့် ပြောလေသည် “ငါ့ရဲ့ သခင်အလှလေးရေ ငါ့သွေးသားက အရမ်းမြင့်တာမဟုတ်ဘူး.. ငါ့သွေးသားကို အဆင့်မြင့်ဖို့အတွက် ကစဥ့်ကလျားအရင်းအမြစ်သုံးပေးခဲ့တာ သခင်လေ.. သခင့်နောက်ကိုလိုက်မယ်ဆို အနာဂတ်မှာ အထွတ်အမြတ်အဆင့်ထိတက် သွားနိုင်တယ်.. ဒါပေမဲ့ ဒီငတုံးမနောက်ကိုလိုက်သွားရင်တော့ ကျန်တဲ့ဘဝမှာ မွန်မြတ်တဲ့သားရဲပဲ ဖြစ်သွားလိမ့်မယ်.. သခင်.. သူမအတွက်နဲ့ သခင့်ကိုပစ်သွား ရအောင် ငါ့ဦးနှောက်က ပုစွန်ဦးနှောက်မို့လို့လား”

အထွတ်အမြတ်သားရဲက ပုစွန်ဦးနှောက်လား။ ပေထင်းဟွမ်သည် တွေး ကြည့်ရန် ခက်ခဲသဖြင့် စကားဆက်မပြောတော့ပေ။

ရှေ့မှ ကြောင်လေးသည် လက်ကိုကုတ်ထားပြီး ဘာတစ်ခွန်းမှမပြောဘဲ သူမကို ကြည့်နေသည်ကို နန်ကုန်ချန်ရှီးမြင်နေရသည်။ ၎င်း၏ရွှေရောင် မျက်လုံးများသည် တလက်လက်တောက်နေရာ သူမ ကြည့်လေလေ သဘော ကျလေလေဖြစ်သည်။ သူမသည် လက်နှစ်ဖက်ဖြင့် ဓားရှည်ပျော့ကို ပေးလိုက် သည်။ ကြောင်လေးသည် ယူပြီးနောက် ပစ္စည်းကောင်းသည် မကောင်းသည်ကို အစမှအဆုံးကြည့်နေသည်။ နန်ကုန်းချန်ရှီးသည် အချဉ်ဖောက်ထားသည့် ပူဖောင်းများကဲ့သို့ ပျော်ရွှင်မှုအပြည့်ဖြင့် ၎င်းကိုစိုက်ကြည့်နေသည်။

“ဘယ်လိုလဲ.. စာချုပ်တည်ထောင်ရအောင်လေ ဟုတ်ပြီလား.. ငါ မင်းကို ကောင်းကောင်းဆက်ဆံမယ် အသုံးချမယ့်အတွေးမျိုးလည်း မတွေးဘူးလို့ အာမခံပါတယ်.. မဟုတ်ရင် ငါမိုးကြိုးအပစ်ခံရပါစေ” နန်ကုန်ချန်ရှီးသည် ကောင်းကင်နှင့် ကျိန်ဆိုလေသည်။ ငွေရောင်စာချုပ်အလင်းတန်းဆင်းသက် လာကာ သူမ၏ သစ္စာသည် ကမ္ဘာ့စည်းမျဉ်းဖြင့် စည်းကြပ်ပြီးသားဖြစ်သွားလေ သည်။

မထင်မှတ်စွာပင် ကြောင်မည်းလေးသည် ဓားရှည်ပျော့ကိုဖက်ပြီး နန်ကုန်းချန်ရှီအား စိုက်ကြည့်ပြီးနောက် လှည့်ထွက်ကာ ပျောက်ကွယ်သွားလေ သည်။

အာ…

ကျားမတစ်ကောင်၏ မာန်ဟိန်းသံသည် ကမ္ဘာကြီးကိုကိုင်လှုပ်လိုက် သလိုပင်။ အဆင့်နိမ့်မှော်သားရဲများသည် ကြောက်လန့်တကြား ပျံပြေးလာကြ သည်။ အစွယ်ကွေးကျားသည် အသံကိုကြားလိုက်၍လားမသိပေ.. ပြေးလာ သည်။ ၎င်းသည် လူသားလေးယောက်ကိုမြင်သောအခါ ဒေါသထွက်သွားကာ ချက်ချင်းပင် တိုက်ခိုက်လေသည်။

ဤအခြင်းအရာမှာ နှစ်ထပ်ဆုံးရှုံးခြင်းဖြစ်သည်။

“နေရာယူပြီး ခုခံမယ်” ရှန်းယန်ဖိုသည် ချွေးအေးများပြန်လာတော့သည်။ အဆင့်မြင့်ကြယ်အဆင့်ဝိညာဉ်သားရဲဖြစ်သည့် အစွယ်ကွေးကျားကို ယခုအချိန်တွင် သူတို့မရှင်းနိုင်သေးပေ။ သည်တစ်ခေါက်မှာ သူတို့သည် အဖွဲ့ ဖွဲ့ပြီး လေ့ကျင့်ရန်လာခြင်းဖြစ်သည်။ သူတို့သည် မှော်သားရဲတောသို့ ရောက် ကတည်းကပင် ကြောင်လေးကိုမတွေ့ခင်အထိ အဆင့်နိမ့်မှော်သားရဲကိုပင် မတွေ့ခဲ့ရပေ။ ထို့နောက် သူတို့သည် အစွယ်ကွေးကျားကို ဆွဲဆောင်လိုက် သလိုပင်။ ဤအရာသည် သူတို့လေ့ကျင့်ရေးတွင် ကြုံရမည့်ကိစ္စသာဖြစ်သည်။

“ဒီကြောင်စုတ်တော့ မိရဲမိကြည့် မဟုတ်ရင် အရေခွာပြီး အရိုးပါမကျန် အောင် ကင်ပစ်မယ်” နန်ကုန်းချန်ရှီးသည် သူမ၏စာချုပ်မှော်သားရဲဖြစ်သည့် ကြယ် ၅ ပွင့်အဆင့်ဝိညာဉ်သားရဲ လူမျက်နှာနှင့်နီရဲပျားကို အလျင်စလို ခေါ်ထုတ်လိုက်သည်။

ချင်ရှဲလင်သည် သည်တစ်ခေါက်တွင် လေ့ကျင့်ပေးရန် စာချုပ်သားရဲရှာ မည်ဟု အစီအစဉ်ရှိထားသည်။ သို့သော် သူမ၏စာချုပ်သားရဲသည် အကောင်း ဆုံးလက်တွဲဖော်ဟု အမြဲခံစားရသည်။ နန်ကုန်းချန်ရှီးသည် မိုးကြိုးသွားကို လှည့်ဖျားရန် ဓားရှည်ပျော့ကို သုံးနေသည်ကို သူမမြင်သောအခါ နန်ကုန်းချန်ရှီး၏ အပြုအမူကို မနှစ်မြို့ခဲ့ပေ။ ကံကောင်းစွာပင် မကောင်းသော အပြုအမူသည် ဤတုံ့ပြန်မှုကိုရခဲ့သည်။ မိုးကြိုးသွားကို နန်ကုန်းချန်ရှီးမှ ဆဲဆို နေသည်ကို ကြားလိုက်သောအခါ သူမ ချက်ချင်းပင် ခုခံပေးလေသည် “ဓားရှည် ပျော့ကိုပေးတာနင်ပဲလေ.. သူက နင့်ဆီကလုတာမဟုတ်ဘူး”

“ဒီမှာ နင်က လူလား မှော်သားရဲလား.. ဘာလို့ အဲဒီသားရဲစုတ်ကို ကာကွယ်နေတာလဲ” နန်ကုန်းချန်ရှီးသည် ဒေါသတကြီးပြောလေသည်။

“ဟင်း နင်က ဒီလောက်ဉာဏ်ကောင်းတာကို မှော်သားရဲလိမ်တာခံလိုက် ရသေးတယ်.. လူတွေက ကောက်ကျစ်လို့ မှော်သားရဲတွေက စက်ဆုပ်ကြတာ ဒီတစ်လောကလုံးသိတယ်.. အဲဒါကြောင့် သူတို့တွေက လူတွေကိုမသဘော မကျကြတာပဲ.. အဲဒီကြောင်လေးက အမြင်ရှိလို့ နင့်ကိုသဘောမကျတာပဲ” ချင်ရှဲလင်သည် အရှုံးမခံပေ။

ရန့်ရှောင်ကျယ်သည် ခေါင်းကိုက်လာသည်။ အစွယ်ကွေးကျားလျှောက် လာသည်ကို သူမြင်သောအခါ ကြမ်းတမ်းပြီး စိတ်ပိုင်းဖြတ်ထားသည့် အကြည့် အဖြစ်ပြောင်းသွားသည်။ သူ အလွန်အမင်းစိတ်ပူနေသည် “စကားမပြောနဲ့ တော့ နောက်ပိုင်းသတိထားကြ ပြေးနိုင်သလော်ကပြေးကြ”

သူတို့သည် ဆရာတစ်ဦး ဦးဆောင်သည့်အဖွဲ့နှင့်အတူ လေ့ကျင့်ရန်လာ ခြင်းဖြစ်သည်။ ဆရာသည် ကိစ္စတစ်ခုစုံစမ်းချင်သဖြင့် သူတို့ကို ထိုနားတစ်ဝိုက် သွားခိုင်းခြင်းဖြစ်သည်။ နန်ကုန်းချန်ရှီးသည် ကြောင်လေးနောက်လိုက်မည်ဟု ခေါင်းမာနေသဖြင့် ဤနေရာသို့ရောက်ခြင်းဖြစ်သည်။ ယခုအခါ အစွယ်ကွေး ကျားနှင့်တွေ့ရသဖြင့် သူတို့ သေရမည့်ကံနှင့်ကြုံနေသည်။

“အားတင်းထား ရှောင်ကျယ် ငါသူတို့ကို တားထားလိုက်မယ်.. မင်းတို့ အခွင့်အရေးရှာပြီး ပြန်ပြေးကြ”

ရှန်းယန်ဖိုသည် သတ္တိရှိသူဖြစ်လိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။ သူမသည် သူ့ကိုနောက်တစ်ခါ ပြန်ကြည့်လိုက်သည်။ သူသည် နန်ကုန်းချန်ရှီး ကို သဘောမကျသည်မှာ သေချာပါလျက်နှင့် နောက်ဆုံးအခိုက်အတန့်တွင် အပေါင်းအဖော်များ၏ အသက်ရှင်နိုင်သည့်အခွင့်အရေးကိုချန်ထားပေးသည်။ ထိုလူများသည် အားလုံးသန်မာကြသည်။ သို့သော် ကံမကောင်းစွာပင် သူတို့ တွင် တိုက်ခိုက်သည့်အတွေ့အကြုံနည်းပါးသည်။

***

All Chapters