အရှက်ကင်းမဲ့သောတပ်ပြေး
Vol. 4 Ch. 65
စစ်ပွဲမစခင်တွင် သူတို့သည် ထွက်ပြေးရန်စဉ်းစားနေကြသည်။ သူတို့သည် အလိုလိုက်ခံထားရသည့် မျိုးရိုးမြင့်သခင်လေး၊သခင်မလေးများ အဖွဲ့ပင်။
ဝေါင်း…
ကျားဟိန်းသံသည် အစောက နန်ကုန်းချန်ရှီး၏ ပူညံပူညံအသံထက်ပင် ထိတ်လန့်ဖွယ်ကောင်းနေသည်။ ၎င်း၏နီရဲသောမျက်လုံးများပြူးလာကာ ဟိန်း လိုက်သည်နှင့် တောင်တစ်လုံးခန့်အရွယ်အစားရှိသည် မှော်သားရဲသည် မြေပြင်အား ရှေ့လက်ဖြင့် ရိုက်ချလိုက်သည်။ လေတစ်ချက်အဝှေ့တွင် သူတို့ လေးယောက်ဆီသို့ မြေကြီးတုန်ခါစေလောက်သည့် ခြေလှမ်းများဖြင့် လျှောက် လာလေသည်။
ထိုအပြုအမူသည် မှော်သားရဲ၏ သဘာဝအတိုင်းသိလာသည့် တိုက်ခိုက် နည်းလမ်ဖြစ်သည်။ ၎င်းတွင် သန်မာသောကြွက်သား၊ အားကောင်းသော ခုခံ မှုနှင့် တောင်နှင့်မြစ်များကဲ့သို့ ကြီးမားသည့်စွမ်းအားရှိသည်။ ၎င်းသာ အမှန် တကယ်တို်ကခိုက်လာပါက အသားနှပ်ဖြစ်မသွားမှသာ ထူးဆန်းနေတော့ မည်။
“အား…” နန်ကုန်းချန်ရှီးသည် မတိုက်ခိုက်ဘဲ လက်လျော့နေပြီဖြစ် သည်။ သူမသည် ရင်ဆိုင်ရန်မကြိုးစားတော့ဘဲ မှော်သားရဲခံတပ်ဘက်သို့ ပြေး လေသည်။
“ငကြောက်” ချင်ရှဲလင်သည် အထင်သေးစွာဖြင့် ကျိန်ဆဲလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် လေးလံသောဓားရှည်ကို တွယ်ချည်ထားသည်။ သူမသည် ဓားရှည်ကိုဆွဲထုတ်ပြီး မြေပြင်တွင်လှိမ့်ကာ အစွယ်ကွေးကျားဆီသို့ ပြေးသွားလိုက်သည်။ လက်ထဲမှဓားရှည်ကြီးကို ဝိညာဉ်စွမ်းအင်ထည့် ပြီးနောက် အစွယ်ကွေးကျား၏မျက်နှာဆီသို့ အညှာတာမဲ့စွာဖြင့် ထိုးစိုက်လိုက် သည်။
ဝေါင်း..
မှော်သားရဲများ၏ အသိဉာဏ်မှာ မနိမ့်ပါးပေ။ အစွယ်ကွေးကျားသည် ဤ အားနည်းသောလူသားကို အထင်သေးခဲ့မိသည်။ ၎င်းသည် ခေါင်းငုံ့ပြီး ချင်ရှဲလင်ဆီသို့ ပြေးသွားမည်ပြုသည်။ ရန့်ရှောင်ကျယ်သည် လက်နှစ်ဖက်ဖြင့် ဓားရှည်ကိုင်ထားပြီး ခုန်လိုက်ကာ အစွယ်ကွေးကျား၏ ကျောကုန်းကို ခုတ် လိုက်သည်။
အဆက်မပြတ်တိုက်ခိုက်လာသဖြင့် အစွယ်ကွေးကျားသည် အလွန် ဒေါသထွက်လာသည်။ ၎င်းသည် မြေကြီးကို ရှေ့လက်များဖြင့် ကြမ်းကြမ်းတမ်း တမ်းရိုက်ချကာ မုန်တိုင်းသဖွယ် ရန့်ရှောင်ကျယ်နှင့် ချင်ရှဲလင်ဆီသို့ တဟုန်ထိုး ပြေးလာလေသည်။ မှော်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုအားမှာမနည်းလှ သဖြင့် သူတို့နှစ်ယောက်အား ရိုက်ခတ်မှုမှာကြီးမားလှသည်။ နှစ်ယောက်လုံး လွှင့်သွားလေသည်။ တစ်ယောက်မှာ သစ်ပင်နှင့်ရိုက်မိပြီး နောက်တစ်ယောက် မှာ မြေကြီးပေါ်ဆောင့်ကျသွားသည်။
“အဟွတ် အဟွတ် အဟွတ်” ချင်ရှဲလင်သည် အကြိမ်အနည်းငယ် ချောင်း ဟန့်လိုက်သည်နှင့် ပါးစပ်မှ သွေးအရသာကိုခံစားမိလိုက်သည်။ သူမ၏ သွေး မှာလှိမ့်တက်လာပြီး မူးလာသည်။ တစ်ချက်ပြောင်းလဲသွားသည်နှင့် သူမတွင် ဆက်တိုက်ခိုက်ရန် အစွမ်းအစပျောက်ကွယ်သွားပြီဖြစ်သည်။
ရန့်ရှောင်ကျယ်သည် မြေပြင်ပေါ်မှ နှစ်ကြိမ်မျှရုန်းထရသည်။ ဓားသခင် တစ်ယောက်အနေနှင့် ဖိအားကိုခံနိုင်သည့် စွမ်းရည်ရှိသည်။ သူသည် ဓားဖြင့် ထောက်ထလိုက်ပြီး အစွယ်ကွေးကျားကိုကြည့်လိုက်သည်။ သူ ထိတ်လန့်သွား သည်။ ရှန်းယန်ဖိုကို အစွယ်ကွေးကျားမှ ဖိနှိပ်ထားပြီးဖြစ်လေသည်။ ၎င်းသည် သွေးဆာနေသည့် ပါးစပ်ကို ဟ,ကာ ရှန်းယန်ဖို၏ ခေါင်းကိုဝါးမျိုချင်နေသည်။ ရှန်းယန်ဖိုသည် လက်မြှောက်ကာ အစွယ်ကွေးကျား၏လည်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ လူနှင့်ကျားတို့သည် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေသို့ရောက်သွားသည်။
အားနည်းသူမှာ သေချာပေါက်ရှန်းယန်ဖိုပင်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အစွယ်ကွေးကျားထက် နိမ့်သည်။ သူသည် ဝင်သက်ထွက်သက် အနည်းငယ်အတွင်း၌ပင် တောင့်ခံနိုင်မည့်ပုံမပေါ်ပေ။ ရှုံးနိုင်သည်မှာ သေချာ ပေါက် အစွယ်ကွေးကျားတော့မဟုတ်ပေ။
“နန်ကုန်းချန်ရှီး အဲတစ်ယောက် ဘယ်သွားလိုက်တာလဲ” ရန့်ရှောင်ကျယ် သည် ဓားရှည်ကိုင်ပြီး ရှန်းယန်ဖိုဆီသို့ ပြေးသွားလေသည်။ သူ ပြေးရင်းနှင့် နန်ကုန်းချန်ရှီးအား အော်ခေါ်နေသည်။ သူတို့သည် ထိုငတုံးမကို ခေါ်မလာသင့် ပေ။ နန်ကုန်းမိသားစုတွင် သားရဲထိန်းသခင်ကြီးရှိနေခြင်းကြောင့်သာမဟုတ် လျှင် သူသည် ဤငတုံးမနှင့် ဘေးချင်းယှဉ်၍လျှောက်ရန် စိတ်ကူးပင်မရှိပေ။
“ငါ.. ငါ.. ငါ” နန်ကုန်းချန်ရှီးသည် သစ်ပင်ကြီးတစ်ပင်နောက်တွင်ပုန်းပြီး ချောင်းကြည့်နေသည်။ သူမသည် ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးရာ ခြေထောက် များလည်း တုန်ယင်နေသည်။ သူမသာ သွားလိုက်ပါက အစွယ်ကွေးကျား၏ စုတ်ဖြဲခြင်းကိုခံရနိုင်သည်။
“အရှက်မဲ့လိုက်တာ” ချင်ရှဲလင်သည် ငိုတော့မည့်ဆဲဆဲဖြစ်နေသည်။ သူမအနည်းငယ်လှုပ်လိုက်သည်နှင့် ဝမ်းဗိုက်မှာ အပြင်းအထန်ရိုက်ခတ်မိသွား လေသည်။ သူမ သွေးအန်လိုက်၏။ စွမ်းအင်မှာ အလွန်အားကောင်းလှသည်။
ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ သူတို့လေးယောက်သည် အဆင့် ၂ သာရှိကြသေးကာ အားလုံးပူးပေါင်းလိုက်လျှင်တောင် အဆင့်တူ မှော်သားရဲ ကိုပင် နိုင်နိုင်ခြေမရှိပေ။ သူမသည် စာချုပ်နေရာတွင် ပုန်းနေသည့် မိုးကြိုးသွား ကိုပြောလိုက်သည် “မင်း သွားတိုက်ခိုက်ချင်လား.. ဒီကိစ္စက မင်းကြောင့်ဖြစ် လာတာလေ”
မိုးကြိုးသွားသည် အပြင်ဘက်ကိုကြည့်လိုက်သည်။ တကယ်တော့ ၎င်း သည် ဖိနှိပ်ခံထားရသည့် ရှန်းယန်ဖိုကို အကောင်းမြင်စိတ်ရှိသည်။ ထို့ကြောင့် မတတ်သာတော့ဘဲ သဘောတူလိုက်သည်။ ၎င်းသည် ကြီးမားသောဖိအား ထုတ်လိုက်သည်နှင့် အစွယ်ကွေးကျား၏ခြေထောက်များသည် အားနည်းသွား လေသည်။ ၎င်းသည် အမှန်တကယ်ပင် လဲကျသွားသည်။ ရှန်းယန်ဖိုသည် အကိုက်ခံပြီး မသေတော့ပေ။ သူသည် အမှန်တကယ်ပင် သေမင်းခံတွင်းဝမှ လွတ်မြောက်လာခြင်းဖြစ်သည်။
***