← Chapters

အခန်း(၅၇၀) ဖုန်းတစ်လုံးတပ်ဆင်ခြင်း

Vol. 41 Ch. 570

အခန်း(၅၇၀) ဖုန်းတစ်လုံးတပ်ဆင်ခြင်း

Vol. 41 Ch. 570

အခန်း(၅၇၀) ဖုန်းတစ်လုံးတပ်ဆင်ခြင်း

ရွှယ်မိန်လီက ရယ်မောကာ ပြောလိုက်သည်။ "သူ့ကို အင်္ဂလိပ်စာသင်ပေးနေတဲ့ လူအကြောင်း ရှင်မှ မသိတာ"

လက်ထောက်ခေါင်းဆောင်ကျန်းက သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ပြောလိုက်၏။ "အမေ ဒီလာတုန်းက သူက ကောလိပ်ဆရာမလို့ ပြောသွားတယ် မဟုတ်ဘူးလား။"

"သာမန် တက္ကသိုလ်ဆရာမတစ်ယောက်ဆိုရင် ရှင့်ရဲ့အရိုင်းအစိုင်းသားကို ချုပ်ကိုင်နိုင်မှာ မဟုတ်ဘူး" ရွှယ်မိန်လီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

လက်ထောက်ခေါင်းဆောင်ကျန်းက သူ့သားကို အနည်းငယ် ဂုဏ်သိက္ခာရှိရှိနေဖို့ မကြာခဏ လေ့ကျင့်သင်ကြားပေးသော်လည်း သူ့ဆန္ဒအမှန်က သူ့သားကို သူ့လမ်းအတိုင်း လျှောက်စေချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူပွင့်ပွင့်လင်းလင်း ပြောလို့မရပါ။ ထို့ကြောင့် သူအပြင်ပိုင်းပြောသည့် စကားများက အတည်မဟုတ်ဘဲ သူ့သားကို သူအားရပါသည်။

ထို့ကြောင့် ထိုစကားကိုကြားသောအခါ သူအံ့သြသွား၏။ "သာမန် တက္ကသိုလ် ဆရာမ မဟုတ်ဘူး ဟုတ်လား။"

"ပေကျင်းတက္ကသိုလ်က နိုင်ငံခြားဘာသာစကားဌာနက ဒါရိုက်တာတဲ့" ရွှယ်မိန်လီက ပြောလိုက်ပါသည်။

သူမ ထိုစကားကို ပြောလိုက်သောအခါ သူမ လေးစားသော မျက်နှာမျိုးဖြစ်သွားပါသည်။ လင်းချင်းဟယ်က အသင်အပြကောင်းသည်ဟု သူမ ထင်မိသည်။ အစမ်းသင်သည့် တစ်နာရီတုန်းက သူမပါ စိတ်ပါဝင်စားမိသွားသည်။ သူမသားဆို ပိုဆိုး၏။ အိမ်ပြန်ရောက်လာပြီးနောက် သူစာကြိုးစားခဲ့ပါသည်။

လက်ထောက်ခေါင်းဆောင်ကျန်းက ကြက်သေ သေသွားသည်။ အလွန်အံ့သြဖို့ ကောင်းပါသည်။ လင်းချင်းဟယ်ကို ဒီလိုနောက်ခံမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။

"သူက ဘာလို့ ဒီမြို့ကို လာခဲ့တာလဲ" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။

"သူက ကိုယ်ဝန်ရှိနေတာလေ။ သူ့ကိုယ်ဝန်ကို ပြုစုစောင့်ရှောက်ဖို့ ဒီကိုလာခဲ့တာ။ မွေးပြီးတာနဲ့ ပြန်မှာ" ရွှယ်မိန်လီက ပြန်ပြောလိုက်သည်။

လက်ထောက်ခေါင်းဆောင်ကျန်းက ကလေးအမွေးလွန်ခြင်း ဖြစ်မှန်း နားလည်သွားပါသည်။ ထိုကလေးအမွေးလွန်သည့် လူများက တခြားနေရာများကိုသာ သွားပြီး မွေးကြမည်ဖြစ်သည်။ တခြားနယ်မြေများတွင် သူတို့ အဖမ်းမခံရနိုင်သောကြောင့်ဖြစ်သည်။ သူတို့စီရင်ပိုင်ခွင့်အောက်က အိမ်ထောင်စုစာရင်းဖြစ်လို့ သူတို့ကို ဖမ်းလို့မရနိုင်ပါ။ မှတ်တမ်းလည်း မရှိပေ။

"သူက ဘာပိုက်ဆံမှ မယူဘူး။ အဲ့တာကြောင်း ရှောင်ကမ်းကို နောက်နေ့ သစ်သီးတွေ ယူသွားခိုင်းလိုက်တယ်" ရွှယ်မိန်လီက ပြောလိုက်သည်။

"ကောင်းတာပေါ့" လက်ထောက်ခေါင်းဆောင်ကျန်းက ခေါင်းငြိမ့်လိုက်ပါသည်။

လင်းချင်းဟယ်တို့ဘက်မှာလည်း အဆင်ပြေသည်ဟု ခံစားမိပါသည်။ အထက်တန်းကျောင်းသား တစ်ယောက်ကို စာသင်ပေးရုံသာဖြစ်သည်။ သူစာကျေညက်ဖို့ ညွှန်ကြားချက် တချို့ပေးလိုက်လျှင် အဆင်ပြေပါပြီ။ သူမအတွက်လည်း အားအများကြီး စိုက်ထုတ်စရာမလိုပေ။ သင်ခန်းစာက အခြေခံသာရှိသေး၏။ သူ့အတွက် အခြေခိုင်အောင် လုပ်ပေးနေခြင်းဖြစ်သည်။

ကျန်းကမ်းက သစ်သီးများယူလာပေးသောအခါ သူမ ပိုက်ဆံ မယူသဖြင့် မငြင်းခဲ့ပါ။ ဆက်ပြီး ငြင်းပါက မသင့်တော်လောက်ပေ။

သူမ ကျန်းကမ်းကို စာသင်နေစဥ် ပန်းသီးတစ်လုံးကို အခွံနွှာပြီး စားလိုက်ပါသည်။ ကျန်းကမ်းက စာကို အတည်ပေါက် သင်ယူနေသည်။

အချိန်တစ်နာရီက လျင်မြန်စွာ ကုန်သွားခဲ့ပါသည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "ငါသင်လိုက်တာတွေကို ပြန်ကြည့်နော်။ ပြီးတော့လည်း အင်္ဂလိပ်စာလုံး ၁၀ လုံးကို နေ့တိုင်း ကျက်။ တစ်လအတွင်း ရလဒ်က သိသာလာလိမ့်မယ်။"

ကျန်းကမ်းက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပါသည်။ "အဲ့လောက်တောင် မြန်မှာလား။"

"ငါပေးတ့ အိမ်စာတွေအကုန်လုံးကို ပြီးရင် တစ်လကြာတဲ့အခါ နင့်အရင်အဆင့်ထက် အမှတ် ၃၀ လောက် ပိုရဖို့ မခက်တော့ဘူး" လင်းချင်းဟယ်က အာမခံလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့ပုံမှန် အမှတ်က ၁၀ - ၂၀ ဝန်းကျင်သာဖြစ်ပြီး တော်တော်လေး ဆိုးရွားပါသည်။

ကျန်းကမ်းက တိုးတက်မှုမှာ နည်းနည်း နည်းလွန်းနေသည်ဟု ခံစားမိပါသည်။ လင်းချင်းဟယ်က ပြောလိုက်၏။ "အခုမှ စာသင်ဖူးတာလား။ တစ်ကိုက်လောက်စားရုံနဲ့ ဝမလာနိုင်ဘူးဆိုတာ နားမလည်ဘူးလား။ တခြား ဘာသာရပ်တွေကိုလည်း ပစ်မထားနဲ့ဦး။"

"ဒါဆို ကျွန်တော် မနက်ဖြန် ပြန်လာခဲ့မယ်နော်" ကျန်းကမ်းက အိမ်ပြန်ဖို့ ပြင်လိုက်ပါသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်ပြလိုက်၏။ ကျန်းကမ်းက သူ့အဘိုးအဘွားများနဲ့ စကားသွားပြောပြီးမှ အိမ်ပြန်သွားပါသည်။

ဟိုဘက်အိမ်တွင် အဘိုးကျန်းက အဘွားကျန်းကို ပြောလိုက်သည်။ "ငါတို့မြေးက အခု အင်္ဂလိပ်စာကို တော်တော် စိတ်အားထက်သန်နေပြီ။"

"ဟုတ်တာပေါ့။ သူ့ကို ဘယ်သူ သင်ပေးနေတာမို့လို့လဲ" အဘွားကျန်းကလည်း ပြောလိုက်ပါသည်။ လင်းချင်းဟယ်က ပေကျင်းတက္ကသိုလ်၏ နိုင်ငံခြားဘာသာစကားဌာန ဒါရိုက်တာမှန်း သိလိုက်ရတော့ သူမလည်း တော်တော်လေး အံ့သြခဲ့ရပါသည်။

သူမ အံ့သြလို့ပြီးသွားသောအခါ သိပ်ပြီး အထွေအထူးမဟုတ်ဘူးဟု ခံစားလိုက်မိသည်။ သူမရဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့တင် သာမန်မဟုတ်မှန်း မြင်နိုင်သည်။ သူမ ဖတ်သည့်စာအုပ်အားလုံးကလည်း အင်္ဂလိပ်လိုဖြစ်သည်။

"ပိုက်ဆံမယူဘူးတဲ့လား" အဘိုးကျန်းက မေးလိုက်သည်။

"ချင်းဟယ်က မယူပါဘူး။ တစ်နာရီပဲလို့ ပြောတယ်။ ကံကောင်းလို့ သူ့အမေက မအပါဘူး" အဘွားကျန်းက ပြန်ပြောလိုက်သည်။

သူ့သားကို သစ်သီးများ ယူသွားခိုင်းတာ ကောင်းပါသည်။။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက အခမဲ့ စာသင်ပေးနေရတာ မဟုတ်လား။ သူတို့ဘက်ကလည်း အခွင့်အရေးယူလို့မဖြစ်ဘူး မဟုတ်လား။

ထို့အပြင် အဘွာားကျန့်က လင်းချင်းဟယ်နှင့် တကယ်ရင်းနှီးချင်နေပါသည်။ သူမ ပြန်သွားသောအခါ အဘွားကျန်းလည်း မြို့တော်ကို သွားလည်ချင်မိပါသည်။

ကျိုးချင်းပိုင် အပြင်က ပြန်လာတော့ အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်နှင့် စာရွက်စာတမ်းသက်သေတစ်ခုကို ယူလာခဲ့သည်။

"မိန်းမ ကိုယ်တို့ပြန်သွားရင် ဖက်ထုပ်ဆိုင်မှာ ဖုန်းတစ်လုံးလောက် ဆင်ကြရအောင်လား" ကျိုးချင်းပိုင်က အကြံပေးလိုက်သည်။

"စျေးကြီးလွန်းတယ်" လင်းချင်းဟယ်က ပြောလိုက်၏။

ဒီအချိန်တွင် ဖုန်းတစ်လုံးတပ်ဆင်ဖို့ ယွမ်ထောင်ချီပြီး ကုန်ကျပါသည်။

"စျေးကြီးတာပေါ့။ ကိုယ် ဒီဆိုင်ကိုဝယ်တုန်းက ကျေးရွာကော်မတီက ကိုယ့်ကို ဖုန်းဝယ်ထားစေချင်တယ်" ကျိုးချင်းပိုင်က ပြောပြလိုက်သည်။

"ဘာဖြစ်လို့ ရှင့်ကို ဖုန်းဝယ်ထားစေချင်တာလဲ။”

"အဲ့ဒီအသိုင်းအဝိုင်းက တစ်ယောက်ယောက်က အဲ့စကားကို ပြောတာတဲ့။ နိုင်ငံတော်က ဖုန်းတွေကို ပြန်သိမ်းချင်လို့နေမယ်။ ဒါ့ကြောင့် ကိုယ့်ကို ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်တစ်ခု လိုတယ်" ကျိုးချင်းပိုင်က ရှင်းပြလိုက်သည်။

"ပြန်သိမ်းမယ်ဟုတ်လား" လင်းချင်းဟယ် အံံ့အားသင့်သွားသည်။ "သူတို့ ဘယ်လိုပြန်လျော်ပေးမှာလဲ"

"ဘယ်သိမလဲ။ အဲ့တာက မရှင်းလင်းသေးဘူး" ကျိုးချင်းပိုင်က ပြုံးလိုက်ပါသည်။

"ဒါဆိုလည်း အခုပဲ တပ်လိုက်တော့။ သားငယ်နဲ့ တခြားသူတွေကို ဖုန်းဆက်လိုက်ဦး။ ဖက်ထုပ်ဆိုင်မှာပဲ ဆင်လိုက်ချေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ဖက်ထုပ်ဆိုင်က လောလောဆယ် ဒေါ်လေးမာ၏ စီမံမှုအောက်တွင် ရှိနေသဖြင့် ဖုန်းတစ်လုံး တပ်ဆင်လို့ ထိခိုက်မှု မရှိနိုင်ပါ။

လင်းချင်းဟယ်က သူပြောတာကို သဘောတူပါသည်။ ဖုန်းနံပါတ် ပေးထားတာ ပိုကောင်းသည်။ သူတို့ ဒီမှာ ဖုန်းနံပါတ် ပေးထားရုံသာမကဘဲ ဒီက အိမ်ခြံမြေအားလုံးအတွက်ပါ ဖုန်းနံပါတ်ပေးထားတာက ပိုကောင်းသည်။ သူတို့ ဖုန်းနံပါတ်ပေးဖို့အတွက် အိမ်ရာမြေစီမံရေးဌာန၏ ကျေးရွာကော်မတီသို့ သွားရပါမည်။

ဘာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ အိမ်ဟောင်းတွေ အများကြီး ရှိသဖြင့် အကျိုးဆောင်များ မျက်စိကျနိုင်သည် မဟုတ်လား။

အခုခေတ်လူတွေက သတ္တိမရှိသေးသော်လည်း နောက်ပိုင်းတွင် သေချာပေါက် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဖုန်းနံပါတ်ရှိထားတာ ပိုကောင်း၏။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပြီး ကျိုးရှောင်မိန်ကို ဖုန်းဆက်လိုက်သည်။

ကျိုးရှောင်မိန်က စတိုးဆိုင်သို့ လာပြီး ဖုန်းကိုင်လိုက်ပါသည်။ သူမ ထိုအကြောင်းကို ကြားသောအခါ ကြက်သေသေသွားရ၏။ "တယ်လီဖုန်းတစ်လုံးက ယွမ်ထောင်ချီပြီးကုန်ကျလိမ့်မယ်။ ဘာလို့ တပ်မှာလဲ။ ငါတို့ ဖုန်းလည်း သိပ်ပြောကြတာမှ မဟုတ်တာ"

စျေးပေါပါက သူမအတွက်လည်း တစ်လုံးလောက် တပ်ဆင်ချင်သည်။ သို့သော်လည်း ယွမ်ထောင်ချီဟူသော ပမာဏက မနည်းပါးပါ။ ဖုန်းတစ်လုံးက သူမ၏ ဘန်းမုန့်ဆိုင်နဲ့ တန်ဖိုးညီနေပါသည်။

သို့သော်လည်း ဖက်ထုပ်ဆိုင်၏ တန်ဖိုးက အရင်တုန်းကလိုမဟုတ်ဘဲ ပိုများနေပါပြီ။

"သားလတ်နဲ့ သားငယ်တို့ကို ဆက်သွယ်ခိုင်းပြီး တစ်လုံးဆင်ခိုင်းလိုက်။ နောက်ပိုင်းကျရင် သုံးစရာ နေရာတွေ များလာမှာပါ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

သူတို့မိသားစုမှာ စီးပွားရေးလုပ်ငန်းများစွာ ရှိပါသည်။ သူတို့ တောင်ပိုင်းက နေရာများထံမှ ပစ္စည်များ ပို့ဆောင်ရေးအတွက် ဆက်စီစဥ်ရဦးမည်။ ဖုန်းနံပါတ်အတိအကျတစ်ခု ရှိထားပါက ပိုပြီး အဆင်ပြေပါသည်။

ကျိုးရှောင်မိန်က ဖျောင်းဖျသော်လည်း အသုံးမဝင်ပါ။

ထို့နောက် ညနေခင်းတွင် ညီအစ်ကိုနှစ်ယောက် ညစာလာစားသောအခါ သူမ ပြန်ပြောပြလိုက်ပါသည်။

"ကျွန်တော့်အဖေက တော်တော် သတ္တိကောင်းတာပဲ။ ဖုန်းတစ်လုံးက စျေးတော်တော်ကြီးတာကို တပ်ချင်တယ် ဟုတ်လား" ကျိုးကွေ့လိုင်က အံ့သြစွာ ပြောလိုက်ပါသည်။

"နင့်အဖေက ပိုက်ဆံဖြုန်းနေတာပဲ။ ပိုက်ဆံဆိုတာ လွယ်လွယ်ရတာမျိုးလား။ ဖုန်းတစ်လုံးက ဒီလောက် စျေးကြီးတာကို ပြီးတောာ့ တစ်လကို ဘယ်လောက်မှလည်း ဆက်တာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ လိုမှာလဲ" အမေကျိုးက အပြစ်တင်လိုက်ပါသည်။

"အဘွား အဲ့လိုမပြောပါနဲ့။ တောင်ပိုင်းက ပင်လယ်စာခြောက် ထောက်ပံ့တဲ့ လူတွေနဲ့ ဆက်သွယ်ဖို့ မလွယ်ဘူးလေ။ တခြား စီးပွားရေးတွေလည်း ရှိသေးတယ်။ ကျွန်တော့်အမေက လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ချင်သေးတယ်။ အဲ့အချိန်ကျရင် တောင်ပိုင်းကပဲ မှာယူရမှာပဲ။ အဲ့ကျရင် ဖုန်းက အသုံးဝင်လာမှာပေါ့" ကျိုးကွေ့လိုင်ကပြောလိုက်ပါသည်။

အမေကျိုးက ပြန်ပြောလိုက်၏။ "ဖုန်းတဲလေးတွေမှာ သွားဆက်လည်း ဘာဖြစ်လဲ။"

"ကိုယ်ပိုင်ဖုန်းရှိထားတော့ ပိုကောင်းတာပေါ့။ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ကို တစ်ခါတည်း ဆက်သွယ်လို့ရတယ်။ အစ်ကိုကြီး ဖုန်းဆက်ချင်လည်း အချိန်မရွေး ပြန်ဆက်လို့ ရတာပဲ" ကျိုးရွှမ်က ချော့ပြောလိုက်ပါသည်။

သူကတော့ အိမ်မှာ ဖုန်းဆင်ဖို့ကို ထောက်ခံပါသည်။ ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲ။

ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် နောက်တစ်နေ့ ဆက်သွယ်ကြပြီး ဖက်ထုပ်ဆိုင်မှာ ဖုန်းတစ်လုံး တပ်ဆင်လိုက်ပါသည်။

ဒေါ်လေးမာက ပြောလိုက်၏။ "ပိုက်ဆံတွေ အများကြီး ကုန်တော့မှာပဲ။"

"ကျွန်တော်တို့ အဖေနဲ့အမေက လုပ်ခိုင်းလို့ပါ။ ဦးလေးချန်းမင်ရဲ့ အစ်ကိုနဲ့ ဆက်သွယ်ချင်လည်း ဒီဖုန်းနံပါတ်ကို ပေးထားလို့ရတယ်နော်။ နောက်ပိုင်း ဒီဖုန်းနံပါတ် အတိအကျရှိထားရင် အများကြီး ပိုအဆင်ပြေလိမ့်မယ်" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

All Chapters